Thursday, June 24, 2021

(၉)ကြိမ်မြောက်ကျင်းပသည့် နိုင်ငံတကာလုံခြုံရေးအစည်းအဝေးတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက် အကျဉ်း

၁။  နိုင်ငံတနိုင်ငံ၏ တည်ရှိမှုဖြစ်သော အချုပ်အခြာအာဏာပိုင်ဆိုင်မှုအပေါ်တွင် တခြားနိုင်ငံများအနေဖြင့် လေးစားမှုဖြင့် ဆက်ဆံဆောင်ရွက်သင့်။

၂။  အာရှ-အာရှပစိဖိတ် မဟာဗျူဟာအရ  အာရှပစိဖိတ်မှာရှိတဲ့ နိုင်ငံအချို့နဲ့ အာဆီယံ နိုင်ငံအချို့တို့ဟာ ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်။

၃။  အာဆီယံဒေသတွင်း နိုင်ငံများအနေဖြင့် အိန္ဒိယသမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာ  နှစ်ခု အကြား ပေါင်းကူးပေးသည့် နေရာတွင် ရှိနေသည့်အပြင် ဒေသတွင်း တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေး၊လုံခြုံရေးကိစ္စရပ်များတွင်  တနိုင်ငံခြင်းစီအလိုက် အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုအား အပြန်အလှန် လေးစားမှု၊ နားလည်မှုတို့ဖြင့် ဆက်ဆံဆောင်ရွက်ရမည်ဖြစ်။

၄။  အခြားအင်အားကြီး နိုင်ငံများအနေဖြင့် နိုင်ငံတနိုင်ငံ၏ ပြည်တွင်းရေးကိစ္စရပ်များ တွင် ဝင်ရောက်စွက်ဖက်မှုများ မပြုလုပ်သင့်ဘဲ လေးစားလိုက်နာ ဆောင်ရွက်သွားရန် လိုအပ်။

၅။  အမျိုးသားအကျိုးစီးပွားဆိုင်ရာရှုမြင်ချက်နှင့် လုံခြုံရေးမဟာဗျူဟာဆိုင်ရာ ဦးစား ပေး သတ်မှတ်မှုများတွင် စံနှုန်းနှင့်တန်ဖိုးအရ ကွဲပြားခြားနားမှုများ ရှိနိုင်တာ တွေ့ရှိရ။

၆။  ဒေသတွင်းနိုင်ငံအချို့၏ ပဋိပက္ခအရေးကိစ္စရပ်များတွင် နောက်ကွယ်မှ ဖန်တီး နေမှုများ၊ အားပေးထောက်ပံ့နေမှုများ ရှောင်ရှားစေလိုပြီး “မီးလောင်ရာ လေပင့်”မလုပ် သင့်ကြောင်း သတိပေးလို။

၇။  အာရှ-ပစိဖိတ် ဒေသအတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရာ၌ အပြန်အလှန် ယုံကြည်မှုများဖြင့် ပူးပေါင်းတည်ဆောက်ကြ ရန်လိုအပ်။

၈။  ဒေသတွင်းနိုင်ငံများ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုနဲ့ တန်းတူညီမျှ တို့၌ နိုင်ငံ၏ အရွယ်အစား၊လူဦးရေတို့အား ထည့်သွင်းစဉ်းစားခြင်းမပြုဘဲ လေးစားစွာ ဆက်ဆံဆောင် ရွက်သင့်။

၉။  ဒီမိုကရေစီနှင့်လူ့အခွင့်အရေး အကြောင်းပြ၍ ပြည်တွင်းရေးကိစ္စရပ်များကို ဝင်ရောက်ခြယ်လှယ်လိုမှုများ၊ ဗိုလ်ကျစိုးမိုးလိုမှုများနှင့်တဖက်သတ် အယူဝါဒများ ကျင့်သုံးမှုများ ရှောင်ရှားသင့်။

၁၀။   နိုင်ငံတကာ အသိုင်းအဝိုင်းများအနေဖြင့် တရားမျှတခြင်း၊ တန်းတူတန်ဖိုးထားခြင်း ဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် ဆက်ဆံ ဆောင်ရွက်သင့်။

၁၁။  နိုင်ငံအရေးတွင်ဖြစ်စေ၊ နိုင်ငံရေးတွင်ဖြစ်စေ ရိုးသားမှု ရှိရန်လိုအပ်ပြီး မြန်မာနိုင်ငံ အနေဖြင့်လည်း ရိုးသားသည့် ဒီမိုကရေစီစနစ် ဖွံ့ဖြိုးတိုးတက်ရန်အတွက် ကြိုးပမ်းလျက် ရှိ။

၁၂။  အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖြစ်သည့်အလျောက် အာဆီယံ၏ သဘောထားရပ်တည် ချက်များနှင့်အညီ အပြည့်အဝ ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည်ဖြစ်။

#ဖိုးစီ
ကပ္ပတိန် ဘစီ

Related Posts:

  • ခွေးလှေးထခုန်တဲ့ အင်းစိန်        အင်စိန်​ထောင်ဆိုတာ လူတိုင်းသိတဲ့နေရာပါ ။ ထောင်ထဲရောက်နေတိုင်း ထောင်ကျမဟုတ်သေးပါဘူး ။ အချုပ်သားဘဝ နဲ့ အမှုရင်ဆိုင်နေရတဲ့ သူတွေ ရှိပါသေးတယ် ၊ သူတို့ကို အချုပ်သားဆောင်မှာ သီးသန့်ထားရပါတယ် ။       အခန်းတွင်း အုပ်ချုပ်တာကတ… Read More
  • နစက ရှေ့နေများသို့                   ကျနော့်ပိုစ်က တုန့်ပြန်ရမယ့် မန့်တခု အတွက် ဖြေရှင်း မေးမြန်းချက်လေးပါ ။        ဆရာ ကိုမျိုးဝင်း ခင်ဗျား… နစက'ကြီးရဲ့ လက်တွေ့ ဖြေရှင်း နေရတဲ့ 'စိမ်ခေါ်မှု တွေကိုလည်း ခင်ဗျား အနေနဲ့ နားလည် ပေးသင့်ပါတယ်။(မှန်တ… Read More
  • ပြဿနာဇစ်မြစ် ဘူးနွယ်များ        ရန်ကင်း ကလေးဆေးရုံမှာ လက်ထောက်ဆရာဝန် ၇၀ ဝန်းကျင်ရှိပါတယ် ။ နှစ်ယောက်ပဲ လုပ်ငန်းခွင် ပြန်ဝင်ကြတယ် ။ နောက်ပြီး နှစ်ရက်လုပ် သုံးရက်နားစနစ် နဲ့ အလုပ်ကြိုးစားပြနေတဲ့ စနစ်လို့ ကြားသိရတယ် ။ ဒီတော့ ကလေးလူနာ အနည်းငယ်ပဲ လက်ခံန… Read More
  • လုပ်ကွက်ဆိုတာ         ကိုစိုးတယောက် မနက်လင်းတာနဲ့ စပ်ဖြီးဖြီးလုပ်ပြီး ရောက်လာပါတယ် ။ "ရော့ စားထား သောက်ထား ဒေါ်လာစားကြီး ဆိုတော့ ဖားထားရအုံးမယ် ''"လုပ်ပြီ မနေ့က တခြားဟာ ရေးမလို့ အဲဒါ ပြန်ရှင်းရတာ နဲ့ မရေးဖြစ်တာ ''"ဘာရေးမလို့လဲ ကွ''"အိမ်သု… Read More
  • မရေးလို့ မဖြစ်တော့ဖူး- ကိုမျိုးဝင်းရေအန်တီလဲတိုက်ရိုက်ဝေဖန်ပါရစေ။နစကအစိုးရရဲ့ရှေ့နေတော့မဟုတ်ပါဘူး။အန်တီလဲမြင်းခြံသူပါ။မြင်းခြံသူမို့ကိုယ့်မြို့သားအကြောင်းသိပါတယ်။- တစတစနဲ့ကိုမျိုးဝင်းကတပ်ချုပ်ကြီးကိုအထင်သေးလာပြီ။(ရိုးရိုးသားသား ပြောရရင် အထင်သေးတဲ… Read More