Sunday, June 13, 2021

ဟိုဘက်ရပ်ကွက်က အင်မတန်စပ်နေတဲ့ပိုစ့်အင်မတန်ဆဲ ခံရသောပိုစ့် 😁

👩‍🏫မူလတန်းပြ
ဆရာတစ်ယောက် ဖြစ်ဖို့
အတန်းပညာ အနိမ့်ဆုံး ၁၀တန်းအောင်ရပါမယ်။
အလယ်တန်းပြ 
ဆရာတစ်ယောက်ဖြစ်ဖို့
အနိမ့်ဆုံး ဘွဲ့တစ်ခုတော့ 
ရထားရပါမယ်။
အထက်တန်းပြဆရာ 
တစ်ယောက်ဖြစ်ဖို့
BAဘွဲ့ရော BE.dဘွဲ့ပါ 
ရကို ရထားရပါမယ်။
ဆရာအဖြစ်သင်းတန် 
အခြားသင်တန်း မျိုးစုံတွေမှာ 
ဒုက္ခမျိုးစုံခံခဲ့ရပြီး 
အချိန် ငွေ ကြိုးစားမှုတွေ
ပူပင်သောကမျိုးစုံတွေနဲ့
အဆင့်ဆင့်ပေးဆပ် 
ကျော်ဖြတ်ပြီးမှ
ဆရာ့ဘဝကို ပိုင်ဆိုင်ရတာပါ။

👩‍🏫"မလုပ်ချင်ထွက်ပါ
အစားထိုးလာလိမ့်မယ်"
ဆိုတဲ့ စကားလောက် 
ဆရာ့ဘဝကိုရဖို့ မလွယ်ကူနိုင်ပါဘူး။

👩‍🏫"ရုံးမတက်နဲ့ရုန်းထွက်
ပြည်သူကကျွေးထားမယ်"
ဆိုပြီး ဘယ်သူမှ 
ပုံသေ အာမခံမပေးနိုင်တဲ့
စကားမှာ ဝါသနာတွေ 
အနာဂတ်အိပ်မက်တွေနဲ့အတူ
ဆရာ့ဘဝကို စတေးဖို့ရာ
ပိုခက်ခဲပါတယ်။

👩‍🏫အချို့သော 
ငါမိုကရေစီသမားတွေက
မေးရက်ကြတယ်
CDMထဲမပါတာ
ရွက္ဘူးလားတဲ့??
သင်ရောရှက်လို့ပါဝင်တာလား?
လိပ်ပြာလုံချင်လို့ ပါဝင်တာလား?
အတုမရှိ ဘုရားရှင်တောင် ငါပြောသမျှဟောသမျှတွေ 
အလုံးစုံ မျက်စိမှိတ် 
ယုံကြည်ပါလို့ မဟောခဲ့ဘူး။
ပြောသလောက် မလုပ်တဲ့ သူတွေက
လုပ်သလောက် မပြောကြသူတွေကို
အားနားသင့်တယ်။

CDMမပါရင်ကို သူပုန်လို့
သတ်မှတ်နေကြတယ်😔

PPမချိန်းရင် လူရင်းတွေတောင်
un friလုပ်သွားကြတယ်😔

ငါနဲ့မတူငါ့ရန်သူဆိုပြီး
အမျိုးရင်းတွေက
ဘလော့သွားကြတယ်🤣

ကျွန်မလက်ခံတဲ့ အမှန်တရားက
လူညီတိုင်း ဤကို ကျွဲဖတ်လို့
ရတာမျိုးတော့ မဟုတ်ဘူး။
🙅‍♂️🙅‍♂️
လူအင်အားသာလို့ 
ဓမ္မပါဆိုပြီး တံဆိပ်ရိုက်တာမျိုး လည်းမဟုတ်ဘူး။
🙅‍♂️🙅‍♂️
လက်နတ်ပြလို့ ခေါင်းငြ်ိမ့်ခဲ့ရတဲ့ အမှန်တရားမျိုး မဟုတ်ဘူး..
🙅‍♂️🙅‍♂️
လိုသလို အသုံချပြီး
ဥပဒေအရဆိုတာမျိုး မဟုတ်ဘူး..
🙅‍♂️🙅‍♂️
ပြဿနာတိုင်းမှာ အဖြေရှိပါတယ်။
Step by  stepတော့ လိုတာပေါ့ရှင်...
ရေလိုက် ငါးလိုက် နေလိုက်ပါဆိုတဲ့ 
စကားကလည်း...
ကျွန်မအတွက်တော့ အဆင်မပြေပြန်ဘူး။

အမှန်တရား မှာ...
မိတ်ဆွေ မရှိဘူး 
သူငယ်ချင်း မရှိဘူး
မိဘတောင် မရှိဘူး။
ကိုယ်လိုချင်မိတာ
အဲ့ဒီလို မျှတတဲ့ အမှန်တရားမျိုးပါပဲ။

ကိုယ်ကအဖြူပါဆို မဲဖို့ 
အသင့်ဖြစ်နေကြပြီး 😔
ကိုယ်ကအမဲပါဆိုရင် ဖြူဖို့
အသင့်စောင့်နေသူတွေကြားမှာ😔

ချပြခွင့်မရသေးတဲ့ 
အချို့သော အမှန်တရားတွေက ခါးသက်ပေမယ့် 
ပျောက်ပျက်သွားမှာတော့ မဟုတ်ဘူးလေ။
တစ်နေ့တော့ဖြူ မဲ ကွဲလာမှာပါ။

ခုတော့ ဘယ်သူတွေအကောက်ကြံကြံ
ဘယ်သူတွေခလောက်ဆန်ဆန်
မဖောက်ပြန်တဲ့ နှလုံးသားနဲ့
အပြုံးလည်းမပျက်
အမုန်းလည်းမဖက်
မိမိ ယုံကြည်ချက်အတိုင်း
ရှေ့ဆက်လျက်ပါပဲလိုသာ...

20.2.2021                                  ဖြူ👩‍🏫

#ရိုင်းစိုင်းရင် block ပါ့မယ်။
#သင့်အမြင်ကို တန်ဖိုးထားစေချင်ရင်တော့
#သူများအမြင်ကို လေးစားဖို့လိုမယ်။
#Original writer.ဒေါ်ဖြူဖြူဝင်း
CRD