Saturday, June 26, 2021

ရုရှားတွေ ဘာကြောင့် ကူညီသလဲ


          ရုရှားနိုင်ငံအနေနဲ့ မြန်မာပြည်ကို စစ်ရေးကဏ္ဍနဲ့ ပတ်သက်ပြီး အကူညီပေးခဲ့တာ များလှပါပြီ ။ ယခု အရေးကြီးတဲ့ စစ်ဘက်သုံး ရေယာဥ်အကြီးစား ဆိပ်ကမ်း အသုံးပြုခွင့် သဘောစာချုပ် ချုပ်ဆိုခဲ့ပြတာ သူဘာပြန်လိုချင်သလဲလို့ တွေးစရာတွေလည်း ရှိနေပါတယ် ။ 

       ရုရှားအတွက် ကမ္ဘာ့မြောက်ခြမ်း နဲ့ တောင်ဖက်ခြမ်းကို ကူးလူးဆက်ဆံနိုင်ဖို့ အိန္ဒိယ သမုဒ္ဒရာ နဲ့ ပစိဖိတ် ဒေသရှိ ဆိပ်ကမ်းတခုကို သုံးစွဲခွင့် ရလိုက်တာဟာ အလွန် တန်ဖိုးကြီးပါတယ် ။ 

         အမေရိကန် နဲ့ တရုတ်  အားပြိုင်မှု ကြားထဲမှာ ညှပ်နေတဲ့ မြန်မာပြည်ဟာ တတိယအင်အားစု ရုရှားကိုပါ ကစားကွက်ထဲ ထိုးသွင်းလိုက်တဲ့ အတွက် တုန့်ပြန်မှုတွေကတော့ စောင့်ကြည့်ရပါအုံး မယ် ။ 

          လာအိုက ရုရှားလေတပ် နဲ့ မြန်မာက ရေတပ် ဆိပ်ကမ်း တို့ဟာ ချိတ်ဆက်မိမိ မြန်မာပြည်ကို ကာကွယ်ပေးနိုင်ပါလိမ့်မယ် ။ 

      ရုရှားအတွက် မဟာမိတ်ရှာရင်း အင်အားဖြန့်ကျက်ရာမှာ အရှေ့တောင်အာရှ အတွက် မြန်မာ နဲ့ ဗီယက်နမ်ကို လက်တွဲနိုင်ခြင်းဟာ သူတို့အတွက် အကောင်းဆုံး လုပ်ဆောင်ချက်လို့ ယူဆပြီး မြန်မာပြည်ကို ကူညီကြတာပါ ပဲ ။ 

        နောက်တချက်ကတော့ မမြင်ရတဲ့ သံယောဇဥ်ကြောင့် ကူညီခြင်းလို့လဲ ယူဆပါတယ် ။ ဘာကြောင့်လဲ ဆိုရင် မြန်မာစစ်ဖက်အရာရှိတွေ ရုရှားမှာ သက်တန်းပေါင်းစုံ တက်နေကြတာ နှစ်ပေါင်း အစိတ်လောက် ရှိပါပြီ ။ 

      နိုင်ငံပေါင်းများစွာ လက်ခံသင်ကြားပေးနေတဲ့ အထဲမှာ ရုရှားဆရာတွေဟာ မြန်မာလူမျိုးတွေကို အတော်လေး ချစ်ခင် သံယောဇဥ် ကြီးတယ်လို့ ကြားသိရပါတယ် ။ 

     ဘာကြောင့်လဲ ဆိုရင် ကျနော်တို့ရဲ့ ချစ်စရာကောင်းတဲ့  ဓလေ့ထုံးစံကြောင့်ပါပဲ ။ ဆရာဆိုရင် ဘုရားစင်ပေါ်တင် ကိုးကွယ်ကြတဲ့ လူမျိုး ၊ ခင်ပွန်းကြီး ဆယ်ပါးကို မပစ်မှားဖို့ ဆိုဆုံးမလေ့ ရှိတဲ့ လူမျိုးတွေ ဖြစ်လေတော့ ရုရှားဆရာတွေ အပေါ် ရိုသေလေးစားစွာ ဆက်ဆံကြမှာ သေချာပါတယ် ။ 

     ကိုယ့်ကို အလေးထား ဂရုတစိုက် ဆက်ဆံတတ်တဲ့ တပည့်တွေကို ဆရာတွေက ပိုပြီး ချစ်ခင်ကြတာ သေချာပါတယ် ။ ဆရာတပည့် အဆင့်ထက် ပိုမိုနွေးထွေးတဲ့ မေတ္တာအရင်းခံ ဆက်ဆံရေးကြောင့် မြန်မာ့တပ်မတော် ရဲ့ အခက်အခဲတွေကို ကူညီပေးနိုင်ဖို့ ဒီလို သြဇာကြီးတဲ့ ဆရာတွေက တိုက်တွန်းကြမှာ သေချာပါတယ် ။ 

        ကာလတခု ဖြတ်သန်းပြီးချိန်မှာ အစေဆုံး ရုရှားပြန်တွေ ထိပ်တန်းရာထူးတွေ ရနေသလို ၊ ကျောင်းနေဖက် ရုရှား အရာရှိတွေ နဲ့  ဆရာတွေကလည်း ပိုမိုကြီးမားတဲ့ သြဇာအာဏာရ ထိပ်တန်း ပုဂ္ဂိုလ်တွေ ဖြစ်နေကြမှာပါပဲ ။ 

     အဲဒီလို သမိုင်းကြောင်းတွေကြောင့်သာ ဒီကနေ့လို အခြေအနေထိ တိုးတက်လာတဲ့ စစ်ရေးမဟာမိတ် အဆင့်ထိ ရောက်လာရတာပါ ။ ယုံကြည်မှု နဲ့ မေတ္တာတရား ဆိုတာ ဝယ်ယူလို့ မရနိုင်ပါဘူး ။ 

         မြန်မာပြည်အတွက် အရှေ့မြောက် တရုတ်နယ်စပ်က ကချင် ၊ ဝ ၊ ကိုးကန့် အတွက် လိုရမယ်ရ  SAVE  ဖြစ်အောင် စီစဥ်ထားလျှင် စိတ်ပူစရာ မလိုတော့ပါဘူး ။ 

          မျိုးဝင်း

Related Posts:

  • သောက်ပြသနာ တစ်ကယ်အကြီးကြီးတက်ပါပြီသတင်းပေးရင် ဆုငွေ ငါးသိန်းဆိုတော့ဘောမတွေများ သတင်းတွေပေးပြီထင်နေတာမန်းလေးမှာ PDF အချင်းချင်း အရက်မူးစကားများပြီးပြန်သတင်းပေးလို့ အဖမ်းခံရတဲ့သူကိုစစ်မှသတင်းပေးသူကလည်း PDFဖြစ်နေသဖြင့် နှစ်ယောက်လုံး ဂိ!မင်္ဂလာတောင်ညွန့်မှာ လည်း … Read More
  • 💚မင်းတို့ခိုးးတယ် 🐕ငါတို့မခိုးးဘူးး💚မခိုးးရင်ရှင်းးလေ🐕ရှင်းးစရာမလိုဘူးးးး💚မရှင်းးရင်ခိုးးလို့ဘဲ🐕မခိုးးဘူးးး💚မခိုးရင်ရှင်းးး🐕ရှင်းးစရာမလိုဘူးး💚မရှင်းရင်ခိုးးလို့ဘဲ😁😁 ဖျင်ပိတ်ညင်းး#Credit… Read More
  • အကောင့်ကျကျိုး နပ်ပေပြီ      ဟိုတလောတုန်းက မန္တလေးသံဃာတွေက ဒကာမျိုးရေ သံဃာတွေကို စော်ကားနေတဲ့ နီပိန်းတွေကို တုန့်ပြန်ပေးပါအုံး အမျိုးသားရေးအုပ်စု အတွက် ပြန်ရေးတဲ့သူ နည်းနေလို့ပါ ဆိုပြီး လင့်တွေ ချပြ ပေးပါတယ် ။       ကျနော်ပြန်ဆဲရင် အကောင့်ကျမှာ သိပ… Read More
  • ဗက် ဟက်ဟက် 😂😂 😎😎 ဗိုလ်သင်တန်းတက်ဖို့အတွက် အနိမ့်ဆုံး တက္ကသိုလ်ဝင်တန်း အောင်မြင်ရမယ်။ ပြီးရင် ဗိုလ်သင်တန်းဝင်ခွင့် ရေးဖြေ အောင်မြင်ရမယ်။ ပြီးရင် ဗိုလ်ရွေးဝင်ခွင့် (၅)ရက် ဖြေတာ အောင်မြင်ရမယ်။ အဲ့တာမှ ..ဗိုလ်သင်တန်း တက်ခွင့်ရမယ်။ ဗိုလ်သင်တန… Read More
  • အဆင်အကွက် နဲ့ ထင်မြင်ချက်        မနေ့က သတင်းစာ ရှင်းလင်းပွဲမှာ အိမ်စောင့်အစိုးရ ရဲ့ အဆင်အကွက် နဲ့  ဖရဲသီးတွေရဲ့ ထင်မြင်ချက်တွေကို ပရိတ်သပ်တယောက်အနေနဲ့ ယခုလို ကောက်ချက်ချကြည့်မိပါတယ် ။        ပထမဆုံး ပြည်တွင်းရှိ စိမ့်ဝင်နေတဲ့ လက်နက်တွေဟာ KIO KIA ကတဆင… Read More