Tuesday, June 15, 2021

#ခေတ်ကိုကဂျင်းခေတ်

ခေတ်ကိုက 
လက်ဖက်ညွှန့်ဆိုပြီး
ရာဘာရွက်အညွှန့်တွေ 
ချဉ်ငံစပ်လုပ်၊ 
မပုပ်ဆေးတွေထည့်
ဆီစိမ်၊ ပုလင်းနဲ့ပိတ်ပြီး 
တံဆိပ်ကပ်လိုက်ရင်ပဲ
တဆယ်သား ၃၀၀ တန် 
ရာဘာညွှန့်တွေက
တပုလင်း ၆၀၀၀ တန်
နာမယ်ကြီးလက်ဖက်ညွှန့်
ဖြစ်သွားတဲ့ ဂျင်းခေတ်။

လက်ဖက်စစ်မစစ်ခွဲချင်ရင်
Leave margin entire 
ဖြစ်မဖြစ်နဲ့ ခွဲရတယ်။
လက်ဖက်ရွက်အစစ်ရဲ့ 
အနားသတ်ကနှင်းဆီရွက်လို 
အထစ်အထစ်လေးတွေပါပြီး 
ရာဘာရွက်က အနားသတ် 
ပြောင်ချောနေတယ်။ 
လက်ဖက်ပင်ကိုယ်တိုင်
စိုက်၊ ကိုယ်တိုင်ခူးခဲ့လို့ 
အကုန်သိနေပေမဲ့လဲ 
လက်ဖက်ဝယ်တယ်
ဆိုတာမျိုးက 
ရှောက်ရွက်ဝယ်သလို 
တညွှန့်ချင်းကြည့်ပြီး 
ဝယ်လို့မှမရတာဆိုတော့ 
တရွက်ချင်းဖြန့်မကြည့်
နိုင်သရွေ့တော့ခံပေါ့။

ခေတ်ကိုကပုစွန်အသား၊ 
ငါးဖယ်အသားဆိုတာတွေ
တစက်လေးတောင်မပါပဲ၊
ထမင်းတွေချည်း 
ချဉ်အောင်လုပ်၊ ရေခဲမုန့် 
ဖာလူဒါတွေမှာသုံးတဲ့ 
ပန်းရောင်ဆေးလေး 
ဆိုးပြီးအတောင့်လိုက် 
ဖက်ရွက်တွေနဲ့ထုပ်ရင် 
ပုစွန်ချဉ်၊ ငဖယ်ချဉ်ဆိုပြီး 
ထမင်းအချဉ်အသိုး 
ဆေးဆိုးတွေကိုတထုပ် 
၃၀၀၀ ဝယ်စားရတဲ့ 
ဂျင်းခေတ် ...။ 

ခေတ်ကိုက ကြွက်တွေ 
တီကောင်တွေ မြွေတွေ 
အကုန်ရောကြိတ်ပြီး
ကြက်အူချောင်း၊ 
ငဖယ်ချောင်း၊ 
ဂဏန်းချောင်း၊ 
ပုစွန်အသားချောင်း
ဆိုပြီး တရုတ်ပြည်က 
Packing လှလှနဲ့ 
သွင်းလာတာတွေကို 
ကိုးရီးယားအကင်ဆိုပြီး 
မက်မက်မောမော 
ကြွက်သားစားနေကြတဲ့ 
ဂျင်းခေတ် ...။

ခေတ်ကိုက 
တရုတ်ကြီးဖက်က 
ဇီးစေ့ ဇီးဆံတွေ 
စျေးကောင်းပေးတယ် 
ဆိုတာနဲ့ ဇီးဆံတွေထဲ 
အဝေရာစေ့တွေ ရောပြီး 
ဂျင်းထည့်လို့ စိတ်ငြိမ်
ဆေးဖော်ရတဲ့ ဇီးဆံက
အဝေရာဆံတွေ 
ဖြစ်နေတော့ဆေးက 
အာနိသင်မထက်မှ 
ပေါက်ဖော်ကြီးတွေ 
သိသွားကြပြီး ဇီးဆံ
စျေးကွက်ပျက်သွားရတဲ့ 
ဂျင်းခေတ် ...။

ခေတ်ကိုက 
ထောင်းရကြိတ်ရပျင်းတဲ့ 
အိမ်ရှင်မတွေအတွက် 
ငါးခြောက်မှုန့်နဲ့ 
ဖွဲမှုန့်ရောထည့် 
ပုစွန်ခြောက်မှုန့်ဆိုပြီး 
ဖွဲမှုန့် ပင်လယ်ငါး
အမှုန့်တွေကိုတပိဿာ
၃သောင်းဝယ်စားကြတဲ့ 
ဂျင်းခေတ် ...။

ခေတ်ကိုက 
ပဲဆီစစ်စစ်မှစားတာ၊ 
အညာပဲဆီမှ စားတာ၊ 
ဘာတံဆိပ်မှ စားတာ၊ 
ဘယ်လိုထားထား 
မခဲတဲ့ပဲဆီစားတာဆိုတဲ့ 
အိမ်ရှင်မတွေအတွက် 
စားအုန်းဆီ တစ်ပေပါထဲ 
အီလန်ဆပ်ပြာမှုန့် 
တရာတန်တထုပ် 
ဖောက်ထည့်၊ တညအိပ် 
အငြိမ်စိမ်ထား၊ မနက်မှ
ကုန်စျေးတန်းမှာရောင်းတဲ့ 
တရုတ်က သွင်းလာတဲ့ 
တဗူး ၁၃၅၀၀ တန် 
ပဲဆီအနံ့လေး နည်းနည်း 
ထည့်လိုက်တာနဲ့ 
ဆပ်ပြာမှုန့်တွေ 
ဖျော်ထည့်ထားတဲ့ 
တပိဿာ၁၆၅၀ တန်
စားအုန်းဆီတွေက 
ဆပ်ပြာမှုန့်တန်ခိုးနဲ့ 
ရခေဲသတ်ေတာထဲ 
ထည့်ရင်တောင်မခဲတော့ 
ပဲဆီစစ်စစ်ဆိုပြီးတပိဿာ
၇၀၀၀ ပေးစားကြတဲ့ 
ဂျင်းခေတ် ...။

(မေမြို့မှာနေတုန်းက 
မန်းလေးထိဆင်း၊ 
ကိုယ့်မျက်စိရှေ့မှာ 
မြေပဲတွေကို စက်က
ဇလားကြီးနဲ့ အပေါ်က
ကြိတ်ပြီး ဆီကန်ထဲ
က်လာတဲ့ ပဲဆီမွ 
ပိသာခွက်ကြီးနဲ့ 
ကိုယ်တိုင်ခပ်ပြီး 
______________________
#မျက်စိရှေ့မှာကြိတ်တဲ့ 
______________________
ပဲဆီစစ်စစ်မှမန်းလေးထိ
ဆင်းပြီးဝယ်စားတာတို့ 
ဘာတို့ ဝံ့ကြွားခဲ့ဖူးတယ်။ 
တကယ်တော့ သူတို့က 
နဂိုထဲက ဆီကန်ထဲမှာ 
စားအုန်းဆီ ၃ ပုံ၂ ပုံ 
ထည့်ပြီးသားဆိုတာ
မသိခဲ့တော့ ဂျင်းတွေ
ထည့်ခံရတာဆွာလေ။)

ခေတ်ကိုက 
ငဇင်ရိုင်းလို ငါးရံ့လို 
ငါးမျိုးဝယ်ရင် အညှီတွေ
ချွဲနေမှ လတ်တယ်ထင်တဲ့ 
အိမ်ရှင်မတွေအတွက်
ခေါင်းလျော်တဲ့ 
တရော်ရည်အချွဲတွေ 
လောင်းချနယ်ဖတ်ပြီး 
ပုပ္လို့ ပြလာလို့တပိႆာ
၂၅၀၀လောက်ပဲတန်တဲ့ 
ငဇင်ရိုင်းတွေကို
လတ်လွန်းလို့အညှီတွေ 
ချွဲစိုနေဆိုပြီးတပိဿာ
၇၀၀၀ ပေးစားကြတဲ့ 
ဂျင်းခေတ် ...။

နို့မလိုင် ရောင်းတဲ့ 
ဆိုင်တွေမှာအိမ်သာသုံး 
တစ်ရှူးတွေကို နို့ထဲထည့်
ကြိုပြီး ပျော့ဖတ်ဖတ် 
တစ်ရှူးတွေကို နို့မလိုင်
ဆိုပြီးတပွဲ ၃၀၀၀ ထိ
ပေးစားနေရတဲ့ 
ဂျင်းခေတ် ...။

ပြောရမယ်ဆိုအများကြီး 
အများကြီးကျန်တယ်။
ဒါတွေရှောင်မယ်ဆို 
ရှောင်ရင်း ရှောင်ရင်း 
စားစရာမရှိ 
ဖြစ်တွားကြမစိုးလို့၊ 
စျေးသည်တွေ 
ကုန်သည်တွေထမင်းအိုး 
တုတ်နဲ့ထိုးသလို ဖြစ်နေ
မစိုးလို့ခုလောက်နဲ့ပဲ 
တော်သေးပါပြီ။

ဒါတွေ ဒါတွေ 
ရှိနေသေးသရွေ့၊
ဒါတွေ ဒီလိုတွေ 
စားနေရသရွေ့၊
ကင်ဆာ၊ နှလုံး၊ သွေးတိုး၊ 
ဆီးချို၊ ကျောက်ကပ်၊ 
သိုင်းရွိုက်ရောဂါတွေ ... 
ရောဂါတွေရှောင်လို့မရ 
ဖြစ်နေကြဦးမှာပါပဲ။
ဒေါင်း ... လေးတွေလဲ 
မွေးလာကြဦးမှာပါပဲ။
ဆေးရုံ ဆေးခန်းတွေလဲ
ကြိတ်ကြိတ်တိုးစည်ကား
နေကြဦးမှာပါပဲလေ။

#COCONUTCRAB
ဘကြီးဇော် သိမှတ်ဖွယ်ရာ။
နှင်းဆီဧကရီ FB မှ Postကို
ကူးယူဖေါ်ပြခြင်းဖြစ်သည်။