Saturday, June 12, 2021

ယနေ့ သတင်းစာရှင်းလင်းပွဲကောက်နုတ်ချက်

ပညာရေး

၁။  အခြေခံပညာကျောင်းတွေအနေနဲ့ ဇွန်လ ၁ ရက်နေ့ကနေစပြီးဖွင့်နေပြီ ဖြစ်တယ်။ မူလတန်းကျောင်း ၂၅၀၀၀ ကျော်၊ အလယ်တန်းကျောင်း ၁၅၀၀၀ကျော်နဲ့ အထက်တန်း ကျောင်း ၆ ထောင်ကျော်၊ စုစုပေါင်း ၄၇၀၀၀ ကျော်ရှိတဲ့အထဲကနေ ၄၂၀၀၀ ကျော် ဖွင့်နေပြီဖြစ်တယ်။ 

တပ်ချုပ်ကြီးနှင့်မီဒီယာ ပြောကြားမှု ကောက်နုတ်ချက်

၁။  ရိုဟင်ဂျာ ဆိုတာ မြန်မာနိုင်ငံမှာ လုံးဝမရှိဘူး။ ၁၉၁၁ခုနှစ်၊ ၂၁ ခုနှစ်၊ ၁၉၃၁ ခုနှစ် တွေမှာ ကောက်ခဲ့တဲ့ သန်းကောင်စာရင်းမှာလည်း ရိုဟင်ဂျာဆိုတာမရှိဘူး။ မြန်မာနိုင်ငံမှာ နေတဲ့ မည်သည့် လူမျိုးကိုမဆို နိုင်ငံသားအဖြစ် ကန့်သတ်ချုပ်ခြယ်ထားတာမရှိဘူး။ ဒါပေမဲ့ လဝက ဥပဒေဖြစ်တဲ့ ၁၉၈၂ နိုင်ငံသားဖြစ်တည်မှု ဥပဒေအရတော့ ကိုက်ညီမှု ရှိဖို့ လိုမယ်။

ဘဏ္ဍာရေးနှစ်တွေ ပြောင်းမည်

၁။  မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးကို အခြေခံတဲ့ နိုင်ငံတစ်ခုဖြစ်တယ်။ လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းတွေဟာ ဇွန်လတွေမှာ စတာဖြစ်လို့  ဇွန်လမတိုင်ခင်မှာ အစိုးရဆီက နေ စိုက်ပျိုးချေးငွေတွေ ထုတ်တာက တောင်သူလယ်သမားတွေအတွက် အဆင်ပိုပြေ စေတယ်။ ၄၃ နှစ်ကြာ ကျင့်သုံးခဲ့တဲ့ ဘဏ္ဍာရေးနှစ်ပုံစံကို  NLD အစိုးရလက်ထက် ၂၀၁၈-၂၀၁၉ ခုနှစ်မှာ စတင် ပြောင်းလဲကျင့်သုံးခဲ့ခြင်းဖြစ်တယ်။ အဆင်မပြေမှုတွေရှိတဲ့အတွက် ဘဏ္ဍာရေးနှစ်ကို ယခင်အတိုင်း ဧပြီလကိုပဲ ပြန်သတ်မှတ်မယ်။

EAOs တွေ အကြမ်းဖက်မှုလုပ်ငန်းတွေမှာ ပါဝင်ပတ်သက် မှုရှိ

၁။  NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေ အပါအဝင် KIA ၊ KNU နဲ့ KNPP တွေရဲ့ နယ်မြေတွေမှာ PDF လုပ်နေတဲ့ G-Z ကလေးတွေကို စစ်သင်တန်းပေးနေတာ စုံစမ်း ဖော်ထုတ်ရရှိနေတယ်။ KIA နယ်မြေမှာ ၁၄၅ ဦး၊ KNPP မှာ ၇၄ ဖမ်းဆီးရမိခဲ့တာဟာ သက်သေဖြစ်တယ်။ ငြိမ်းချမ်းရေးကိစ္စတွေ မကျိုးပျက်စေဖို့ အကြမ်းဖက်မှုလုပ်ငန်းတွေမှာ EAOs တွေ ပါဝင်ပတ်သက်မှု မရှိဖို့လိုတယ်။

အကြမ်းဖက်ဆောင်ရွက်နေမှုများ

၁။  လက်ရှိ အကြမ်းဖက်လုပ်ငန်းတွေမှာ NLD ပါတီအနေနဲ့ ပါဝင်ပတ်သက် နေတာတွေ တွေ့ရှိနေရတယ်။ ဒေါက်တာဇော်ဝေစိုးကိုယ်တိုင် ၁ နာရီကြာ ပြုလုပ်တဲ့ အွန်လိုင်း ဆွေးနွေးပွဲမှာ အကြမ်းဖက်လုပ်ငန်းတွေကို ဆောင်ရွက်ဖို့ အားပေးအားမြှောက်လုပ်တာ တွေ့ရှိရတယ်။ NLD ပါတီရဲ့ လွှတ်တော်အမတ်ဟောင်းတွေ အများစု ပါဝင်နေတာကို ဖမ်းဆီးရမိတဲ့ G-Z တွေကတဆင့် စုံစမ်းဖော်ထုတ်ရရှိနေတယ်။ 

၂။  လက်ရှိမြန်မာနိုင်ငံမှာ စာသင်ကျောင်းပေါင်း ၁၉၈ လုံး မိုင်းထောင်ခံရတယ်။ ကျောင်း ၅၀ မီးရှို့ခံရတယ်။ အပြစ်မဲ့ ၁၇၃ ယောက် အသတ်ခံရတယ်။ ဌာနဆိုင်ရာရုံး ၁၀၀ ကျော် ဖျက်ဆီးခံရတယ်။ ရဲစခန်း ၉၅ ခုနဲ့ ရဲကင်း ၃၇ ခုကျော် ဖျက်ဆီးခံရတယ်။ 

UEC ရဲ့ ထုတ်ပြန်ချက် အကျဉ်း
==========================

၁။  NLD ပါတီအစိုးရအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ဒီအချက်တွေကို ကျူးလွန် ဖောက်ဖျက်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိရတယ်-
  (က)  မလျော်ဩဇာအသုံးပြုပြီး ရွေးကောက်ပွဲမှာ ဝင်ရောက်စွက်ဖက်မှု ရှိခဲ့တယ်။
  ( ခ)  ပြည်နယ်နဲ့တိုင်းတွေက ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေမှာ NLD ပါတီ အမာခံတွေကို စနစ်တကျ ထည့်သွင်းဖွဲ့စည်းထားခဲ့တယ်။
  ( ဂ )  အုပ်ချုပ်ရေးအာဏာကို အသုံးပြုပြီးတော့ ကိုဗစ်စည်းကမ်းချက်တွေကို ပါတီ အတွက် လက်တလုံးခြားပြုလုပ်ဆောင်ရွက်ခဲ့တာ စစ်ဆေးပေါ်ပေါက်ခဲ့တယ်။

၂။  နောင်လာမဲ့ ရွေးကောက်ပွဲမှာ မြန်မာနိုင်ငံနဲ့ကိုက်ညီတဲ့ အချိုးကျ PR စနစ်ကို ကျင့်သုံးဆောင်ရွက်သွားမယ်။
၃။  လိုအပ်တဲ့ ရွေးကောက်ပွဲနည်းဥပဒေတွေကို ပြင်ဆင် ဆောင်ရွက်ဖို့ရှိမယ်။
၄။  ရွေးကောက်ပွဲနည်းဥပဒေ ပုဒ်မ ၁၅ အရ ပြစ်မှုကျူးလွန်ဖောက်ဖျက်ကြောင်း စစ်ဆေးတွေ့ရှိရတဲ့ ပါတီကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၀၈ အရ ပါတီစာရင်းကနေ ပယ်ဖျက်သွားဖို့ရှိမယ်။

Credit. Phoe Si