Sunday, June 27, 2021

#_လူသိန်းချီ_သေအောင်_ကမ္ဘာ့ပထမဆုံး#____အနုမြူဗုံးကျဲခဲ့တဲ့_အမေရိကန်___


ပုလဲဆိပ်ကမ်းကို ဂျပန်ဖက်ဆစ်တွေက 
လေယာဉ်နဲ့ရုတ်တရက် ဝင်တိုက်ပြီး
  ဗုံးကျဲတော့ ဆိပ်ကမ်းမှာ ဘီယာ 
 သောက်ပြီး ယစ်ထုပ်ကြီးဖြစ်နေတဲ့ 
    အမေရိကန်တွေ အတုံးအရုန်း
    ကျဆုံးကုန်တယ်။ သောက်စား
 ပျော်ပါးနေတော့ ဂျပန် စစ်တပ်နဲ့  
 သူတင်ကိုယ်တင် တိုက်နေရတာကို
           မေ့နေတယ်လေ…။ 
ဘယ်အချိန် လာတိုက်မလဲ?ဆိုတာကို 
  စနစ်တကျ စောင့်နေရမယ့်အစား 
 သောက်စားမူးယစ်ပျော်ပါးနေတော့ 
   ရုတ်တရက် အတိုက်ခံရချိန်မှာ 
 အမေရိကန် ကစဉ့်ကလျားဖြစ်ကုန်တယ်။ 
 ပြောရရင် တိုက်ပွဲမှာ တော်တော်လေး 
    အထိနာသွားပြီး စစ်သားတွေ
 စိတ်ဓါတ်လည်း ကျကုန်တယ်ပေ့ါ။  
 လူရမ်းကားလည်း သူ့ထက်ပိုကြမ်းတဲ့
  စည်းပျက်ကမ်းပျက် ဂျပန်ဖက်ဆစ်နဲ့
တွေ့တော့…ကော့နေအောင် ခံရတာပေ့ါဗျာ။

  ဒီတော့…လူရမ်းကားအမေရိကန်
 ခေါင်းဆောင်တွေက ဘာလုပ်လဲ?
 သိလား။ ဂျပန်ကို သွားပြီး အနုမြူဗုံးကျဲဖို့
      ဆုံးဖြတ်ချက်ပေးလိုက်တယ်။ 
 မစာမနာတွေးရင် ဂျပန်ဖက်ဆစ်တွေကို
  လူရမ်းကားက ပြန်ပြီး လူညစ်ဆန်ဆန်
    အောက်လုံး ထိုးတယ်ပေ့ါဗျာ။
 နှစ်ဖက်လုံးက သူမသာ ကိုယ်မသာ 
  မဟုတ်လားဗျ။ အဲဒီတုန်းကလေ။ 
 အနုမြူဗုံးဆိုတာဟာ ကမ္ဘာ့ဖျက်အား
 အပြင်းဆုံး အရက်စက်ဆုံးလူသတ်မှုကြီးကို
  ကျူးလွန်သလို ဖြစ်စေတယ်ဆိုတာ
  အမေရိကန်က သိတယ်။ကမ္ဘာကလည်း 
 သိတယ်။ ဒါပေမဲ့ ကမ္ဘာ့ပထမဆုံး 
 အနုမြူဗုံးကို အမေရိကန်တွေကပဲ 
 ကျဲချတယ်။ စစ်ပွဲမှာ ဒါကို မသုံးရဘူး
 ဆိုတာကို သိသိကြီးနဲ့ အောက်တန်းကျစွာ
  သုံးပစ်တယ်။ ဂျပန်ကို တကယ်တမ်း
   ယှဉ်တိုက်ရင် တော်တော်လေး  
   အရေးနိမ့်လာနေမှန်း သိတော့…
 အောက်တန်းကျကျပဲ အောက်လုံးထိုး
       တိုက်ခိုက်တယ်ပေ့ါဗျာ။ 
 ပြောရရင် လက်သီးချင်း ယှဉ်ထိုးရတဲ့
   ပွဲမှာ တစ်ဖက်ကို မနိုင်တော့…
 သေနတ်နဲ့ပစ်ပြီး အနိုင်ယူသလိုမျိုးပေ့ါ။
  ဒီလိုမျိုး အောက်တန်းကျတဲ့နိုင်ငံလို့တောင်
    ပြောလို့ရတယ်။ အနုမြူဗုံးကို  
  ပထမဆုံးကျဲပစ်တယ်။ မယုံရင် 
  ရှာဖတ်ကြည့်ပါ။ ကမ္ဘာ့ပထမဆုံး 
 အနုမြူဗုံးကျဲတဲ့နိုင်ငံက ဘယ်နိုင်ငံလဲ?
  ဆိုတာ။ ပြီးတော့…အနုမြူဗုံးဟာ 
   ဘယ်လောက်အောက်တန်းကျ
   သွားတော့မှ သုံးရသလဲ?ဆိုတာ 
 ရှာဖတ်ကြည့်ပါ။ ကမ္ဘာ့ဆိုးသွမ်းစာရင်းဝင်
     ဟစ်တလာလည်း အနုမြူဗုံးကို 
 အားမပေးခဲ့ဘူး။ ဂျပန် ဖက်ဆစ်တွေ 
    ရက်စက်ကြမ်းကြုတ်ပေမယ့်…
     အနုမြူဗုံးကို အားမပေးဘူး။ 
    အမေရိကန်က ဂျပန်စစ်တပ်နဲ့ 
   တိုက်ခိုက်နေတာကို မဆီမဆိုင် 
 သာမန် အရပ်သား ဂျပန်ပြည်သူတွေ
  နေထိုင်တဲ့ ဟီရိုရှီးမားနဲ့ နာကာဆာကီကို
     အနုမြူဗုံး နှစ်လုံးကျဲပစ်တယ်။ 
 ဒါဟာ ဂျပန်ဖက်ဆစ်လူရမ်းကား
 စစ်တပ်ကြောင့် မဆိုင်တဲ့ပြည်သူတွေ
  ခံရတာ။ ခုနက လက်ဝှေ့ဥပမာနဲ့
 ပြောရရင် လက်သီးချင်း ယှဉ်ထိုးဖို့
   မနိုင်မှာစိုးလို့ သေနတ်နဲ့လည်း
 ပစ်တယ်။ တစ်ဖက်မိသားစုဝင်တွေကိုပါ 
    သေနတ်နဲ့ပစ်သတ်တယ်ဆိုတဲ့
 သဘောမျိုးပေ့ါ။ ဂျပန်ပြည်သူတွေဟာ
     သူတို့ရဲ့ဖက်ဆစ်စစ်တပ်ရဲ့
   ကမ္ဘာအရပ်ရပ်မှာ လူမဆန်စွာ
   လုပ်ခဲ့တဲ့လုပ်ရပ်တွေအပေါ် 
   အပြစ်မဲ့စွာပဲ ဘာမှမသိလိုက်ရဘဲ 
   အနုမြူဗုံးဒဏ်ကြောင့် ကွယ်လွန်
 သွားရသူတွေ၊ လူစဉ်မမီဖြစ်ရတာတွေ၊ 
 ကြီးမားတဲ့ကျန်းမာရေးထိခိုက်မှုတွေ၊ 
 သဘာဝဂေဟစနစ်ကြီးပျက်စီးမှုတွေ 
   အပါအဝင် မြို့ကြီးဟာ တကယ့်
သုသာန်တစ်စပြင်လို ဖြစ်သွားရရှာတယ်။ 
   ဒီလိုဖြစ်အောင် အမေရိကန်က 
 လုပ်ခဲ့တယ်။ အမေရိကန်တွေကပဲ 
 ရက်ရက်စက်စက် လုပ်ခဲ့ကြပြီးတော့
  စစ်သင်္ဘောပေါ်မှာ အရက်သေစာ
 သောက်စားမူးယစ်ပြီး အောင်ပွဲခံခဲ့ကြတယ်။
  လူမဆန်တဲ့လုပ်ရပ်ကို ကျူးလွန်ခဲ့တဲ့
  အမေရိကန်ဟာ ဂျပန်တွေဘက်က 
 ဝန်ချတောင်းပန် စစ်ရှုံးလက်ခံပွဲကြီးကို
   ကြီးကျယ်ခမ်းနားစွာ လုပ်ခဲ့သလို 
 ဂျပန်ကိုလည်း နှစ်(၁၀၀)စာချုပ်နဲ့အတူ
     စစ်လက်နက်တပ်ဆင်ထားတဲ့ 
 အစိုးရတပ်မတော်ဆိုတာ မရှိရဘူးလို့
    ထိန်းချုပ်ထားတယ်။ ဂျပန်ကို 
 အဲဒီနည်းနဲ့ထိန်းချုပ်ပြီး ဖက်ဆစ်
  အရိုင်းအစိုင်း စိတ်ကို အမေရိကန်
 လူရမ်းကားက ပြန်တားထားရတယ်ပေ့ါဗျာ။ 
   ဂျပန်ရဲ့လက်ရှိတပ်မတော်ဟာ…
     နိုင်ငံတော် တပ်မတော်အဖြစ် 
     အမည်ပေးမထားရဘဲ ပြည်သူ့
 လွတ်မြောက်ရေးတပ်မတော်ဆိုတာမျိုး 
  ပြည်သူဘက်ကနေ ပြန်လှည့်ပြီး 
   ဖွဲ့စည်းထားရတယ်။ ၁၉၄၅ မှာ
  ချုပ်ခဲ့တဲ့ နှစ်(၁၀၀)စာချုပ်ကြောင့်    
  ဂျပန်က အမေရိကန်ကို ယနေ့အထိ 
 သည်းခံနေပေမယ့် နှစ်(၁၀၀)က 
   မကြာခင်ပြည့်တော့မယ်။ ဂျပန်
ဖက်ဆစ်တွေ ရင်ထဲမှာ အမေရိကန်ကို 
    ဘယ်သောအခါမှ မမေ့ဘူး။
   အခွင့်ရရင် တစ်နည်းနည်းနဲ့ 
လက်တုံ့ပြန်ရမယ် ဆိုတာကို သူတို့
 နားလည်ထားကြတယ်။ အထူးသဖြင့် 
   အမေရိကန်ကို ကမ္ဘာ့လူစွာကြီး
     ဘဝကနေ လမ်းဘေးအဆင့်
 ရောက်သွားအောင် လုပ်မယ်ဆိုတဲ့  
    အိပ်မက်တွေ သူတို့မှာ ရှိတယ်။ 
  တိုးတိုးတိတ်တိတ် မက်ထားပေ့ါ။ 
 အနုမြူဗုံးကျဲခဲ့လို့ သေဆုံးသွားရတဲ့ 
     အပြစ်မဲ့ပြည်သူတွေအတွက်
 အမေရိကန်တွေက တစ်ချက်ကလေးတောင်
    တောင်းပန်တာမျိုး မရှိခဲ့သလို
 တစ်ချက်လေးတောင် ငဲ့ညှာစဉ်းစား
 ပေးတာ ယနေ့အထိ မရှိသေးပါဘူး။
  ဒီအတွက် ဂျပန်က ကျေနပ်နေတယ်
         လို့တော့ မထင်ပါနဲ့။
   အလှည့်မရောက်သေးတာပါ။ 
  ဂျပန်ကလည်း ရက်စက်ပြီဆိုရင် 
       သိတဲ့အတိုင်းပဲလေနော်။
 ဂျပန်ကို အနုမြူဗုံးကျဲပြီး လူမဆန်စွာ
 အနိုင်ယူခဲ့ပြီးတဲ့နောက်မှာ အမေရိကန် 
 လူရမ်းကားတွေက ဘာလုပ်သလဲ?
 ဆိုတော့ ကမ္ဘာမှာရှိတဲ့ ဘယ်နိုင်ငံ ကမှ
  အနုမြူဗုံး ထုတ်လုပ်ခြင်း၊ သုံးစွဲခြင်း
   မလုပ်ရ-ဆိုတဲ့ ပဋိဉာဉ်ရအောင် 
    သူ့ရဲ့အင်အားကို ပြပြီး စည်းရုံး
    လှုပ်ရှားခဲ့တယ်။ အထူးသဖြင့်  
      အမေရိကန်နဲ့ ထိုစဉ်က 
  ဆိုဗီယက်လောက်သာ ပိုင်ဆိုင်တဲ့
 အနုမြူဗုံးကို အခြားသူတွေ မပိုင် ဆိုင်
 စေချင်တာလည်း ပါတယ်။ သူတို့ကို
  ပြန်အကျဲခံရမှာလည်း ကြောက်တတ်
 သေးတယ်ပေ့ါ။ ဒီလိုမျိုး လူရမ်းကား
   ဘူဇွာက အတင်းလိုက်ပိတ်နေတဲ့
  ကြားထဲကနေ တရုတ်နိုင်ငံဟာ… ၁၉၆၄ ခုနှစ်မှာ ပထမဆုံး အနုမြူဗုံးကို
  ထုတ်လုပ်နိုင်ခဲ့တယ်။ ဒီလိုထုတ်လုပ်
 နိုင်တော့မှ တရုတ်ကို အမေရိကန်က
  တလေးတစား ဆက်ဆံလာခဲ့တာပါပဲ။
  ဥက္ကဋ္ဌ-မော်စီတုန်းဟာ သူ့ဆီက 
  ပညာရှင်တွေကို ၁၉၆၀ တုန်းက
 စတင်ပြီးတော့ စမ်းသပ်ဖို့ ခိုင်းစေခဲ့သလို
  သူ့လမ်းညွှန်မှုအတိုင်း အောင်မြင်အောင်
 လုပ်နိုင်ခဲ့ကြတယ်ပေ့ါ။ အိန္ဒိယကလည်း
  ပိုခရမ်အမည်ရှိတဲ့ အနုမြူစီမံချက်ကို
  အမေရိကန်မသိအောင် တိုးတိုးတိတ်တိတ်
  ကြိုးစားခဲ့လို့သာ ၁၉၉၈ မှာ အနုမြူဗုံး
       ပိုင်ဆိုင်တဲ့နိုင်ငံ ဖြစ်ခဲ့တာ။ 
    ဒါတောင် အမေရိကန်တွေက  
 လူရမ်းကားပီသစွာ၊ လူယုတ်ဆန်ဆန်
  လူမိုက်ဆန်ဆန်နဲ့ အိန္ဒိယရဲ့စီမံကိန်းကို
  ကမ္ဘာ့မီဒီယာအား၊ အဖွဲ့အစည်းတွေ 
 အားကိုသုံးပြီး လိုက်ဖျက်သေးတယ်။ 
 အိန္ဒိယခေါင်းဆောင်တွေ ပါးနပ်မှုကြောင့်
  အမေရိကန်ကို လူလည်ပြန်ကျပြီး 
 အနုမြူဗုံးကို လက်ဝယ်ပိုင်ဆိုင်သွားတယ်။ 
 အဲဒီနောက်မှ အိန္ဒိယကို အမေရိကန်က 
    လူလိုသူလို ဆက်ဆံတယ်။ 
 အစပိုင်းမှာ ကျွန်နိုင်ငံ တစ်နိုင်ငံလိုမျိုး 
 အထင်သေးပြီး ဆက်ဆံခဲ့သေးတယ်။
    ဒီနေရာမှာ တရုတ်နဲ့ အိန္ဒိယ
 ခေါင်းဆောင်တွေကို ချီးကျူးတယ်။ 
 ဘယ်လောက် အကောင်ကြီးတဲ့ကောင်
   တားတား သူတို့ပြည်သူတွေကို
   လူလူသူသူဖြစ်အောင် ပါးနပ်စွာ 
         လှုပ်ရှားနိုင်ခဲ့ကြတယ်။
 ကမ္ဘာမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို
       တန်ဖိုးထားပါတယ်ဆိုပြီး
   ဝါဒဖြန့်ချိနေတဲ့ အမေရိကန်ဟာ 
   သူ့နိုင်ငံတွင်းမှာ လွန်ခဲ့တဲ့နှစ် 
    (၂၀၀)ကျော် ကနေ စတင်ပြီး 
 ယနေ့အထိ ကျွန်ဇာတ်လမ်းမပြီး
 သေးသလို လူဖြူ လူမည်းပြဿနာ
မပြီးသေးပါဘူး။ အခြားနိုင်ငံငယ်တွေကိုသာ
   လူအချင်းချင်း တန်ဖိုးထားရမယ်
 ပြောပေမယ့် သူ့နိုင်ငံတွင်းမှာတော့ 
  လူမည်းတွေဟာ လမ်းဘေးခွေး  
 လောက်တောင် အဆင့်မရှိသလိုမျိုး 
            ဆက်ဆံခံရပါတယ်။ 
ကမ္ဘာ့နိုင်ငံတွေကို တည်ငြိမ်အေးချမ်းရေး
   လိုလားပါတယ်။ ဒီမိုကရေစီနဲ့ 
 လူ့အခွင့်အရေး လိုလားပါတယ်လို့
 ပြောနေတဲ့ အမေရိကန်က အခြား
   နိုင်ငံတွေရဲ့အခွင့်အရေးတွေကို  
 လိုက်ပိတ်ပင်ပါတယ်။ ဥပမာအားဖြင့် 
    အနုမြူဗုံးကို အမေရိကန်က
 အလုံးများစွာ ထုတ်လုပ်ထားတယ်။
   အခြားနိုင်ငံငယ်တွေက ထုတ်ဖို့
    ကြိုးစားရင် ကန့်ကွက်တယ်။
 ပိတ်ပင်တယ်။ သူ့နိုင်ငံမှာ ရှိခွင့်ရှိတဲ့
 အရာက အခြားနိုင်ငံမှာ ရှိခွင့်မရှိရဘူး
   ဆိုတာဟာ လူ့ဂုဏ်သိက္ခာရှိတဲ့
   နိုင်ငံတစ်ခု ဟုတ်ပ့ါမလား?လို့
    မေးရတော့မှာပါ။ အခြားသော 
 ကဏ္ဍအသီးသီးမှာလည်း အမေရိကန်က 
 ခွင့်မပြုရင် ဘာမှလုပ်လို့ မရအောင် 
   သူတို့က စီမံထားပါသေးတယ်။    
   ရေးမယ်ဆိုရင် အမေရိကန်ဟာ 
 ကမ္ဘာ့လူရှုပ်လူပွေ၊ လူ့အောက်တန်းစား
 နိုင်ငံတစ်နိုင်ငံ ဖြစ်တယ်ဆိုတာကို 
     ပြသနိုင်တဲ့အထောက်အထား
        များစွာ ရှိပါသေးတယ်။ 
   ဒီနေ့အတွက်ကတော့ လူသား
  မဆန်ဘဲ အပြစ်မဲ့ပြည်သူသိန်းချီ
  သေဆုံးစေရတဲ့ ကမ္ဘာ့ပထမဆုံး  
 အနုမြူဗုံးကျဲတဲ့နိုင်ငံက ဘယ်နိုင်ငံလဲ?
 ဆိုတာပြန်သတိရစေ ချင်ပါတယ်။  
 ဒီအတွက် တစ်ချက်ကလေးတောင် 
       တောင်းပန်မှု မလုပ်ခဲ့တာ
            ဘယ်နိုင်ငံလဲ?ဆိုတာ
 သတိရစေချင်ပါတယ်။ အခြားဘယ်
 နိုင်ငံကိုမှ အနုမြူဗုံး ထုတ်လုပ်ခွင့်
   မပြုဘဲ သူတို့ကသာ နင်းကန်
  ထုတ်လုပ်နေတာ ဘယ်နိုင်ငံလဲ?
 မေးခွန်းလေးတွေကို စဉ်းစားပြီးရင် 
 ဒါဟာ…တရားမျှတတဲ့လုပ်ရပ်လား?
 ဆိုတာ တွေးမိမယ်လို့ ယူပါတယ်ခင်ဗျာ။
#လူသိန်းချီသေအောင်ကမ္ဘာ့ပထမဆုံးအနုမြူဗုံးကျဲခဲ့တဲ့အမေရိကန်
#အနုမြူဗုံးကျဲလို့အပြစ်မဲ့ပြည်သူတွေသေရပေမယ့်တစ်ချက်မှမတောင်းပန်တဲ့နိုင်ငံ
#အနုမြူဗုံးကိုသူတို့ပဲစိတ်ကြိုက်ထုတ်ပေမယ့်အခြားနိုင်ငံတွေကိုကန့်ကွက်တဲ့နိုင်ငံ
#KMM(#KyawMyoMin)