Saturday, May 14, 2022

မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော ... 🍁


ယနေ့ကျရောက်တဲ့ ကဆုန်လပြည့်နေ့ကြီးကတော့ တကယ်ကို ထူးမြတ်တဲ့နေ့ကြီးပါပဲ။ မန္တလေးက သံဃာဆွမ်းလောင်းပွဲကြီးကို တွေ့လိုက်ရတဲ့ခဏ ဗုဒ္ဓဘာသာဝင်တစ်ဦးအနေနဲ့ အတိုင်းမသိ ဝမ်းမြောက်ရပါတယ်။ မန္တလေးမှ မဟုတ်ပါဘူး။ မြန်မာတစ်နိုင်ငံလုံးမှာ ဒီလိုဆွမ်းလောင်းပွဲတွေ အနှံ့အပြားကျင်းပနေကြမယ်လို့ ကျွန်တော် ယုံပါတယ်။ ဒါဟာ မြန်မာတို့ရဲ့မြေပါပဲ။

ကျွန်တော်တို့ မြန်မာတွေရဲ့ ဆွမ်းလောင်းပွဲကြီး မတိုင်ခင်က အာဆီယံနိုင်ငံတချို့ရဲ့ ကဆုန်လပြည့် အကြိုမြင်ကွင်းတွေကို တွေ့လိုက်ရတော့ ထေရဝါဒ ဗုဒ္ဓဘာသာရဲ့ နောက်ဆုံးခံတပ်ကြီးဖြစ်တဲ့ ကျွန်တော်တို့များ ပြတ်ကျန်ခဲ့တော့မှာလား လို့တောင် စိုးရိမ်မိခဲ့သေးတာပါ။ 

တစ်ချိန်တည်းမှာပဲ ဒီလို ကုသိုလ်ပြုပွဲကြီးတွေကို ခြိမ့်ခြိမ့်သဲ ကျင်းပနိုင်ဖို့အတွက် မန္တလေးတိုင်းမှူး အပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူတွေဟာ အကြမ်းဖက်တွေကို ဘယ်လောက်တောင် ဖမ်းဆီးထားကြရမလဲ လို့ ကျွန်တော် တွေးဖြစ်တယ်။ ကြီးမားတဲ့ ကုသိုလ်ကို အထောက်အပံ့ ပေးခဲ့ကြတာပါပဲ။ စိတ်ချမ်းသာစွာ ကုသိုလ်ပြုခွင့်ရသူတွေနဲ့ ထပ်တူ သာဓုခေါ်သလို ကျေးဇူးလည်း တင်ရပါတယ်။ 

ဒီနေ့ပွဲကြီးမတိုင်ခင်ကတော့ ကျွန်တော် အတော်ကို စိတ်မချမ်းမသာ ဖြစ်ခဲ့ရတာပါ။ ဆွမ်းခံကြွရင်း ဗုံးသင့်ခဲ့တဲ့ ကိုရင်လေးတွေနဲ့၊ နစက က ထုတ်ပြန်တဲ့ အကြမ်းဖက်တွေကြောင့် ပျံလွန်တော်မူခဲ့ရတဲ့ ရဟန်းတော်တွေစာရင်းကိုကြည့်ရင်း ကျွန်တော်တို့ နေ နေတာက ဗုဒ္ဓဘာသာ အများစုရှိရာ မြန်မာပြည်မှ ဟုတ်ရဲ့လား - လို့ကို တွေးနေမိတဲ့အထိပဲ။ နိုင်ရင်လည်းရှုံး၊ ရှုံးရင်လည်း ရှုံးမယ့် ငမိုက်သားတို့ရဲ့ တော်လှန်ရေးမှာ သာသနာဟာ အလကားနေရင်း ထိခိုက်ခံနေရတယ်။ 

အဲဒါ မတိုင်ခင်ကလည်း ပြည်ပြေးတွေရဲ့ နာမ်နှိမ်သပိတ် ဆိုတာကြီးကို တွေ့လိုက်ရပါသေးတယ်။ ကျွန်တော်တွေးဖြစ်တယ်။ တစ်ဘက်က နာမ်နှိမ်ဖို့ ကြိုးစားတဲ့အခါ ကောင်းမှုကုသိုလ် ပိုလုပ်လိုက်သင့်တယ်။ ဘုရားရင်ပြင်တော်တွေကို ပတ်ပြီး ဆေးကြောသုတ်သင်ပေးကြသင့်တယ်။ ကျောင်းဝန်းတွေထဲမှာ သန့်ရှင်းရေးလုပ်၊ ကုဋီဆေးတာဖြစ်ဖြစ် ပိုလုပ်ပေးသင့်ပါတယ်။ အကြမ်းဖက်‌တွေရဲ့ စိတ်စေတနာ အသီးအပွင့်တွေကို အကြမ်းဖက်တွေပဲ စားသုံးပါစေပေါ့။ 

တကယ်လည်း သူတို့ စားသုံးနေရတာပါပဲ။ နစက က ငြိမ်းချမ်းရေးဆွေးနွေးပွဲ ခေါ်တယ်။ ပြည်ပ စွက်ဖက်မှု ခပ်ကြီးကြီးပါဝင်နေတာကို မြင်ပြီးသား ကျွန်တော်တို့ကတော့ သိသာတဲ့ ဘာအပြောင်းအလဲမှ မမျှော်လင့်ပါဘူး။ ထူးခြားတာက အနောက်အုပ်စုက ထောက်ပံ့နေပါတယ်ဆိုတဲ့ အကြမ်းဖက်အုပ်စုပါ။ 

Wendy Sherman က ဇင်မာအောင်နဲ့တွေ့တယ်။ ပြည်ပြေးတွေခမျာ မြန်မာနိုင်ငံအလံလေးတောင် ထောင်ပေးမခံရဘူး။ အကြမ်းဖက်တွေဟာ ဘာမှ မဟုတ်ဘူး။ ဇော်ဝေစိုး၊ ဇင်မာအောင်၊ ဆာဆာ... ဘာမှမဟုတ်ဘူး။ မဟုတ်လို့ပဲ အမေရိကန်က ဒေါ်လာတွေက ဇီလင်စကီးဆီ သန်းရာချီ စီးဝင်ပြီး နုဂျီကျမှ ထီးကအစ လေလံတင်နေရတာပေါ့။ အမေရိကန်လို စပွန်ဆာနိုင်ငံကြီးနဲ့ အတွေ့မှာတောင်မှ မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့်မရတဲ့ အကြမ်းဖက်တွေဆိုတာ လူပြိန်းတွေရှိလို့သာ ရပ်တည်နေနိုင်တာပါ။ ဖျက်လိုဖျက်ဆီး အောက်တန်းစား တော်လှန်ရေးကလည်း မဲသူခိုးတွေကို အာဏာပြန်ရအောင် လုပ်ပေးနိုင်တာမဟုတ်ပါဘူး။ အကြမ်းဖက်တွေဟာ မြန်မာကို ကိုယ်စားမပြုဘူး။

ဒီတော့ ကျွန်တော်ပြောချင်တာက - 

- လုံခြုံရေးကို တာဝန်မယူနိုင်ဘူးဆိုတဲ့စကားကို ပြောလို့ကောင်းတိုင်း လျှောက်ပြောမနေပါနဲ့။ လုံခြုံရေးကို တာဝန်ယူနိုင်တာကသာ နတ်လူ သာဓုခေါ်မယ့် ကိစ္စပါ။ ရအောင်လုပ်ပါ။ 

- EAO တွေဆိုတာကလည်း သူတို့ အခက်အခဲနဲ့ သူတို့ပါ။ သိပ်မလှုပ်နိုင်တဲ့အဖွဲ့တွေထက် စီအိုင်အေက ကြိုးကိုင်ထားတဲ့ လက်ဝေခံတွေကို ပိုပြီး အာရုံစိုက်စေလိုပါတယ်။ စီအိုင်အေက ကြိုးကိုင်ထားတာ ဖြစ်တဲ့အတွက် သူတို့ရဲ့ ရည်မှန်းချက်က ဘောင်ပိုကျယ်ပါတယ်။ လုပ်နိုင်စွမ်းက ပိုများပါတယ်။ 

- ဥပမာ - နစက လက်ထက် အုပ်ချုပ်ရေးတွေ မနိုင်မနင်းဖြစ်ပြီး ပြည်တွင်းစစ်ဖြစ်တော့မှာပါ - လို့ အလုအယက် ထ စိုးရိမ်ပြကြတဲ့ အခိုက်အတန့်လေး ရှိဖူးပါတယ်။ ဘောကျော်ဟဲရဲ့တပ်က တပ်မတော် ကင်းစခန်းကို သာလွန်အင်အားနဲ့ ဝင်စီးတုန်းကပါ။ တိုက်ပွဲငယ်လေးကလည်း ဖွသတင်းဖြစ်နိုင်တာကို သတိထားစေလိုတာပါ။ 

- လွိုင်ကော်မြို့ကြီး မငြိမ်မသက်ဖြစ်သွားတုန်းကလည်း စစ်တပ်ရဲ့ စွမ်းဆောင်ရည် ကျဆင်းနေပါပြီ ဆိုပြီး မီမီဝင်းဘတ်က ထ ဝေဖန်ခဲ့ဖူးပါတယ်။ 
(အဲဒီတုန်းက မီမီဝင်းဘတ် မတိုင်ခင် ကျွန်တော် အရင်ရေးလို့တောင် အဆဲခံလိုက်ရသေးတယ်) 

အခုလည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ အလွန် သိသာတဲ့ ရလဒ်မပြနိုင်ရင် ထပ်ပြီး သိက္ခာကျစရာဖြစ်မှာမို့ ဖိဖိစီးစီး ဆက်လက် ကိုင်တွယ်သင့်ကြောင်း အကြံပြုလိုတာ စေတနာပါ။ 

စင်ပြိုင်အစိုးရနဲ့ ငရဲလားမယ့် တော်လှန်ရေးကတော့ ရှုံးမြဲရှုံးနေမှာမို့ ပူစရာမလိုပါဘူး။ ဩဇာခံ အစိုးရတစ်ဖွဲ့ကို တင်ဖို့ဆိုတာ အဆိုပါအဖွဲ့မှာ ပြည်သူတွေအပေါ် ဩဇာညောင်းတဲ့ တစုံတစ်ယောက် ပါမှဖြစ်မှာပါ။ အဲဒီလိုမှမဟုတ်ရင် ဘယ်လောက်ပဲ နောက်ခံကောင်းကောင်း၊ အစိုးရကို ပြောင်းမပစ်နိုင်ပါဘူး။ 

ဥပမာ - အာဆတ်ကိုဖြုတ်ချဖို့ ဆီးရီးယားကို ဝင်တိုက်ပေမဲ့ အမေရိကန်က အာဆတ်ကို အဆုံးထိ ဖြုတ်မချနိုင်ဘူး။ အစ္စရေးကလည်း အစိုးရပြောင်းဖို့ မလိုလားဘူး။ 
ရုရှားက ယူကရိန်းနိုင်ငံကို ဝင်တိုက်ပေမဲ့ ဇီလင်စကီး အစိုးရကို ဖြုတ်ချပြီး သူ့လက်ဝေခံမတင်ဘူး။ 
အထာမနပ်တဲ့ အမေရိကန်တွေသာလျှင် ဒေါ်လာ ထရီလီယံပေါင်း များစွာဖြုန်းပြီး အာဖဂန်မှာ သွားရှုံးခဲ့တာပါ။ 

ဒီတော့ ... မြန်မာနိုင်ငံသားအဖြစ်ကနေ ပယ်ဖျက်ခံရပြီးသူတွေကို တွန်းတင်ဖို့ အမေရိကန် စိတ်မဝင်စားပါဘူး။ EAO တွေအတွက် အာရုံစိုက်ပြီး ဗျူဟာချစေလိုပါတယ်။ အခုချိန်မှာ နိုင်ငံ့အနာဂတ် လူငယ်လေးတွေကလည်း နုနယ်ပျိုမျစ်စွာ ကျောင်းတော်ဆီ ပြန်လာကြပါပြီ။ လုံခြုံဖို့ လိုပါတယ်။

ဒီနှစ် ကဆုန်လပြည့်နေ့မှာ ထူးမြတ်တဲ့ ကုသိုလ်တော်ကြီးကို အကြောင်းပြုလို့ နိုင်ငံတော်ကြီး အေးချမ်းပါစေ။ သာသနာတော်ကြီး နေလိုလလို ထွန်းတောက်ပါစေ။ သာသနာကို စောင့်ရှောက်သူတို့ကို သာသနာစောင့်နတ်တွေက ပြန်စောင့်ရှောက်ပါစေ။ မြန်မာနိုင်ငံသားများ မင်္ဂလာအဖြာဖြာနဲ့ ပြည့်စုံကြပါစေ လို့ ဆုမွန်ကောင်းများ တောင်းပါတယ်။ 

သာသနာတော်ကြီး အဓွန့်ရှည်ပါစေဗျာ...

သန့်နေစိုး (14. May. 2022)
*
*
*

Related Posts:

  • Do or Dieမဲမသမာကြောင့်အာဏာထိန်းဖြစ်စဉ် ဖြစ်ခဲ့တယ်ဆိုပေမဲ့နောက်ကွယ်မှာ US ခြေရှုပ်နေခဲ့တာ အများကြီးပဲ။နိုင်ငံတော်အကြံပေးကိစ္စတွေမှာ နိုင်ငံခြားသား အယောက် ၉၀ ကျော်ရှိသလို...တိုင်းပြည်စီးပွားရေးကိစ္စမှာလည်းရှောင်တာနယ်တို့ ဦးစီးလုပ်ကိုင်န… Read More
  • နီပိတ်တွေသိဖို့ပါ။ ( ကိုယ်ချင်းစာတတ်ဖို့ပါ )ကျနော်တို့ မစဉ်းမိခဲ့တဲ့ အရာNLD လက်ထက် လွှတ်တော်ကြီးဆေးသုတ်တာ သိန်း၄ထောင် ဆိုတော့တကယ်ဆောက်ခဲ့ရတဲ့ စစ်အစိုးရဘယ်လောက်များ ကုန်ကျခဲ့မလဲ?NLDလက်ထက် ၁မိုင်ရှည်တဲ့ လမ်းခင်းတာ ကျပ်သိန်း ၁သောင်း၉ထောင်ဆိုတော့မိုင် ၅၀၀ အထက်ရှည်တဲ့ နေပြည… Read More
  • PDF များ လက်နက်ဝယ်ယူရန် အဖျက်အမှောင့်လုပ်ငန်းများလုပ်ဆောင်နိုင်ရန် လှူငွေကောက်ခံ‌ပေးကာထောက်ပံ့ပေးနေသော စစ်ကိုင်းမြို့၊ ဒါးဝယ်ဈေးရပ်ကွက်နေ မဖြူမာထွန်း(ခ) ဖြူမာကိုအား စစ်ကိုင်းမြို့ ၊ပိုးတန်းရပ်ကွက် Eleven Mobile ဖုန်းဆိုင်တွင် အရောင်းဝန်ထမ်းအဖြစ်လုပ်ကိုင်နေစဉ် ဖမ်းဆီးရမိ...HNO...… Read More
  • အဓ္ဓမပြုကျင့်ပြီးအသက်ခံလိုက်ရတဲ့ ရေဦးက ပြည်ခိုင်ဖြိုးပါတီဝင်ညီမနှစ်ယောက်ရဲ့ အဖြစ်အပျက်...ညီမ ဖြစ်သူကို ဖမ်းခေါ်သွားတယ်.......ကျပ် ၁၀ သိန်းနဲ့ လာရွေးရန်  တစ်ယောက်ထဲလာရန် အစ်မဖြစ်သူကိုဖုန်းဆက် ပြောတယ်..... အစ်မဖြစ်သူက ကျပ် ၁၀ သိန်းယူပြီး ဆိုင်ကယ်နဲ့ သွားတယ်..... လာရွေးတဲ့ အစ်မဖြစ်သူဆီက ကျပ် ၁၀ သိန်းယူတယ်...  စီးလာတ… Read More
  • တည်းတည်း​လေးပဲကျန်​တော့တယ်NLD ပါတီဖျက်သိမ်းတော့မှာလား?(ဘာကြောင့် ခုချိန်ထိ ပါတီမဖျက်သေးတာလဲ)အထက်ပါမေးခွန်းကို 'ကျွန်တော့် အမြင်'အတိုင်းဥပမာနဲ့ရေးဖြေပြရရင် ရိုင်းတယ်မထင်ပဲ ဖတ်ကြည့်စေချင်ပါတယ်။တခါက (-) အလွန်သရမ်း တဲ့ သူတစ်ယောက်ရှိသတဲ့အတိုချုပ်ပြောရရင်အလ… Read More