Saturday, June 26, 2021

လိုအပ်ချက်များ


          ကိုစိုးတယောက် လက်ဖက်ရည်ဆိုင်က ဖုန်းဆက်ခေါ်လို့ လိုက်သွားရပြန်ပါတယ် ။ စားသောက်ပြီးတော့ လေကန်ရတာပေါ့ လေ...

"ငမျိုးရေ အခုတလော ကောလဟာလ တွေ အရမ်းများနေပြီး မင်းလုံးဝ မရေးတဲ့ အကြောင်းတွေ စဥ်းစားမိလို့ကွ ''

"ဘာတွေလဲ ဗျ ''

"ပထမဆုံး ပန်ဆယ်လို HD ကြီး ဒီလောက် ဟော့ နေတာ မင်း လုံးဝ မရေးဖူးနော် ''

"ကြည့်လည်း မကြည့်ဖူး စိတ်လဲ မဝင်စားဖူး သူ့လယ်ကွက် သူ့ဘာသာ ခရမ်းခေါင်းသီး စိုက်စိုက် ၊ ပြောင်းဖူးစိုက်စိုက် ကိုယ့် အလုပ်မှ မဟုတ်တာ ဗျာ ခင်ဗျားလို နေရာတကာ ငံတန်တန် လုပ်မနေနိုင်ပါဘူး ''

"ဟိုက်..လုပ်ချလိုက်ပြန်ပြီ ကဲ ထားပါကွာ ဒါနဲ့ အဲဒီကောင်မကို သူလျှိုလွှတ်ထားသလိုလို ဘာလိုလို ပြောနေကြတာကရော ဟုတ်ရင် ဟုတ်တယ် မဟုတ်ရင် မဟုတ်ဖူး စုံစမ်းရေးစမ်းပါအုံး ''

"လာပြန်ပြီ ဗျာ ဒီအတိုင်း ပြောနေကြတာ ကိုယ့်အတွက် အမြတ်ချည်းပဲ သူတို့ချင်း သတ်လို့ သေလည်း အေးတာ ပဲ လေ ''

"တကယ် စပိုင်ဆိုရင် နှမျှော စရာကွာ ''

"ဘာနှမျှောနေရမှာလည်း တသက်လုံးက တက်မတော်အပုပ်ချ စီးပွားရှာခဲ့ပြီးမှ တပ်မတော်အတွက် စပိုင်လုပ်ပေးတေည့ကော သူ့သစ္စာက အမြဲ ယုံကြည်ရမှာလား ဗျာ ဒီလောက်သုံးပြီး တော်ရောပေါ့ ''

"အေး ကွ ဒါလည်း မှန်တာပဲ ဒီတော့ ကောလဟာလကို ရေးစရာ မလိုဖူးပေါ့ ''

"မလိုဖူးလေ ဒါမျိုးတွေက စိတ်ဓာတ်စစ်ဆင်ရေး အရ လိုအပ်တယ် တချို့ပို့စ်တွေက သတင်းမှားတွေ ကိုယ်သိနေတာပဲ ဝင်မငံဖူး ကျော်သွားလိုက်တယ် GZ တွေ အတွက် သတင်းဆိုးဖြစ်နေရင် လိုအပ်တဲ့ ကောလဟာလ မို့ ပဲ ''

"ဒါဆို မင်းကိုယ်တိုင် ရေးလေ''

"ACC မှာ သူ့ပရိတ်သပ်နဲ့သူရှိတယ် ဗျ ကျနော့်မိတ်ဆွေတွေက အကျိုးအကြောင်း ခိုင်လုံမှ ယုံကြည်သူတွေ ပေါက်ကရ ရေးလို့ မရဖူး ''

"နေအုံးကွ လက်နက် ကိစ္စအတွက် နောက်ထပ် အဝင်မခံရအောင် ဘယ်လို ပိတ်ဆို့ကြရမလဲ ကုန်စည်စီးဆင်းမှုလည်း မထိခိုက်အောင် ပေါ့ ''

"အခု တွေ့နေတဲ့ လက်နက်တွေက ၂၀၁၈ - ၁၉ ကတည်းက ဝင်ထားတဲ့ လက်နက်တွေလို့ ကြားတယ် ဗျ ''

"သြော် နဂိုကတည်းက ကြံစည်ထားတာပေါ့ ဒါကြောင့် မဲခိုးတဲ့ ကိစ္စကို ဗြောင်လုပ်ပြီး ပြန်မရှင်းပဲ နေကြတာကိုး ''

"ဟုတ်တယ် ခုနမေးတဲ့ သယ်ယူပို့ဆောင်ရေး အတွက် စစ်ဆေးဖို့ နည်းကောင်းတွေ ရှိတယ် ဗျ မလုပ်ခဲ့ကြတာ ပဲ ''

"အေး ဘယ်လိုလဲ ကွ ''

"LAY LWIN MAF ဆိုတဲ့ အကောင့်က ရေးဖူးတယ် ဗျ ၂၀၁၂ - ၁၃ လောက်တုန်းက "ယာဉ်နှင့်ကုန်ပစ္စည်းစစ်ဆေးရေးစံနစ်ပါမော်တော်ယာဉ်"(Mobile Truck & Cargo Scanner Vehicle) တွေ ဝယ်ဖို့ ပြောဖူးတယ် ဦးသိန်းစိန်ရဲ့ ဝန်ကြီးတွေက လက်မခံဖူးတဲ့ ''

"အဲဒီကားတွေက ''

"ရွှေ့ပြောင်း စစ်ဆေးလို့ ရတယ် 
X-Ray, Infrared စတဲ့..ဓာတ်ရောင်ခြည်သုံးစနစ်တွေပါတဲ့.ခေတ်မီစံနစ်ဖြစ်လို့ အချိန်မကုန်ပဲ အတွင်းက ကုန်စည်တွေကို တိတိကျကျ စစ်ဆေးနိုင်တယ် ''

"ကောင်းလှချည်လား ကွ ဘာလို့ မဝယ်ကြတာလည်း ''

"ကားတွေက အမေရိကန်ထုတ်တွေ ဒေါ်လာ တသန်း တန်ကနေ သုံးသန်း တန် အထိ ရှိတယ် ဘာလို့ မဝယ်တာလည်း ဆိုတော့ လဝက ၊ ပထရ ၊ အကခ ဆိုတဲ့ ဌာနတွေက သူခိုးတွေ ခိုးမရမှာ စိုးလို့ အကြောင်းအမျိုးမျိုး ပြပြီး ပိတ်ဆို့ထားလို့ပေါ့ ဗျာ ''

"ဟိုက်...လာဘ်စားလို့ မရမှာစိုးရိမ်ပြီး ခွင့်မပြုကြတာပေါ့ ''

"အားမနာတမ်းပြောရရင် ဟုတ်တယ်ဗျာ အခုထိ အဲဲဒီ လမ်းတကျောက ဂိတ်မှန်သမျှ လာဘ်စားနေကြတုန်းပါပဲ ''

"အင်း မင်းဆိုရင် ဘယ်လို လုပ်မှာလဲ ''

"အဲလို ကားမျိုး အစီး ၁၀၀ လောက်ဝယ်ပြီး အထိုင်အစီး ၅၀ ထားမယ် ရွှေ့လျှား အစီး ၅၀ နဲ့ ပိုက်စိတ်တိုက်စစ်လိုက်ရင် သေနတ် နဲ့ ခဲယမ်း မပြောနဲ့ မူးယစ်ဆေးလဲ သွင်းရမှာ မဟုတ်တော့ဖူး ဗျ ''

"အေး ကုန်မယ့် ဒေါ်လာ သန်း ၃၀၀ ဆိုတာ မနည်းဖူး နော် ''

"ပိုလျှံသွားမယ့် ဝန်ထမ်းလစာ နဲ့ ခံစားခွင့်တွေရယ် ၊ တိုးပြီး ရလာမယ့် အခွန်အခရယ် ၊ သိမ်းဆည်းဖမ်းမိနိုင်မယ့် မှောင်ခို ပစ္စည်း တန်ကြေးရယ် တွက်ကြည့်ရင် အရင်းကြေကာလ သုံးလ ပေါ့ ဗျာ ''

"အေးဟ ဟုတ်တယ် ကွာ ဒါပေမယ့် ခက်တာက တို့တိုင်းပြည်မှာ ကိုယ်ကျိုးရှာ သမားတွေပဲ အခိုင်အမာ နေရာ ရနေတာ ခက်တယ် ကွ ''

"ခေါင်လုံရင် အကုန်လုံအောင် လုပ်လို့ရပါတယ် ဗျာ မခက်ပါဘူး ''

"အေးပါ ကွာ ဒီနေ့တော့ အာသာပြေပြီဟေ့ ပြန်ကြစို့ နေအုံးကွ ရုရှား က မြန်မာကို ဘာလို့ ဒီလောက် ကူညီနေတာလည်း ရေးအုံးကွာ ''

"အေးပါ ဗျာ ရေးပါ့မယ် ''

         မျိုးဝင်း