Saturday, April 16, 2022

လွှစာ 🍁


ငိုပြနေတဲ့လူတွေအတွက် ရေးတာ။ ကပစ ထုတ် လက်နက် အစုတ်အပဲ့တွေကို တောသားတွေ ဓားပြတိုက်သွားကြတာ ဟုတ်တယ်။ ဒါပေမဲ့ အဲဒါတွေက သုံးစားမရတဲ့ အစုတ်တွေ။ ဘော်ဒယ်ဆီမှာ ပိဿာချိန်နဲ့ ရောင်းစားဖို့ပဲရှိတယ်။ အစကတည်းက လက်နက်မမြင်ဖူးတဲ့ တောသားတွေ ဒါကို မသိဘူး။ ဘေထုပ်ကို ရွှေထုပ်ထင်ပြီး မ သွားကြတယ်။ 

တပ်မတော်သား (၇) ဦး ဆုံးရှုံးတယ်။ ဒါတော့ များတယ်။ ဒါတွေသာ အစုတ်အပဲ့တွေမဟုတ်ဘဲ လက်နက်အစစ်တွေ၊ အသန့်တွေဆို ဘယ်လိုလုပ်မလဲ။ အရေးပေါ်အခြေအနေ ကြေညာထားတဲ့ကာလ၊ စစ်မဖြစ်သော မငြိမ်းချမ်းသော တိုင်းပြည်မှာ ရန်သူနဲ့ ရင်ဆိုင်တွေ့တဲ့ စစ်သားတစ်ယောက်က ရန်သူကို ချေမှုန်းခွင့်မရဘူးဆိုရင် ခေါင်းဆောင်တွေက ရူးနေကြလို့ပဲ ဖြစ်မယ်။ 

အကြမ်းဖက်နဲ့ ပြည်သူတောင် ခွဲခြားဖို့ဗျူဟာမရှိဘဲ ပဒတ်ဂုဏော အနန္တောလုပ်နေတဲ့ ခေါင်းဆောင် ဆိုသူတွေရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုမရှိတဲ့ အမိန့်တွေကြား စစ်မြေပြင်မဟုတ်ဘဲ စစ်သားတွေသေနေတယ်။ အကြမ်းဖက်တွေက အောင်ပွဲခံတယ်။ လူယုတ်မာတွေက ဝမ်းသာပြတယ်။ ထောက်ခံသူတွေ စိတ်ဓာတ်ကျလာတယ်။ 

ဒီစစ်ခေါင်းဆောင်တွေဆိုတာ နန္တောပနန္တ နဲ့ တွေ့ရင်တောင် တန်ခိုးမပြဘဲ မေတ္တသုတ်ထိုင်ရွတ်မယ့် အုတ်ကျိုးပဲ့အစစ်ကြီးတွေ။ မြည့်နေအောင်ထက်တဲ့ ဓားရှည်တစ်လက်ကို ခါးကြားထိုးပြီး သူတောင်းစားရဲ့ ဝါးရင်းတုတ်ဆွေးအောက် လည်စင်းခံတဲ့ လူတန်းစားတွေ။ ယုတ်ညံ့တဲ့ရန်သူကိုမှ မေတ္တာရေအေး တိုက်ကျွေးချင်တဲ့လူတွေ။ ဟိုက ရေလည်းဝရော... နားရင်းတက်ချသွားရော။

‌ပက်ပက်စက်စက် လှုံ့ဆော်ကြလည်း ဖမ်းမိရင် ပြန်လွှတ်တာပဲ။ အသက်မရှိတဲ့ ဆင်းတုတော်တွေ ထည်ထည်ဝါဝါတည်ပြီး သာဓုခေါ်ခိုင်းတယ်။ အသက်ရှိတဲ့ ဘုန်းကြီးတွေကို မကာကွယ်နိုင်ဘူး။ 
ဒရုန်းတွေ၊ ဒုံးကျည်တွေ၊ လေယာဉ်တွေ၊ ရေငုပ်သင်္ဘောတွေ အကုန်ထုတ်ကြွားတယ်။ ကိုယ့်စစ်သည်တစ်ယောက်ကိုမှ တာဝန်မယူနိုင်ဘူး။ တန်ဖိုးထားရမှန်းမသိဘူး။ 

ဒါ ဘာစစ်တပ်လဲ။ စစ်သားကို တန်ဖိုးမထားဘဲ... စစ်သားတစ်‌ယောက်ချင်းစီကို တန်ဖိုးမထားဘဲ ဘယ်တော့မှ စစ်မနိုင်ဘူး မှတ်...

စစ်မှုထမ်းဟောင်းကြီး သေသွားတယ်။ ရမခ တံဆိပ်လေးမြင်ပြီး ကိုယ်တွေမှာဆို့နင့်နေတာပဲ။ ရိုင်းရိုင်းပြောရရင် ပဲမစားတာပဲရှိတာ။ ကိုယ်တွေမှာ သူတို့နဲ့တစ်သားတည်း။ ဘုရားဒကာ‌ဆိုတာကြီးရဲ့ လက်ထက်မှာ စစ်သားဟုတ်ဟုတ် မဟုတ်ဟုတ် အသက်ကို ဖက်နဲ့ထုပ်ထားရပြီးသား။ ခံပြင်းတာတွေလည်း များနေပါပြီ။ 

ကိုယ်မလုံခြုံတဲ့ကြားကတောင် ကိုယ်ချစ်ခင်တဲ့ စစ်သားတွေ ဘေးကင်းဖို့ ဘုရားရှိခိုးတိုင်း ဆုတောင်းနေတဲ့ကိုယ်က ပဒတ်မှန်သမျှ မျိုးသုဉ်းဖို့ မေတ္တာပို့ရင်း လူယုတ်မာဇာတ်လည်း က ချင်လာပြီ။ 

Alexander the Great ကို သိလား။ Alexander the Great ဆိုတာ ကမ္ဘာကြီးကို အုပ်စိုးဖို့ စစ်တပ်ကြီးတစ်ခုကို အရင်းပြု ကမ္ဘာလှည့်ခဲ့တဲ့လူ။ သူ့တပ်က တပ်သားတွေကို လူနဲ့ နာမည်တွဲပြီး မှတ်မိတယ်လို့ ကမ္ဘာကျော်ခဲ့တဲ့လူ။ ဆိုက်ဝါးပဲဖြစ်ဦး... သိပ်လှတဲ့ ပြကွက်...

တခြားစစ်တပ်တွေက ဘုရင်ကျရင် တပ်ပျက်ပေမဲ့ Alexander the Great ရဲ့ စစ်တပ်ကတော့ Alexander ထိပြီဟေ့ - လို့ သိလိုက်တာနဲ့ သူတို့ချစ်ရတဲ့ ခေါင်းဆောင်အတွက် မွှန်ထူပြီး ရန်သူ့ခံတပ်ကို တရကြမ်း ဝင်တိုက်ကြတဲ့ စစ်တပ်...

အဘတို့နဲ့များ ကွာတယ်... သိပ်ကွာတယ်...

ကျွန်တော်တို့ ခင်ဗျားတို့ကို သိပ်ချစ်တယ်။ ဆွေမျိုး မိတ္တ ဆရာသမား အားလုံးကို သေခန်းဖြတ်ပြီး ခင်ဗျားတို့ကိုချစ်ဖို့ ရွေးခဲ့တယ်။ 

ခင်ဗျားတို့ရဲ့ အသုံးမကျတဲ့ မူဝါဒတော်ကြီးမှာတော့ ကျွန်တော်တို့ဟာ အကြမ်းဖက်တွေနဲ့ တန်ဖိုးတူပဲ။ 

ခင်ဗျားတို့ရဲ့ တပ်သားတွေက အသက်နဲ့ရင်းပြီး ခင်ဗျားတို့ဖောက်တဲ့လမ်းနောက် လိုက်လျှောက်ပေးကြတယ်။ ပဒတ်တွေနဲ့ အတွေ့မှာ သေနတ်တစ်ချက်တောင် မဖောက်ဘဲ သူတို့သေရသတဲ့။ 

မစုတ်ချာလွန်းဘူးလား။ 

ဒီလောက် စုတ်ချာတဲ့အကဲဖြတ်မှုနဲ့ ထောက်ခံသူက စိတ်ကုန်၊ တပ်သားက စိတ်ပျက်ပြီး ရန်သူက ထိပ်ကွက်တဲ့ခေတ်မှာ ဘာနဲ့သွားပြီး စည်းရုံးမလဲ။ 

သွေးကြွေးကို ရအောင်ပြန်ယူပေးပါ။ 

ရန်သူကိုမေတ္တာရေဖြန်းပြီး ကိုယ့်လူကိုယ် လွှစာဖြန်းနေသရွေ့...
လုံးပါး ပါးမယ်သာမှတ်...

သန့်နေစိုး (7. Apr. 2022)
*
*
*