Wednesday, June 23, 2021

ခွေးရူးကောင်းစား တမွန်းတည့်ပါ


၁)ပန်ဆယ်လိုရဲ့ပိုင်ဆိုင်မှုတွေမနည်းဘူး သူနေတဲ့အိမ်နဲ့မြေ 
  အဆောက်ဦး ကာလတန်ဖိုး သိန်းခြောက်ထောင်ကျော်လောက်ရှိမယ် ။
၂) ဗိုလ်ချုပ်ဈေးထဲမှာ ရတနာဆိုင်တစ်ဆိုင်ရှိတယ် ။ အဲ့မှာပြောစရာရှိတာက
   ဗိုလ်ချုပ်ဈေးအကြောင်း တော်ရုံ နောက်ခံအကပ်နဲ့ တော်ရုံရင်းနှီးမှုမျိုးနဲ့ 
   ဗိုလ်ချုပ်စကော့ဈေးဆိုတဲ့ အတန်းစားထဲမတိုးနိုင်ဘူး ။ ရန်ကုန်မြိုမှာ 
   စူပါမားကတ်ကြီးတွေ ရှော့ပင်းစင်တာတွေဘယ်လောက်ပေါပေါ 
   စကော့ဈေးသည် စကော့ဈေးဆိုတဲ့ အတန်းစားသူ့ Roll နဲ့သူရှိနေတုန်း ။ 
   ပြောရလျင် စကော့ဈေးထဲမှာ ရတနာဆိုင်ဖွင့်ဖိုဆိုတာ တော်ရုံချမ်းသာရုံ 
   လောက်နဲ့မရဘူးဆိုတာသိစေချင်တာပါ ။ (ကျနော်ရန်ကုန်သားတော့မဟုတ်ဘူး)
၃) ပန်ဒိုရာ ကချင်ရိုးရာအထည်ဆိုင်နှစ်ဆိုင် ။ Digital Marketing
   Company တစ်ခု ဒါတွေအားလုံးက မအေးအေးဝင်းစီစဉ်သလို
   မြန်မာဇာတ်ကားတွေထဲကလို သုံးနှစ်ကြာသောအခါ လိုစာတမ်းထိုးပြီး 
   ပန်ဆယ်လို မတရားချမ်းသာသွားတဲ့ကိစ္စတွေပေါ့ ။ တကယ့်တကယ့်ဆို 
   Myanmar entrepreneurs တွေထဲမှာ အတုယူလေးစားလောက်တဲ့ 
   စီးပွါးရေးလုပ်ငန်းရှင်အနေနဲ့ Interviews တွေမေးသင့်တယ် ။ 
   ဟောပြောပွဲတွေဘာတွေလုပ်ပြသင့်တယ် ။ သူ့‌အနေနဲ့ 
   နောက်လူတွေကြိုးစားချင်စိတ်ရှိအောင် ။ 
   သူဘယ်လိုကြိုးစားခဲ့ရတယ်ဆိုတာကို ဟောပြောပြသင့်တယ် ။ 
၄) ပြီးတော့ ဘဏ်ထဲက သိန်းပေါင်း ငါးသောင်းခွဲလောက်ကလည်း 
   အပ်ချလောင်းဆိုပြီး မန်းလိုက်သလို သုံးနှစ်အတွင်းရသွားတာတွေ ။
   အထည်ဆိုင်နှစ်ဆိုင် ရတနာဆိုင်တစ်ဆိုင်နဲ့ Digital Marketing 
   Company လေးတစ်ခုရဲ့အမြတ်တင်သိန်းပေါင်းငါးသောင်းခွဲရှိတဲ့သဘော ။ 
  မိုက်တယ် သုံးနှစ်နဲ့သိန်းငါးသောင်းကျော်ရှာနိုင်တာ ပန်ဆယ်လိုတစ်ယောက် 
  ပဲမြင်ဖူးတယ် ။ 
၅) တကယ့်ကို တော်တဲ့ မြန်မာအမျိုးသမီးစွမ်းဆောင်ရှင်ပါ ။ သုံးနှစ်အတွင်းကို 
   ပန်ဆယ်လိုကြိုးစားလိုက်တာ ဤသိုဤနှယ်ချမ်းသာသွားပါကြောင်း ။ ခု 
   တော့ အိုက်တိုးပဂေးဆန်ဘဝနဲ့လျှောက်လှမ်းရတော့မှာဖြစ်တော့
   ဘဝစစ် ဘဝမှန် ပြန်လည်ရောက်ရှိတော့မည်သာဖြစ်ပါကြောင်း သံဝေဟ
   ရ ဖွယ်  ဖော်ပြလိုက်ရပါတယ်ခင်ဗျာ....
#ကိုစိုင်း