Saturday, May 14, 2022

ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု 🙏🙏🙏သာသနာတော်အတွက်ယခုလို ကြီးမှူ းကျင်းပပေးတဲ့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကိုကျေးဇူးတင်ပါတယ်ရှင် ။


မန္တလေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့မှသာသနာတော်နှစ် ၂၅၆၅ နှစ် ပြည့်‌ပြီး ၂၅၆၆ နှစ်သို့ ရောက်ရှိမှု အထိမ်းအမှတ်နှင့် နိုင်ငံသူနိုင်ငံသားများ ဘေးအန္တရာယ် ကင်းရှင်းစေရန် ရည်ရွယ်၍ ကောဇာသက္ကရာဇ် ၁၃၈၄ ခုနှစ် ကဆုန်လပြည့် (ဗုဒ္ဓနေ့)(၁၄-၅-၂၀၂၂)ရက်၊ စနေနေ့၊ နံနက် ၆ နာရီ နေ့ထူးနေ့မြတ် အခါသမယတွင် မန္တလေးမြို့ လေးပြင်လေးရပ်ရှိ ဆရာတော် သံဃာတော် (၁၀၂၆၄)ပါးတို့အား ဆွမ်း၊ ဆွမ်းဟင်း၊ လှူဖွယ် ပစ္စည်းများနှင့် နဝကမ္မဝတ္ထုငွေ လောင်းလှူပွဲ အခမ်းအနားကို မန္တလေး နန်းမြို့ရိုး လေးပြင်လေးရပ် ကျုံးအရှေ့ဘက်၊ တောင်ဘက်၊ အနောက်ဘက်နှင့် မြောက်ဘက်တို့တွင် ကျင်းပပြုလုပ်ခဲ့သော ပုံများကို ဖော်ပြပေးလိုက်ပါတယ်ရှင် ။

ယခုနိုင်ငံရေးအပြောင်းအလဲကြားမှာ ဗုဒ္ဓရဟန်းသံဃာတော်များကို အကြမ်းဖက်ခံနေရပြီး အသက်ဆုံးရှုံး ပျံလွန်တော်မူသော သံဃာအရည်အတွက် အပါး ၄၀ ကျော်ရှိပြီဟု လူမှုကွန်ယက်သတင်းများအရကြားသိရတဲ့အတွက် များစွာ စိတ်ထိခိုက် ပူဆွေးရပါတယ်ရှင် ။
နိုင်ငံရဲ့ လူဦးရေ အများဆုံး ကိုးကွယ်ယုံကြည်ရာ ဒီမိုကရေစီ၏ စံတန်ဖိုးဖြစ်သော လူများစုတို့၏အရေးကို အလေးအနက် လုပ်ဆောင်ပေးခြင်းသည် အင်မတန်သင့်လျော်မှန်ကန်ပါတယ်ရှင် ။
မြန်မာ့လူများစုတို့၏ကိုးကွယ်ယုံကြည်မှုဆိုင်ရာ သာသနာတွင် ကြုံတွေ့နေရသော မိစ္ဆာကျွန်လက်ပါးစေ
အုပ်စုများ၏ အန္တရယ်ပေးမှုများမှ ထိထိရောက်ရောက် ကာကွယ်ပေးပါရန် လိုအပ်နေပါကြောင်း ယခုလို ဗုဒ္ဓနေ့ထူးနေ့မြတ်မှာ တာဝန်ရှိသူ အသီးသီးတို့ကို လေးစားစွာ အသိပေးလိုပါတယ်ရှင် ။

သာသနာသားတော်ရဟန်းသံဃာတော်များ ဘေးကင်းသက်ရှည်စွာဖြင့် သာသနာ့ဝန်ကို ခန္ဓာ့ဝန်ကို ထမ်းရွက်နိုင်ကြပါစေ ကြောင်း ရိုသေစွာ လျှောက်တင်ပါတယ် အရှင်
ဘုရားတို့ ။ 🙏🙏🙏
ဗုဒ္ဓနေ့မှာ မင်း နှင့် ပြည်သူ အမျိုးကောင်းသား |အမျိုးကောင်းသမီးတို့----
သာသနာကို ကာကွယ်စောင့်ရှောက်ကြပါစို့လို့ တိုက်တွန်းနိုးဆော်လိုက်ပါတယ်ရှင် ။🙏 

လေးစားလျက်🙏 

နန်းမြမြမီမီဇော်🙏 

၂၀၂၂ ခုနှစ် မေလ ၁၄ ရက် ။

Photo crd::

Related Posts:

  • ((((တာနီဘန်))))အာဖကန် နစ္စတန် ကို တာလီဘန်တှေ က မျက်စိတစ်မှိတ်အတွင်းမှာပဲ တနိုင်ငံလုံးအကြမ်းဖက် သိမ်းပိုက်နိုင်ခဲ့ကြတယ်............။ဒါကို မြန်မာပြည်က အစွန်းရောက် အကြမ်းဖက် တာနီဘန်တွေက အားကအြတုယူနေကြတယ်...........။D-Day သတ်မှတ်ကြေညာပြီး 72 နာ… Read More
  • NUG က Radio ကနေအသံလိူင်း ထုတ်လွှင့်မယ်...တဲ့ 📻ဒါလည်း နီပိန်းတွေက ယုံတာပဲ NUG လုပ်တာနဲ့ စျေးကွက်ထဲမှာ Radio တွေ စျေး နှစ်ဆလောက် တက်သွားရော...ပြောပြမယ် Radio ကနေ Channel တစ်လိုင်းရဖို့ လွယ်တယ်များ အောင်းမေ့နေ့လား...အသံလွင့်ဌာန ရုံးခန်း ရှိရမယ် Radia လွှင့်ဖို့ အသံလုံဖို့ S… Read More
  • သွေးချောင်းစီး စစ်ပွဲတွေက အခုမွ ဇာတ်လမ်းစမှာတာလီဘန္လက္က မြောက်ပိုင်းဒေသ ၃ ခု အာဖဂန်တပ်တွေ ပြန်သိမ်းပိုက်အာဖဂန်နစ်စတန်နိုင်ငံကို တာလီဘန်တွေ ထိန်းချုပ်ခဲ့ပြီး ရက်ပိုင်းအတွင်းမှာပဲ အာဖဂန်မြောက်ပိုင်းက ဒေသ ၃ ခုကို အာဖဂန်အစိုးရအဖွဲ့ဟောင်းကို သစ္စာခံတဲ့ တိုက်ခိုက်ရေးသမားတွေက… Read More
  • နိုင်ငံတော် ဘာသာနေ့ ဖြစ်လာပုံ သမိုင်းအကျဉ်းနိုင်ငံတော်ဘာသာပြဋ္ဌာန်းခဲ့သည့်နေ့ရက်-----------------------------------------၁၃၂၃ ခုနှစ် ဝါခေါင်လပြည့်(1961 ခုနှစ် ဩဂုတ်လ 26 ရက် ) စနေနေ့နိုင်ငံတော် ဘာသာ ပြဋ္ဌာန်းသည့်ဥပဒေ---------------------------------------နိုင်ငံတော်ဘာသ… Read More
  • D-DAY တိုက်ပွဲစမယ်ဆိုပဲမြန်မာ့တပ်မတော်ကိုအာဖဂန် များထင်နေသလားPDF တို့ မြို့သိမ်းတိုက်ပွဲစမယ်တဲ့လားဘယ်မြို့ကနေစမှာလဲမနေ့တနေ့ကမှ သင်တန်းဆင်းပြီးမြို့သိမ်းတိုက်ပွဲစမယ်တဲ့လားအဲလိုတိုက်လို့ သိမ်းလို့ရရဲ့လားနှစ်ပေါင်း (၇၀)ကျော် တိုင်းရင်းသားလက်နက်ကိုင်အဖ… Read More