Monday, June 21, 2021

ကုလသမဂ္ဂလှိုင်းလုံး

       ကုလသမဂ္ဂရဲ့ အစည်းအဝေးမှာ အရေးပါတာရော မပါတာရော ဖွနေတာကို တွေ့ရပါတယ် ။ ဘာတွေလဲ ဆိုတော့ 


၁ ။ NUG က ပြည်တွင်းသစ္စာဖောက် သံအမတ်ဟောင်း တက်ရောက်ခွင့်ပြုတဲ့ ကိစ္စ

(ဒါကို နိုင်ငံခြားရေး ဝန်ကြီးဌာန က ထိထိရောက်ရောက် ကန့်ကွက်ထားတာ တွေ့ရပါတယ် ။ ကုလစင်မြင့်ဆိုတာ ကိုယ်ပိုင်မဟုတ်ပဲ သူတပါးစင်မြင့်ဆိုတော့ ဒီလောက်ပဲ လုပ်​ပြတာကိုက တာဝန်ကျေတယ်လို့ ယူဆပါတယ်)

၂ ။ နစက နဲ့ NUG ဘယ်အစိုးရကို ကုလသမဂ္ဂက အသိအမှတ် ပြုရမှာလည်း ဆိုတော့ နစက ကိုပဲ အသိအမှတ် ပြုပါတယ် တဲ့ ။

( နိုင်ငံပေါင်း ၁၁၉ နိုင်ငံက နစက ကို ထောက်ခံပြီး တူရကီ တနိုင်ငံတည်း ကန့်ကွက်ပါတယ် ၊ USA ၊ UK နဲ့ အနောက်အုပ်စုက မကန့်ကွက်ရဲပေမယ့် ကြားနေခဲ့ပါတယ် ။ သူတို့ ကန့်ကွက်ပြီး သံရုံးပိတ်မပြန်ကြပါဘူး ၊ ရသေ့စိတ်ဖြေ သူတို့ ကျွန်တပည့်လေးတွေ အတွက် ကြားနေအဆင့်နဲ့ ချွေးသိပ်ထားတာ ပါ ၊ တချိန်ချိန်မှာ သုံးလို့ ရနိုင်ကောင်းပါရဲ့ ဆိုတဲ့ အယူအဆနဲ့ ကျွန်ပေါက်လေးတွေ မွေးမြူထားတဲ့ သဘောပါ)

၃ ။ လက်နက် ကိစ္စ ပြောရရင် မရောင်းရဘူးလို့ ပိတ်ပင်တာ မဟုတ်ဖူး မရောင်ကြပါနဲ့ ခင်ဗျလို့ တောင်းပန်တာ ၊၊

......အိန္ဒိယက ဒါဟာ အလျှင်စလိုနိုင်တဲ့ ဆုံးဖြတ်ချက် တဲ့ ၊ တရုတ်က သူတပါးပြည်တွင်းရေးကို ဝင်စွတ်တာ တဲ့ ၊ ကဲ အိမ်နီးခြင်း နျူပိုင်ရှင် နိုင်ငံကြီး ၂ ခုက ဒီလိုပြောနေမှတော့ တပ်မတော်က ခွေးမောင်းစရာ လိုအုံးမလား ။ 

     နောက်ပြီး တပ်မတော်က ပြည်ပ ရောင်းလက်ကို အားကိုးနေရမယ့် တပ်မတော် မဟုတ်တော့ပါဘူး ။ အနည်းငယ် ပြောချင်ပါသေးတယ် ။ ​

      ကြည်း ရေ လေ ဆင်ဖြူရှင် ပူးပေါင်းစစ်​​ရေးလေ့ကျင့်ပွဲကြီး ကျင်းပပြီး နိုင်ငံတကာ စစ်သံမှူးတွေကို ဖိတ်ခေါ်ပြပါတယ် ။ စစ်သံမှူးတွေ နဲ့ သတင်းထောက်တွေက လက်နက် ခဲယမ်း ဒုံးပျံ အစစ်တွေ နဲ့ ပစ်ခတ်ပြနေတဲ့ ကြီးမားတဲ့ လေ့ကျင့်ရေး ပွဲကြီးကို ကြည့်ပြီး လက်နက်တွေက ဘယ်နိုင်ငံထုတ်တွေ သုံးပါသလဲ မေးကြပါတယ် ။ 

       တပ်ချုပ်ကြီးက တခွန်းပဲ ပြန်ဖြေတယ် အားလုံးအံ့သြပြီး မယုံနိုင်အောင် ဖြစ်သွားပါတယ် ။ တပ်ချုပ်ကြီး ပြောသွားတာက

"90 % ပြည်တွင်းထုတ်လုပ်နေပြီး ကျန်တာကိုသာ ပြည်ပကနေ ဝယ်ရတာပါ ''

       အဲဒါ ကြွားတာမဟုတ်ဖူး တကယ်ဖြစ်စဥ်ကို ပြောသွားတာပဲ ဆိုတာ လေ့လာကြည့်ပါ ။

-MA (1) ၅.၅၆ မီလီမီတာ ချေမှုန်းရေးရိုင်ဖယ်

-MA စီးရီး

- MA (1) ၅.၅၆ မီလီမီတာ ချေမှုန်းရေးရိုင်ဖယ်

- MA(2) ၅.၅၆ မီလီမီတာ အပေါ့စားစက်သေနတ်

-MA(3) ၅.၅၆ မီလီမီတာ ကာဘိုင်

-MA (4) .၅.၅၆ မီလီမီတာ ချေမှုန်းရေးရိုင်ဖယ် (၄၀ မီလီမီတာ ဗုံးပစ်လောင်ချာ တွဲ)

-MA (5) ၉ မီလီမီတာ ပစ္စတို

-MA (6) ၁၂၀ မီလီမီတာ အဝေးပစ်မော်တာ

-MA (7) ၆၀ မီလီမီတာ အဝေးပစ်မော်တာ

-MA(8) ၈၁ မီလီမီတာ အဝေးပစ်မော်တာ

-MA(9) ၆၀ မီလီမီတာ ကွန်မန်ဒိုမော်တာ

-MA (10) ၄၀ မီလီမီတာ ဒုံးပစ်လောင်ချာ

-MA (11) ၅.၅၆ မီလီမီတာ ချေမှုန်းရေးရိုင်ဖယ်

-MA (12) ၅.၅၆ မီလီမီတာ စက်ကလေး

-MA(13) ၉ မီလီမီတာ အူဇီစက်သေနတ်ကလေး

-MA(14) ၈၁ မီလီမီတာ နောက်ပွင့်လောင်ချာ

-MA(15) ၇.၆၂ မီလီမီတာ အလတ်စားစက်သေနတ် (စက်လတ်)

-MA(16) ၀.၅ လက်မ စက်သေနတ်

-MG စီးရီ:

- MG(1) ပလတ်စတစ် လက်ပစ်ဗုံး

-MG(2) ၄၁ မီလီမီတာ ရိုင်ဖယ်လက်ပစ်ဗုံး

-MG(3) ၄၀ မီလီမီတာ လောင်ချာပစ်ဗုံး (ခွင်းဗုံး)

-MG(4) ၄၀ မီလီမီတာ လောင်ချာပစ်ဗုံး (ခွင်းဗုံး / တင့်ဖျက်ဗုံး)

-MG(5) ၄၀ မီလီမီတာ လောင်ချာပစ်ဗုံး (လေ့ကျင့်ရေးဗုံး)

MM စီးရီ:

-MM (1) လူသတ်ဆွဲမိုင်း

-MM(2) လူသတ်နင်းမိုင်း

-MM (3) လူသတ်ခုန်ပျံမိုင်း

-MM (4) ရှေ့ထွက်မိုင်း

အခြား

-၁၄.၅ လေယာဉ်ပစ် စက်သေနတ်

- ၄၀ မီလီမီတာ တစ်လုံးထိုးလောင်ချာ
- ၇၆ မီလီမီတာ တောင်ဖြိုသေနတ်

- ၁၀၅ မီလီမီတာ ဟောင်ဝစ်ဇာ

- ၁၂၂ မီလီမီတာ ဟောင်ဝစ်ဇာ
မီးခိုးဗုံး

- ပလတ်စတစ် တင့်ဖျက်မိုင်း

- ပလတ်စတစ် လူသတ်မိုင်း

- ၄၀ မီလီမီတာ လူအုပ်ခွဲကျည်

........wikipedia မှာ ကြည့်လို့ရတဲ့ စာရင်းပဲ ရှိသေးတယ် ။ လူသူမသိစေလိုတဲ့ လျှို့ဝှက်စာရင်းတွေ မပါသေးဖူး ။

         လက်နက်ငယ်စက်ရုံ (25) ရုံ နဲ့ အကြီးစားစက်ရုံ ၃ ရုံတည်ဆောက်ပြီးပြီ ။ သံချပ်ကာတွေ ကိုယ်တိုင်ထုတ်နေတယ် ။ ယာဥ်တင်အတွဲလိုက်ပစ် 122 mm တွေ ကိုယ်တိုင်ထုတ်နေပြီ ။ 

      တာနီး ၊ တာလတ်ပစ် ဒုံးတွေ ကိုယ်တိုင်ထုတ်နေတာ ဘရွှေလက်ထက်ကတည်းက အခုချိန်ဆို ဘယ်အဆင့်ရောက်နေပြီလဲ ဘယ်သူမှ မသိနိုင်ဖူး ။ 

      ဘက်စုံသုံး လေ့ကျင့်ရေး ဂျက်တိုက်လေယာဥ် ကိုယ်တိုင်ထုတ်နေပြီ ။ ဒရုန်းစက်ရုံကို ဆော်ဒီလို သူဌေးနိုင်ငံထက် ဦးစွာ တည်ဆောက်နိုင်ခဲ့ပြီးပြီ ။ 

       ဖရီးဂိတ်အဆင့်ကို အရှေ့တောင်အာရှမှာ ကိုယ်တိုင်ထုတ်နိုင်တဲ့ နိုင်ငံအဖြစ် ဝံ့ကြွားစွာ ရပ်တည်နေပြီ ။  

         ရုရှားလို့ ကမ္ဘာ့ထိပ်သီး နည်းပညာရှင်နိုင်ငံက ဝန်းရံကူညီနေတယ် ၊ နှစ်နိုင်ငံပေါင်းရင် ကမ္ဘာ့လူဦးရေရဲ့ တဝက်လောက် ရှိတဲ့ နျူပိုင်ရှင် တရုတ် နဲ့ အိန္ဒိယက အနီးကပ် ထောက်ခံနေတယ် ။ 

      ဒီလို တိုင်းပြည်က ပြည်တွင်းသူပုန်လောက်ကို စာမဖွဲ့ပါဖူး ။ ဒါဆို ဘာဖြစ်လို့ အပြတ်မတိုက်သလဲ ဆိုရင် တပ်မတော်ရဲ့ သဘောထားနဲ့ အိမ်နီးခြင်းတိုင်းပြည်တွေရဲ့ စိတ်နေစိတ်ထားမရိုးဖြောင့်မှု ၊ ရေမြေသဘာဝ အနေအထားကြောင့်ပါပဲ ။ 

     တပ်မတော်က ယခု BGF ကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင်တွေ စိတ်ထားပြောင်းနိုင်မယ်ဆိုရင် တိုင်းပြည်အတွက် အဖိုးတန် လေ့ကျင့်ပြီး တပ်ရင်းတပ်ဖွဲ့တွေ နဲ့ ပေါင်းစည်းပြီး ဒေသတွင်း၌ အင်အားအကောင်းဆုံး တပ်မတော်ဖြစ်လာစေရန် ရည်ရွယ်ချက် ရှိပုံရပါတယ် ။ 

      အိမ်နီးခြင်းတွေရဲ့ ပေါ်လစီအရ ကူညီထောက်ပံ့နေကြလို့ တနည်း သူ့တို့နယ်ထဲမှာ ထွက်းပြေးတိမ်းရှောက်ခွင့်ပေးထားလို့ အပြတ်ရှင်းဖို့ ခက်ပါတယ် ။ 

     သဘာဝ ရေမြေတောတောင်အရ ဒေသခံ အနည်းငယ်မှအပ နယ်စပ်တောင်တန်းတွေမှာ အခြေချနေထိုင်ကာ လူနဲ့ ခြံစည်းကာနိုင်ဖို့ မလွယ်ကူသေးပါဖူး ။

      အဲဒါတွေကြောင့် သူပုန်တွေ ဆက်လက်ရှင်သန်နေကြတာပါ ။ လက်နက်ခဲယမ်း အခက်အခဲကြောင့် မဟုတ်ပါဖူး ။ 

      ဒါတွေကြောင့် ကုလအစည်းအဝေး ဆုံးဖြတ်ချက်ဆိုတာ မြန်မာနိုင်ငံအတွက် လွမ်းစရာမရှိတဲ့ အပျော်တမ်း ဆုံးဖြတ်ချက်များသာ ဖြစ်ပါတယ် ။

      မျိုးဝင်း