Sunday, June 13, 2021

Public Press 🍁

မနေ့က သတင်းစာရှင်းလင်းပွဲမှာ သတင်းမီဒီယာတွေကို ‌ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောလိုက်တဲ့ မှတ်ချက်ကလည်း အတော်ဂယက်ထသွားတယ်။ သတင်းဆိုလို့ ဒီနံနက်အစောပိုင်းမှာပဲ (June 12. 2021) ရက်စွဲနဲ့ New York Times က ဆောင်းပါးတစ်ပုဒ်ဖတ်ဖြစ်တယ်။  'In Myanmar, Healthcare's Collapse Takes It's Own Toll' ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျန်းမာရေးကဏ္ဍပြိုလဲမှုနဲ့ လူသေဆုံးမှု မြင့်တက်လာရတဲ့ကိစ္စတွေကို ရေးသားဖော်ပြထားပါတယ်။ 

စုံတကာစေ့နေတဲ့ အကြောင်းအရာတွေကို ဧရာမ နီပိန်းဗားရှင်းနဲ့ဖော်ပြထားတဲ့ အဆိုပါဆောင်းပါးမှာ စဖွင့်ကတည်းက 'ဆေးကုသမှုမပေးတဲ့ ဆရာ၀န်တွေကို လူနာတွေက အပြစ်မတင်ဘူး' ဆိုတဲ့ အဖွင့်လေးနဲ့ စ ၀င်ထားပါတယ်။ လမ်းပေါ်မှာ ကလေးတွေ ဒီလောက်ပစ်သတ်ခံနေရတဲ့အခိုက် ကိုယ့်ရောဂါနဲ့ကိုယ်သေသွားလည်း ၀မ်းမနည်းဘူး - ဆိုတဲ့ အပြောလေးကို ဖော်ပြထားပါတယ်။ 

ဒီလို လော့ဂျစ်ရှိတဲ့ နီပိန်းတွေကို ပြောစရာရှိပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံဆိုတာ ပြည်တွင်းလက်နက်ကိုင် တိုက်ပွဲတွေနဲ့ နေရာတကာ စစ်ဖြစ်ပြီး စစ်ဘေးရှောင်စခန်းမှာ ကလေးတွေ ငတ်ပြတ်နေတာကြာပြီဖြစ်တဲ့ နိုင်ငံပါ။ လူမမယ် တိုင်းရင်းသား ကလေးငယ်ပေါင်းများစွာ စစ်ဘေးဒဏ်ကြောင့် သေဆုံးခဲ့ရပြီးပါပြီ။ နှစ်ခြောက်ဆယ်ကျော် ပြည်တွင်းစစ်ဒဏ်ခံရပြီး ကလေးတွေ သေခဲ့ကြပြီးတဲ့နောက် ဒေါ်စုကြည်ပြုတ်ကျလို့ လမ်းပေါ်တက်သောင်းကျန်းတဲ့ ဂျီဇက်တွေသေမှ ၀မ်းနည်းတတ်နေရင် ဟုတ်ကဲ့... RIP ပါ။ 

ဆရာ၀န်ဆိုသူရဲ့ အပြောကိုလည်း ဖော်ပြထားသေးတယ်။ 
'ရက်သတ္တပတ်တိုင်း လူနာ ရာနဲ့ချီ သေဆုံးနေတာကို ကျွန်တော်သိပါတယ်' လို့ ဆန္ဒပြဆရာ၀န်တစ်ဦးဖြစ်ပြီး ယခုအခါ ကိုယ်ပိုင်‌ဆေးခန်းမှာ ‌ဆေးကုသနေတဲ့ ဒေါက်တာကျော်မိုး က ပြောပါသတဲ့။  
'ဒါပေါ့.. ကျွန်တော် သိပ်၀မ်းနည်းပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ နိုင်ငံရဲ့ စစ်အာဏာရှင်ကို ဖြုတ်ချဖို့က ပိုအရေးကြီးတယ်။  ဒီလိုမှမဟုတ်ရင် တိုင်းပြည်ရဲ့ အနာဂတ်မျိုးဆက်တွေ သေကုန်လိမ့်မယ်' လို့ ပြောပါသတဲ့။ 
ဘယ်လောက် ရွံစရာကောင်းလိုက်တဲ့ ဆရာ၀န်ပါလဲ။ သူတို့တွေရဲ့လက်ချက်နဲ့ တစ်ပတ် တစ်ပတ်ကို လူနာရာချီသေနေမှန်း သူသိတယ်။ အဲဒီ သေဆုံးသူတွေထဲမှာ အသက်အရွယ်စုံ၊ လူတန်းစား အလွှာစုံမက သူပြောတဲ့ မျိုးဆက်တွေထိ ပါတယ်။ လိပ်ပြာသန့်သလား။ ဒီလူတွေကို သေအောင်ပစ်ထားပြီး ကိုယ့်စီးပွားအတွက်ကိုယ် ဆေးခန်းထိုင်ရင် စစ်အာဏာရှင်ပြုတ်ကျမယ်လို့ သူ့ ရွံစရာဦးနှောက်ကြီးက လက်ခံထားသလား။ 

ဒီလို သေးသိမ် အောက်တန်းကျတဲ့အသိနဲ့ ဆရာ၀န်က တော်လှန်ရေး သူရဲကောင်းပေါ့။ ဒီတော့ 'ခင်ဗျားတို့တွေ လူနာတွေကို တာ၀န်ယူနိုင်လား၊ မွေးလူနာတွေ၊ အရေးပေါ်လူနာတွေကို တာ၀န်ယူနိုင်လား၊ တာ၀န်ယူနိုင်ရင် ကျွန်တော် CDM လုပ်မယ်' ဆိုတဲ့ ဒေါက်တာ နေဇော်အောင်က ဘာပြောတုန်း။ အပြစ်မဲ့ လူနာတွေရဲ့အသက်ကို ကိုယ့်အသက်ထက်တောင် ပိုတန်ဖိုးထားခဲ့တဲ့ ဒေါက်တာနေဇော်အောင်က ဘာပြောတုန်း။

Hippocrates Oath တွေ၊ ဆရာ၀န်တို့ရဲ့ ကတိသစ္စာ‌တွေ ကျွန်တော် မပြောသေးဘူး။ အခု စစ်ဆေးရုံကြီးမှာ တပ်မတော်သားတွေရဲ့ သွေးတွေနဲ့ အသက်ဆက် ဆေးကုသမှုပေးနေတဲ့ လူနာတွေထဲ ကျောင်းဗုံးခွဲဖို့လုပ်ရာက ကိုယ့်ဘာသာကိုယ် ထကွဲပြီး သေမလိုရှင်မလို ရောက်လာတဲ့လူ‌တွေ၊ ခြေပြတ်လက်ပြတ် ဂျန်ဇက်တွေ၊ ဖိုးသော်တို့လိုလူတွေ အများကြီးပဲ။ သူတို့တွေ ဗီလိန်ဖြစ်စေချင်နေတဲ့ စစ်တပ်ကတောင် လူတန်းစားမရွေး၊ လူကောင်း လူဆိုး၊ လူယုတ်မာမရွေး ကုသပေးနေတဲ့ အချိန်မှာ လူတွေသေအောင်ပစ်ထားတာ တော်လှန်ရေးတဲ့လား။ ဆရာ၀န်ဖြစ်ဖို့ မထိုက်တန်တဲ့လူတွေ....။ 

ရှိသေးတယ်။ ဒီဆောင်းပါးထဲမှာ စစ်တပ်က ဆေးရုံတွေမှာ တပ်စွဲထားလို့ပဲ ဆရာ၀န်တွေ ထွက်ပြေးရပြီး ဆေးကုမယ့်လူမရှိလို့ လူသေသလို ရေးထားပါတယ်။ တကယ်က ဆရာ၀န်တွေ၊ သူနာပြုတွေကအစ ဆေးရုံလုံးကျွတ် CDM ဆိုပြီး ‌ဆေးရုံပိတ် ထွက်သွားခဲ့ကြတာ တစ်ပြည်လုံးအသိ။ အပြင် ပုဂ္ဂလိက ဆေးခန်းတွေမှာ ပျော်ပျော်ကြီး ငွေယူ၊ ဆေးကုနေတဲ့လူတွေကများ တုံးအတဲ့ ပြည်သူတွေကို နားလှည့်ပါးရိုက်လုပ်ရက်တယ်။ ‌‌ကျင့်၀တ်သိက္ခာကို ဘေးချိတ်ပြီး ကြည်ညိုခံချင်တယ်။ CDM အဖျက်သမားတွေရန်ကြောင့် စစ်တပ်က လုံခြုံရေးယူပေးတော့လည်း စစ်တပ်ကြောင့် ဆေးရုံကို မလာရဲကြတာဖြစ်ရပြန်ပါတယ်။ တစ်သက်နဲ့တစ်ကိုယ် ဒီလောက် သူရဲဘောကြောင်ပြီး အောက်တန်းကျတဲ့လူတွေ မတွေ့ဖူးဘူး။

ဒီကြားထဲ သေတဲ့လူ‌တွေကပါ ကျေနပ်‌နေသလိုရေးထားတော့ သူ့အရပ်နဲ့ သူ့ဇာတ်ပဲပေါ့။ 

Covid 19 ကလည်း ကူးစက်မှု များနေတုန်းဆိုတော့ ဒီလို အခြေအနေကြီးမှာ ကျင့်၀တ်မဲ့ဆရာ၀န်တွေရဲ့ ပျက်ကွက်မှုဟာ တကယ်ပဲ အထိအခိုက်ကြီးနိုင်ပါတယ်။ လူနာတွေ ‌အုံနဲ့ကျင်းနဲ့ သေကောင်း သေနိုင်ပါတယ်။ သေခဲ့သည်ရှိသော် အဲဒါဟာ ဆရာ၀န်တွေရဲ့ လူသားမျိုးနွယ်အပေါ် ရာဇ၀တ်မှု ကျူးလွန်ခြင်းပါပဲ။ ဘယ် ကျင့်၀တ်ရှိတဲ့ ‌ဆေး၀န်ထမ်းမှ လက်မခံနိုင်စရာ အကျင့်ပျက် လူသေစေမှုပါ။ ကိုယ့်ကို ဆန့်ကျင်နေတဲ့ အကြမ်းဖက်သမားတွေကိုတောင် လက်ခံ ဆေးကုသပေးနေတဲ့ တပ်မတော်နဲ့ယှဉ်ရင် မြင့်မိုရ်တောင်နဲ့ ဆီးစေ့မက ကွာခြားပါတယ်။ 

ဒီတော့ ပြောချင်တာက - 

- နှစ်ကာလရှည် ပြည်တွင်းစစ်မှာ ကလေးများစွာ သေဆုံးခဲ့ပါလျှက် ဂျန်ဇက်ကျမှ လာစာနာနေရင်တော့ RIP ပါ။ 

- ပြည်သူ့ဆေးရုံမှာ လူနာတွေသေအောင်ပစ်ထားပြီး အပြင်ဆေးခန်းမှာ ငွေယူဆေးကုတာကမှ တော်လှန်ရေးဆိုရင်တော့ ကျရှုံးဖို့သာပြင်ထားပါ။ 

- အပြစ်မဲ့ပြည်သူတွေ တစ်ပတ်ကိုရာနဲ့ချီသေတာကို သိသိကြီးနဲ့ပစ်ထားတဲ့အခိုက် တပ်မတော်ဆေးရုံတွေမှာ အကြမ်းဖက်သမားတွေကိုပါမချန် အသက်လုပေးနေပါတယ်။ 

- အမှန်တရားနဲ့ပဲ အမုန်းခံလိုက်ပါ။ အလိမ်အညာနဲ့တော့ အသနားမခံချင်ပါနဲ့။ အောက်တန်းစားဆန်ပါတယ်။ 

New York Times ပါ ဆောင်းပါးဟာ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးကဏ္ဍ အကြပ်အတည်းကို ခေါင်းစဉ်တင်ထားပေမဲ့ အမှန်တကယ်မှာတော့ အသိဉာဏ်နည်းတဲ့ လူတန်းစားကို ချနင်းပြီး တော်လှန်ရေးအမည်ခံနေတဲ့ လူသားမျိုးနွယ်အပေါ် သတ်ဖြတ်မှုကြီးအကြောင်းပါပဲ။ ကမ္ဘာကြီးကို လိမ်နိုင်ပါတယ်။ ကာယကံရှင်တွေကို လိမ်လို့မရဘူး။ CDM ကြောင့် သေဆုံးခဲ့ရတဲ့ အပြစ်မဲ့လူနာ‌တွေရဲ့ ဝိညာဉ်တွေကို လိမ်လို့မရပါဘူး။ 
သန့်နေစိုး (13. Jun. 2021)
*
*
*
#Notice to Facebook Myanmar Team, this article based on the article of New York Times, expressing situation in Myanmar is far worse than any media focused. It's not about revolution. It's about Hippocrates Oath. It's about humanity. It's not about personal agitation. It's about life and death. 
My article simply denotes tragedy of innocent Myanmar civilians and it doesn't go against any of the community standards of Facebook.

Reliable source is referred as follows, 

https://www.nytimes.com/2021/06/12/world/asia/myanmar-coup-doctors-health.html

Related Posts: