Tuesday, June 29, 2021

ခေါင်းကိုင်တို့ရဲ့ စိတ်ထား


       တ်ုင်းပြည်ကို ခေါင်းဆောင်လုပ်မယ့်သူတွေရဲ့ စိတ်နေသဘောထားဟာ အင်မတန်မွန်မြတ်ဖို့ လိုအပ်တယ် ။ ဒီလိုရေးတော့ မေးကြပါတယ် မင်းကော ဘယ်လောက် ကောင်းလို့လဲ တဲ့ ။ 

       မှန်တယ် မျိုးဝင်း မကောင်းဘူးပဲ ဆိုပါတော့ ။ မျိုးဝင်း မိသားစု နဲ့ မိတ်ဆွေအချိုပဲ မျိုးဝင်းရဲ့ မကောင်းတဲ့ဒဏ်ရဲ့ ရိုက်ခတ်မှုဒဏ် ခံရမှာပါ ။ ခေါင်းဆောင်တွေ အရည်အချင်းညံ့ရင် စိတ်ဓာတ်ညံ့ရင် တိုင်းပြည် တခုလုံး ခံစားရမှာပါ ။ 

       မနေ့က ဒေါက်တာ အောင်မိုးညို ပြောသွားပါတယ် ။ ကယားမှာလည်း နေရာရွေးတာ နဲ့ ပါတ်သပ်ပြီး ဝေဖန်မေးမြန်းတော့ သူတို့ကသာ အဝေးက တကူးတက လာရောက်ပြီး တွေ့ဆုံ ကြတာမို့ အထက်စီးက ဆက်ဆံတာ မဟုတိကြောင်း ဘာညာ ပြောနေပါတယ် ။ 

      အဲဒါ ပြဿ     နာ မဟုတ်သေးဖူး ။ ဆက်ပြောတယ် တပ်မတော်က ပါတီ ၃၄ ခုနဲ့ တွေ့ဆုံတော့ သူ့ဆီခေါ်တွေ့တာ မှ အထက်စီးက ဆက်ဆံတာတဲ့ ၊ သူတို့က နေပြည်တော်ကို လာခဲ့ဆိုပြီး ခေါ်တွေ့တာ မဟုတ်ဖူး တဲ့ ။ 

      မဆီမဆိုင် ပုပ်ခတ်သွားတာ အောင်မိုးညိုရဲ့ ယုတ်ညံ့တဲ့ စိတ်ဓာတ်ပဲ ။ ယခင်ကလည်း အများကြီး ပြောခဲ့တာတွေ ရှိပါတယ် ။ 

      နောက်ထပ် မယုံကြည်လောက်အောင် ယုတ်ညံ့လှသူတယောက် အကြောင်း ထပ်သိရပြန်တယ် ။ ဖော်ကောင်က ၈၈ နိုင်ကျဉ်းဟောင်း Ko Pite Tin ဖြစ်ပါတယ် ။ 

       သူတို့ မြစ်ကြီးထောင်မှာ ကျနေတော့ ဆယ်ယောက် အုပ်စုလိုက်ကြီး ဖြစ်ပါတယ် ။ ဝေးကွာတဲ့ အတွက် ဆယ်ယောက်လုံး ထောင်ဝင်စာ ဘယ်သူမှ လာမတွေ့နိုင်ကြဘူး ။ သူတို့နဲ့ ယုံကြည်ချက်မတူတဲ့ ဆရာဝန်တဦး( NLD ) ထိပ်သီးတယောက်လည်း ထောင်ထဲမှာ အတူပဲ နေကြရတယ် ။ မတည့်ကြဘူး ။ 

  ဆရာဝန်ကတော့ သူ့အိမ်က စားစရာ အလျံပယ်အဆက်မပျက် ပို့ပေးနေလို့ ပြည့်စုံတာထက်ပိုသတဲ့ ။ မစားနိုင်လို့ မှိုတောင်တက်ကုန်ဆိုပဲ ။ သူများလည်း မကျွေးဘူး ။

       ဒီလိုနဲ့  ဆယ်ယောက်လုံး အဟာရပြတ်ပြီး ကျန်းမာရေး မကောင်းတော့ ဟောခန်းထဲမှာ တန်းစီထားပြီး ဆေးသွင်းနေကြရတယ်  ။ အားလုံးမူးဝေနေပြီး ဝေဒနာ ခံစားနေရတုန်း သူတို့ခြေရင်းမှာ လာပြီး ဆရာဝန်က တဟားဟား ရီကာ သီချင်းတွေ အကျယ်ကြီး  အကြာကြီး ဆိုပြီး ဝေဒနာ ခံစားနေရတဲ့ ၈၈ နိုင်ကျဉ်း ဆယ်ယောက်ကို လှောင်ပြောင် ပျော်ပါးနေသတဲ့ ။ 

       ရန်သူကိုတောင် ဆေးကုရမယ် ကြင်နာရမယ် ဆိုတဲ့ ဆေးကျောင်းဆောင်ပုဒ်ကိုတောင် ပစ်ပယ်ပြီး ယုတ်မာရက်စက်စွာ လှောင်ပြောင်ခံရလို့ ၈၈ ပူးတွေ အံ့သြကြရသတဲ့ ။ အဲဒီ လူယုတ်မာ ဆရာဝန်က  ဒေါက်တာဇော်မြင့်မောင် ပဲ ။

https://m.facebook.com/story.php?story_fbid=3425017244207797&id=100000986642278
(Ko Pite Tin ရဲ့ ပို့စ်ပါ)

       ဒါတွေပဲလား မဟုတ်သေးဘူး ။ ဦးဝင်းမြင့်ကို ထိမ်းသိမ်းထားတုန်းက အတူအဖမ်းခံရတဲ့ ဦးသိန်းညွှန့်အိမ်က ဦးသိန်းညွှန့် မိန်းမ ပို့သမျှ ရိက္ခာတွေနဲ့ ကာလရှည်ကြာ ကပ်စားခဲ့ရတယ် ။

        လွတ်လာကြတော့ ဦးသိန်းညွှန့်အိမ်က ရှစ်ပေ စလောင်းနဲ့ ဘောလုံးပွဲတွေ သတင်းကြည့်ရင်း ဦးသိန်းညွှန့်ကတော် အန်တီအေး ကျွေးသမျှ အားမနာတမ်း စားသောက်ခဲ့ရတယ် ။ 

      သူသမ္မတဖြစ်တော့ ဦးသိန်းညွှန့်မိန်းမ အန်တီအေး ရောဂါဖြစ်နေပြီ ။ ဆေးရုံပေါင်းစုံ တက်နေရပြီ ။ဦးဝင်းမြင့်ဟာ သမ္မတရာထူးနဲ့ ဘာသောက်လုပ်မှ မရှိပဲ တခါမှ လာမမေးဘူး ။ 

       အသဲအသန် ဖြစ်ချိန်မှာ တပ်ချုပ်ကြီး သိသွားပြီး တက်မတော်ဆေးရုံမှာ အကောင်းဆုံးကုသစေခဲ့တယ် ။ နောက်ဆုံးအချိန်ထိ အန်တီအေးဟာ စစ်ဆေးရုံက နွေးထွေးတဲ့ ပြုစုမှုများအတွက် ကျေးဇူးအထူးတင်ကြောင်း ပြောပြီး ဆုံးပါးသွားရတယ် ။ 

        အန်တီအေး နာရေးမှာ ဦးသိန်းစိန်က ကူငွေ နဲ့ အဟာရခြင်း ပေးပို့ခဲ့ပေမယ့်အန်တီရဲ့ ကျေးဇူးရှိခဲ့တဲ့ ဦးဝင်းမြင့်ကတော့ ပန်းတပွင့် ရေတပေါက် မပို့ခဲ့ဖူး ။ ကျေးဇူးကန်းတဲ့ အဖြစ်ကို မြင်အောင်ကြည့်ကြစမ်းပါ ။ 

       နောက်ဆုံးတယောက် ဒေါ်စုကြည်ကို ကြည့်အုံး ။ အမွေဆိုင် မောင်နှမ နှစ်ယောက်ထဲ ရှိတာကို မပေးနိုင်ဘူးဆိုပြီး လက်ဝါးကြီးအုပ်ခဲ့တဲ့ လောဘ အံ့သြစရာပါ ။ 

       ဥပဒေအရ ပေးရမယ်ဆိုတော့ ဒီအိမ်ကြီးကို ပြတိုက်လုပ်ဖို့ လှူမှာ ဖြစ်လို့ လက်မှတ်ထိုး လွှဲပေးပါဆိုပြီး ကြားလူနဲ့ တောင်းခိုင်းပြန်တယ် ။ အကြောင်းသိ အကိုရင်းက ဒါဆို မိစုသာ အရင် လက်မှတ်ထိုးပြီး လှူလိုက်ပါ သူလည်း တစက္ကန့်အတွင်း ထိုးပေးပါမယ် ဆိုတော့ တုတ်တုတ်မလှုပ်တော့ဘူး မောင်နှခြင်းတောင် ကလိမ်ကကျစ်လုပ်ရဲတာ မြင်အောင်ကြည့် ။ 

        ဒီလို လူစုတ် လူညံ့တွေ ဦးဆောင်ပြီး တိုင်းပြည်နဲ့ လူမျိုးအတွက် ကောင်းအောင် တည်ဆောက်ပြနေပါတယ် ဆိုပြီး လိမ်ညာနေတာတွေ ကို ပြည်သူတွေ သိဖို့ ကောင်းပါပြီ ။ 

        ဒီလိုယုတ်ညံ့သူတွေ စုပေါင်းပြီး အာဏာရမ္မက်အတွက် မဲခိုးကြတာ မဆန်းပါဘူး ဗျာ။ ဒီလူတွေကို ဘုရားတဆူ ဂူတလုံးကိုးကွယ်နေကြတဲ့ နီပိန်းတွေရဲ့နိမ့်ကျတဲ့ အသိဥာဏ်နဲ့ ဗဟုသုတကိုပဲ အံ့သြမိပါရဲ့ ။

       သာမန် စိတ်ဓာတ်ညံ့ပါတယ် ဆိုတဲ့ သူတွေထက် အဆများစွာ ညံ့ဖျင်းတဲ့ သူတွေက တိုင်းပြည်ဦးဆောင်တာကို မှန်လှပါဘုရား လုပ်ပေးရအောင် ပြည်သူအားလုံး နီပိန်းတွေ မဟုတ်ဖူး ။ 

    မျိုးဝင်း
  #crd-