Friday, June 25, 2021

မြကျောက် တပ်ချုပ်ကြီး

          ကိုကြီးစိုးတယောက် အစောကြီး ရောက်လာတာနဲ့ ကပျာကရာ မျက်နှာသစ်ပြီး လိုက်သွားရပါတယ် ။ လက်ဖက်ရည်ဆိုင်မှာ စားသောက်ပြီးတာ နဲ့....

"ငမျိုးရေ ငါလည်း ညက ပျင်းတာ နဲ့ မင်း ပို့စ် အဟောင်းတွေ ပြန်ဖတ်ပြီး မေးစရာလေးတွေ ပေါ်လာတယ်ကွ''

"ဘာမေးမှာလဲ ဗျ ''

"ဒီလိုကွ အခု GZ ကလေးတွေ မကြောက်မရွံ့လုပ်နေတာတွေ ၊ နောက် ဒီလိုခေတ်ပျက်ကြီးမှာ မျိုးချစ်တွေ မကြောက်မရွံ့ GZ တွေကို ဝေဖန်နေတာ တွေကို မြင်ပြီး သတ္တိဆိုတာ ဘာလဲ လို့ မေးချင်လာတာ ကွ ''

"သူများတွေက သတ္တိကို အမျိုးမျိုး အဓိပ်ပါယျ ဖွင့်နေကြတယ် ကျနော်ကတော့ ရိုးရိုးရှင်းရှင်း ပဲ တွေးမိတယ် သတ္တိမဲ နဲ့ သတ္တိဖြူ နှစ်မျိုးရှိတယ် ''

"အေး ဘာတွေလဲ ကွ ''

"အနာဂါတ် မျှော်လင့်ချက် ကင်းမဲ့နေသူတွေ ၊ သံယောဇဥ်ထား တွယ်တာရမည့်သူများအပေါ် ဥပေက္ခာပြုရက်သူတွေ ၊ ဆင်ခြင်တုံတရား မရှိသူတွေ ထင်ရာ လုပ်ရဲတာကို သတ္တိမည်းလို့ မှတ်ထား ဗျာ''

"ဟိုက်.....ပေါက်ကရ အတွေးအခေါ် လာပဟေ့ ''

"ခင်ဗျား စဥ်းစားကြည့် GZ ကလေးမိုက်တွေ အနာဂါတ်အတွက် ဘာညာ နဲ့ နိုင်ငံရေးကြောင်ပါးတွေ မြှောက်ပေးတာ နဲ့ မိဘ ဆွေမျိုးတွေကို ပစ်သွားပြီး ထင်ရာစိုင်းနေတာပဲ လေ ''

"နောက်တမျိုး ကျတော့ ''

"နောက်တမျိုးက မိမိတိုင်းပြည် နဲ့ လူမျိုးအတွက် ဘာဖြစ်ဖြစ် လုပ်ရဲသူ ၊ ပုဂ္ဂိုလ်ရေး သံယောဇဥ်ထက် တိုင်းပြည်ကို ပိုချစ်သူ ၊ အနာဂါတ်ရဲ့ ကောင်းခြင်း ဆိုးခြင်းကို ဥပေက္ခာပြုရဲသူတွေကို သတ္တိဖြူ လို့ သတ်မှတ်တယ် ဗျာ''

"အေး ဟုတ်ပြီ နောက်တခု ကွာ အခု တပ်ချုပ်ကြီးကို မင်းပြင်းပြင်းထန်ထန် ဝေဖန်နေတာ ဖတ်ရသလို ချီးကျူးတာတွေလည်း ဖတ်ဖူးတယ် သူ့ကို ဘယ်လို မြင်သလဲ တဲ့တဲ့ ပြောကြည့်စမ်းကွာ မင်း သတ္တိ အမဲလား အဖြူလား သိရအောင်....''

"သြော် ကိုကြီးစိုးက လက်ဖက်ရည် တခွက် နဲ့ ကျုပ်ကို အရောက်ပို့ဖို့ ညကတည်းက တွေးပြီး အခု မနက်လင်းလို့ မျက်နှာမသစ်ရသေးဖူး အစောကြီး ပြေးလာပြီး ချောက်ချတာပေါ့ လေ ''

"အမလေး ကွာ အဲဒီသဘော မဟုတ်ပါဖူး ကွ ငါတို့ မြင်းခြံထောင်ကြီးက ကျယ်ပြီး အစားအသောက်လည်း သိပ်မဆိုးတော့ပါ ဘူး ဟ အလုပ်မရှိတဲ့ မင်း နဲ့ ကုန်စျေးနှုံး တက်နေတာနဲ့ အတော်ပါပဲ ''

"ကိုင်း ခင်ဗျားက သိချင်မှတော့ မဖြေရင်လည်း သိက္ခာကျအုံး မယ် ဒီတော့ ဖြစ်ရပ်မှန် နဲ့  ဥပမာပေး ပြောပြမယ် ''

"အေးပြောစမ်းပါအုံး ''

"နအဖ ခေတ်တုံးက ပြည်မြို့နယ်ထဲက တပ်မ (၆၆) ကို ဗိုလ်ချုပ်ကြီးခင်ညွှန့် ရောက်လာတယ် ဗျ ''

"အင်း သူတန်ခိုးထွားနေတုန်းကပေါ့ ဘာဆက်ဖြစ်လဲ ''

" တပ်မမှူးက ဧည့်ခံရတာပေါ့ ထမင်းစားပြီးတော့ အချိုပွဲ အလှည့်မှာ သရက်သီးပန်းကန်ထဲက သရက်သီး စိတ်လေးတွေကို ကြည့်ပြီး ဗိုလ်ချုပ်ကြီးခင်ညွှန့်က သူ့နားက ဧည့်ခံနေတဲ့ တပ်မမှူးကို မေးတယ် ဗျ''

"အေး ဘာမေးသလဲ ''

"ဖိုးသက်ထွန်း (၆၆ တပ်မမှူး) ဒါ ဘာသရက်မျိုးလဲ ကွ ''

"မြကျောက်ပါ ဗိုလ်ချုပ်ကြီး ''

"သြော် တို့ဆီမှာ စျေးအကြီးဆုံး သရက်သီးပဲ ကွ နောက်ထပ်ရှိသေးလား ''

"ရှိပါသေးတယ် ဗိုလ်ချုပ်ကြီး''

"အေး ဒါးနဲ့ လက်ဖက်စားဇွန်းရယ် သရက်သီးရယ် ယူခိုင်း ကွာ''

      ခဏနေတော့ မြကျောက် သရက်သီး နဲ့ ဒါးရယ် ပန်းကန်လွတ်ရယ် ရောက်လာပါတယ် ။ သရက်သီးကို အတုံးလေးတွေ မလှီးစေပဲ အခြမ်းကြီး နှစ်ခြမ်းကို အခွံ မခွာပဲ လှီးပြီး ပက်လက်လှန်ထားစေပါတယ် ။ ပြီးမှ လက်ဖက်စားဇွန်း နဲ့ ကော်ခပ်ပြီး စားသတဲ့ ။ တပ်မမှူးကြီးကိုလည်း အဲဒီလို စားစေပြီး ဆက်ပြောတယ်....

"မြကျောက်သရက်သီးက တလုံး လုံး ချိုအီနေတာ မဟုတ်ဖူး ဖိုးသက်ထွန်းရ သူက ဒီနေရာက နင့်နေအောင် ချိုလိုက် ဟိုနေရာက နဲနဲချဥ်လိုက် အဲသလိုကွ ဒါကြောင့် ဒီလိုစားကြည့်မှ ချိုလိုက် ချဥ်လိုက် နဲ့ အရသာပြောင်း နေတာကွ ဒါကိုက မြကျောက်ရဲ့ အရသာ ဖိုးသက်ထွန်း ရ .......အဲသလို ပြောခဲ့ဖူးတယ် ဗျ ''

"အင်း မစားဖူးတော့ မသိပါဖူး ကွာ အဲဒီ စျေးကြီးတဲ့ ချိုချဥ် မြကျောက် သရက်သီး နဲ့ ငါမေးတာ နဲ့ ဘာဆိုင်သလဲ ကွ ''

"ခင်ဗျားမေးတဲ့ မေးခွန်း တပ်ချုပ်ကြီးအပေါ် ဘယ်လိုမြင်သလဲ ဆိုတာပြောရမယ်ဆိုရင် မြကျောက်သရက်သီးလိုပဲ ချိုတဲ့နေရာက နင့်နေအောင် ချိုသလို ချဥ်တဲ့ နေရာတွေကလည်း ချဥ်တာပဲ ဗျ   ဒါပေမယ့် သေချာတာက တိုင်းပြည်အတွက် သာမန်လူတွေထက် တန်ဖိုးကြီးတယ် ''

"ဟိုက် အတော်လူပါးဝတဲ့ အဖြေပဲ ကွ ငပိကြော်ကျွေးရမလိုလို ၊ ဂုဏ်ပြုရမလိုလို နဲ့ ငါကတော့ အူကြောင်ကြောင် ဖြစ်သွားရပြီဟေ့ ''

"ခံရပါများတော့ ချောက်ချတာတွေ ရိုးနေပြီ လေ😁😁😁''

"အေး နောက်ဆုံးမေးခွန်း ကွာ အထက်က သတ္တိ နှစ်မျိုးမှာ မင်းက အမဲလား အဖြူလား ''

"ကျုပ်က ပြုတ်စရာ ရာထူးမရှိဖူး ၊ အလုပ်မရှိဖူး ၊ မှန်တယ်လို့ ယုဆပြီးရင် တဇွတ်ထိုး လုပ်ချင်ရာလုပ်တတ်တဲ့ အကျင့်ဆိုး နဲ့ ထင်ရာ လျှောက်ပြော လျှောက်ရေးနေတဲ့ အဆင့်ပါ ဗျာ သတ္တိ မရှိပါဘူး ''

"လာပြန်ပြီ တကယ်တန်းကြတော့ မင်းသတ္တိက ဟိုမရောက် ဒီမရောက် ဖြူညစ်ညစ် ပါကွာ ''

"ဟိုက် ထွက်ခတ် ခတ် ပြန်ပြီ ပြန်ကြစို့ ဗျာ မြကျောက်တပ်ချုပ်ကြီး သားတွေ တကယ်လုပ်နေတာ အနှောက်အယှက် ပေးသလို ဖြစ်နေလိမ့်မယ် ''

           မျိုးဝင်း

       အရံ ACC ဖွင့်ထားရပြန်ပါပြီ ဗျာ 😁😁

https://www.facebook.com/profile.php?id=100069830592858

       Page အသစ် ပါ

https://www.facebook.com/ကိုမျိုးဝင်း-100284628986013/