Friday, June 18, 2021

အဖြူထည် လူငယ်များအတွက် ၈၈ & ၂၁ ဂျင်းဆိပ်ဖြေဆေး (27)

          ကိုဖီအာနန်ရဲ့ အစီရင်ခံစာကို ဒေါ်စုကြည်က လိုက်ပြီး လုပ်ရတာ မဟုတ်ဖူး ၊ ဒေါ်စုကြည် ခိုင်းနေသလို ကိုဖီအာနန်က လုပ်နေရတာ ပါ တဲ့ ။ 


       အလွန်ကြောက်စရာကောင်းတဲ့ စကားလုံးကြီးပါပဲ ။ ဒေါ်စုကြည်သည် တိုင်းပြည် နဲ့ အမျိုးဘာသာ သာသနာကို ဖျက်ဆီးရန် ၊ တပ်မတော်ကို ဖြိုချရန် ပြည်ပက စေခိုင်းနေတဲ့ အတိုင်း လုပ်နေပါတယ် ဆိုတဲ့ သက်သေတွေပါပဲ ။

        ကိုဖီအာနန်လာပြီးနောက် မကြာခင်မှာ ကုလအစည်းအဝေးလုပ်တော့ ဒေါ်စုကြည် တက်ရောက် မိန့်ခွန်းပြောဖို့ အခွင့်အလမ်း ရှိလာပါပြီ ။ ရခိုင်ပြဿနာအတွက် အမှန်တရားကို ဖော်ထုတ်ခွင့် ရရှိပါပြီ ။ အဲဒီအခွင့်အရေးကို ဒေါ်စုကြည် အသုံးချမယ် ထင်ပါသလား... ?

       သူမဟာ ကုလကိုတောင် မသွားရဲတော့ပါဘူး ၊ သူမသွားပဲ ဦးဗန်ထီးယူ သွားပြီး ကိုဖီအာနန်ရဲ့ အစီရင်ခံစာကို လမ်းပြမြေပုံအဖြစ် လက်ခံပြီး ဆောင်ရွက်ပါ့မယ် ဆိုပြီး ဘုံကျွန်နိုင်ငံအဖြစ် တရားဝင် ကြေညာလိုက်ပါတယ် ။

      ကျနော်တို့ အမျိုးချစ်သူတွေ အသဲတဆတ်ဆတ် တုန်ခါ နာကျည်းစေခဲ့တဲ့ NLD ရဲ့ ပက်စက်ယုတ်မာမှုတွေပါပဲ ။ 

         ဒီနေမှာ ကုလ အစည်းအဝေးကို ဒေါ်စုကြည် ဘာကြောင့် မတက်ရသလဲ ဆိုတာ မသိသေးသူတွေကို ရှင်းပြချင်ပါတယ် ။ ဒေါ်စုကြည်ဟာ နိုင်ငံရေး သိက္ခာလုံးဝ မရှိတဲ့ လူလိမ်တယောက်ဖြစ်ပါတယ် ။

     သူ့ဘာသာ ခြေ/ဥ အရ သမ္မတဖြစ်ခွင့်မရှိလို့ အတိုင်ပင်ခံဆိုတဲ့ နိုင်ငံတကာ ဘောင်မဝင်တဲ့ ရာထူးကို ကုပ်ကတ်ယူထားပြီး ကုလသမဂ္ဂ အစည်းအဝေးကို သွားတက်ပါတယ် ။ အဲဒီမှာ ရာထူးနေရာကို ဖြည့်ရတော့ ခပ်တည်တည်နဲ့ ဒုတိယ သမ္မတ ပါဆိုပြီး ဖြည့်ပါတယ် ။ 

     အတိုင်ပင်ခံဆိုတဲ့ မြန်မာစာလုံးကို နားမလည်တဲ့ ကုလဝန်ထမ်းတွေဟာ မြန်မာလို အတိုင်ပင်ခံ နိုင်ငံတကာလို ဒုတိယ သမ္မတ လို့ မှတ်ယူလိုက်ပြီး ဘာမှ မပြောပါဘူး ။ ဒါပေမယ့် မကြာခင် အလိမ်ပေါ်တာပါပဲ ။ အတိုင်ပင်ခံဆိုတာ အကြံပေးသာ ဖြစ်ကြောင်း သိသွားတော့ သူလိမ်တာ အားလုံး သိသွားကြပါတယ် ။ 

        ဥရောပမှာ ထုံးစံတခု ရှိပါတယ် ။ You are lie ဆိုပြီး သတ်မှတ်လိုက်ပြီးရင် အဲဒီလူလိမ်ကို အသိုင်းအဝိုင်းက ဖယ်ထုတ်လိုက်ပါတယ် ၊ အဲဒီလူလိမ်နဲ့ စီးပွားရေး မလုပ်ဖူး ၊ ပါတီမတက်ဖူး ၊ လူမှုရေးမလုပ်တော့ဖူး ။ အဲဒါကောင်းကောင်းသိတဲ့ ဒေါ်စုကြည် ကုလသမဂ္ဂကို နောက်ထပ် ဘယ်တော့မှ မသွားရဲတော့ပါဘူး ။ ယနေ့ အထိ ပြုတ်သာသွားတယ် ကုလကို မျက်စောင်းတောင် မထိုးရဲတော့ဖူး ။ 

      သူမ သွားခဲ့တဲ့ ကုလအစည်းအဝေး မှာပဲ အိုအိုင်စီ နဲ့ ဒေါ်စုကြည် တယောက်တည်း သွားတွေ့ပါတယ် ။ ဘယ်သူမှ မပါပဲ လျှို့ဝှက်စွာ သွားတွေ့ပြီး သတင်းမထုတ်ပြန်ပါဖူး ။ ဒါပေမယ့် အိုအိုင်စီ ဖက်က ထုတ်ပြန်ပေးတော့ သိသွားကြတာပါပဲ ။ 

        သူမရဲ့ ပြည်ဖျက်ခြေလှမ်းတွေ သွက်လာပါပြီ ။ မဘသ ကိုဖျက်ဖို့ ဖြိုးမင်းသိမ်းလို လူယုတ်မာကတဆင့် အသံပေးလာပါတယ် ။ ဆူညံလာတော့ အစိုးရသဘောထား မဟုတ်ဖူးလို့ ဗြောင်လိမ်ပါတယ် ။ 

       သာသနာရေးဝန်ကြီး ဌာနမှာ အတွင်းဝန်လို ရာထူးမျိုးကို ဘင်တွေအား ခန့်ထားပါတယ် ။ အောင်ကိုကလည်း ခြံခုန်လူယုတ်မာပီပီ အစွမ်းပြပြီး ဗုဒ္ဓဘာသာကို ဖျက်ဆီးနေပါပြီ ။

          အမျိုးချစ်သူတွေ အားကိုးနေကြတဲ့ တပ်မတော်ကြီးကတော့ တပ်ချုပ်ကြီးရဲ့ သဘောထား အရ လွှတ်တော်မှာ ညှောင်နာနာ မိန်းမရှာ အသံနဲ့ အော်ပြရုံက လွဲလို့ သူ့အသားကို လှီးဖြတ် ဖဲ့ထုတ်နေတာတောင် အံကြိတ်ကြည့်နေရတဲ့ အခြေအနေပါပဲ ။ ကျနော်တို့ကတော့ တပ်ချုပ်ကြီးကို မကြိုက်ခဲ့ကြပါဘူး ။ 

          မဘသဖျက်တယ် ၊ ဘုန်းကြီးကျောင်းတွေ ဖျက်တယ် ၊ မဟော်သဓာလို အခမဲ့ကျောင်းတွေ ပိတ်တယ် ၊ ဘက ကျောင်းတွေ ဖျက်ဖို့ လွှတ်တော်မှာ ဒေါက်တာကြွယ်ကြွယ် ဆိုတဲ့ မန္တလေးက မိန်းမနာမည် နဲ့ လူယုတ်မာ NLD အမတ်က အဆိုတင်သွင်းတယ် ။ မြင်းခြံက NLD အမတ် အောင်မျိုးလတ် ကန့်ကွက်တယ် ။ ဒါသမိုင်းတွေပဲ ။

        အဲဒီအချိန်မှာ သူရဘွဲ့ယူနိုင်ခဲ့တဲ့ သာကူးကြီး ရွှေမန်းကတော့ အရေးမပါ အရာမရောက်တဲ့ ကော်မတီဥက္ကဌရာထူးနဲ့ ချွေးသိပ်ပြီး ချောင်ထဲထိုးထည့်ထားခံရတာလည်း နိုင်ငံရေး သံဝေဂ ရစရာပါပဲ ။ 

         NLD ပါတီဟာ လူသူမသိတဲ့ အပေးအယူတွေနဲ့ ပြုလုပ်လာရင်း ဘာသာခြားတွေအပေါ် အလွန်အကျွံပစားပေးမှု ပြုလုပ်လာပါတော့တယ် ။ 

....ငုံးဥသည်ကို ပါတီဌာနချုပ်အထိ ခေါ်ပြီး ထောက်ပံ့ငွေများပေးအပ်ကာ ဘာသာကြီးတခုထဲ ကြီးစိုးနေတာ မလိုချင်ဖူး အင်အားများနေတဲ့ ဗုဒ္ဓဘာသာကို ချိနဲ့အားနည်းသွားအောင် လုပ်ရမှာ ကျမတို့ ပါတီရဲ့ မူဝါဒပဲလို့ ဗြောင်ဖွင့်ပြောခဲ့တာကို နာရမှန်း မသိတဲ့ ဗုဒ္ဓဘာသာ အနီတွေအတွက် လမ်းဆုံးအောင် ကမ်းသွားကြပါပြီ ။ 

        နိုင်ငံရေးဖက်မှာကော ကြည့်ပါအုံး NLD ပါတီအမတ်တွေဟာ NLD အစိုးရ ခိုးဖို့ တင်လိုက်တဲ့ ဘက်ဂျက်မှန်သမျှ ထောက်ခံပေးတဲ့ အထိ မိုက်ရိုင်းလာပါပြီ ။ လွှတ်တော် နဲ့ အစိုးရ တက်ညီလက်ညီ ခိုးလိုက်ကြတာ တသက်လုံးက မကြားဖူးတဲ့ ဘက်ဂျက်တွေ ကြားရတော့တာပါ ပဲ ။

       6500 တန် ပလက်စတစ်ထိုင်ခုံကို တလုံး ၇၀၀၀၀ိ / ၊ ၁၀ သိန်း TV ကို သိန်း ၁၀၀ ၊ ဦးသိန်းစိန်လက်ထက် လူကူးဂုံးတံတားတစင်း သိန်း ၂၀၀၀ NLD လက်ထက် သိန်း ၁၀၀၀၀ တဲ့ ၊ ထော်လာဂျီသာသာ အမှိုက်ကား သိန်း ၁၃၀၀ ကျော် တဲ့ ၊ မဂ်လာစျေး အရည်အသွေး စစ်ဆေးခသိန်းပေါင်း ခြောက်သောင်းကျော် .........

       ရေးပြလို့ မကုန်နိုင်တဲ့ ခိုးမှုတွေကို တွင်တွင်ကြီး လုပ်နေရင်း အရင်လူတွေကို သူခိုးတွေလို့ ပြောကောင်းနေကြတုန်းပါပဲ ။ 

         NLD လွှတ်တော်ကြီး ကြက်သရေတုန်းလိုက်ပုံကတော့ မြန်မာပြည်မှာ အကြမ်းဖက်မှု မရှိဘူးဆိုပြီး ကြေညာသတဲ့ ၊ ရခိုင်မှာ တိုင်းသားတွေ ရွားလုံးကျွတ် အသတ်ခံရ လို့ ပြေးနေရပြီ ၊ ရဲစခန်း ၃၀ တပြိုင်နက်ထဲ အတိုက်ခံနေရပြီ သူတို့က အကြမ်းဖက် မရှိဖူးတဲ့ ။

        သူတို့ ဘာကြောင့် အဲလိုပြောကြသလဲ ဆိုရင် တပ်မတော်က အကြမ်းဖက်ကို အကြမ်းဖက်လို နှိမ်နင်းမှာ စိုးရိမ်ပြီး တိုင်းပြည်ကို သစ္စာဖောက်ကြလို့ပါပဲ ။ ပထွေးတွေကို မယားပါသားလေးတွေက လွှတ်တော်ကနေ ကာကွယ်ပေးနေကြတာလေ ။ 

          NLD လွှတ်တော်အမတ်တွေဟာ ဒီမိုကရေစီ လုံးဝမရှိဖူးဆိုတာ အံ့သြဖွယ်သိလိုက်ကြရပါတယ် ။ နှုတ်ထွက်သွားတဲ့ NLD အမတ်တွေက ဖွင့်ပြောသွားတာပါ ။ သူတို့ ထောက်ခံခြင်း ကန့်ကွက်ခြင်းကို ပါတီက ညွှန်ကြားတဲ့ အတိုင်း လိုက်လုပ်ကြရသတဲ့ ။ 

       တိုင်းပြည် နဲ့ ပြည်သူအကျိုးပြု မေးခွန်းတွေ အဆိုတွေကိုလည်း မိမိစိတ်တိုင်းကျ လွှတ်တော်မှာ လွတ်လပ်စွာ တင်သွင်းခွင့် လုံးဝမရှိပါဖူး တဲ့ ။ အဆိုတွေ မေးခွန်းတွေကို စီစစ်ရေး ကော်မတီမှာ တင်ပြပြီး သူတို့ သဘောတူမှ တင်ပြခွင့်ရှိပါသတဲ့ ။ 

      လာဘ်မစားဖူး ကွ ဆိုပြီး ကြွေးကြော်နေတဲ့ NLD ပါတီရဲ့ CEC လူကြီးတွေ နဲ့ ဖွဲ့စည်းထားတဲ့ အဆိုပါ စီစစ်ရေးကော်မတီကြီးရဲ့ ဖြောင့်မတ်ရိုးသားပုံကို ကြည့်ပါအုံး ။ 

....အားလုံး ပါးစပ်ပြဲ အံ့သြသွားရလောက်အောင် ရိုးသားဖြောင့်မတ်ပုံက သူတို့ကော်မတီကို ရောက်လာတဲ့ အဆိုတွေ မေးခွန်းတွေ လွှတ်တော်မှာ တင်ပြချင်သလား ဒါတွေလိုအပ်ပါတယ် ၊ ဘာလိုအပ်တာလဲ ဆိုတော့........?

            မျိုးဝင်