Saturday, May 14, 2022

"ရွှေတိဂုံစေတီတော်ရင်ပြင်၌ (၃၉) ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲပြုလုပ်"


ယနေ့ကျရောက်သည့် ၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့် (ဗုဒ္ဓနေ့) မေလ ၁၄ ရက် နံနက်ပိုင်းတွင် ရွှေတိဂုံစေတီတော်မြတ်ကြီး၏ (၃၉) ကြိမ်မြောက် မဟာဗောဓိ ကဆုန်ညောင်ရည်သွန်းပွဲတော်ကို စေတီရင်ပြင်တော်ပေါ်ရှိ အင်္ဂါထောင့် ဗောဓိညောင်ပင်၌ ကျင်းပခဲ့ကြောင်း သိရသည်။

ယခင်နှစ်များတွင် ကိုဗစ်ကပ်ရောဂါကြောင့် အကျဉ်းချုံးသာ ကျင်းပခဲ့ရပြီး ယခုနှစ်တွင် ကိုဗစ်ရောဂါကူးစက်မှု လျော့နည်းလာပြီဖြစ်သဖြင့် စည်ကားသိုက်မြိုက်စွာ ပြန်လည်ကျင်းပလာခဲ့ခြင်းဖြစ်သည်။

ယနေ့ပြုလုပ်သည့် မဟာဗောဓိကဆုန်ညောင်ရေသွန်းပူဇော်ပွဲနှင့်အတူ ရဟန်းခံရှင်ပြု ရှင်လောင်းလှည့်လည်သူများ၊ ကဆုန်ညောင်ရေသွန်းလောင်းရန် လာရောက်သူများနှင့် ဘုရားဖူးလာရောက်သူ ပြည်သူများမှာ ရင်ပြင်တော်ပေါ်၌ တဖြည်းဖြည်း ပိုမိုများပြားလာနေကြောင်း သိရသည်။
#mhtnews