Saturday, April 16, 2022

ကျွန်တော် ဘောမ စစ်စစ်ပါ.....


လေးစားသည်ထက်ကို ပိုပါတယ်!

တိုင်းပြည်နဲ့ လူမျိုးကိုချစ်လို့ တပ်မတော်ထဲကို ဝင်လာခဲ့ကြတယ်.....

.
သူပုန်ပေါတဲ့ ပြည်ပအလိုကျ ကနေကြတဲ့ နိုင်ငံရေးသမားတွေပေါများလွန်းတဲ့ ဒီနိုင်ငံမှာ

လစာ မလောက်ငှမှန်းလည်း သိတယ်

ပင်ပမ်းဆင်းရဲမှာကိုလည်း သိတယ်

သူပုန်အမျိုးတွေ ဆဲမယ်ဆိုတာကိုလည်း သိတယ်

ဒေါ်လာစားတွေ ဆဲမယ်ဆိုတာကိုလည်း သိတယ်.......

.
ဒါပေမယ့် နိုင်ငံတော်နဲ့ လူမျိုး
ကိုးကွယ်မှု့ ဘာသာတရားတွေ
ပျောက်ကွယ်သွားမှာကို သေမှာထက်ကြောက်လို့ စစ်သားတစ်ယောက်ရဲ့ ဘဝကို ခံယူနေကြတာပါ......

.
၂၁ ရာစုရဲ့ ပုံပြင်မဟုတ်တဲ့
သမိုင်းဖြစ်ရပ်မှန်တွေထဲ ငါဟာ လူကြမ်း ငါဟာ ကျွန် ငါဟာ မင်းသားဆိုတဲ့ မျက်နှာ( ၃ )ဖက်နဲ့ ပေးဆပ်နေကြတဲ့ စစ်သည်တွေထဲမှာ ခြေလျှင်စစ်သည်တို့ရဲ့
ပေးဆပ်မှု့တွေဟာ နှိုင်းတုလို့မရနိုင်တဲ့ အညတရသူရဲကောင်းကြီးတွေပေါ့ဗျာ......

.
ရှေ့တန်းမှာ ရန်သူနဲ့ ရန်သူ့စခန်းတွေကို တွေ့မြင်နေပါလျှက်နဲ့ အထက်ရဲ့ ပစ်မိန့်မရလိုက်လို့ပေးဆပ်လိုက်ရတဲ့ စစ်သည်တော်တွေ

ခေတ်မှီစစ်လက်နက်တွေ မတပ်ဆင်နိုင်လို့ ရန်သူရဲ့သာလွန်အင်အားနဲ့ ဝင်တိုက်မှု့ကြောင့်အိမ်အပြန်မှာ ခန္ဓာမဲ့ခဲ့ရတဲ့ စစ်တော်တွေ

လုံလောက်တဲ့ထောက်ပံ့မှု့တွေနဲ့
အချိန်မှီပစ်ကူမပေးနိုင်လို့ ငါမသေ ငါစခန်းမကျစေရဆိုတဲ့ စိတ်ဓာတ်တွေနဲ့ ရန်သူကိုတိုက်ခိုက်ရင်း ကျဆုံးခဲ့ရတဲ့ စစ်သည်တော်တွေ

အထက်လူကြီးတွေရဲ့ မှုံဝါးဝါးမူဝါဒတွေနဲ့ သူပုန်အပေါ် ယုံကြည်ခြင်း လွန်ကဲမှု့ကြောင့် သူပုန်ရဲ့ ဖမ်းဆီး Tတ်ဖျတ်ခြင်းခံလိုရတဲ့ စစ်သည်တော်တွေ......

.
ဒီစစ်သည်တော်တွေ အားလုံးဟာ
တိုင်းပြည်ကို ချစ်တဲ့စိတ်တစ်ခုထဲနဲ့ အသက်တွေကို ဖက်ရွက်ပမာ ပေးဆပ်ခဲ့ကြတဲ့ သမိုင်းမှာ မှတ်ကျောက်အတင်မခံရတဲ့
အညတရသူရဲကောင်းကြီးတွေပါဗျာ.......

.
ရန်သူအတွက်ဆိုရင် - လူကြမ်း

ပြည်သူ့အတွက်ဆိုရင် - ကျွန်

တိုင်းပြည်အတွက်ဆိုရင် - မင်းသား

မျက်နှာ(၃)ဖက်နဲ့ ၂၁ ရာစုရဲ့ သမိုင်းမှတ်ကျောက်အတင်မခံရတဲ့ အညတရ သူရဲကောင်းကြီတွေကို ဘယ်သူကမှ မချစ်ရင် မလေးစားရင်နေပါစေ ကျွန်တော် ကတော့ ထာဝရထက် ပိုပြီး ချစ်သလို လေးစားသည်ထက်ကို ပိုပြီး တန်ဖိုးထားပါတယ်......

.
" ဘောမ " ဆိုတဲ့ လူတန်းစားတစ်ရပ် ရှိနေသရွေ့ ဒီနိုင်ငံ ဒီလူမျိုး ဒီဘာသာ သာသနာ ဒီတပ်မတော်ကြီးကို ဘယ်နိုင်ငံ ဘယ်အဖွဲ့အစည်းကမှ ဖြိုဖျက်လို့မရပါ ". ..........။

.
.
.
Credit

Related Posts:

  • လံကြုပ်ဇာတ် လံကြုပ်ဖို့ လုပ်ကြံဗရုတ်သံ ဇာတ်လမ်း…။မလုပ်ကြံ မလံကြုပ်ခင်ကန်စုတ်က ဖမ်း…။နန်းနတ်နေနွယ်နိုင်https://www.facebook.com/114803668557265/posts/4354739941230262/… Read More
  • 😎 ကုလကိုယ်စားလှယ် အားပြိုင်လေမလား လာမဲ့ စင်္ကတင်္ဘာ (၁၄)အိမ်စောင့်အစိုးရရဲ့ ကစလNUG ရဲ့ကစလကစလ (၂) ယောက်အားပြိုင်မှုမှာမဲခွဲခဲ့ရင် ဘယ်လိုလုပ်မလဲလို့ပူပန်သူတဦးက ဖုန်းဆက် မေးလာတယ်၊ကုလုပ်ထုံးလုပ်နည်းတွေရှိပါတယ်တသမတ်ထဲလိုက်နာသလားဆိုရင်လိုက်နာတာရှိသလို...မလိုက်နာတာလ… Read More
  • အသတ်ခံလိုက်ရသော ဆရာတော်များ ကိုယ်စား ရင်နာနာဖြင့် တင်ပြလိုက်ရခြင်းဖြစ်သည်ဆက်လက်တင်ပြခြင်းနိုင်ငံရေးအကူးအပြောင်းဖြစ်ပြီး ၄ လကျော်အတွင်းမြင်းခြံ က ဆရာတော်တစ်ပါးအမရပူရကဆရာတော်တစ်ပါးချင်းပြည်နယ်က ဆရာတော်တစ်ပါးပုလဲုမြို့နယ်က ဆရာတော်တစ်ပါးစုစုပေါင်း လေးပါးဟာ အစွန်းရောက်မိစ္ဆာဝါဒီတို့ရဲ့ရက်ရက်စက်စက် သတ… Read More
  • ဘာမှတောင် မဘာရသေးဘူး နိုင်ငံတော်ကြီးကို ၈-၈-၂၀၂၁မှာပြန်လည်သိမ်းပိုက်မယ်တဲ့အော်တာက တော့။ ခုကြ မိုးလင်းယုံရှိသေးတယ်။ မိပြီလေ။ Credit ပေးပါတယ်။  တပ်မတော်က က လွှတ်ထားတဲ့ အသွင်ယူPDF  အချို့၏ ပေးပို့သောသတင်းအရ ကုန်တင်ကားပေါ်မှာဝှက်ပြီးသယ်ဆောင်လာသောလက်န… Read More
  • ခေတ်ကာလ ဘာညာ အနေအထားကို ကောင်းကောင်းအသုံးချတတ်သူတွေဟာProfile ပုံ ပြောင်းပြီး အလှူခံ စားနေကြတာအချိန်ပိုင်းစီးပွါးရေး တစ်ခု လိုပါပဲ။ အတော် အောင်မြင်နေကြတယ်။ အရီးဒေါ်ဘုံ လာရမည် လာရမည်😂😂ကျွန်တော်ရေးဖူးပါတယ် မတူတာတွေအများကြီးရှိတယ်လို့။ ကျွန်တော်တို့ဘက်ကာlobby ဆိုတဲ့ ငနဲတွေဟာ အခြာ… Read More