Monday, June 21, 2021

နောက်ဆုံးရ စစ်သတင်းများ

KNU & PDF 
-------------

          KNU ဖာပွန်ခရိုင်ရှိ GZ သင်တန်းကျောင်း ကုန်သလောက်ဖြစ်သွားပြီ ။ ဖာပွန်ဂွင်ထဲက တပ်မဟာ ၅ ဌာနချုပ် နဲ့ အရေးကြီးသော ရွှေတွင်းနေရာအားလုံး BGF နဲ့  တပတ လက်အောက်ခံတပ်တွေ ထိမ်းချုပ်ထားပြီ ။ 

       ဘောကျော်ဟဲ ရွာလည်နေပြီး တပ် နဲ့ BGF က ကွက်ပြည့် ဖြတ်လေးဖြတ် လုပ်ထားလို့ ဆေးပြတ် ၊ ရိက္ခာပြတ် ဖြစ်နေပြီ ။

     သူတို့ အသက်ရှူပေါက်ချောင်ဖို့ DKBA ခွဲထွက် စောကျော်သက်အဖွဲ့ ဖလူးစခန်းဝင်တိုက်ရာ အကျအဆုံးများစွာ နဲ့ ဆုတ်ပြေးကြရ ။ ဗိုလ်မောသိုလ် (ဗိုလ်မုတ်သုန်) ရဲ့ BGF 1022 က ဖလူးချောင်းအထိ လိုက်တိုက်ပြီး ဖလူးလေးအဖျားထိ တပ်စွဲကာ အဝင်အထွက် ထိမ်းချုပ်ထား ။ 

       တပ်မဟာဂယက်ကြောင့် ဖာပွန်ခရိုင် နဲ့ ဒူးပလာခရိုင် တပ်မဟာ ၆ နှစ်ခုလုံး လှုပ်မရတော့ ။ 

    ကရင်လေးဖွဲ့ ပေါင်းပြီး အစည်အဝေးလုပ်ကာ အပစ်ရပ်ပေးပါ GZ တွေကို လက်မခံတော့ပါဘူး ဆိုပြီး ငယ်သံပါအောင် အော်နေရတာ အဲဒါကြောင့်ပါ ။ 

       ကရင်လေးဖွဲ့ ဆွေးနွေးတဲ့ ရက်မှာပဲ မြဝတီဂွင်ထဲကို တပ်မတော် စစ်ကား ၃၄ နဲ့ အင်အားဖြည့် ပိတ်ဆို့ တပ်ဖြန့်ထားပါတယ် ။ 

KNPP & PDF 
--------------

          စီးပွားရေးတွက်ကိန်းနဲ့ GZ တွေကို သင်တန်းပေးနေတဲ့ KNPP အတွက် တွက်ကိန်းမှားပြီး စီးပွားပျက် နယ်မြေပျောက်ရတော့မယ် ။ ကုန်းသာ ၊ စံပြ ၆ မိုင် ၊ ၅ မိုင် ၊ ဒေါင်ငံခါး တဝိုက် GZ သင်တန်းတွေ ကုန်သွားပြီ ။ 

     နာနတ်တောဖက်မှ ထိုးလာတဲ့ စစ်ကြောင်းတွေက KNPP ဌာနချုပ် အပိုင်နယ်ထဲက ရွာ ၅ ရွာလောက် ကြိတ်ပြီးပြီ ၊ ပြေးပေါက်ဖြစ်တဲ့ ကရင်ပြည်နယ် ယာဒို လမ်းကြောင်းလည်း ပိတ်ထားပြီ ။ KNPP လည်း နားရွက်ခတ်မရတော့ ဘူး ။ 

KIA & PDF 
-----------

        GZ တွေ နဲ့ ပေါင်းပြီး ဂြိုလ်ကြွလာတဲ့ KIA ကတော့ ကြွေခါနီး သစ်သီး ဖြစ်နေပြီ ။ လိုင်ဇာ မိုင်ဂျာယန်တကျောလုံး တပ်မတော်က အလုံးအရင်း နဲ့ အင်အားဖြည့် ပိတ်ဆို့ထားပြီ ။ 

       GZ တွေ နဲ့ မပေါင်းတော့ပါဘူး ပြောပြီး ထွက်ပေါက်ရှာနေရတဲ့ KIA အတွက် ကျားသနားမှ နွားချမ်းသာရမယ့် အနေအထားရောက်နေပြီ ၊၊ 

      NUG က ကချင်နယ်မှာ KNO ဆိုပြီး ကချင် GZ တွေကို တစင်ထောင်ခိုင်းပေမယ့် ဘယ်သူမှ လက်မခံကြဖူး ။ 

    မြစ်ကြီးနား ၊ ဗန်းမော် ၊ လိုင်ဇာ လမ်းတကျော ယောင်လို့တောင် မသွားတော့ နဲ့ အတင်းကျပ်ဆုံး လုံခြုံရေးစည်း ချထားပါတယ် ။ အဝင်အထွက်ကတော့ တံခါးကို သော့ခတ်ထားရုံ မကဖူး ဝက်အူရစ် စုတ်ပြီး ပိတ်ထားပါတယ် ။ 

CNF & PDF
-------------

        Dr ဆာဆာ အားကိုးနေတဲ့ ချင်းတူမီးတွေ မင်းတပ်မှာ အလံဖြူထောင် လေးဘက်ထောက် ထွက်လာနေရပြီ ။ နယ်ခံ CNF ကို ဆာဆာက ဒေါ်လာနဲ့မျှား ဇော်ဝေစိုးက ဖက်ဒရယ် ဘာညာ နဲ့ လေလိုင်းစည်းဝေးပွဲ လုပ်ပြီး မြှောက်ပေးတယ် ။ 

       CNF လေးတွေ သွေးကြွပြီး လုပ်မလို့ စိတ်ကူးတုန်းမှာပဲ ထန်တလန်ရှိ CNF ထိမ်းချုပ်နယ်မြေတွေကို စစ်ကြောင်း သုံးကြောင်း နဲ့ တပြိုင်နက် ထိုးပစ်တယ် ။ လက်ရှိ CNF အမာခံ ရွာ ၁၅ ရွာ ပြေးနေရပြီ ။ စစ်ကြောင်းတွေက CNF ဌာနချုပ်နား ဆက်တိုက်တိုးလာနေလို့ CNF တွေ Speak out ရတော့မယ့် ကိန်း ဖြစ်နေပြီ ။ 

       ဒီလို အခြေအနေတွေကြောင့် မြို့ကြီးတွေမှာ ဖောက်ခွဲရေးတွေ ပိုလုပ်လာပါတယ် ။ တပ်မတော်ရဲ့ မြို့တွင်းနှိမ်နင်းရေး အရှိန်ကလည်း မြှင့်တင်ဆောင်ရွက်နေပါပြီ ။ 

        RPG ထမ်းပြီး ပစ်ပြေးတဲ့ နောက်ကို တရကြမ်းလိုက် ဆုံးမနေပါတယ် ။ အထူးအကြမ်းဖက် နှိမ်နင်းရေး တပ်တွေကိုယ်တိုင် ကွင်းဆင်းနှိမ်နင်းနေပါပြီ ။ 

     တနေ့က မန္တလေး ၆၂ လမ်းမှာ နောက်ကနေ တရကြမ်းလိုက်ပစ်ဖမ်းနေတာ အထူးအကြမ်းဖက် နှိမ်နင်းရေး တပ်ဖွဲ့ပါပဲ ။ ပြေးမလွတ်ပါဘူး မိသွားပါတယ် ။ 

       အထူးအကြမ်းဖက် နှိမ်နင်းရေး သင်တန်း အပတ်စဥ် ၁၁ အထိ သင်တန်းဆင်းပြီး ဖြစ်လို့ အင်အားကောင်းနေပါပြီ ။ အချိန်တန်ရင် အကြမ်းဖက် အုပ်စု ပျောက်ကွယ်သွားပါလိမ့်မယ် ။ 

        မျိုးဝင်း

(ယုံကြည်ရပါသော fb သတင်း နှင့် ဒေသခံ သတင်းများအား အတည်ပြု တင်ပြထားခြင်း ဖြစ်ပါတယ် သက်ဆိုင်သူအားလုံး ခရက်ဒစ်ပါ)