Wednesday, June 23, 2021

အဖြူထည် လူငယ်များအတွက် ၈၈ & ၂၁ ဂျင်းဆိပ်ဖြေဆေး (29)

         မီဒီယာလောက ကတော့ ကုန်းဘောင်ခေတ်က စပြီး မြန်မာပြည်ကို အကောက်ကြံခဲ့ကြတာပါပဲ ။ သီပေါမင်း နဲ့ ပတ်သက်ပြီး ချဲ့ကားထားတဲ့ သတင်းတွေနဲ့ ပုံဖျက်ပြီး လုပ်ကြံခဲ့ပါတယ် ။ 

         လွတ်လပ်ရပြီးတော့လည်း ငွေတမျက်နှာ ကြည့်ပြီး ပါတီတွေ အလိုကျ ၊ ငွေရှင်တွေ အလိုကျ လုပ်ပေးခဲ့ကြပါတယ် ။ 

    မဆလ ခေတ်မှာတော့ တိုင်းပြည်ပျက်ရေးအတွက် တစိုက်မတ်မတ် လုပ်လာကြရင်း ၈၈ မှာ BBC ၊ VOA ၊ RFA အစရှိတဲ့ လေလှိုင်းထဲက လူသတ်သမားတွေ များစွာအကောက်ကြံခဲ့ကြပါတယ် ။ 

        နဝတ ၊ နအဖ လပ်ထက်မှာတော့ ပြည်တွင်း မီဒီယာသမားတွေဟာ ပင်နယ်တီကန်ခွင့် မကပေမယ့် အဝေးကန်ချက်တွေနဲ့ သွယ်ဝှိုက်အပုပ်ချသလို ပြည်ပမီဒီယာတွေကတော့ တက်ညီလက်ညီ တပ်မတော်ပြိုကွဲရေးကို တစိုက်မတ်မတ် ဆောင်ရွက်လာပါတော့ တယ် ။

        ဦးသိန်းစိန်လက်ထက်မှာ မီဒီယာလွတ်လပ်ခွင့် ပေးလိုက်ချိန်မှာ ပြည်တွင်း မီဒီယာတွေ အစွယ်ငေါငေါ ထွက်လာကြပါတယ် ။ ပိုဆိုးတာက ဂျော့ဆိုးရော့ရဲ့ အထောက်အပံ့နဲ့ မီဒီယာသင်တန်းတွေ ဖွင့်ခွင့်ပေးလိုက်တာပါပဲ ။ 

     ဦးသိန်းစိန်ရဲ့ သဘောကောင်းမှုဟာ ကြံ့ခိုင်ရေးပါတီရဲ့ အနာဂါတ် နဲ့ တပ်မတော်ပုံရိပ်ကို အသေသတ်မယ့် ကိုယ့်လည်ပင်းလှီးမယ့်ဒါး ကိုယ်တိုင်သွေးပေး သကဲ့သို့ ဖြစ်ခဲ့ကတာ ယနေ့ လက်ရှိအခြေအနေကို ကြည့်ရင် သိနိုင်ပါနယ် ။ 

      မီဒီယာသမား လူငယ်တွေဟာ ဂျော့ဆိုးရော့ ပေးစာ ကမ်းစာ နဲ့ အပြိုင်းအရိုင်း လူလားမြောက်လာကြပြီး ယနေ့တိုင် ပြည်ဖျက် အားပေး လုပ်ငန်းတွေကိုပဲ တစိုက်မတ်မတ် လုပ်ဆောင်နေကြတာ ကြည့်ကြပါဗျာ ။ 

       ဦးသိန်းစိန် ဘယ်လောက်ကောင်းတာ လုပ်နေပါစေ မသိချင်ဟန်ဆောင်နေကြသလောက် အပြစ်အနည်းငယ် လုပ်မိရင်တော့ ရေးမဆုံးနိုင်အောင် ပုံကြီးချဲ့ လုပ်ကြံကြတော့တာပါပဲ ။ 

     မီဒီယာအများစုဟာ ဂျော့ဆိုးရော့ နဲ့ မကင်းကြပါဘူး ။ ဒေါ်စုကြည်အနိုင်ရရေးအတွက် အလှော်ကောင်းကောင်းနဲ့ စွတ်မြှောက်ကြတာ ဒေါ်စုကြည် ကိုယ်တိုင် သူ့ကိုယ်သူ ဘာတခုမှ မသိတာကို မေ့သွားပြီး အကုန်သိ အကုန်တတ် ပုံစံပြောင်းပြီး ဘဝင်မြင့်သွားတဲ့ အထိ ကလောင်သွားတွေ ထက်ခဲ့ကြပါတယ် ။ 

         အတောမသတ်တဲ့ ယုတ်မာသူ မီဒီယာ အများစုဟာ NLD လက်ထက်မှာ ပေါက်ကရ လုပ်ကြသမျှကို ဖာထေး ဖုံးဖိ ပြီး ပြည်သူကို လိမ်ညာခဲ့ကြပါတယ် ။ အမှန်တရားကို ဖော်ပြရဲတဲ့ မီဒီယာဆိုလို့ ငါးစောင်ပြည့်အောင်မနည်းရေကြည့်ရပါတယ် ။ 

        ကျန်တဲ့ မီဒီယာတွေဟာ NLD ကိုပဲ ဖားယားရေးသားကာ ပြည်တွင်း ပြည်ပ စပွန်ဆာ အကြိုက် ပြည်ဖျက်ကာကွယ်ရေး သတင်းတွေ နဲ့ မှိုင်းတိုက်နေလျှက် ရှိနေကြပါတယ် ။ 

         တပ်မတော်ပြိုကွဲရေး ဦးတည်ဆောင်ရွက်နေရင်း သစ္စာဖောက် ဝလုံး ကျော်စိုးဦးတို့လို လူယုတ်မာတွေ ပေါ်လာကြပါတယ် ။ အဲဒီလို မီဒီယာတွေဟာ ပြည်ဖျက်လုပ်ငန်းတွေ နဲ့ လုပ်ကိုင်နေကြသလို ကျန်တဲ့ အဖွဲ့တွေကလည်း ငွေတမျက်နှာ နဲ့ ပူးပေါင်းကြပါတယ် ။ 

       အရေးကြီးတဲ့ အုပ်စုတွေကို ပြောရမယ်ဆိုရင် စာရေးဆရာ အုပ်စု စပြောပါမယ် ။ စာပေဟောပြောပွဲ အမည်ခံပြီး ဗိုလ်ချုပ်အောင်ဆန်း အမွမ်းတင်ပွဲ ဆက်စပ်ပြီး ဒေါ်စုကြည် အမွှမ်းတင်ပွဲ ၊ တပ်မတော်အတင်းတုတ်ပွဲ အဖြစ် နိုင်ငံအနှံ့ လှည့်လည်ဟောပြော အဆိပ်ခပ်ခဲ့ကြပါတယ် ။ 

          အလွန်ရွံစရာကောင်းတဲ့ အချက်က ဘာသာရေးကိစ္စတွေကို မထော်မနန်းဟောပြော နေပြီး လူ့အခွင့်အရေး ဗန်းပြ နိုင်ငံတကာနဲ့ သားဖောက်မျိုးပွား အားပေး စကားတွေ နဲ့ မျိုးဖျက်ဖို့ အားထုတ်နေကြတာပါပဲ ။ 

......ရည်ရွယ်ချက်က မျိုးဖျက်ခဲ့တဲ့ ဒေါ်စုကြည်ရဲ့ အမဲစက်ကြီးကို တမျိုးသားလုံးထံ ကူးစက်သွားအောင် တမင်ယုတ်မာခဲ့ စာရေးဆရာတွေ ဖြစ်ပါတယ် ။  

         တိုင်းပြည်အပေါ် စေတနာ မှန်ခဲ့ပါလျှင် NLD တွေ လုပ်နေတဲ့ ပြည်ဖျက်လုပ်ငန်းတွေ အပေါ် ၅ နှစ်အတွင်း ပြောမကုန်အောင် ရှိခဲ့ပေမယ် အဲဒီ လူယုတ်မာ စာရေးဆရာ အစုအဖွဲ့ဟာ အသုဘမေ့ဆေးထိုးထားသလို တခွန်းမှ မပြောခဲ့ပါဖူး ။ 

        သူတို့လိုပဲ ယုတ်မာခဲ့ကြတာကတော့ လူရွှင်တော် အုပ်စု ဖြစ်ပါတယ် ။ ယခင်အစိုးရ အဆက်ဆက်ကို လှောင်ပြောင် သရော်ခဲ့ကြတဲ့ လူရွှင်တော်များဟာ NLD လက်ထက်မှာတော့ ချီးငုံထားတဲ့ ခွေးအတွေလို အသံထွက်မလာတော့ပါဘူး ။ 

       အချို့ လူရွင်တော် အနည်းငယ်မှ အပ သီးလေးသီး နဲ့ ဟားငါးကောင်လို အဖွဲ့တွေ ထမီစုတ် ဆို့ထားသလို အသံမထွက်ကြတာ ပြည်သူကို သစ္စာဖောက်ကြတာပါပဲ ။ 

........ပြုပြင်ဖို့ လှုံ့ဆော်ရမယ့် လူရွှင်တော်များဟာ ချစ်ရင်တမျိုး မုန်းရင်တမျိုး နဲ့ အမှန်တရားကို သစ္စာဖောက်ကာ ပါတီနောက်မှီးဆွဲ အဆင့်နဲ့ နိမ့်ကျသွားရပါတယ် ။  

         ကဲ အဲဒီလို ဖြစ်နေချိန်မှာ NLD အစိုးရက ရဲတင်းလာပြီး ပြည်ဖျက်လုပ်ငန်းတွေကို ခြေလှမ်း ကျဲကျဲ နဲ့ ဆောင်ရွက်လာပါပြီ ။ မဘသလည်း မရှိတော့ဖူး ဆိုတော့ နောက်တဆင့် ဘာတွေ မထော်မနန်း လုပ်သလဲ ဆိုတော့ ဘာသာပေါင်းစုံ ချစ်ကြည်ရေး ဆုတောင်းပွဲ ဆိုပြီး ရူးကြောင်ကြောင် လုပ်ပါတော့တယ် ။ 

      အယူဝါဒ ၊ စောင့်ထိမ်းရတဲ့ သိက္ခာပုဒ် ၊ ယုံကြည်မှု မတူညီတဲ့ ဘာသာတွေကို အားလုံးတန်းညှိပြီး အုတ်ရောရော ကျောက်ရောရော လုပ်ပြီး ဗုဒ္ဓဘာသာရဲ့ ဒလေ့ထုံးစံတွေကို ဖျောက်ဖျက်ဖို့ လုပ်လာပါပြီ ။ 

        ဒီနေရာမှာ ဒေါ်စုကြည် ဘယ်ဘာသာ ကိုးကွယ်သလဲ ဆိုတာ အလွန်အရေးကြီးလာပါပြီ ။ ဒေါ်စုကြည် ဘယ်ဘာသာဝင်လည်း ဆိုတာ ယနေ့ထိ ပဟေဠိဖြစ်နေဆဲပါပဲ ။ သူမရဲ့ ဘာသာကိုးကွယ်မှုကလည်း စိတ်ဝင်းစားစရာ အလွန်ကောင်းလှပါတယ် ။ 

      ဗုဒ္ဓဘာဖခင် နဲ့ ခရစ်ယံမိခင်က မွေးလာပြီး မိခင်လက်ပေါ် ကြီးပြင်းလာခဲ့တဲ့ ဒေါ်စုကြည်ဟာ ဘာသာ ၂ ခုနဲ့ ရောထွေးနေပါတယ် ။ ဒီအချိန်မှာ ပိုမိုရှုပ်ထွေးစေမယ့် ဘာသာတခုနဲ့ ဒေါ်စုကြည် ပတ်သက်ပြန်ပါတယ် ။ 

     အဲဒါကတော့ သူမကဲ့ ရီးစားက မွတ်ဆလင် ဖြစ်နေတာပါပဲ ။ သူမ နဲ့ မွတ်ဆလင်ဘာသာဝင် တို့ ဘာ်အခြေအနေထိ ဖြစ်ခဲ့ကြသလဲ ဆိုတော့..........?

        မျိုးဝင်း

Related Posts:

  • ဘယ်မှာလည်း NUG အလံ😅ကုလသမဂ္ဂအစည်းအဝေးတွင် NUG အလံ မတွေ့ကြောင်း ကိုသတိုးစောပြောနယူးယောက်၊ စက်တင်ဘာ ၁၄အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၊ ကုလသမဂ္ဂ(၇၆)ကြိမ်မြောက် အထွေထွေအစည်းအဝေးကျင်းပရာ နေရာအနီးမှာ မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေ… Read More
  • ပြောမဆုံးပေါင်တောသုံး တောင် ဒေါ်စု က တကယ်တော့ ကလိန်ကကျစ် ဗျ...ပါတီ ဥက္ကဋ္ဌ ဆီကို စာပို့တာလေ...သူက NLD ပါတီ ဥက္ကဋ္ဌ..ဒုဥက္ကဋ္ဌကကြောင်တောင်တောင်ဇော်မြင့်မောင်...အခု UEC က စာပို့တယ်...ဗဟိုအလုပ်အမူ့ဆောင် တွေဆီကို ပို့ရမယ်တဲ့...သူနဲ့မဆိုင်ဘူး ဆိုဘဲ...ဒီတော့မ… Read More
  • အကုသိုလ်များတဲ့နေ့ (ဒီနေ့) ဗုဒွဟူးနေ့နေ့ခင်းပိုင်းမှာ ကြာကူလီ အောင်လက ဆရာတော်ကြီးကို စော်ကားထားတဲ့ Post တစ်ခု တင်တယ်... မကြာပါဘူး ဝိုင်းစု ဖာရှာတယ် အကောင့် Hack ခံရတယ် ဘာညာပေါ့... သူတို့ ထုံးစံအတိုင်းပေါ့...ခုချိန်ဆို တင်ထားတာလဲ ဖျက်ပြီးနေပြီ...။ နောက်အကုသိုလ်က … Read More
  • #ရေပွက်ပမာအမေရိကန်နိုင်ငံမှာ ၂၀၀၁ခုနှစ် စက်တင်ဘာလ ၁၁ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ၉/၁၁အကြမ်းဖက်မှုရဲ့ အနှစ်၂၀ပြည့်ကာလနဲ့ပတ်သက်ပြီး သတင်းသုံးသပ်ချက်တွေ အမျိုးမျိုး ထွက်ပေါ်ခဲ့ပါတယ်။တချို့ကလည်း၉/၁၁ကြုံတွေ့ခဲ့တဲ့သူတွေရဲ့ အတွေ့အကြုံတွေကို ပြန်ဖော… Read More
  • #အကြမ်းဖက်တို့ရဲ့တိုက်ကွက်အသစ် တဲ့ သတိထားကြပါ       ခုဆို ဘယ်ကဘယ်လိုပေါ်လာမှန်းမသိတဲ့ လမ်းဘေးစျေးသည် လူငယ်လေးတွေ…အထမ်းသည်လိုလို လက်တွန်းလှည်းသည်လိုလို… ဆိုက်တွဲတွေနဲ့ တစ်မျိုး  ဆိုင်ကယ်နဲ့က တစ်ဖုံ အုပ်စုလိုက် ရွှေ့လျား စစ်ဆင်တဲ့ ပုံစံမျိုး။       သူတို့ဖက်ကကြည့်ရင် ………လ… Read More