Monday, June 14, 2021

အဖြူထည် လူငယ်များအတွက် ၈၈ & ၂၁ ဂျင်းဆိပ်ဖြေဆေး (25)

        ဦးသိန်းစိန်ဟာ ညောင်ပင်ကြီးစုရွာကနေ မြေဧက ၂၀ ကျော်ကို 2012 - 2013 ခုနှစ်တွေမှာ အဲဒီရွာသားတွေကိုပဲ ဝယ်ခိုင်းခဲ့ပါတယ် ။ အဲဒီထဲမှာပဲ ကော်ဖီဆိုင်ဖွင့်ထားတယ် ။ 

       အဲဒါကို ဧက ၅၀၀ သိမ်းထားတာ အခုနေ အရေးယူလို့ ရပြီဆိုပြီး အာဃာတကြီးစွာ နဲ့ ပင်နီတသိုက် လယ်ကွင်းထဲ ရောက်လာတာပါပဲ ။ မီဒီယာတွေကလည်း ဖွထားကြပါပြီ ။ တကယ်စစ်ဆေးတော့ ဦးသိန်းစိန် ဝယ်ထားတာ ဧက ၂၀ ကျော် ၊ ပိုင်ရှင်အဟောင်းလည်း ရှိသေးတယ် ၊ အသိသက်သေတွေလည်း မသေသေးဖူး ။ 

     သူတို့ လက်ညှိုးထိုးပြတဲ့ လယ်မြေတွေမှာလည်း ပိုင်ရှင်တွေ ဖြစ်တဲ့ ညောင်ပင်ကြီးစုရွားသားတွေက သူတို့ပိုင်မြေတွေသာ ဖြစ်ကြောင်း ပြောကြလို့ ပင်နီတသိုက် ပြန်လာခဲ့ကြရပါတယ် ။

     ဒါက လယ်မြေ ဧက ၅၀၀ ရှင်းတမ်းပါ ။ နောက် သိန်း နှစ်သောင်းတန် နို့စားနွားတွေ မွေးထားပြီး နွားနို့ ရောင်းစားတယ် ဆိုတဲ့ ကောလဟာလ ကလည်း ရီစရာပဲ ဗျ ။ 

       နွားမတကောင်က နွားနို့ ဘယ်လောက် ထွက်မှာလဲ ဗျာ ။ တနေ့ လီတာ ၁၀၀ ထွက်မှာလား ၊ နွားနို့ တလီတာ ဘယ်စျေးလဲ ၊ အဲဒီနွားဖိုး သိန်း နှစ်သောင်း ဘဏ်အပ်ထားရင် တလ သိန်း ၁၆၀ လောက် အတိုးရမှာလေ ။ နွားနို့ဖိုးက ဘယ်လောက်ရမှာလဲ ဗျ နွားချေးကျုံးရတာ အလုပ်ပိုအုံးမယ် ။ ဖြစ်နိုင် မဖြစ်နိုင် ချင့်ချိန်ပေတော့ ဗျာ ။ 

       သူ့ဘာသာ မုန့်ဟင်းခါး ရောင်းစားမယ်ပြောတာကိုလည်း စကားအဖြစ် ပြောမှန်းမသိ အခုထိ လှောင်ပြောင်နေတုန်း ။ ဦးသိန်းစိန်က 

-ဗိုလ်ချုပ်ကြီးအဆင့် ပင်စင်နဲ့ အခြားခံစားခွင့်

-နအဖလက်ထက် ဝန်ကြီးချုပ်ပင်စင်နှင့် အခြားခံစားခွင့်

-ယခု ၂၀၀၈ ခြေ / ဥ အရ သမ္မတ ပင်စင် နှင့် အခြားခံစားခွင့် 

     အဲဒီ ၃ မျိုးလုံး တရားဝင် ခံစားခွင့်ရှိထားလို့ နှစ် ၅၀ အတွင်း တရားဝင် ငွေဖြူ အများဆုံး ခံစားခွင့်ရှိသူ အဖြစ် စံချိန်ချိုးထားသူလေ ။ သူက မုန့်ဟင်းခါး ရောင်းမှ ထမင်းစားရမှာလား တွေးကြည့်လေ ။ 

      ကဲ ကောလဟာလ ပြီးတော့ NLD ရဲ့ အရည်အသွေးကို ပြန်ကြည့်ပါစို့ ။ NLD ဟာ ဒုဝန်ကြီးတွေ မထားဖူး တဲ့ ဘဏ္ဍာရေး ချွေတာ တာဆိုပဲ ။ 

     ဝန်ကြီးဌာနတွေ ပေါင်းပစ်တယ် ။ 

     ရက် ၁၀၀ စီမံကိန်း ဆိုပြီး လေကြီးမိုးကြီး လုပ်ကြတယ် ၊ ဘာမှ ဖြစ်မလာတော့ ရက်တရာ နဲ့ ဘယ်လို လုပ် အောင်မြင်မလဲ တဲ့ ။ 

        နိုင်ငံခြားသားတွေ အကြံပေးငှားတယ် ။ အကြံပေးတွေ ဘယ်လောက် ယုတ်မာသလဲ ၊ ဘယ်လောက် သြဇာကြီးပြီး ပြည်တွင်းရေးကို ဝင်စွက်နေသလဲ တွေးကြည့်ပါ ။ ဂျိုးဖစ်ရှာ မပြောနဲ့ ရှောင်တာနယ် ဘယ်လို လုပ်သွားလဲ ကြည့်ပါ ။ 

 ...........အဲဒီ အကြံပေးဆိုတဲ့ အနောက်အုပ်စု စပိုင်တွေဟာ ကျနော်တို့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်သွားမှာ အင်မတန် စိုးရိမ်နေဟန် ရှိပါတယ် ။ ပေးသမျှ အကြံတွေက ဒုက္ခရောက်ဖို့ ချည်းပဲ ဆိုတာ တွေ့နေရတာကိုး ဗျ ။

........ဟ ဒီအကြံပေးဆိုသူတွေဟာ အစိုးရကို ဩဇာပေးလို့ရမလား ဆိုပြီး စောဒကတက်စရာ ရှိပါတယ် ။ သူတို့ရဲ့ လုပ်ပိုင်ခွင့် တခုကို ဥပမာ ပြောပြပါမယ် ။

.........ရှောင်တာနယ် ဆိုတာ မြန်မာပြည်ကို မွဲသထက်မွဲအောင် ပြည်သူတွေကို ငတ်သထက်ငတ်အောင် မီတာခတိုးတာကနေ အုန်းရေအထိ အခွန်ကောက်အောင် အကြံပေးနေတဲ့ လူစုတ်ပဲ့ပါ ။

........ သူ့လုပ်ပိုင်ခွင့် ကြည့်ပါ ။
မြန်မာနိုင်ငံ ရေကြောင်းရဲတပ်ဖွဲ့ အတွက် လိုအပ်တဲ့ အမြန်သွား စပိဘုတ်တွေ ဝယ်ယူဖို့ ကိစ္စဖြစ်လာပါတယ် ။ ရေကြောင်းရဲမှူးကြီးဟာ စပိဘုတ်ဝယ်ရမယ့် ကိစ္စအတွက် ခွင့်ပြုချက်တောင်းခံပြီး အမျိုးအစား နဲ့ ခွင့်ပြုငွေ အတွက် ရှောင်တာနယ် နဲ့ တွေ့ရပါသတဲ့ ။

........NLD အစိုးရရဲ့ မည်သည့် တာဝန်ကျ ပုဂ္ဂိုလ်နဲ့ မှ တွေ့ဆုံရန် မလိုအပ်ပဲ ရှောင်တာနယ် ဆုံးဖြတ်ပေးတဲ့ စပိဘုတ်အမျိုးအစား နဲ့ ငွေကြေးပမာဏကိုသာ သုံးခွင့်ရခဲ့ပါတယ် ။

..........နောက်တခုက ပိုပြီး ရင်နာစရာ ကောင်းပါတယ် ။ ထိုင်းဖက်က ကုန်စည်ထုတ်လုပ်နေတဲ့ စက်ရုံအများစုဟာ လိုင်စင်သက်တန်း ကုန်သွားတော့ ကရင်ပြည်နယ်ထဲမှာ လာရောက်တည်ဆောက်ဖို့ ကမ်းလှမ်းခဲ့ပါတယ် ။

........ကရင်ခေါင်းဆောင် စောမူထူး​စေဖိုးကိုယ်တိုင် အားတက်သရော ကူညီပြီး မြေနေရာ ရှာပေးပါတယ် ။ သံဖြူဇရပ်မှာ ဧက ၂၀ဝ၀ဝ တွေ့ပါတယ် ။ အားလုံးညှိနှိုင်းပြီး စက်ရုံတွေ အစုလိုက် အပြုံလိုက် သံဖြူဇရပ်မှာ ရွှေ့ပြောင်းလာဖို့ ၂ ဖက် စီးပွားရေး သမားတွေ စီစဉ်ကြပါပြီ ။

.......တချိန်က မြန်မာတွေ ထိုင်းမှာ အလုပ်လုပ်ခဲ့ရတဲ့ စက်ရုံတွေ မြန်မာပြည်ထဲ ရောက်လာမှာ ဖြစ်လို့ တိုင်းတပါးသွားပြီး အလုပ်လုပ်စရာ မလိုတော့ဘူး ဆိုတာနဲ့ တန်ပါတယ်လို့ မြန်မာ စီးပွားရေး လုပ်ငန်းရှင်က ပြောခဲ့ပါတယ် ။

........အဲဒီလို အားလုံး စီစဉ်ပြီးတော့မှ ဒေါ်စုကြည် အစိုးရထံ အစီရင်ခံစာ တက်ကြပါတယ် ။ အစိုးရထံက ခွင့်ပြုမိန့် တရားဝင် ချပေးတာနဲ့ လုပ်ငန်းစဖို့ အသင့် ဖြစ်နေပါပြီ ။ အဲလို ၂. ဖက်လုံးက လုပ်ငန်းရှင်တွေ MOU ထိုးဖို့ အသင့်စောင့်နေချိန်မှာပဲ ဒေါ်စုကြည် အစိုးရက ခွင့်ပြုမပေးခဲ့ပါဘူး ။

.......မည်သည့် အကြောင်းပြချက်မှ မပေးပဲ ဒီလောက်ကောင်းတဲ့ စီမံကိန်းကို ခွင့်ပြုမပေးခဲ့ရခြင်းရဲ့ နောက်ကွယ်မှာ နိုင်ငံခြားသား အကြံပေးတွေ သေချာပေါက် ရှိနေပါတယ် ။
သူတို့ထင်သလို ခြယ်လှယ်နိုင်ဖို့ ဆိုတာ မြန်မာပြည် မွဲနေဖို့ ငတ်နေဖို့ လိုပါတယ် ။

....... ဖွံ့ဖြိုးတိုးတက်လာပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ရင် သူတို့ဩဇာ မလွှမ်းနိုင်တော့မှာကို အလိုမရှိကြပါဘူး ။
ဒါကြောင့် ဒေါ်စုကြည် အစိုးရဟာ သူတို့ သေဆိုရင်သေ ရှင်ဆိုရင်ရှင် အနေအထားနဲ့ ရပ်တည်နေရတာကိုး ။

- ထိုင်းစက်မှုဇုံတခုလုံး ရွှေ့ပြောင်းလာမှာကို လက်မခံခြင်း

-သံမဏိစက်ရုံများအား အကြောင်းပြချက် မခိုင်လုံပဲ ပိတ်ပင်ခြင်း

-စီးပွားရေး အကြံပေးဆိုသူဟာ ပြည်ထဲရေးဝန်ကြီးဌာန ရဲ့ လိုအပ်ချက်အထိ လွှမ်းမိုးထားနိုင်ခြင်း

(သူသဘောတူမှ ဝယ်လို့ရပါသတဲ့ နိုင်ငံခြားငွေ သူကိုင်ထားသတဲ့)

......အစရှိတဲ့ မထော်မနန်း အလုပ်တွေကြောင့် အကြံပေးတွေ ပေးနေတဲ့ အကျန်တွေနဲ့ တိုင်းပြည်ထူထောင်နေရမှတော့ ဘယ်တော့မှ တိုးတက်လာမှာ မဟုတ်ပါဘူးဗျာ ။

          အဲဒါတွေထက် ဆိုးဝါးတဲ့ ပြဿနာကတော့ အားလုံးသိတဲ့ အတိုင်း ၂၀၁၇ မှာ ဖြစ်ခဲ့တဲ့ ရခိုင် ပြဿနာဖြစ်ပါတယ် ။ အားလုံးသိထားပြီး ဖြစ်လို့ အနည်းငယ်ပဲ ရေးပြပါမယ် ။ 

       ပြဿနာဖြစ်ပြီ တပ်မတော်က ရှင်းလင်းပြီ ။ အဲဒီနောက်ပိုင်းကျမှ ဒေါ်စုကြည်ဟာ တိုင်းပြည်ကို ချောက်ထဲ ဆွဲချမယ့် စီမံကိန်း အကောင်အထည်ဖော်တော့ တာပါပဲ ။ ဘယ်လိုလုပ်ခဲ့သလဲ ပြန်ကြည့်ပါ.......

         မျိုးဝင်း