Monday, June 28, 2021

USတို့ စိတ်ပူစရာမလိုတဲ့ တောတွင်း လူသတ်ပွဲ


(#ဒါ မျိုး ကို ကျေနပ်တယ်မလား?
#ဒါမျိုး လုပ်ချင် နေကြတယ် မဟုတ်လား?
#ကိုယ်အိမ်မှာ ပဲ ကြက်ဖလုပ်လို့ ရမယ်
#သူများအိမ်ရောက်ရင် ကြက်မပဲ
##ဘယ်သူ တွန်ရဲသလဲ...ပြောကြည့် လိုက်...)

#COPY 

Speak Out

ဒီနေ့မနက်က လူငယ်လေးတွေကို ရိုက်နှက်နေတဲ့ ဗွီဒီယို မြင်ရတယ်။ ကြားရတာက နယ်စပ်ဒေသရောက်နေတဲ့ တော်လှန်ရေးလူငယ်လေး ၃ ယောက်ကို အချင်းချင်းကလား၊ လက်နက်ကိုင်အဖွဲ့တခုကလား မသိ၊ ဒလန်စွပ်စွဲပြီး သေအောင် ရိုက်သတ်တာ တဲ့။

ဟာ ဒါမျိုး မပြောနဲ့ ဒါမျိုးရဲ့ ၁၀ ပုံ ၁ ပုံ လောက်ကို လုံခြုံရေးတပ်ဖွဲ့တွေက လုပ်ကြည့်ပါလား။ မဇ္စျိမ၊ အေရာဝတီ၊ ဒီဗွီဘီ၊ ဘီဘီစီ၊ စီအင်အင်၊ စီအင်အေ၊ ရိုက်တာ အကုန်ပြန့်သွားပြီ။ Speak out ဆိုပြီး သောင်းချီ၊ သိန်းချီ share ကြပြီ။ ကုလတို့၊ အေအေပီပီတို့၊ ဟူးမင်းရိုက်စ်တို့က မြန်မာပြည် အခြေအနေကို အရမ်းစိတ်ပူကြောင်း ပြောပြီ။

ခုဟာက လူသားချင်း မညှာမတာ နှိပ်စက်မှုပဲ မဟုတ်လား။ ဥပဒေပ စီရင်မှုပဲ မဟုတ်လား။ ဘဝတူ ပီဒီအက်ဖ်ချင်း၊ တော်လှန်ရေး ရဲဘော်ရဲဘက်ချင်း မဟုတ်လား။ ကိုယ့်လူ မတရား ခံရတာကို၊ တရားစီရင်မှုမပါပဲ စီရင် ခံရတာကို၊ လူသားမဆန်စွာ ရက်စက်ကြမ်းကြုတ်စွာ စီရင်ခံရတာကို ဝိုင်းဝန်း speak out ပြီး အမှန်တရား ထွက်ပေါ်လာဖို့ တောင်းဆိုရမယ် မဟုတ်ဘူးလား။

NUG တို့၊ CRPH တို့၊ HRW တို့၊ Myanmar Now တို့ကရော ဒီကိစ္စကို ဝင်ပါသင့်တယ်၊ စုံစမ်းဖို့ တာဝန်ရှိကြတယ် မထင်ဘူးလား။

CDM အပေါင်း၊ ဆန္ဒပြသူအပေါင်းကလည်း သူတို့ပုံလေးတွေကိုင်ပြီးဆန္ဒပြတာဖြစ်ဖြစ်၊ ပရိုဖိုင်းချိန်းတာဖြစ်ဖြစ် လုပ်ဖို့ မသင့်ဘူးလား။

အစွပ်စွဲခံနေရတဲ့ KNU တို့၊ အန်စီယူထိုးအဖွဲ့တို့ကကော တစုံတရာ မပြောကြတော့ဘူးလား။

အေးလေ ရက်စက်မှု၊ မတရားမှုဆိုပေမယ့် သူ့ဖက် ကိုယ့်ဖက် မြင်ချင်ရာမြင်ပြီး၊ တရားဥပဒေလို မျှမျှတတမှ မမြင်တတ်ကြတာကို။ ဒီမောဆိုမှာ တုန်းက စစ်သုံ့ပန်းရဲတပ်သားတယောက်လည်း အဲလို ရိုက်နှက်သတ်ဖြတ်ခံခဲ့ရပြီးပြီ။ အဲတုန်းက တော်လှန်ရေးဘက်တော်သားတွေက ဝမ်းသာအားရတောင် ဖြစ်ကြဆိုပဲ။

အခုကိစ္စမှာလည်း 

အမြဲတမ်း ဆူပွက်လေ့ရှိတဲ့ အဲဒီ တော်လှန်ရေးလောကကြီးက ငြိမ်ချက်သား ကောင်းလွန်းလို့ မနေနိုင်တဲ့ ကျွန်တော်ကပဲ Speak Out လုပ်လိုက်ရပါတယ် ခင်ဗျာ။
##crd
##ဒလန် ဆိုတဲ့ ခေါင်းစဉ် အောက်မှာ..မင်းတို့
..GZ တွေ PDF တွေ NLD အစွန်းရောက်
နီပိန်း တဖက်ပိတ်တွေ...အသက်ခံရတတ်တယ်
..လို.ငါ ပြောဖူးတယ် နော်...
...မင်း တို့ ချစ် ပါတယ် ကျန်းမာပါစေ ဆိုတဲ့
..KNU တို့ KIA တွေ ရဲ့ လုပ်ရပ် က
..မင်း တို့ အတွက် ကျေနပ်စရာ ဖြစ်နေပြီးလား..?
##ဓားနဲ့ စိမ်ပြေနပြေ ထိုးပြိး လည်လီသတ်ခံရတော့
..စိတ်ထဲ မကောင်းဘူး..
🚩🚩🚩မင်း တို့ က ဒလန် မို့လို့ သတ်တယ် ဆိုတဲ့
🚩ခေါင်းစဉ် အောက် မှာ စပိအောက်ပြီး
🚩...ပျော်နေကြတယ် မဟုတ်လား
🚩....သင့် အတွက် မနက်ဟာ သင်ကိုယ်တိုင်
🚩..ဒလန် လို့ စွပ်စွဲခံရဖို့...၉၀% သေချာနေပြီး
..မိတ်ဆွေ ..
..ထမိန် အောက်ကထွက်ဖို့ စဉ်းစားပါ..
##BaKhat🇲🇲🇲🇲🇲🇲🇲🇲🇲🇲

Related Posts:

  • စတန်(၇)နိုင်ငံမှာ ဘာကြောင့် ဗုဒ္ဓသာသနာကွယ်ပျောက်ခဲ့ပြီး အစ္စလမ်ဘာသာ ကြီးစိုးခဲ့တာလဲ?■ ခရစ်တော်မပေါ်ခင်  ၅၈၉ ခုနှစ်မှာ ဒီကမ္ဘာမြေပေါ်မှာ ဗုဒ္ဓဘုရားရှင် ပွင့်တော်မူခဲ့တယ်။ ဘုရားအဖြစ်ရောက်တော်မူပြီးနောက်ပိုင်း ၄၅ နှစ် တိုင်တိုင် လောကသတ္တဝါတို့ အကျိုး စီးပွားအတွက်  တရားဒေသနာတွေဟောပြောလမ်းညွှန်ဆုံးမတော်မူခဲ့တယ်။ … Read More
  • ကဲစလာပီနော်အစ္စလာမ် ဘာသာဝင် လန်ဒန်မြို့တော်ဝန် ဖြစ်သွားသောအခါ.....ခန်း(Khan)ကိုပါကစ္စတန်နိုင်ငံမှရွှေ့ပြောင်းမိဘနှစ်ပါးက လန်ဒန်မြို့၌အောက်တိုဘာလ ၈ရက် ၁၉၇၀တွင်မွေးဖွားခဲ့သည်။ သူ လန်ဒန်ကြီးပြင်းလာခဲ့သည်။အမည်အရင်းမှာ Sadiq Aman Khanဖြစ်သည်… Read More
  • ရှေ့မီးလား..နောက်မီးလား..အချက်ပြမီးလား..လင်းခဲ့တဲ့သမီးလေး..စင်္ကာပူမှာ..အဆင်ပြေမှာပါနော့...အဟတ်...အဟတ်Ky(ထီလာ)… Read More
  • အစွန်းရောက် အစွန်းရောက်တွေ တစ်ဒေါင်ဒေါင်လက်ညိုးထောင်တဲ့ မောင်။ငနီကြီးလဲ အစဉ်လာရှိလက်ညိုးထောင်တဲ့ ထိုငတိ။ဘင်္ဂလာဒင်လဲ လက်ညိုးထောင်အစွန်းရောက်တဲ့ မသာကောင်။ဆိုမာလီ IS တာလီဘန်များသေချာကြည့်လက်ညိုးထောင်ကာ ပွဲခံ၏။ကမ္ဘာဖျက်တဲ့ အစ္စလာမ်လက်ညိုးထေ… Read More
  • #ငါသည်တစ်နေ့တောထွက်ပြီးနိက္ခမပါရမီဖြည့်မည် " ‘တောထွက်ကျင့်ခြင်း’ နှင့် စပ်လျဉ်းသော မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးရဲ့ ညွှန်ပြချက်များကား အလေးအနက် နှလုံးသွင်း ဆင်ခြင်ဖွယ်တွေချည်းပါ။ ကျေးဇူးရှင် ဆရာတော်ဘုရားကြီးက ရှေးဦးစွာ ဒီလိုသတိ ပေးထားပါတယ်။☆ တောသို့ ဝင်သည့် တောရရှင်၏… Read More