Saturday, April 16, 2022

ပညာရေးမဖွံဖြိုးနိုင်သောအရပ်ဒေသ


  ကျေးလက် တစ်ခု၏ ပညာရေး မဖွံ့ဖြိုးနိုင်သောအခြေခံအကြောင်းရင်းများမှာ...
(၁) ကျေးရွာလူထု ဝင်ငွေနည်းပါးကာ အလုပ်အကိုင်ရှားပါးပြီး ဆင်းရဲမွဲတေမှု၊
တစ်နပ်စားရလျှင် အလုပ်ဆက်မလုပ်​သော ပျင်းရိမှူ။
(၂)သားသမီးများအပေါ် တစ်လွဲအလိုလိုက်မှု၊
ဥပမာ ပညာသင်ကြားမှုအတွက် ကုန်ကျသုံးစွဲရန်ကိုတွန့်တိုတတ်ကြပြီး ခေတ်ရေစီးကြောင်းနှင့်အညီ ခေတ်မီစေလို၍ အပြိုင်အဆိုင်လက်တော့ဖုန်းများကိုဝယ်ပေးတတ်ကြပြီး
ပွဲလမ်းသဘင်များအတွက်ဆို
လျှင်တန်ဘိုးကြီးအဝတ်အစားများကိုဝယ်ပေးတတ်ကြသည်။
သားသမီးများက ကျောင်းမတက်လိုလျှင် အချစ်ပိုကာကျောင်းထုတ်တတ်ကြသည်
စာတတ်ဖို့ကိုဦးစားမပေးကြ။
 (၃)ကျောင်းတစ်ကျောင်း ပညာရေးကောင်းမွန်စေဖို့ ဝိုင်းဝန်းပါဝင်ကူညီရန် အလွန်အားနည်းခြင်း။
ဥပမာ...ကျောင်းခြံဝင်း ကျောင်းဥပတိရုပ် ခြံမြေ ကျောင်တွင်းပညာရေးဖွံ့ဖြိုးအောင် ကူညီဆောင်ရွက်မှုကို မသိယောင်ဆောင်မျက်ကွယ်ပြုကြခြင်း။
(၄)ငယ်စဥ် ကျောင်းနေစဥ်ကပင် မိမိသားသမီး၏ ပညာရေးကိုအလေးပေးဂရုမစိုက်ကြခြင်း၊သူ့အတန်း သူ့အသက် စာတတ်မတတ်မဆန်းစစ်ဘဲ အတန်းတက်ရသည်ကိုစိတ်ကျေနပ်နေခြင်း။
(၅)ကျောင်းဖွံ့ဖြိုးမှုကို လုပ်ဆောင်သူကိုပင် 
ကူညီမည့်အစား အားနည်းချက်ကို မရမကရှာ
အတင်းပြော အတွင်းဆိုးစရိုက်မွေးတတ်ကြခြင်း။
(၆)ဝန်ထမ်းဆောင်မရှိသည့်ကျောင်းအချို့တွင်မူ ဆရာ/မများနေထိုင်ရေးအတွက် စီမံဆောင်ရွက်မပေးသည့်အပြင်
နေအိမ်လခကို အရပ်သားစျေးထက်ပိုတောင်းကြခြင်း။
(၆)ဆရာ/မများ၏ အခက်အခဲကို ပါဝင်ကူညီကြမည့်အစား သူတို့ထံမှရရှိမည့်အခွင့်အရေးကိုသာမျှော်ကောပြီး အတွက်ကပ်(ကြေးတွက်)ကြခြင်း။
 (၇) အချို့ကျောင်းများတွင်
ဒေသခံ ဝန်ထမ်းအချို့က
မိမိကျေးရွာဖွံဖြိုးမှုအတွက်
အနစ်နာခံ ဦးဆောင်မှုမရှိဘဲ
အရှောင်လိုက် အပြစ်ရှာပြီး
စည်းရုံးမှုကိုဖြိုခွဲနေတတ်ကြခြင်း။
 ဤသည်တို့ပင်လျှင် ကျေးရွာဒေသ ပညာရေးမဖွံ့ဖြိုးမတိုးတက်နိုင်သောအားနည်းချက်များပင်ဖြစ်ကြသည်။
 ထို့ကြောင့် အထက်ဖော်ပြပါ
အားနည်းချက်များကိုပြုပြင်နိုင်ပါက မကြာမီယင်းဒေသပညာ​ရေးဖွံဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း စုစည်း တင်ပြလိုက်ရပါသည်။
 မောင်ကံ့ကော်(ဆားပြင်)