Monday, June 21, 2021

စီးပွားပျက်ကပ် ဟူသည်

         ကမ္ဘာ့သမိုင်းမှာ စီးပွားပျက်ကပ် ဖြစ်ခဲ့တဲ့ သမိုင်းတွေကို လေ့လာကြည့်ရင် ငွေတန်ဖိုးတွေကျပြီး ကုန်စျေးနှုံးတွေ တက်လာလို့ ပျက်တာ မဟုတ်ဖူး ဗျ ။ ငွေတန်ကြေးတွေ အဆမတန် တက်လာပြီး ကုန်စျေးနှုံးတွေ ကျဆင်းသွားလို့ ဖြစ်ပါတယ် ။ 

         ထုတ်ကုန်တွေရဲ့ စျေးနှုံးတွေဟာ အားမျှစျေးနှုံးအောက် အဆမတန်ရောက်သွားရင် လုပ်ငန်းရှင်တွေက လုပ်ငန်းတွေ ရပ်ပစ်ကြမှာပါပဲ ။ အလုပ်သမားတွေ အလုပ်လက်မဲ့ ဖြစ်လာပြီး ဝင်ငွေ မရှိတော့ စျေးဘယ်လောက်ပဲ ကျသည် ဆိုပါစေ ဝယ်မစားနိုင်ကြတော့ပါဘူး ။

      အဲလို အဆိုးကျော့ သံသရာလည်သွားပြီး စီးပွားပျက်ကပ်ဆိုက်ရတာပါ ။ ပြောချင်တာက ဝင်ငွေရမယ့် အလုပ်အကိုင်သည် အလွန်အရေးကြီးပါတယ် ။ ထင်ရှားတဲ့ ဥပမာ တခု ပြောပါရစေ ။ 

     တနေ့ ၅၀၀၀ ရနေသော အလုပ်သမားတဦးဟာ ဆန်တပြီ ၂၅၀၀ ကျပ်ကို ဝယ်စားနိုင်ပါတယ် ။ ဝင်ငွေ တကျပ်မျှ မရှိချှင်ကား ဆန်တပြီ ၂၅ ကျပ်ဖြစ်နေပါစေ ဝယ်မစားနိုင်ပဲ ငတ်နေမှာ သေချာပါတယ် ။ 

       မြန်မာပြည်က စက်ရုံတွေ အကြောင်းအမျိုးမျိုးကြောင့် ပိတ်ပြန်ပြတာ စိုးရိမ်စရာ အဏေအတွက် ရောက်နေပါပြီ ။ ကျနော်တို့ ရင်းနှီးမြှပ်နှံမှုကို ပြန်လည်ဖိတ်ခေါ်ရပါမယ် ။ 

     သမရိုးကျ နည်းတွေနဲ့ ဖိတ်ခေါ်ရင်လည်း သယံဇာတထုတ်တဲ့ ရင်းနှီးမြှပ်နှံမှုတွေပဲ လာကြပါလိမ့်မယ် ။ ကျနော်တို့ တိုင်းပြည်မှာ ရှိနေတဲ့ အားသာချက်တွေကို အသုံးချ နိုင်မှသာ ရင်းနှီးမြှပ်နှံသူတွေ စိတ်ဝင်စားလာပါမယ် ။ 

      ကျနော်တို့ဆီမှာ အစိုးရပိုင်မြေတွေအလွန်ပေါပါသေးတယ်။

     အလုပ်သမားခဟာ စျေးချိုပါသေးတယ် ။ 

      မြန်မာလူမျိုးတွေဟာ ကောင်းစွာ လေ့ကျင့်သင်ကြားပေးလျှင် တတ်လွယ် သိလွယ်ပါတယ် ။ 

        အလုပ်ရှင် အလုပ်သမား ဥပဒေကို မျှတစွာ ရေးဆွဲကြရပါမယ် ။ 

       မြေပေါတဲ့ အစိုးရက စက်ရုံတွေအတွက် တန်ဖိုးနည်းနည်းနဲ့ ချထားပေးရပါမယ် ။ လိုအပ်တဲ့ ရေ ၊ လျှပ်စစ်မီး နဲ့ လမ်းပန်းဆက်သွာ်ရေးသည်ကား အလွန်မခက်တော့ပါဘူး ၊ စီမံလို့ ရနေပါပြီ ။ 

       စက်ရုံအတွင်း အလုပ်သမား များ နေထိုင်ရန် အဆောက်အဦး နဲ့ မြေကိုပါ စီမံပေးထားရပါမယ် ၊ဖြစ်နိုင်လျှင် အစိုးရမှ အချိုးကျ ကျခံပေးပါက ပိုမို အဆင်ပြေနိုင်ပါမယ် ။ သွားရေး လာရေး နေထိုင်ရေး အတွက် အလုပ်သမားများ ငွေကုန်စရာ မလိုတော့သလို ကျူးကိစ္စလည်း ဖြေရှင်းပြီး ဖြစ်သွားပါမယ် ။ 

         စက်ရုံရဲ့ လုပ်ဆောင်ရမဲ့ လုပ်ငန်းတွေကို အလုပ်သမား အနေနဲ့ လုပ်နိုင်စွမ်း ရှိမရှိ ဆယ်ရက်ခန့် စမ်းသပ် လုပ်ကိုင်ကြရပါမယ် ။ လုပ်အားခ နဲ့ အလုပ်ချိန် လုပ်ငန်းမြှောက်မှုနှုံး အားလုံး အဆင်ပြေမှ စာချုပ်နဲ့ ချုပ်ဆို လုပ်ကိုင်စေလျှင် ပြဿနာ နည်းသွားပါမယ် ။ 

          လုပ်ငန်း သဘာဝအရ အချိန်ကိုက် လုပ်ငန်းပြီးမြောက်နှုံး စံချိန်မှီ လုပ်နိုင်သူများသာ အလုပ်ရရှိပြီး ဝင်ငွေ ကောင်းလာပါလိမ့်မယ် ၊ ပျင်းရိသူတို့ကား စမ်းသပ်ကာလမှာပင် လက်မြှောက်သွားပါလိမ့်မည် ။ မည်သူမျှ မနစ်နာသောကြောင့် လုပ်ငန်းရှင်များအား စိတ်ဝင်စားလာစေပါလိမ့်မယ် ။ 

         ပြဿနာ ဇစ်မြစ်ဖြစ်တဲ့ အလုပ်သမား သမဂ္ဂများ ဖွဲ့စည်းခြင်း ခွင့်မပြုပါနဲ့ ။ ပြဿနာဖြစ်အောင် သွေးထိုးပြီး ငွေရှာတတ်သော ကြောင်ဖားများ များစွာ ရှိနေတဲ့အတွက် ယင်းအဖွဲ့အစည်းများသည် လုပ်ငန်းခွင် ထုတ့လုပ်မှု အတွက် အနှောက်အယှက် တခုထက် မပိုပါဘူး ။ 

       သတ်မှတ်ထားသော အလုပ်ရှင် အလုပ်ရှင် လိုက်နာရမည့် စည်းကမ်းများ နဲ့ ညှိနှိုင်းပြီး ပြဿနာတခုအပေါ် ဥပဒေအတိုင်း မှန်ကန်စွာ ဆုံးဖြတ်ပေးမယ့် အစိုးရ အဖွဲ့အစည်းသာ လိုအပ်ပါတယ် ။ 

      လုပ်ငန်းရှင်များ ဆွဲဆောင်နိုင်ရန် အစိုးရက လောဘလျှော့ချထားရပါမယ် ။ မြေ ၊ ရေ ၊ လျှပ်စစ် စျေးနှုံးတွေအပေါ် သက်သာအောင် စီစဥ်ရပါမယ် ။ လျှပ်စစ်လို ကိစ္စကို နိုင်ငံတကာ ပေါက်စျေးနှင့် လုံလောက်စွာ ပေးနိုင်သည့် ကုမ္ပဏီများစွာ ရှိနေပါတယ် ။ 

      အလုပ်ရှင် အလုပ်သမား ဥပဒေကို တိကျမျှတစွာ ရေးဆွဲပြီး ကြော်ငြာရပါမယ် ။ ရင်းနှီးမြှပ်နှံမှု သက်သာခြင်း ၊ လုပ်အားခ ချိုသာခြင်း ဆိုတဲ့ ဆွဲဆောင်မှု ရှိပြီဆိုလျှင် တချက်ပဲ လိုပါတော့တယ် ။ 

     အလုပ်သမားတွေ ရဲ့ အကျင့်ဆိုးကို အစိုးရက ပြင်ပေးရပါ့မယ် ။ အချောင်ခို အပျင်းထူတဲ့ စိတ်ကိုပြောချင်တာပါ ။ အလုပ်ကို အလုပ်နဲ့တူအောင် လုပ်တတ်ဖို့ လေ့ကျင့်ရေး အလုပ်ရုံတွေ ထူထောင်ထားရပါမယ် ။ 

      ယင်းအလုပ်ရုံ စက်ရုံများမှာ သတ်မှတ်ကာလ အထိ မပျင်းမရိ လုပ်ငန်းတွင်ကျယ်စွာ လုပ်နိုင်ပြီဆိုမှသာ လေဘာကဒ် ထုတ်ပေးရပါ့မယ် ။ ယင်း လေဘာကဒ် မရှိလျှင် အလုပ်မခန့်ရန် ဥပဒေနဲ့ တားမြစ်ပါက အဆင်ပြေပါလိမ့်မယ် ။ 

      ဘဂ်လားက အထည်ချုပ်စက်ရုံမှာ လူတထောင် တရက်ကို အထည် နှစ်သောင်း ချုပ်နိုင်လျင် မြန်မာကလည်း ချုပ်နိုင်ရပါမယ် ၊ ဖြစ်နိုင်လျှင် သူတို့ထက် ပိုပြီး ချုပ်နိုင်လေ ကောင်းလေပါပဲ ။ 

      ဒီလို စနစ်တကျ ပြင်ဆင်မယ်ဆိုလျှင် နိုင်ငံတကာ ရင်းနှီးမြှပ်နှံမှုများ ဒလဟော စီးဝင်လာပါလိမ့်မယ် ။ 

     အစိုးရအနေ နဲ့ အလွန်ပေယတဲ့ မြေနေရာ နဲ့  အလုပ်သမားအတွက် နေထိုင်ရန် အဆောက်အဦး ကုန်ကျစရိတ် အနည်းငယ် ရင်းမယ်ဆိုလျှင် နိုင်ငံတော်ရဲ့ အလုပ်သမားလူတန်းစား အပေါ် စေတနာထားမှုသည် အထူးပြောစရာ မလိုတော့ပါဖူး ။ 

        လမ်း နဲ့ ရေဟာ ဒီခေတ်မှာ မခက်တော့သလို လျှပ်စစ်ဆိုလျှင် ပုဂ္ဂိလိက လုပ်လိုသူများ အလွန်များနေပါတယ် ။ 

        နိုင်ငံအေးချမ်းတည်ငြိမ်လျှင် ဦးစားပေးလုပ်ရမည့် အလုပ်သမား ကဏ္ဍ ရှိနေသလို လယ်ယာစိုက်ပျိုးရေး ကဏ္ဍကိုလည်း တွေးတောမိသလောက် ဆက်လက် ရေးသားပါမယ် ။ 

         မျိုးဝင်း

Related Posts:

  • " မမြင်နိုင်သော စွမ်းအား "  ဗုဒ္ဓဘာသာကို ကိုးကွယ်တဲ့သူတွေဟာ   လူတွေတင်မဟုတ်ဘူး နတ် ဗြဟ္မာ ဝိဇ္ဇာစတဲ့ မမြင်နိုင်တဲ့ ပုဂ္ဂိုလ်တွေအများကြီးပါဘုရားပွင့်တာ နှစ်ပေါင်း နှစ်ထောင့်ခြောက်ရာကျော်ပေမဲ့ နတ်သက်နဲ့ဆို နှစ်ဆယ့်ခြောက်ရက်… Read More
  • လှုပ်လေ မြှပ်လေ             NLD ရဲ့ သဘောက်ကတွေ ကြုံးဝါးနေကြတာ ဘာတဲ့ 30 ရက်နေ့ မြို့သိမ်းတိုက်ပွဲ တဲ့လား ။      မိတ်ဆွေတွေကလည်း စိုးရိမ်နေကြမှာပါပဲ ။ ဟုတ်ကဲ့ သာမန်တွေးကြည့်ရင်တော့ စိုးရိမ်စရာပ… Read More
  • မြကျောက် တပ်ချုပ်ကြီး          ကိုကြီးစိုးတယောက် အစောကြီး ရောက်လာတာနဲ့ ကပျာကရာ မျက်နှာသစ်ပြီး လိုက်သွားရပါတယ် ။ လက်ဖက်ရည်ဆိုင်မှာ စားသောက်ပြီးတာ နဲ့...."ငမျိုးရေ ငါလည်း ညက ပျင်းတာ နဲ့ မင်း ပို့စ် အဟောင်းတွေ ပြန်ဖတ်ပြီး မေ… Read More
  • အဖြူထည် လူငယ်များအတွက် ၈၈ & ၂၁ ဂျင်းဆိပ်ဖြေဆေး (32)          ဒီမိုကရေစီပါတီကြီး ဆိုပြီး ဂျင့်ထည့်ထားတဲ့ NLD ပါတီရဲ့ လွတ်လပ်စွာ ပြောရေးဆိုခွင့်ကို လေ့လာကြပါအုံး ။ fb ပေါ်ကနေ ရေးသမျှကို ငွေပေးဖြတ်တောက်ခိုင်းနေကြပါတယ် ။      ဝေဖန်မှုတွေကို… Read More
  • ""ဒေါ်အောင်ဆန်းစုကြည်ဟာ ရခိုင်ပြည်နယ်ရှိဘူးသီးတောင် မောင်တောဒေသကို OIC ဥက္ကဌတူရကီထံသို့ ရောင်းပြီးပြီ""....ဇူလိုင်လ(၂၁)ရက် ၊ ၂၀၁၉ ခုနှစ်၊ တူရကီTIKA - Turkish Cooperation AndCoordination Agency •   TIKA ဆိုတာ တူရကီအစိုးရ၏ ပူးပေါင်းဆောင်ရွက်ရေးနှင့် ညှိနှိုင်းဆောင်ရွက်ခြင်းလို့ အဓပ္ပါယ်ရသည့်  အစိုးရဌာနတစ်ခုဖြစ်ပါတယ်••… Read More