Saturday, April 16, 2022

အလွဲတော်ကကြိုး


နုနုနယ်နယ် ချစ်စဖွယ်ပင်
တောကောင်ငယ် ပလီပလင်ရယ်က
ဘဝင်ကိုဆွလို့ ကယုကယင်။
အိမ်တွင်သဖို့ သူတမင်မွေး
သားမောင်အသွင် ချစ်ခင်ထွေးခဲ့ပ
လူယဉ်ကျေးရဲ့. မေတ္တာ။

ကြည်နူးရ ချိန်ရှည်ကြာ
သည်ရင်မှာ ကြင်ကြင်နာပိုက်ထွေး
သံယောဇဉ် ချည်ခင်ရစ်ပါသေးတော့တယ်
တိုးလို့ပင်သာ။

အရိုင်းကိုတဲ့. ယဉ်စေရာ
စွမ်းပါသလေ သူထင်ခဲ့
ကံမျက်လှည့် ဥာဏ်မယှဉ်တယ်
သတိမဝင် ဘဝဆုံး
မြို့တောင်ငူ ဝံနှစ်ကောင်ထုံးကို
ကိုယ်တော်ရှင် ယူငင်သုံးပါတော့။
လွှာလွှာသင် ဥာဏ်ထွင်မဖြုန်းလေနဲ့
ကံချော်လျှင် ဘုရင်ပင်ကိစ္စတုံးမှာမို့
တောကောင်ရှင် အခွင့်မသာပြုံးကို
ယဉ်တော်ဝင် လာမည်ထင်ကာမျှော်လို့
ကဗြက်ကချော် ကညော့ကာမပျော်လေနဲ့
ခါမတော်မသာပေါ် နတ်ရွာမနီးရအောင်
ကဲ!---ရွာစားငယ် ပေါင်းပါတို့ရယ်နဲ့
ပတ် ကြမ်း တိုက် တီး။

🇲🇲သက်နိုင်ဦး(ကျည်ကာ)🇲🇲
(၈-၄-၂၀၂၂)(၀၉:၀၀)နာရီ

Related Posts:

  • လူယုတ်မာ အတွက် ချေပချက်လူတွေကိုဝေဝါးသွားစေချင်တဲ့သီတဂူရဲ့ဝါဒမှိုင်း...----------------------------------------ထွန်းအောင်ကျော် (၇၄ မျိုးဆက်)သီတဂူဆရာတော်ကြီးကိုဒီလို ပြန်ချေပချင်ပါတယ်။  သီတဂူဆရာတော်ဟာ တရားဟောကောင်းတဲ့အတွက် ပြည်သူတွေဆီက အလှူငွေတွေအမျာ… Read More
  • ကောမန့်လးတခု... ကြိုက်လို့ကော်ပီပါဘုရား... 🙏🏻🙏🏻🙏🏻🙏🏻ကျုပ်တို့က ဗုဒ္ဓဘာသာတွေလေ ဗလီတွေအများကြီး ဆောက်ပေးချင်နေတဲ့ အစိုးရမျိုးကို အာသာငမ်းငမ်းတက် လိုချင်နေရမှာတဲ့လား? သူငယ်ချင်းတစ်ပါးက ပြောဖူးတယ် ဒေါ်စုနဲ့ NLD ဘာသာရေးကို အလေးမထားတာ တခုတော့ ကောင်းသွားတယ်တဲ့။ မဟုတ်ရင် သူ့အတွက်သံဃာတ… Read More
  • ငရဲသားတို့ စံပျော်ရာ         သီတဂူ ဆရာတော်ကြီး ရုရှားရောက်နေတာကိုလည်း ဆဲကြ ၊ ဟိုပုန်းက ကိုရင်လေး ပျံလွန်တော်မူတာလည်း ဝမ်းသာကြ ဆဲကြ နဲ့ NLD အုပ်စုရဲ့ အကုသိုလ်တွေ စုဆောင်းနေကြပုံကတော့ ကြက်သီးထဖွယ်ပါပဲ ။        PDF GZ ဆိုပြီး လူမဆန်တဲ့ လုပ်ရပ်တွေကြ… Read More
  • လာပြန်ပြီ မိတ္ထီလာ ရဲ            ဇော်ယုထွန်း              အုပ်ခွဲတပ်ကြပ်ကြီး(ငြိမ်း)            ဆိုသူကို မိတ္ထီလာက ရဲသတင်းပေး ဆေးသမား ၊ ချဲရောင်းစားဖူးသူ တယောက်က အထက်ပါ တပ်မတော်အငြိမ်းစား တဦးအား စစ်ပြေးဆိုပြီး ဖမ်းခိုင်းမယ်ဆိုတဲ့ သတင်းအား အဆိုပါ … Read More
  • ကျွန်တော်သည်စစ်သား တစ်ယောက်ဖြစ်သည် မြန်မာ့တပ်မတော်ဆိုသည်မှာအခြားပြည်ပတပ်မတော်တွေနဲ့မတူဘဲ မျိုးချစ်စိတ်ကိုအခြေခံထားသောအဖွဲ့အစည်းပင်ဖြစ်သည်။ အခြားဒီမိုကရေစီနိုင်ငံတွေနဲ့မတူ သူတစ်လူ ငါတစ်မင်းသုံးယောက်တစ်ဖွဲ့ဖွဲ့ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကိုလည်း တိုက်ရ.. … Read More