Thursday, June 17, 2021

အရေးအသား ပြောင်မြောက်လွန်းလို့ တလေးတစား ကော်ပီပြန်ယူပါတယ် 👍

ရေးသားသူ !!!! #နတ်သျှင်နောင်

၂၀၂၁ ခုနှစ်, ဖေဖော်ဝါရီ(၁)ရက်နေ့ ။ စုံနံ့သာမြိုင် တောတစ်ခုလုံးအား အခြေအနေ အရပ်ရပ်ကြောင့် ကေသရာဇာ ခြင်္သေ့မင်းမှ အာဏာထိန်းပြီး သကာလ…
   ဇွန် လဆန်း, တောတွင်းတစ်နေရာ, တိတိကျကျ ပြောရရင် မပည အမှတ် ၁၀၉၁၁၀,
    ခွေးလေ့ကျင့်‌ရေးစခန်းတစ်ခုအတွင်း…
    ခွေးအ တို့၏ ပူဇော်အထူးကို ခံယူထားတဲ့
နှဖူးပြောင်ပြောင် ဝံပုလွေတစ်ကောင်မှ လက် အောက်ငယ်သား တို့အား သင်တန်း မ ပေးခင် မေးခွန်းများကို မေးနေလေသည်။
"ငနီ " 
" ရှိ "
  ပိန်ညောင်ညောင် ခွေးအ တစ်ကောင်မှ မတ်တပ်
ရပ်ရင်း ဖြေလိုက်သည်။
  "မင်းဘာလို့ ငါတို့ တော်လှန်ရေးထဲ ဝင်ချင်ရတာလဲ"
  "ကျွန်တော် မကျေနပ်လို့ပါ"
  "ဘယ်သူ့ကိုလဲ"
"အခု ကျွန်တော့်တို့ကို အုပ်ချုပ်နေတဲ့ ခြင်္သေ့ ကိုပါ
"ဘာကြောင့်လဲ"
ဝံပုလွေမင်း  ချီးစားကြည့်ပါ
(ဘာကြ)
အဲ စဉ်းစားကြည့်ပါလို့ ပြောတာပါ။"
   "ကျွန်တော်တို့ကို အရင် အုပ်ချုပ်ခဲ့တဲ့ နိုင်ငံခြားက အယ်ဇေးရှင်းနဲ့ လက်ထပ် ထားတဲ့ ဂုတ်ကျားမ က ကျွန်တော်တို့ကို ဒီမိုကရေစီ အပြည့်ပေးထားတယ်ဆိုတာ ဝံပုလွေမင်း သိတယ်မလား။
   အေး သိတယ်လေ, ငါတောင် သူ့ကောင်းမှုနဲ့ ငါ့သားသမီးတွေကို နိုင်ငံခြားမှာ ခွေးသင်တန်းကျောင်း ပို့ပေးထားတယ်လေ။
   ဟုတ်တယ်… သူအုပ်ချုပ်တဲ့ ဒီမိုကရေစီခေတ်ကဆို ကျွန်တော်တို့ ခွေး တွေဟာ ဘယ်မှာ အီးပါပါ ဘယ်သူမှ မပြောဘူး, ဘယ်ခွေးနဲ့ ယူယူ ပြသနာမရှိဘူး,  ကြိုက်တဲ့ ခွေးကုတက်မှာ အိပ်အိပ်  , အိပ်လို့ရအောင် ဧည့်စာရင်း ဥပဒေ ဖျက်ထားပေးတယ်။  အဲဒီတုန်းက ခွေးအခွင့်အရေး အပြည့်အဝ ရတယ်။ အခုတော့ဗျာ" … 
    ငနီမှ မချိတင်ကဲ အသံဖြင့် ထဖြေသည်။
"ရပြီ တော်တော့ အဲဒါတော့ လက်ခံတယ် OK။
ကဲ နောက်တစ်ကောင်
"နက်ကြုပ်"
"ရှိ"
  သွား မှ လွဲပြီး တစ်ကိုယ်လုံး မဲနေသော ခွေးမှ ထဖြေသည်။
"မင်းကောပြောစမ်းကွာ
ဟုတ်ကဲ့ ဝံပုလွေမင်း"
  "ကျွန်တော်က CDM ဝင်ထားတဲ့ ခွေးတစ်ကောင်ပါ။ နောက်ဆုံး ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်တို့ရဲ့ ပွဲတော် တော်သလင်းလမှာတောင် ဘာဘာ ဘာမှ မလုပ်ဘဲနဲ့ကို CDM ဝင်ထားတာပါ။ ဒါကို ခွေးအလုပ်ခွေးမလုပ်ဘူးဆိုပြီး အိမ် ရှင်က မောင်းထုတ်လိုက်လို့ပါ။ အခုတော့ ကျွန်တော်တို့ရဲ့ ဘဝဟာ အိမ်သာကျင်းပျောက်နေတဲ့ ခွေးဘဝဖြစ်နေပြီး ဘယ်မှာရှိနေမှန်းမသိတဲ့ ဆင့်ယီးကို မျှော်နေရတယ်ဗျာ"
" ဟ ဒါတော့ အိမ်ရှင်လွန်တယ်ထင်တယ်။ Human right ကွ Human right"
   ထိပ်ပြောင် ဝံပုလွေအသံက မကျေနပ်မှုကြောင့် အနည်းငယ် မာထန်ပြီးကျယ်သွားသည်။
   ဒါကို တန်းစီနေသော ခွေးတစ်ကောင်မှ ထပြီး သတိပေးသည်။ 
" ဝံပုလွေမင်း , လူစကားမပြောပါနဲ့ , ခွေးမျိုးက ခွေးစကားပဲပြောပါ။ "
   ထိုမှ ဝံပုလွေမင်းက အသိတရားကပ်ပြီး ခွေးစကား ဆက်ပြောတော့သည်။ 
"အေး dog right ကွာ, ဒါတော့ ခြင်္သေ့က များသွားပြီ "
   ကဲ ခုနက ငါ့ကို လူစကားမပြောနဲ့လို့
ပြောတဲ့ကောင် ထစမ်းပါအုံး။ မင်းကကော ဘာလို့
ဒီရောက်နေတာလဲ။
  တစ်လောကလုံးက ခွေးတွေကို သူကပဲ ရှာကျွေး
နေရတဲ့ပုံစံ မျက်နှာထားတင်းတင်းနဲ့ ခွေးတစ်ကောင်က
  "ကျွန်တော်ကတော့ရှင်းတယ် ခြင်္သေ့ လက် အောက်မှာ မနေချင်လို့။ 
  ဘာလို့ မနေချင်တာလဲ
   "အိုဗျာ…ဒီလောက်ရှင်းနေတာဗျာ။
   ကျွန်ုပ်တို့ ခွေးမျိုးတွေ ခွေးကျင့်ခွေးကြံ ရှိတဲ့သူပဲ အုပ်ချုပ်စေချင်တာပေါ့ဗျာ။ ဒါမှ ခွေးပီသပြီး ခွေးလုံးလုံးဖြစ်မှာပေါ့။"
  "အေး မင်းပြောတာလည်း ဟုတ်တာ‌ဘဲ။ ဒါမှ ခွေးလုံးလုံးဖြစ်ပြီး ခွေးရာဝင်မှာပေါ့နော်။"
  ဝံပုလွေမင်းက ခပ်ကြောက်ကြောက်နဲ့ သံယောင်လိုက် ထောက်ခံစကားဆိုသည်။
  "ဟိုးအနောက်က ငညို
မင်းကကောကွ"
   ခန္ဓာကိုယ်တစ်ခုလုံး ဝဲစားနေတဲ့ ခွေးဝဲစား ငညိုက ခန္ဓာကိုယ်ကို မြေကြီးနဲ့ တစ်ချက်ပွတ်ရင်း ထဖြေသည်။ 
   "ကျွန်တော်ကတော့ မွှေမွှေ ဂုတ်ကျားမ ပြန်လာမှ ကျောင်းတက်မယ်ဗျာ။ သူ့ရဲ့ Sex Education က ကျွန်တော်တို့လို ခွေးမျိုးတွေအတွက် အဆင် ပြေတယ်။ 
   အင်းလေ, မင်းတို့လို ခွေးမျိုးခွေးနွယ်‌တွေက
အခုလို ခွေးစကားကြားရတာ အားရသကွာ။ 
    ဒါနဲ့ မင်းတို့က တော်လှန်မယ်ဆိုတော့ လက်နက်
ကော ဘယ်ကရနိုင်မလဲ
   ဒါကတော့ဗျာ  ကျွန်တော်တို့လို ခွေးစကားပြောတဲ့ ဟိုခွေးကြီးပြောသလိုပေါ့ဗျာ, ဘာတဲ့ ကျိုက်ထီးရိုးက သေနတ်တွေကြောင့် နိုင်ငံ မတည်ငြိမ်နိုင်ဘူးလို့ ပြောခဲ့တယ်လေ , ကျိုက်ထီးရိုးသေနတ်ရှိရင်ပြီးပြီပေါ့…။"
  ဝံပု‌လွေမှ နိုင်ငံခြားမှ လှမ်းပို့ထားသော အမဲရိုး ချောင်းကို တစ်ချက်ကိုက်ရင်း အသံဩဇာ
ညောင်နာနာဖြင့်…
"ကဲ ကဲ  ငါတို့ရဲ့ တော်လှန်ရေးနေ့ကို D Day လို့ သတ်မှတ် လိုက်ပြီ"
  " D Day" 
        ဆိုတာ ဘယ်နေ့လဲဗျ ရှင်းရှင်း လင်းလင်း ပြောပါ"
    ခွက် ကိုက်ထားသော ခွေးတစ်ကောင်မှ ထမေး သည်။
   ဒါကို စိတ်မရှည်တော့တဲ့ ပြောင်ကြီး ဝံပုလွေမှ
" မင်းတို့ ခွေးမျိုးတွေ ကမ္ဘာမြေပေါ်ကပျောက်တဲ့ 
(Dog Day)နေ့ကို ပြောတာဟ ခွေးသူတောင်းစားရ"
  ထိုအခါ ခပ်လှမ်းလှမ်းမှ ခွေးအိုကြီးမှ
မှတ်ချက်ပေးလေသည်။
" အိမ်း ကောင်းလေစွ…ကောင်းလေစွ"

"ငါတို့ခွေးမျိုး
သွေးထိုးစမ်းက
လက်ငင်းမုချ
ပြန်ကိုက်ကြ…။"

အရီးဒေါ်ပု ဟောင်ရမည်။

💪💪💪

#နတ်သျှင်နောင်

Credit