Monday, June 21, 2021

တူရကီ နဲ့ အပျံမ ဂယက်

         တူရကီ နဲ့ မြန်မာ ဆက်ဆံရေးက ၁၉၅၈ ခုနှစ်က စတင်ခဲ့ပါတယ် ။ အပြန်အလှန် ဆက်ဆံမှုကတော့ လွမ်းလောက်စရာ မရှိတဲ့ ဆက်ဆံရေး အဆင့်ပါပဲ ။ ၂၀၁၄ ခုနှစ် ကုန်သွယ်မှု ပမာဏ ဒေါ်လာ ၃၈ သန်းသာ ရှိပြီး မြန်မာဖက်က တင်ပို့တာ ဒေါ်လာ  ၉ သန်းပဲ ရှိပါတယ် ။ 

      ၂၀၁၂ ရခိုင် ပြဿနာ အပြီး ၂ လ အကြာမှာ တူရကီ နိုင်ငံခြားရေးဝန်ကြီး လာတယ် ။ ရခိုင်သွားပြီး ဘဂ်ါလီတွေ နဲ့ ပွေ့ဖက်ငိုကြွေးပြပြီး နိုင်ငံရေးကစားခဲ့တယ် ။ ဒေါ်လာ သန်း ၃၀ ကူညီမှုဟာ ဘဂ်ါလီတွေ အတွက်ဆိုတာ အထူးပြောစရာ မလိုပါဘူး ။

     ၂၀၁၃ နောက်တခေါက်လာတယ် ။ အိုအိုင်စီရုံးဖွင့်ခွင့် တောင်းဆိုတယ် ၊ အမျိုးသားရေးအုပ်စု သံဃာ နဲ့ ပြည်သူတွေ ကန့်ကွက်လို့ ပျက်ပြယ်သွားတယ် ။ 

       အစိုးရ အပြောင်းအလဲမှာ အိုအိုင်စီဥက္ကဌ ဖြစ်တဲ့ တူရကီ ထပ်လာပြန်တယ် ။ ဒေါ်စုကြည်နဲ့ရော တပ်ချုပ်ကြီးနဲရ့ကော တွေ့တယ် ။ ရခိုင်ကို ထပ်သွားတယ် ။ ဒေါ်စုကြည် နဲ့ ဆွေးနွေးမှုကို မထုတ်ပြန်ပေမယ့် The Ladies New မှာ 

"ရခိုင်ဒေသရှိ အစ္စလာမ်ဘာသာဝင်များအား မြန်မာနိုင်ငံသား ရရှိရေး ဆောင်ရွက်နေမှုအား ကျေးဇူးတင်ကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီးပြောကြား ''

     ဆိုတဲ့ သတင်းအရ ဒေါ်စုကြည်ရဲ့ အကြံဆိုးကို သိခဲ့ကြရပါတယ် ။

       ဒီတော့ ပြောချင်တာက တူရကီသည် မြန်မာအတွက် ကောင်းကျိုးမပေးတဲ့ အဆိပ်တခွက် မပိုတဲ့ နိုင်ငံဖြစ်ပါတယ် ။ စီးပွားရေး လူမှုရေး နိုင်ငံရေး အတွက် ဆိုကျိုးပဲ ဖြစ်စေတဲ့ နိုင်ငံတခုအဖြစ် ပြတ်သားစွာ ရှုမြင်သင့်ပါပြီ ။ 

     ယခုလို ကုလသမဂ္ဂမှာ နစက အစိုးအား အသိအမှတ်မပြုပါဟု ပြောင်ပြောင်တင်းတင်း ကန့်ကွက်နေခြင်းအတွက် နစက အစိုးရအနေနဲ့ တူညီတဲ့ တုန့်ပြန်မှု ပေးမှသာ အချုပ်အခြာ အာဏာပိုင် နိုင်ငံအဖြစ် ထည်ဝါနိုင်ပါလိမ့်မယ် ။ 

       အကောင်းဆုံး တုန့်ပြန်မှုကတော့ တူရကီသံရုံးကို နိုင်ငံအတွင်းမှ နှင်ထုတ်ပြီး သံတမန်ဆက်ဆံမှု ဖြတ်တောက်ပြခြင်းပဲ ဖြစ်ပါမယ် ။ ဒါမှသာ လူမလေး ခွေးမခန့် နိုင်ငံအဖြစ်မှ ကင်းလွတ်ပါလိမ့်မယ် ။ 

      တဆက်တည်းပြောချင်တာက NLD လက်ထက်က စတင်ပြီး သံတမန်ဆက်သွယ်ခဲ့တဲ့ ဂီလာနပေါက်စ ဂမ်ဘီယာနိုင်ငံကိုပါ သံတမန် ဖြတ်တောက်ပြသင့်ပါတယ် ။ တိုင်းပြည်အတွက် ဘဏ္ဍာငွေ ကုန်ရုံဖြစ်နေတဲ့ သံရုံးတွေ ပြန်ခေါ်လိုက်တာ အကျိုးပိုများနိုင်ပါတယ် ။ 

        အဲဒါက တူရကီနဲ့ ပတ်သက်တဲ့ အကြောင်းတွေပါပဲ ။ နောက် အပျံမ နဲ့ ပတ်သက်ပြီး အမျိုးချစ်သူတွေ မခံချင်စိတ်နဲ့ နစက ကို ညံ့ရကောင်းလားဆိုပြီး ဒေါသထွက်နေကြပါတယ် ။ 

      ကျနော့်အမြင်ကတော့ နစက သည် ၅၀၅ ထုတ်ထားတဲ့ တရားခံများနဲ့ ပတ်သက်ပြီး တာဝန်ကျေပဲ အာရုံစိုက်ထားတာ တွေ့ရပါတယ် ။ ပြင်းပြင်းထန်ထန် ဖမ်းဆီးရမိရန် ယနေ့အထိ အားထည့်လုပ်ဆောင်ခြင်း မတွေ့ရပါဖူး ။ 

       နောက်ပြီး အပျံမကို စောင့်ကြည့်နေတဲ့ ရဲ အရာရှိကိုယ်တိုင် လာဘ်စားပြီး လွှတ်ပေးလိုက်တာလို့လည်း သတင်းရပါတယ် ။ ထိုအရာရှိကိုလည်းအရေးယူထားတယ်လို့ ကြားနေပါတယ် ။ 

      ပြောချင်တာက အပျံမ ထွက်ပြေးတာက နိုင်ငံတခုရဲ့ နာ်နမိတ်ကို ဖြတ်ပြေးရတာပါ ။ နိုင်ငံတခုရဲ့ နယ်နမိတ်ဆိုတာ မုဆိုးမခြံဝန်းလို အုတ်တံတိုင်းကာထားလို့ မရပါဘူး ၊ ဧရိယာသေးငယ်တဲ့ မုဆိုးခြံဝန်းထဲတောင် ရေကူးခိုးဝင်နိုင်သေးတာပဲလေ  နိုင်ငံစည်းရိုး ခွေးတိုးပေါက်ဆိုတာ ထွက်ဖို့ ပိုလွယ်တဲ့ အဆင့်မှာ ရှိနေပါတယ် ။ 

     သူ့ဘာသာ အမေရိကန် မကလို့ လကမ္ဘာပေါ် ပဲ ရောက်ရောက် ပြဿနာ ထူးထူးထွေထွေ ပိုပြီး ဖြစ်စရာအကြောင်း မရှိပါဘူး ။ လိုင်းပေါ်ကနေ ရူးကြောင်ကြောင် တင်နေတဲ့ သတင်းတွေကြောင့် နစက အနေနဲ့ ဒလံ မလိုပဲ သူတို့ လှုပ်ရှားမှုတွေ ကြိုသိရတာပေါ့ ဗျာ ။ 

         မကြာခင် အချိန်တန်ရင် နပိန်ကန်ပါလိမ့်မယ် ။ အပျံမအတွက် အကုသိုလ်ယူမနေပါနဲ့ တော့ ။ စိတ်လည်းပူမနေကြပါနဲ့ ။

          မျိုးဝင်း 

(အနေချောင်ပြီဆိုတိုင်း အဆင်ပြေနေတယ် မထင်ကြပါ နဲ့ အပျံမ အတွက် နမူနာ ကြည့်ထား)

Related Posts:

  • ဇော်ဝေစိုး ရဲ့ အတိတ်သမိုင်းကြောင်းဘရွှေကြီး ဘုန်းမီးတောက်နေစဉ်ကာလတုန်းက ဖိုးလပြည့်တို့ ကျောင်းတက်နေတုန်းကပေါ့။ လူပျိုဖြစ်တဲ့ ဖိုးလပြည့်က မိန်းကလေးတယောက်ကို ခရီးထွက်တိုင်း ညအိပ်ညနေ အဖော်ခေါ်သွားလေ့ ရှိသတဲ့ ။ မိန်းကလေး ဖခင်ကတော့ သမီးပျိုလေး ညအိပ်ညနေ သွားတာလာတာ … Read More
  • မျက်မြင်တွေ့လို့တာ ယုံတာ 😮မနေ့ညက ၁၀ နာရီကျော်က လမ်းထဲမှာ ဖြစ်သွားတာ ရပ်ထားတဲ့ကားက စက်လဲမနှိုး ကားပေါ်မှာလဲ တစ်ယောက်မှ မရှိပဲနဲ့ကို မျက်နှာချင်းဆိုင်က TAXI ကိုဝင်တိုက်တာ။ ဝင်တိုက်တဲ့ကားက စက်တခုခုဖြစ်နေလို့ ဆိုရင်လည်း နောက်ပြန်တွန်းရင် လှိမ့်ရမှာပါ ခုကလ… Read More
  • ပုဂ္ဂိုလ်ရေးသီးသန့်ခံစားချက်အရ RIP.ပါ။နောက်ပိုင်းကာလမျိုးမှာ ခင်ဗျားရဲ့အဆိုးသတင်းတွေရှိခဲ့ပေမဲ့၊ ခင်ဗျားတို့ KNU ရဲ့လက်က အသက်လုပြေးခဲ့ရဘူးတဲ့ ကျွန်တော်တို့ကျောင်းသား ၄ ယောက်နဲ့အတူကျောင်းသူ ၂ ယောက်ကို ၊  တပ်က လာပြီးကယ်မည့်သတ်မှတ်နေရာအထိထွက်ပြေးရာမှာ ကူညီခဲ့ဘူးတာကျ… Read More
  • တိုင်းပြည်ရဲ့ သယံဇာတများ ခိုးထုတ်နေသော အကြမ်း ဖက် PDFသြဂုတ် ၁၀စစ်ကိုင်းတိုင်း ကနီ ယင်းမာပင် အလောင်းတော်ကဿဖ နယ်တဝိုက်တွင် အကြမ်းဖက်PDF တွေ သစ်ခိုးထုတ်နေ သည်ဟု သတင်းရရှိသည်။မဲသူခိုးပါတီ NLD က ကနီအမတ်က သစ်ပွဲစားလုပ်နေတယ်လို့လည်း သိရှိရပါသည်။အကြမ်းဖက်အဖွဲ့ နုကြည် NUG က ဇဝေဇဝါစိုးဆိ… Read More
  • မင်းတို့ ဆရာတွေ အာဖဂန်မှာ နုဗုံး သုံးမှပဲ နိုင်တော့မယ်။ အာ့နဲ့များ မြန်မာပြည်ကိုလာပါမြန်မာပြည်ကို လာပါ အော်ကြတုံး။ ဟိုမှာ ဩဂုတ်လ ၃၁ရက်နေ့ဆုတ်ရမဲ့ရက်မရောက်သေးဘူး တာလီဘန် တွေကပြည်နယ်မြို့တွေကိုတစ်မြို့ပြီး တစ်မြို့ တက်သိမ်းနေပြီ။ တာလီဘန် နောက်မှာ တရုတ် နဲ့ရုရှားရှိတယ်။ ကိုယ်တိုင်မတိ… Read More