Friday, June 18, 2021

အီရတ်နိုင်ငံပြည်သူတွေရဲ့နောင်တ

တကယ်တော့ ဆာဒမ်ဟူစိန်
ကျဆုံးသွားတာ မဟုတ်ပါဘူးရှင်...
ကျမတို့အီရတ်တို့ရဲ့အမျိုး ဘာသာ 
သာသနာကျဆုံးသွားတာပါရှင်.... 

အမေရိကန် ကယ်လီဖိုးနီးယားပြည်နယ် 
LA မှာတနင်္ဂနွေ နေ့တိုင်း
လစ်လပ်နေတဲ့ ကွက်လပ်တွေမှာ 
လာရောင်းတဲ့ ကွက်လပ်စျေးလေးတွေ
ရှိနေခဲ့တယ်.... 

အဲဒီစျေးလေးတွေမှာ
ဘာတွေရောင်းလဲဆိုလျှင် 
ရှေးဟောင်းပန်းချီပန်းပု-တွေ၊
နိုင်ငံတကာက အမှတ်တရလက်ဆောင်
ပစ္စည်းလေးတွေ၊
စက်ရုံက ပယ်ထည်တွေနဲ့ပန်းတွေ၊
ကော်ဇောတွေ၊စာအုပ်အဟောင်းတွေ
စသဖြင့်စုံစုံလင်လင်ရှိနေတတ်ပါသည်.... 

ဒီစျေးကနေ ဒေါ်လာ တစ်ရာနဲ့၀ယ်သွားတဲ့
ပန်းချီကားတစ်ခုကို( $ one million) နဲ့
ရောင်းရတယ်ဆိုတဲ့သတင်း TV မှာ
ပါလာကတည်းက ဒီစျေးကိုလူတွေကပိုပြီး
စိတ်၀င်လာခဲ့ကြတာပါဘဲ။

တနေ့စာရေးသူကအဲဒီ 
Sunday Market လေးထဲကို
လျောက် ကြည့်နေရာက 
ဆိုင်တစ်ဆိုင်မှာ Zodiac ၁၂ ရာသီခွင်ကို 
၄ ပေ ပါတ်လည်လောက်ရှိတဲ့
ကြေပြားပေါ်မှာ ဖေါင်းကြွရုပ်လုံးဖေါ်ထားပြီး
ကျွန်းဘောင်ခတ်ထားတာကိုတွေ့တော့
စိတ်၀င်တစား ကြည့်နေစဉ်မှာ 
ဆိုင်ရှင်နဲ့မိန်းမတစ်ယောက် 
ပန်းအိုးလေးကို အချေအတင် 
စျေးဆစ်နေတာကိုတွေ့တော့
ဝယ်သူမိန်းမကသူ့မှာဒေါ်လာ ၈၀၀ သာပါလို့
တစ်ထောင်ကနေ ၈၀၀ ထားပေးဖို့
တောင်းတောင်းပန်ပန် စျေးဆစ်နေပေမဲ့ 
ဆိုင်ရှင်ကလျှော့မပေးပါဘူး.... 

ဒါနဲ့အဲဒီမိန်းမက 
၂၀၀တန်ချက်လက်မှတ်ကိုရေးပေးပီး
ချက်လက်မှတ် နဲ့ပေါင်းယူဖို့
ပြောလာပါတယ် ....ဒီတော့လည်း 
ဆိုင်ရှင်က မပေးပြန်ပါဘူး။
ဒီတော့၀ယ်သူမိန်းမစိတ်ပျက်နေချိန်မှာပဲ  
စာရေးသူက ကြား၀င်ပြီး
အဲဒီ ချက်လက်မှတ်လးကို ယူပြီး
၀ယ်သူ မိန်းမကို ဒေါ်လာ၂၀၀ 
ထုတ်ပေးလိုက်ပါတယ်.... 

စျေးဝယ်သူအမျိုးသမီးက အရမ်းကျေးဇူးတွေ
တင်နေပြီး ပန်းအိုးလေးကို 
တယုတယ ပိုက်ထားလိုက်ပါတော့တယ်... 

ဒါနဲ့သူက ကျေးဇူးတွေ အရမ်းတင်နေပြီး
ဖြစ်နိုင်ပါက ကော်ဖီလေးတစ်ခွက်လောက်
လိုက်သောက်ပါလားရှင် ...
ကျမမှာ ကော်ဖီဖိုး $ 20 လောက်တော့ 
ရှိပါသေးတယ်ဆိုလို့အနားက ကော်ဖီဆိုင်ကို
လိုက်သွားမိတယ်... 

ဆိုင်ရောက်တော့စာရေးသူက 
ဘာကြောင့်ဒီပန်းအိုးအဟောင်းကို
အသဲအသန်လိုချင်နေရလည်းလို့မေးတာ့..
အော် ဒါက  ကျမတို့အီရတ်နိုင်ငံက 
ရှေးဟောင်းပြတိုက်ထဲက 
ရှေးဟောင်း အမွေအနှစ်လေး တစ်ခု
ဖြစ်နေလို့ပါဘဲလို့ ပြောလိုက်တော့မှ 
သူက!အီရတ်သူမှန်း သိလိုက်တယ် ... 

ခင်ဗျားက ဘယ်လိုသိတာလဲဆိုတော့ 
ကျမနဲ့ကျမခင်ပွန်းက 
အီရတ်ရှေးဟောင်းသုတေသနဌာနကပါ..
ဒီပန်းအိုးအောက်မှာ Iraq Code တွေ
ပါနေတယ်...
စစ်ဖြစ်တော့
ရှေးဟောင်းပစ္စည်းအတော်များများ 
အခိုးခံခဲ့ရတာပါလို့ပြောလျှက်က
ကော်ဖီကို ငုံ့သောက်နေစဉ် 
စာရေးသူက ခင်ဗျား အမေရိကန်မှာ
နေ နေတာလား၊ လာလည်တာလားလို့
မေးလိုက်တော့..
၀မ်းနည်းသောလေသံနဲ့
ကျမတို့သားမိကထွက်ပြေးလာတာပါရှင်.. လို့
့ဖြေလိုက်တော့့အံ့သြသွားပြီး 

အီရတ်မှာ ဒီမိုကရေစီ ရနေပီလေ 
အာဏာရှင်မှ မရှိတော့တာလို့ပြောလိုက်တော့...
မှန်ပါတယ်ရှင် 
ဆာဒမ်ဟူစိန် မရှိတော့ပါဘူး.
"ကျမတို့  သမ္မတဆာဒမ်ဟူစိန်ကို 
တအားမုန်းခဲ့ပါတယ်"...
"ပြည်သူတွေအများစုကလည်း 
ဆာဒမ်ကို တအားမုန်းကြပါတယ်"...
"ဘယ်လောက်တောင်လဲဆိုယင် 
"ဆာဒမ် ကို G.W Bush က စစ်ရေးအရ
အရေးယူမယ်လို့ကြေငြာတော့
တကမ္ဘာလုံးက ဆန္ဒပြနေချိန်မှာ 
ကျမတို့အီရတ်ပြည်သူတွေက
ပျော်နေကြပြီး"
Bush ကိုကောင်းချီးတွေပေးနေခဲ့သလို 
နေ့စဉ်အမေရိကန်ကိုမျှော်နေခဲ့ကြတာပါ... 

အမေရိကန်တွေ ၀င်လာတော့လည်း
တစ်မြို့လုံးကကြ ခုန်ကြနဲ့ပျော်လိုက်ကြတာ...
"ကျမဆို ထတောင်ခုန်မိခဲ့ပါသေးတယ်"... 
"Saddam ကျဆုံးသွားပြီလို့ 
ကြေငြာလိုက်တော့လည်း 
ကကြခုန်ကြတယ်.... 

ပြီးတော့မြို့မှာရှိနေတဲ့ ဆာဒမ်ရဲ့
ရုပ်တုမှန်သမျှကို ကရိန်းစက်ကြီးတွေနဲ့
ဆွဲချလို့ဖျက်ဆီးပစ်ခဲ့ကြတဲ့အပြင် 
ရုပ်ထုတွေကို တက်နင်းကြ...
တူတွေနဲ့ထုကြ..
တချို့ အီရတ်ပြည်သူတွေ 
သေးနဲ့ တောင် ပန်းကြပါသေးတယ်... 

အဲဒီလုပ်ရပ်တွေကိုကြည့်ပြီး
ကျမ အားရပါးရပျော်နေမိခဲ့တာပါရှင်... 

ဒါပေမဲ့ပြည်သူတွေရဲ့ပျော်ရွင်မှုက 
ဆာဒမ်မရှိတော့ဘူး အမေရိကန်တို့က 
ဒီမိုကရေစီအစိုးရသစ်ကို 
တင်ပေးလိုက်တဲ့ နေ့က စပြီး 
ကျမတို့ပြည်သူတွေမှာ ၀မ်းနည်းခြင်း 
ကြေကွဲရခြင်း ယူကြုံးမရဖြစ်ရခြင်းတွေကို
ရင်မှာပိုက်လို့
ကျီးလန့်စာစားနေရတဲ့ဘ၀ကို 
ရုတ်ခြည်းပြောင်းလဲသွားခဲ့ရပါတော့တယ်ရှင်.. 

ဆာဒမ်ရှိနေစဉ်က 
ဗြောက်အိုးတစ်လုံးတောင် မပေါက်ခဲ့တဲ့ အီရတ်မှာ
နေ့စဉ် နေရာ အနှံ့မှာ
ဗုံးတွေပေါက်တယ်....
နေ့စဉ် အီရတ်မှာ အသုဘ အိမ်တွေနဲ့မကင်းတော့ပါဘူး၊ 
အီရတ်ပြည်သူတွေသွေးချောင်းထဲကို
မျောနေကြရတော့တာပါဘဲရှင်.. 

တစ်နေ့မှာ ကျမခင်ပွန်း-ကျမအဖေနဲ့
သားနှစ်ယောက်တို့က 
ဗလီသွားတက် ကြတယ်  
အဲဒီနေ့မှာပဲ 
ဗလီမှာဗုံးပေါက်လို့့အားလုံး 
သေသွားကြရပါတယ်ရှင်... 

ကျမ ဆာဒမ်ကို တအားမုန်းခဲ့တဲ့အတွက်...
ဒဏ်ခတ်ခံလိုက်ရသလိုခံစားမိပါတယ် 

တက္ကသိုလ်ကျောင်းသူတွေဆိုလည်း
ကျောင်းမတက်ရဲတော့ပါဘူးရှင်.... 
ကျောင်းအ၀ကနေစောင့်ပြီး
ပြန်ပေးဆွဲခံကြရတယ်လေ...
ဘာအမှုဘဲဖြစ်ဖြစ် ရဲကိုသွားတိုင်လျှင်လည်း
ရဲကဘာမှအရေးယူ
ဖြေရှင်းမပေးနိုင်ကြတော့ပါဘူး
ရဲတွေကိုယ်တိုင်ကလည်း
အကြမ်းဖက်သမားတွေကိုပဲ
ကြောက်နေကြရတာပါ။ 

#မင်းမဲ့တိုင်းပြည်ဖြစ်သွားသလိုပါပဲ။ 

ဒါကြောင့် ကျမလည်း ဒီသမီးလေးရဲ့
နောက်ရေးနဲ့နေ့စဉ်နဲ့အမျှ 
ကျီးလန့် စာ စား နေရတဲ့ ဘ၀ကနေလွတ်ဖို့့
ဒီကိုထွက်ပြေးလာတာပါရှင်... 

ယ္ခုလည်း ကျမမှာ Green Card လည်း
မရှိသေးပါဘူး နောက်နှစ်လဆိုယင် 
ဗီဇာ သက်တမ်း ၆ လပြည့်သွားလျှင်
က္မ အလိုလို over stay
ဖြစ်သွားရတော့မှာပါရှင်..လို့ပြောရင်း  
မျက်ရည်တွေလည်လာတာကို တွေ့ရတော့
အတော် စိတ်မကောင်းဖြစ်ခဲ့မိပါတယ်.. 

ကျမယောက်ကျား ပြောတာလေးကို 
ကျမ ကြားယောင်မိနေပါသေးတယ်..
မင်းတို့က အမေရိကန်လာရင်ပဲ...
နေ့ချင်းညချင်း ချမ်းသာလာကြမယ် 
ထင်နေကြတာကိုး
ကိုယ့်လူမျိုးနဲ့အမျိုးဘာသာသာသနာကို
အမေရိကန်က ဆာဒမ်ဟူစိန်လောက်
ကာကွယ်စောင့်ရှောက်နိုင်ပါ့လားဆိုတာကို
မင်းတို့က ထည့်မစဉ်းစားကြဘူးလို့
ပြောခဲ့တာကို ကျမ အသက်ရှင်နေသ၍ 
ကြားနေမှာပါဘဲရှင်လို့ ပြောခဲ့သလို 

သူက လက်ရှိ  အီရတ်အခြေနေကို သုံးသပ်ပြီး 
ကြီးစွာ ယူကြုံးမရဖြစ်မိရကြောင်း 
တကယ်တော့ အီရတ်မှာ အီရတ်လူမျိုးနဲ့့
ဆွန်းနီ ဘာသာ၀င်တွေက ၃၅%သာရှိနေပြီး
၆၅% က အီရန်အနွယ်ဘွား ရှီရိုက် 
ဘာသာ၀င်တွေဖြစ်နေတာမို့ 
ယနေ့့ဒီမိုကရေစီဆိုတာနဲ့ပဲ  
အီရန်နွယ်ဖွား  
ရှီရိုက် ဘာသာ၀င်တွေကသာ 
တိုင်းပြည်ကိုစိုးမိုးလာနေတာကို
တွေ့နေရသလို ဘာသာရေးခေါင်းဆောင်တွေပြောသလိုပဲ 
သူတို့အီရတ်လူမျိုးနဲ့ဆွန်းနီဘာသာတို့က
ဆယ်စုနှစ် အနည်းငယ်အတွင်းမှာ 
ကွယ်ပျောက်သွားမှာကို ယ္ခု မှ 
ယူကြုံးမရဖြစ်လာနေတာကို 
ရင်နင့်အောင်ခံစားပြီး ပြောပြနေပါတော့တယ်...၊ 

Crd: