Friday, June 25, 2021

လှုပ်လေ မြှပ်လေ


            NLD ရဲ့ သဘောက်ကတွေ ကြုံးဝါးနေကြတာ ဘာတဲ့ 30 ရက်နေ့ မြို့သိမ်းတိုက်ပွဲ တဲ့လား ။ 

     မိတ်ဆွေတွေကလည်း စိုးရိမ်နေကြမှာပါပဲ ။ ဟုတ်ကဲ့ သာမန်တွေးကြည့်ရင်တော့ စိုးရိမ်စရာပါပဲ ။ ဘာကြောင့်လဲ ဆိုရင် မိထားတဲ့ လက်နက် အနေအထား ကြည့်ပြီး စိုးရိမ်ကြရတာပေါ့ ။ မမိလိုက်တဲ့ အရေအတွက် ဘယ်လောက်များနေမလဲ ဆိုတာ စိုးရိမ်စရာပါပဲ ။ 

      ကဲ NUG နဲ့  PDF တို့ ပြောထားသလို 30 ရက်နေ့ ဘာဖြစ်နိုင်မလဲ တွေးကြည့်ကြရအောင် ဗျာ ။ 

     မြို့တွေမှာ တိုက်ကွက်ဖော်ပြီ ဆိုတာ နဲ့ တပ်မတော်ကလည်း တုန့်ပြန်မှာပဲ ။ အိမ်တွေ တိုက်ခန်းတွေကြားကနေ တိုက်ကြမှာပေါ့ ။ လမ်းပေါ်က PDF ကတော့ မသာဘယ်စျေးလဲ ဖြစ်သွားမှာ သေချာတယ် ။ 

      တိုက်ခန်းတွေထဲ ပစ်ရင် ဘာဖြစ်မလဲ ။ မန္တလေးက နမူနာပြထားပြီ RPG လာမှာ ပဲ ။ လက်ခံထားတဲ့ တိုက်ခန်းပိုင်ရှင် မိသားစုလိုက် ဆွမ်းသွပ်ပေးမယ့် လူတောင် ကျန်မှာ မဟုတ်ဖူး စဥ်းစားကြပေါ့ ။  

         တပ်မတော်က စစ်ဆင်ရေးနယ်မြေဆိုရင် စစ်ရေး အမြင်နဲ့ပဲ ဆော်ပလော်တီးမှာ နော် ။ ကျည်လာတဲ့ အရပ်ကို သူ့ထက်သာတဲ့ လက်နက်နဲ့ ဆော်မှာ ပဲ ။ စပိအောက်ချိန်တောင် ရလိုက်မှာ မဟုတ်ဖူး ။ 

      ဒီတော့ သူတို့ ကြွေးကြော်သလို 30 ရက်နေ့ တိုက်ပါစေသာ ဆုတောင်းကြစမ်းပါ ။ ဒါမှ အမြစ်ပြတ် ကိုင်လို့ ရကြမှာပါ ။ 

     မတိုက်ဖူးလား ကိစ္စမရှိပါဖူး ၊ မိထားတဲ့ လူစွမ်းကောင်းတွေ အများကြီး ဖော်ကောင်ချည်းပဲ အေးအေးဆေးဆေး လိုက်ဖော်ထုတ် ဖမ်းဆီးနေမှာ ပါ ။ 

      အကယ်၍ ကြွေးကြော်ထားသလို မတိုက်နိုင်ရင် နဂိုက မှ လေလှိုင်း အစိုးရပါဆို အခုလည်း လေပါပဲ ကွာ ဆိုပြီး သူတို့လေလှိုင်း မိနေတဲ့ ထောက်ခံသူတွေ စိတ်ပျက်သွားလိမ့်မယ် ။ 

       အခုအနေအထားက NUG နဲ့ PDF အတွက် လှုပ်လေ မြှပ်လေ အနေအထားပဲ ။ မန္တလေးကိစ္စကြောင့် သူတို့ အဖွဲ့ သွေးပျက်သွားကြတယ် ။ ဒါကြောင့် တောက်တဲ့အဖမ်းခံရတာ မဟုတ်ဖူး ဘာညာ နဲ့ သိက္ခာမရှိတော့တဲ့ မီဒီယာတွေ နဲ့ ပြန်လိမ်နေကြတာပဲ ။ 

      ရှင်းရှင်းလေးပဲ မဟုတ်ဖူးဆိုရင် အဲဒီကောင် live လွှင့်လိုက် ပြီးရောလေ ။ အခုတော့ တပ်မတော်က အထောက်အထားတွေ နဲ့ ပြောနေတာကိုပဲ ဖင်ပိတ် ဗြောင်လိမ်နေရတဲ့ သွေးပျက်နေရတဲ့ အနေအထားပါပဲ ။ 

       ဒီတပွဲ အတွက် တပ်မတော်ဖက်ကလည်း တိကျပြတ်သားတဲ့ အမိန့် ပေးထားပြီလို့ ကြားသိရပါတယ် ။ သက်ဆိုင်ရာ စစ်တိုင်းမှူးများ မိမိနယ်အတွင်း စိတ်တိုင်းကျ နှိမ်နင်းခွင့်ပေးလိုက်ပါပြီ ။ အဓိကကျတဲ့ မိမိနယ်မြေအတွင်း အကြမ်းဖက်မှု ပပျောက်အောင် လိုအပ်တဲ့ အင်အားသုံးခွင့်ပြုထားပြီလို့ ကြားရပါတယ် ။ 

     သေချာတာကတော့ ဒီလိုအမိန့်ပေးလို့မှ အမြစ်ပြတ် မလုပ်နိုင်တဲ့ စစ်တိုင်းမှူးတွေ အနာဂါတ် မလှမှာ သေချာပါတယ် ။ ဒီတော့ သူတို့ကလည်း အစွမ်းကုန် လုပ်ပြကြမှာ သေချာပါတယ် ။ 

       မြေပြင်က အချိန်ကုန် လူပမ်း ဖြစ်နေတဲ့ တပ်ဖွဲ့တွေကတော့ လက်သွေးနေတာ ကြာပါပြီ ။ 

      မြို့ကြီးတွေ နဲ့ နာမည်ကြီး မြို့တွေ အတွက်တော့ နှစ်များစွာ လေ့ကျင့်ထားတဲ့ အကြမ်းဖက်နှိမ်နင်းရေး အထူးတပ်ဖွဲ့တွေ နဲ့ ညားရဖို့ အကြောင်းရှိနေပါတယ် ။ သူတို့ လက်စွမ်းကတော့ မန္တလေးမှာ အမြည်းကျွေးတာ ကြည့်ပြီး သိနိုင်ပါပြီ ။ 

      PDF တွေ လက်ခံပြီး တိုက်ခိုက်ဖို့ စိတ်ကူးထားတဲ့ တိုက်ခန်းရှင်များ နဲ့ အိုးပိုင် အိမ်ပိုင်များ အကြမ်းဖက် ဥပဒေ နဲ့ ပြစ်ဒဏ်တွေကို လေ့လာစေချင်ပါတယ် ။ မျိုးဆက်တွေ လမ်းဘေးမရောက်စေချင်ရင် အေးအေးနေကြဖို့ အကြံပြုပါတယ် ။ 

      30 ရက်နေ့ လှုပ်ရှားမှု အတွက် NUG နဲ့  PDF အတွက်ကတော့ လှုပ်လေမြှပ်လေမို့ ကြိုက်တယ် ။ 

      မျိုးဝင်း