Friday, June 25, 2021

အဖြူထည် လူငယ်များအတွက် ၈၈ & ၂၁ ဂျင်းဆိပ်ဖြေဆေး (32)


          ဒီမိုကရေစီပါတီကြီး ဆိုပြီး ဂျင့်ထည့်ထားတဲ့ NLD ပါတီရဲ့ လွတ်လပ်စွာ ပြောရေးဆိုခွင့်ကို လေ့လာကြပါအုံး ။ fb ပေါ်ကနေ ရေးသမျှကို ငွေပေးဖြတ်တောက်ခိုင်းနေကြပါတယ် ။

      ဝေဖန်မှုတွေကို အနည်းငယ် မှားယွင်းတာ နဲ့  တသက်လုံးက မကြားခဲ့ဖူးတဲ့ ပုဒ်မ ၁၂၄ (က) လို တသက်တကျွန်း ပြစ်ဒဏ်ထိ ချမှတ်နိုင်တဲ့ ပုဒ်မတွေနဲ့ ယုတ်ယုတ်မာမာ တရားစွဲပါတယ် ။ 

     ယခင်က ထောင်ဒဏ် ၂ နှစ်မျှသာ ချမှတ်နိုင်တဲ့ ၆၆ (ဃ) နဲ့ ၅၀၅ ဆိုတဲ့ ပုဒ်မတွေကတော့ အပျင်းပြေ တရားစွဲတဲ့ ပုဒ်မတွေ ဖြစ်ကုန်ရပါပြီ ။ 

       ဒီလို ယုတ်မာတဲ့ အပြုအမူတွေ အပေါ်မှာတော့ လူ့အခွင့်အရေး အော်ပေးမယ့် ပြည်ပငွေဝယ်ကျွန် မီဒီယာ အများစု နှုတ်သီးရိုက်ခံထိထားတဲ့ ခွေးနာတွေလို မအူကြ မဟောင်ကြပါဖူး ။
......လွတ်လပ်စွာ ပြောဆိုခွင့်ကို အဲသလို ပိတ်ပင်တားမြစ်ခဲ့သလို ဆန္ဒပြပွဲများကိုလည်း ရက်စက်ယုတ်မာစွာ ဖြိုခွဲခဲ့တာပါပဲ ။

          မန္တလေး သံဃာတွေရဲ့ ထိုင်သပိတ်ကို ညဖက်မှာ အကြမ်းဖက် ဖမ်းဆီးခဲ့တယ် ။

      ရခိုင်တွေ ဆန္ဒပြတော့ သေနတ်နဲ့ ပစ်သတ်တဲ့အထိ နှိမ်နင်းခဲ့တယ် ။ 

      ကယားမှာ ရုပ်ထုပြဿနာ ဆန္ဒပြတော့ ဖမ်းဆီး ထောင်ချခဲ့တယ် ။ 

      အားလုံးသော ဖမ်းဆီးအရေးယူမှုတွေ အတွက် NLD နဲ့ ထောက်ခံသူတွေ ရေလဲသုံး ပြောခဲ့ကြတာကတော့ ဥပဒေချိုးဖောက်လို့ အရေးယူခံကြရတာမို့ သူတို့ မှန်တယ် တဲ့ 😁😁

        အခွန်များစွာ တိုးမြှင့်ကောက်ခံလာတော့လည်း ဘာသံမှ မထွက်လာပါဖူး ။ ဒေါ်စုကြည်ဟာ တကယ့်ကို အရှက်ကင်းမဲ့စွာ နဲ့ စကားတွေကို ဗလောင်းဗလဲ ပြောနေတာ တွေ့ရပါတယ် ။ 

      မိမိအာဏာ မရခင်တုန်းက ပြည်သူတွေ ဆင်းရဲပြီး တိုင်းပြည် မတိုးတက်တာ အစိုးရ တာဝန်ပဲ တဲ့ ။ 

(အာဏာရလာတော့ တိုင်းပြည်မတိုးတက်တာ ပြည်သူ့တာဝန်တဲ့ အလွန်ဖာကျတဲ့ စကားကို ပြန်လေ့လာ ပါ)

        မိမိအာဏာမရခင်က မီတာခ တက်ဖို့ ကြေညာတော့ ပြည်သူကို အနိုင်ကျင့်တာ တဲ့ ။

(အာဏာရလာပြီးတော့ မီတာခတွေ မကြေညာပဲ တက်ယူတော့ ကြိုပြောရင် ပြည်သူတွေ စိတ်ဆင်းရဲမှာ စိုးလို့ပါ တဲ့ ၊ တကယ့်အောက်တန်းစား လမ်းဘေး ကလေကချေ အဆင့်ပါ ပဲ)

       အာဏာမရခင်က အစစအရာရာ ပြည်သူကို အသိပေး တိုင်ပင်ပြီး ပြည်သူ့သဘောအတိုင်း ဆောင်ရွက်မယ်တဲ့ ။

(အာဏာရပြီးတော့ ပြည်သူ့ဆန္ဒဆိုပေမယ့် လိုအပ်သလိုပဲ ဆောင်ရွက်ရမယ် ၊ လူချစ်များရအောင် ဇာတ်ကနေတာ မဟုတ်ဖူး ဆိုကာ ပြည်ဖျက်လုပ်ငန်းတွေ အားပါးတရ လုပ်ပါတော့တယ်)

        အာဏာမရခင်က ဦးသိန်းစိန် အစိုးရဲ့ 2013 ခု နှစ်မှာ စံချိန်တင် GDP 8.4 % တိုးလာတော့ စစ်မှန်တဲ့ တိုးတက်မှု မဟုတ်ဖူး တဲ့ ၊ သုံးနှစ်ကာလမှာ ဒီထက်တိုးတက်ရမတဲ့ ။ 

  (သူမလည်း အာဏာရသွားကော ၅ နှစ်အထိ ဘာတခုမှ မတိုးတက်ပဲ ဆုတ်ယုတ်နေတာ ထောက်ပြကြတော့ ၅ နှစ်ဆိုတဲ့ အချိန်တိုအတွင်း ဘယ်လိုလုပ် တိုးတက်အောင် လုပ်ပြနိုင်မလဲ တဲ့  တကယ့်ကို လမ်းဘေးအောက်တန်းစားအဆင့်ပါပဲ)

       အာဏာမရခင်က အမတ်တွေကို လူမကြည့်နဲ့ပါတီကြည့် မဲပေးတဲ့ သူသင်ပေးမယ် သူဆုံးမမယ်တဲ့ ။

(အာဏာလည်း ရသွားရော အပြိုင်အဆိုင်းခိုးလိုက်ကြတာ တနသ်ာရီ ဝက်တကောင်ပဲ အရေးယူပြပြီး ထိပ်ဆုံးကနေ ညစောင့်ထိ ဝက်ဝက်ကွဲ ပါပဲ)

      အာဏာမရခင်က သပိတ်မှောက်တာ ၊ ဆန့်ကျင်တာ ၊ ဝေဖန်တာ လူ့အခွင့်အရေးတဲ့ ။

(အာဏာလည်း ရသွားကော NLD ကို ဝေဖန်တာ တိုင်းပြည်ဖျက်တာ တဲ့.. တိုးတက်မှုကို အနှောက်အယှက်လုပ်နေတာတဲ့ တသက်လုံးက သပိတ်မှောက်ပြီး လုပ်စားခဲ့တဲ့ သူက အဲသလိုပြောတော့ ရီစရာပဲ ဗျာ)

         ဗလောင်းဗလဲ ပြောသမျှ ရေးနေရင် ကုန်ဖွယ်မရှိတော့ပါဘူး ။ ပြောချင်တာက အာဏာမရခင်က ပြောခဲ့သမျှဟာ အားလုံး အလိမ်အညာတွေချည်း ဖြစ်နေပြီး ကျနော်တို့က တကယ့် ပြည်ပကျွန် သစ္စာဖောက်ကြီးကို အာဏာအပ်နှင်းမိခဲ့တာပါပဲ ။ 

        ဒီနေရာမှာ ပြောစရာရှိပါတယ် ။ ဝေဖန်တဲ့ နေရာမှာ တိကျတဲ့ အထောက်အထားနဲ့ ဆိုရင် သုတို့ လန့်ပါတယ် ။ မဟုတ်တာတွေ အများကြီး လုပ်ထားကြတော့ သူတို့အကြောင်း နှိုက်နှိုက်ချွတ်ချွတ် တိတိကျကျ ရေသားဝေဖန်မှုတွေ အတွက် တရားမစွဲရဲကြပါဖူး ။ 

      အဲဒါကြောင့် ကျနော်လည်း အဖမ်းမခံရတာပါ ။ နာမည်တပ်ပြီး ဒဲ့ ဖိုက် နေတဲ့ ကျနော့်ကို မိတ်ဆွေတွေက စိုးရိမ်ပြီး သတိပေးကြပါတယ် ။ ကျနော်ကတော့ ကျနော့်ရဲ့ သတင်းဇစ်မြစ် မိတ်ဆွေတွေဆီက ခိုင်မာယုံကြည်ဖွယ် အချက်တွေကြောင့် ရဲတင်း မှန်ကန်စွာပဲ ဝေဖန်ခဲ့ပါတယ် ။ 

       ကျနော်ကံကောင်းတာက ဘယ်သူမှ မသိတဲ့ အညတရ ဖြစ်နေပြီး နိုင်ငံရေး ၊ စီးပွားရေး ၊ ဘာသာရေး လောကမှာ ဘယ်သူမှ မသိတဲ့ တကိုယ်တော် ဖြစ်နေခြင်း ၊ အတွင်းရေးများ သိနေခြင်း အတွက် ကျနော့်နောက်ခံကို စိုးရိမ်နေကြခြင်း တို့ကြောင့် ငါးနှစ်လုံး ဘေးမသီ ရန်မခ ခဲ့တာပါ ။

        မိတ်ဆွေတယောက်က မန့်ဖူးပါတယ် ။ ဘယ်ကမှန်း မသိတဲ့ မျိုးဝင်းဆိုတဲ့သူ ပေါ်လာတာ NLD အတွက်တော့ ကံဆိုးတာ ပဲ တဲ့ ။ ပြောချင်တာက သတင်းမှန် အချက်အလက်အမှန် ၊ အထောက်အထား ခိုင်လုံရင် ရဲရဲတင်းတင်းသာ ဝေဖန်ကြပါ ။ မဟုတ်ရင်တော့ မဖမ်းခံရဖွယ် ရှိနေပါတယ် ဆိုတာကိုပါပဲ ။ 

        ဗလောင်းဗလဲ NLD ပါတီဟာ စွမ်းဆောင်ရည် နိမ့်ပါးလှတဲ့ အမတ်တွေ နဲ့ ပြည်ဖျက်လုပ်ငန်းတွေ လုပ်နေကြတာကို တပ်မတော်က မှတ်တမ်းယူနေကြတာ သိမှာ မဟုတ်ပါဘူး ။ 

     NLD အမတ်ဆိုတာကလည်း သိပြီးကြတဲ့ အတိုင်းပဲ လေးတန်းအောင် အမတ်တွေ ၊ ကကြီး ခခွေး ကြည့်ဖတ်တာတောင် မှားနေတဲ့ လူတွေ ၊ ခေါင်းစဥ်တခြား အဆိုတင်တာတခြားဖြစ်နေတဲ့ ဆရာဝန်အမတ်တွေ ၊ နောက်ဆုံး ဒေါ်စုကြည်ကိုယ်တိုင်တောင် တင်သွင်းပြီးသား အဆိုကြီး ယောင်တောင်တောင်နဲ့ ထပြီး တင်သွင်းခဲ့တဲ့ ဗရမ်းဗတာ အဆင့်တွေကိုး ဗျ ။   

          လူတော်လူကောင်း အမတ်အချို့ရှိပါတယ် ။ သို့သော် လူတော် လူမှန်တွေ အတွက် နေရာမရှိတဲ့ NLD ပါတီဖြစ်လေတော့ကား ပါတီက နုတ်ထွက်ကြရတာပါ ပဲ ။ 

       တိုင်းပြည်တခုလုံး အနုတ့လက္ခဏာ ပြနေချိန်မှာ ဒေါ်စုကြည်ဟာ လူသူမသိတဲ့ ဂမ်ဘီယာဆိုတဲ့ မွတ်ဆလင် နိုင်ငံပေါက်စလေးကို သံတမန် ချိတ်ဆက်လိုက်ပါတယ် ။ မိုင်းပေါင်းများစွာ ကွာဝေးပြီး ဘာအကျိုးစီးပွားမှ အဆက်အစပ် မရှိတဲ့ နိုင်ငံပေါက်စလေးကို ဘာကြောင့် သံတမန်အဆင့် ချိတ်ဆက်ရသလဲ ဆိုတာ ထိုအချိန်က ဘယ်သူမှ သတိမထားမိခဲ့ကြပါဖူး ။ 

      တကယ်တန်းကျတော့ ကိုယ့်တိုင်ပြည်ကို ပြန်ပြီး ဒုက္ခပေးဖို့ အမြဲ အကွက်ဆင်နေတဲ့ ဒေါ်စုကြည်ရဲ့ ယုတ်မာမှုက အချိန်ကြတာ နဲ့ အစွယ်ထွက်လာပြန်ပါတယ် ။ 

     အဲဒါကတော့ ရခိုင်ပြဿနာကို အစပြုပြီး အဲဒီ အမြှောက်တလက် ၊ လေယာဥ်တစင်း ပဲ ရှိတဲ့ ပေစုတ်စုတ် နိုင်ငံလေးက မြန်မာပြည်ကို ICJ တရားရုံးမှာ တရားစွဲသတဲ့ ။ 

    အဲဒါကိုပဲ ပြည်တွင်းသစ္စာဖောက်မကြီးက ဝမ်းသာအားရလက်ခံ ဖြေရှင်းဖို့ လုပ်ပါတော့တယ် ။ တကယ်တော့ အဲဒီလို ဖြစ်အောင် တမင်အကွက်ချ လုပ်ဆောင်ခဲ့တာပါ ပဲ ။ 

      ICJ မှာ ဘာတွေ ယုတ်မာမလဲ အသေးစိတ် လေ့လာကြည့်တော့.........

        မျိုးဝင်