Monday, June 21, 2021

အခြေအမြစ် အကျိုးအကြောင်း

        မနက်လင်းတာ နဲ့ ရောက်လာတဲ့ ကိုစိုးတယောက် စပ်ဖြီးဖြီးနဲ့ လောင်းကြေးနိုင်တဲ့သူကို လာကျွေးတာပါ ဗျာ ။ လက်ဖက်ရည်ဆိုင်ထိုင် စားသောက်ပြီးတာ နဲ့...

"မင်း ကြိုရေးတဲ့ သတင်းကတော့ မှန်သွားပြီ ငါမေးစရာရှိတာတွေ မေးအုံးမယ် ကွ ''

"မေးပါဗျာ ဒီလိုကျွေးမွေးပြီး မေးလို့ကတော့ နေ့တိုင်းသာမေး''

"ဒီလိုကွ ကုလမှာ သစ္စာဖောက်က ဘာလို့ တက်ရောက်ပြီး ပြောခွင့်ရသွားတာလဲ ကွ ''

"အဓိက ကျတဲ့ နစက နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ တွေဝေငေးမော မောဟ များနေတဲ့ အားနဲချက်ကြောင့်ပဲ ''

"ဟမ်.. ဘယ်လို ငါ နားမလည်ဖူး''

"သူတို့က မြန်မာနိုင်ငံ ကိုယ်စားလှယ်အဖြစ်က ဖြုတ်လိုက်ပါပြီ ပြောတယ် နောက်ထပ် ဘယ်သူ့ကို ခန့်ပါတယ်လို့ မပြောနိုင်ပဲ ဘယ်သူ့ခန့်ရမှန်း မသိပဲ အူကြောင်ကြောင် ​​ဖြစ်နေတဲ့အတွက် အဲဒီ ကွက်လပ်ကို ဝင်တိုးသွားတာပဲ နစက အပြစ် နဲ့ ဝန်ကြီး ညံ့လို့ဆိုတာ ထင်ရှားတယ် ''

"မင်းကတော့ လုပ်ပြန်ပြီ ကွာ ထားတော့ အခု လူပြော များနေတဲ့ သံဇကာ ပိတ်ထားတဲ့ ကားအကြောင်း မင်း ဘာမှ မရေးဖူးလား ရုပ်ပျက်လွန်းသကွာ ''

"လေ့လာနေတာဗျ အပြစ်တင်ရတာ သိပ်လွယ်တယ် ဇစ်မြစ် နဲ့ ဘာကြောင့် ဆိုတဲ့ အကျိုးအကြောင်းကို သိဖို့ကျတော့ အချိန်ယူရတယ် ''

"နေပါအုံး ဓာတ်ပုံတွေ ပလူပျံနေတာ မတွေ့ဖူးလား ''

"ခင်ဗျားကို ပြန်မေးမယ် အဲလိုကား ဘယ်နှစ်စီး တွေ့ထားသလဲ ရန်ကုန်မြို့လည်ဆိုရင် ကင်းလှည်းနေတဲ့ ကားတွေ အများကြီး လေ ဓာတ်ပုံက ဒီတပုံထဲ ပြပြီး ဝိုင်းဆဲနေကြရသလား အခြားပုံတွေ ဘာကြောင့် တက်မလာတာလဲ ခင်ဗျား တွေးမိသလား ''

"ဟင့် အင်း မတွေးမိပေါင်ကွာ  ဆဲစရာတွေ့လို့ လက်မနှေးအောင် ဝင်ဆဲခဲ့တာ များလှပေါ့''

"ဒါပဲလေ ကျနော်တို့ လူမျိုးတွေရဲ့ အကျင့် မှန်တွေပေါ့ ၊ မစူးစမ်း မစင်းစားပဲ အပြစ်တင်ဖို့ အကျင့်ပါနေတာကိုး ''

"ကဲ လုပ်စမ်းပါအုံး ဘာလို့ အဲလို ပုံပျက် ပန်းပျက် လုပ်ထားတာလဲ ''

"အဲဒီကားက စားအုန်းဆီ တင်တဲ့ ရိက္ခာကား ဗျ ၊ အရင်တခါ ရိက္ခာကား အဖျက်ခံထားရလို့ အထက်လူကြီးက ညွှန်ကြားတာ နဲ့ အောက်က အရာရှိက သူ့ရှိတဲ့ အကြံဥာဏ်နဲ့ ဗုံးပစ်သွင်းမရအောင် စီစဥ်ထားတဲ့ ကားဗျ လုံခြုံရေးကင်းလှည့်တဲ့ ကားမဟုတ်ဖူး ဆီသယ်ယာဥ်မို့ အဲလို ကြံဖန် လုပ်ထားတာ တဲ့ ''

"ဟိုက်...သိဖူးလေ ငါကတော့ ခြေမြန် လက်မြန် ဆဲခဲ့ပြီးပြီ ''

"အင်း အများကြီးပါပဲ ဆဲနေကြတာ ဂရုဏာဒေါသော ဖြစ်ပြီး စီမံသူတွေကို ဆဲမိကြတာပေါ့ ဗျာ ''

"အဲဒါတော့ ဟုတ်တယ် ကွာ မသိပဲ ဆဲမိတာ စေတနာ နဲ့ ပါ ''

"ဖြစ်တတ်ပါတယ် ဗျာ ကဲ ပြန်ကြစို့ ''

"ဟ နေပါအုံး ကွ မေးအုံးမယ် အခု တပ်ချုပ်ကြီး ရုရှားသွားတာ ဘာတွေ ထူးလာနိုင်မလဲ ကွ ''

"ကျနော်တို့လို သာမန်အရပ်သားတွေ ဘယ်သိနိုင်မလဲ ဗျ နိုင်ငံတော်အဆင့် ကာကွယ်ရေး ကိစ္စတွေပဲ လေ ''

"မင်း ယူဆချက်ပေါ့ ကွာ စကားပုံတောင် ရှိသေးတယ် အရူးစကား ဆယ်ခွန်း တခွန်းတော့ မှန်တယ် ဆိုလား ဘာလား လေ 😁😁''

"လုပ်ပြီ သူများ ဦးဏှောက်ဖောက်စားပြီး အကောင်း မပြောဖူး ဒီလိုတော့ တွေးမိတယ် ''

"ဘာတွေးမိတာလဲ ''

"အိန္ဒိယကနေ လေ့ကျင့်ဖို့ ဝယ်ထားတဲ့ ရေငုပ်သဘော်ကလည်း ကာလအတန်ကြာသွားပြီ ၊ ရေငုပ်သဘော်သားတွေလည်း လေ့ကျင့်ပြီးသား ဦးရေ များနေလောက်ပြီ ''

"အင်း ဒီတော့ ''

"ရေငုပ်သဘော် ဆိပ်ခံကလည်း လေးစီးစာ တည်ဆောက်ပြီးပြီ ဆိုတော့.......''

"အေး ကွ ဒါဆို မင်းရဲသိခ်သူထက် ခေတ်မှီတဲ့ တိုက်ခိုက်ရေး ရေငုပ်သဘော် အစစ်တွေ ရောက်လာနိုင်တယ်ပေါ့ ''

"ဆက်စပ်ကြည့်တာပါ ကံသေကံမ ဘယ်ပြောရမလဲ ဗျ ''

"ဒါပဲလား ကွ ''

"အင်း မဖြစ်မနေ ပါလာမှာကတော့ ခေတ်မှီလေကာစနစ် နဲ့ တိုက်လေယာဥ်သစ်ကတော့ သေချာသလောက်ပဲ ဗျ ''

"အေး ဗီယက်နမ်က SU 57 ဝယ်မယ်ဆိုတော့ ငါတောင် စိတ်ကူးနေတာ ပါလာရင် ကောင်းမယ်လို့ ''

"ပြည်ပကို ရောင်းဖို့ စီစဥ်တဲ့ နေရာမှာ ယုံကြည်ရတဲ့ မဟာမိတ်နိုင်ငံကိုပဲ ရောင်းမယ်လို့ ပြောထားတဲ့ SU 57 ကို ဝယ်ဖို့ ရောင်းဖို့ သဘောတူလိုက်တာ ဗီယက်နမ် က ပထမဆုံး မဟုတ်ဖူးလို့ မီဒီယာက ပြောသွားတော့ ပထမဆုံး ဘယ်နိုင်ငံ နဲ့ သဘောတူထားသလဲ ဆိုတာ စိတ်ကူးယဥ်စရာဖြစ်နေတာပေါ့လေ ''

"ဖြစ်ပါစေ ဆုတောင်းတယ် ကွာ''

"ကျနော်ကတော့ SU 57 ထက် စိတ်ဝင်စားတာ ရှိတယ် ဗျာ ''

"ဘာလဲ ကွ ''

"တာဝေးပစ် ဒုံးအင်ဂျင် အပူခံ နည်းပညာရဖို့ ပဲဗျ ''

"တာလတ်ပစ်အထိတော့ ထုတ်နိုက်နေတာ သေချာပါတယ် ကွာ ဒါ ပေမယ့် တာဝေးပစ်ကတော့ မလွယ်လောက်ဖူးနော ''

"အင်း သစ္စာဖောက် စိုင်းသိန်းဝင်း ခိုးသွားတဲ့ ဒုံးအင်ဂျင် အစိတ်အပိုင်းကို ကြည့်ပြီး ဒါဟာ မိုင် ၃၀၀၀ လောက် ပစ်နိုင်တဲ့ ဒီဇိုင်းဖြစ်ပြီး နောက် ဆယ်နှစ် အနည်းဆုံးလုပ်ကြရမယ့် အစပျိုး အဆင့်လို့ သတ်မှတ်ခဲ့ကြတယ် ဗျ ''

"အင်းဒါဆို အခု အနှစ် နှစ်ဆယ် ကျော်ပြီ ကွ နောက်ကော ''

"ကုန်ကျစရိတ် အသက်သာဆုံး ကမ္ဘာပတ်လမ်း ဒုံးပျံပစ်လွှတ် နည်းပညာ ပြိုင်ပွဲမှာ မြန်မာ့တပ်မတော်က အရာရှိတွေက အဆင့် ၆ ရထားတယ် ဗျ ''

"အေးဟ ရုရှားပြန်တွေ နေမှာပေါ့ အဲဒီ နှစ်ခု ချိတ်ဆက်ပြီး.......''

"နေအုံး တခု ပြောအုံးမယ် ရုရှားက မြန်မာ နဲ့ အာကာသအတွင်း လက်နက်တပ်ဆင်ခြင်း မပြုလုပ်ပါဖူး ဆိုတဲ့ စာချုပ် ချုပ်ဆိုခဲ့တာ မှတ်မိသေးလား ''

"အေး မှတ်မိတာပေါ့ ငါတို့တောင် ရီစရာ ပြောခဲ့သေးတယ် လေ ''

"ရီစရာမဟုတ်ဖူး ဗျ ရုရှားဆိုတာ ပေါကြောင်ကြောင် နိုင်ငံမဟုတ်ဖူး ကျနော်ယူဆတာက မြန်မာကို အဲဒီ အဆင့်မြင့် ဒုံးပျံနည်းပညာ သင်ပေးမှာ မို့လို့ ဒီစာချုပ် ကြိုတင် ချုပ်ဆို အာမခံချက် တောင်းတာလို့ မြင်တယ်ဗျာ ''

"အေးဟ ဒီလိုဆိုတော့ အခြေအမြစ် ကျကျ တွေးလို့ ရလာပြီ ကွ ''

"အဲဒီ သုံးချက် ပေါင်းစပ်ပြီး တနေ့ မြန်မာအင်ဂျင်နီယာတွေ ကိုယ်ပိုင်ဂြိုလ်တုကို ကိုယ်ပိုင် ဒုံးပျံ နဲ့ တင်နိုင်ရင် ဘယ်သူမှ မျက်စောင်း မထိုးနိုင်တော့ဖူး လို့ ယုံကြည်တယ် ဗျာ ''

"နေပါအုံးကွ ကိုယ်ပိုင်ဂြိုလ်တု ကို ကိုယ်ပိုင်ဒုံးပျံနဲ့ ဆိုတာ နားမလည်ဖူး ကွ ''

"ဂြိုလ်တုတွေကို ကမ္ဘာပတ်လမ်း ရောက်အောင် ဒုံးပျံနဲ့ သယ်သွားရတယ် အမေရိကန် နဲ့ ဥရောပ နည်းပညာက ဂြိုလ်တုတလုံး ကမ္ဘာပတ်လမ်းရောက်သွားဖို့ ဒေါ်လာ တစ်ဘီလီယံလောက် ကုန်တယ် ၊ ရုရှားက ဒေါ်လာ သန်း ၂၀၀ နဲ့ အခယူပြီး တင်ပေးနိုင်တယ် ၊ ဒီတော့ အမေရိကန် နဲ့ အခြားနိုင်ငံတွေက ရုရှားဒုံးပျံတွေ နဲ့ ဒေါ်လာ သန်း ၂၀၀ ပေးပြီး တင်နေကြရတယ် ဗျ ''

"သြော် ပေါက်ပြီ ကိုယ်ပိုင်ဂြိုလ်တု နဲ့ သူများဒုံးပျံ အရပ်ပြောပြောရရင် သူများကားငှားစီးတာပေါ့ ''

"Yes ခင်ဗျားတောင် အာပေါက်အောင်ပြောရင် ရိပ်မိလာပြီ ''

"ဒါကို ငါတို့က ကိုယ်ပိုင်ဒုံးပျံ ကိုယ်ပိုင်ဂြိုလ်တာ နဲ့ တင်နိုင်ပြီ ဆိုရင်တော့........''

"တာလတ်ပစ်တို့ တာဝေးပစ်တို့ ဆိုတာ ကစားစရာ အဆင့် ရောက်သွားမှာပေါ့ ကိုစိုးရာ ''

"အေးဟ မင်းစကားကြားရတာ မစားရ ဝခမန်း ဖြစ်ရသလို အခြေအမြစ် နဲ့ အကျိုးအကြောင်း ခိုင်မာနေတော့လည်း မျှော်လင့်ချက် ရှိပြီး အားတက်ရပြန်ရောဟေ့ ''

"ကဲ ဒီနေ့တော့ အာပေါက်ပြီ ပြန်ကြစို့ ဆက်ပြောရရင် ခင်ဗျားကို ငပိကျော်ကြွေးတော့မယ် ''

"ကဲ ပြန်ဆို ပြန်ပါ့မယ် ကွာ တနေ့တလေ စိတ်ချမ်းသာ ကိုယ်ချမ်းသာ ပြန်ပါရစေ ''

          မျိုးဝင်း