Tuesday, June 15, 2021

တွန်းအား

          ယနေ့ မြန်မာပြည်ရဲ့ အနေအထားကို ကြည့်ခြင်းအားဖြင့် Anti NLD တွေ စိတ်ပျက်နေတဲ့ အချက်က တပ်မတော်သည် အဖျက်သမားများကို ထိရောက်စွာ နှိမ်နင်းခြင်း မရှိဖူးဆိုတဲ့ အချက်သည် အဓိက အချက်ဖြစ်နေပါလိမ့်မယ် ။ 

         ဒါကလည်း ပြည်သူတွေအမြင်မှာ မှန်နေသလိုပါပဲ ။ အလွန်အမင်း ပျော့ပျောင်းစွာ ကိုင်တွယ်နေလို့သာ ယခုအခြေအနေအထိ အကြမ်းဖက် ခံနေကြရတာလို့ ယူဆနေကြတာကိုး ။ ပြည်သူကတော့ ကိုယ်ခံရတာ ကြည့်ပြီး ဝေဖန်ရမှာပဲ ဒါလည်း မှားတယ် ပြေမရဖူးလေ ။

         တပ်မတော်ဖက်ကကြည့်ရင်ကော... ? သူတို့က အလွန် ရက်စက်ယုတ်မာတဲ့ အစုအဖွဲ့ နဲ့ ရင်ဆိုင်နေကြရတာပါ ။ သာမန်သောင်းကျန်းသူတွေ မဟုတ်ဖူး ။

      မြန်မာပြိုလဲဖို့ တပ်မတော်ပြိုပျက်ဖို့ နှစ်ပေါင်းများစွာ ကြံစည်လုပ်ကိုင်နေတဲ့ ပြည်တွင်း ပြည်ပ အဖွဲ့အစည်းတွေရဲ့ ပူးပေါင်းကြံစည်မှုကို ခုခံနေရတာပါ ။ ကျနော်တို့ ပြည်သူတွေ လုပ်စေချင်နေတဲ့ လုံခြုံရေး အစီအမံ တချို့အတွက် နိုင်ငံတကာ အမြင်ကို ထည့်သွင်းစဥ်းစား ဆောင်ရွက်နေကြတာလည်း တွေးဆကြည့်ရပါမယ် ။ 

       ကျနော်လည်း ဝေဖန် ခဲ့တာပါပဲ ။ ခင်ဗျားတို့​​ဝေဖန်ခဲ့တာထက် လျော့မယ်မထင်ပါဘူး ။ ဒါပေမယ့် UNICEF နဲ့ UN ရဲ့ ထုတ်ပြန်တဲ့ စာတွေ အမေရိကန် နဲ့ အနောက်အုပ်စုရဲ့ ဇဝေဇဝါ ကြေညာချက်တွေ ဖတ်ပြီးမှ တပ်မတော်ရဲ့ လုပ်ဆောင်ချက်တွေကို တွေးမိလာတာပါ ။ 

       အကြမ်းဖက်လုပ်နေတဲ့ NLD နဲ့  ကျွန်သဘောက် GZ လေးတွေ ရဲ့ PDF အဖွဲ့ကို ဗြောင်အားပေးမရလို့သာ အဲဒီ ခွေးသူတောင်းစား နိုင်ငံတွေက ငြိမ်နေကြတာ စာထုတ်လိုက်ရင် ဟိုလိုလို ဒီလိုလို ချည်းထုတ်နေကြတာ လေ့လာကြည့်ပါ ။ 

       တက်မတော်သည် အချိန်အခါ စောင့်ပြီး ဆောင်ရွက်နေတဲ့ သဘောကိုတွေ့ရပြီး ကျနော့်တတွေ ဝိုင်းဝန်း ရေးသား ရင်ဖွင့်နေသမျှကိုလည်း အချိန်အခါ သင့်တာနဲ့ ဆောင်ရွက်ပေးနေတာကို တွေ့မြင်ရပါတယ် ။

         သတင်းထုတ်ပြန်မှု စနစ်အပြောင်းအလဲ ၊ အကြမ်းဖက်နှိမ်နင်းမှု အပြောင်းအလဲများလည်း သိသာစွာ မြင်နေကြရပါပြီ ။ မနေ့ကဆိုလျှင် မန္တလေးရှိ လူငယ်များအား ပြည်သူ့စစ်သင်တန်း ပေးနေတဲ့ သတင်းတွေ တက်လာပါပြီ ။ 

        ယခုဆိုရင် အကြမ်းဖက် နှိမ်နင်းရေးအတွက် အဓိကလိုအပ်ချက် ဖြစ်တဲ့ တိကျမှန်ကန်သော သတင်းဇစ်မြစ် ပဲ လိုအပ်ပါတော့တယ် ။ မိမိဝန်းကျင်ရှိ လူငယ်များအနက် ၂ လ ၃ လ ပျောက်သွားပြီးမှ ပြန်ရောက်လာသူများ ၊ အခြားသူစိမ်းများ ဝင်ရောက်မှု အစရှိတဲ့ သတင်းတွေ လိုအပ်နေပါတယ် ။ 

       ယခင်လို သူလျှို ဒလန် ဟု လက်ညှိုးထိုး အုပ်စုလိုက်ဝိုင်း ရန်လုပ်ခြင်း မလုပ်နိုင်တော့ပါဘူး ။ ချောင်းမြောင်း လုပ်ကြံတာမျိုးပဲ ပြုလုပ်နိုင်ပါတော့တယ် ။ ကျနော်တို့ အလွန်အကျွံ မကြောက်ပြဖို့တော့ လိုအပ်ပါတယ် ။ သတိလက်လွတ်နေဖို့ ပြောတာတော့ မဟုတ်ပါဖူး ။ 

          နစက အနေနဲ့ ပြည်သူတွေ ယုံကြည်မှု အားနည်းနေတဲ့ ထွေအုပ် နဲ့ မြို့နယ် ခရိုင် ရဲအရာရှိတွေ နယ်ထိန်းတွေ ကို နယ်ပြောင်းပေးပြီး ဖလှယ်ပေးဖို့ လိုအပ်နေပါတယ် ။ ဒါမှသာ ဌာနေပြည်သူတွေက အုပ်ချုပ်သူ လူသစ်တွေကို သတင်းပေးရဲ ပါလိမ့်မယ် ။

       နောက်တချက်က မိတ္ထီလာ ရွှေအုန်းပင်လို ကိစ္စမျိုးကို ချိတ်ပိတ်ရုံနဲ့ မရပါဘူး ။ တခါတည်း အကြမ်းဖက်ကြေညာ ဆက်စပ်ပိုင်ဆိုင်သမျှ အကုန်သိမ်းရပါ့မယ် ။ ယခုပေါက်ကွဲမှုတွေရဲ့ နောက်ကွယ်က စပွန်ဆာတွေဟာ NUG လို ရူးကြောင်ကြောင် တဖွဲ့တည်း မဟုတ်ပါဖူး ။ ဒေသခံ သူဌေးတွေ အများစုက လည်း ထောက်ပံ့နေကြတာပါ ။ 

       သူတို့စည်စိမ် အပြုတ်ခံပြီး မထောက်ပံ့ရဲအောင် ပြစ်မှုထင်ရှားတဲ့သူတွေကို နမူနာ သိမ်းပြလိုက်ပါ ။ သတင်းပေးသူကို ဆုငွေ ထိုက်တန်စွာ ချီးမြှင့်မယ် ကြေညာလိုက်စမ်းပါ ဗျာ တလ မကြာဖူး ငြိမ်သွားပါ့မယ် ။ 

        NLD ၊ PDF ဆန့်ကျင်ပွဲတွေ တပ်မတော်ထောက်ခံပွဲတွေ လုပ်လာနေတာ ကောင်းတဲ့ လက္ခဏာပါပဲ ။ သို့သော် လူစုခွဲချိန်မှာ အကောက်ကြံမှာကိုတော့ ဂရုစိုက်ရပါလိမ့်မယ် ။ 

     အကြမ်းဖက် နှိမ်နင်းရေး အတွက် ကျနော်တို့ ပြည်သူတွေလုပ်နိုင်တာကတော့

- မြေပြင်သတင်းမှန် တင်ပြရေး

- တပ်မတော်အတွက် ခွန်အားဖြစ်စေမယ့် အပြောအဆို အရေးအသား အကြံဥာဏ် များနဲ့ တိုက်တွန်းကြခြင်း

       အဲဒါတွေကို ပြုလုပ်ပေးရင်း တိုင်းပြည်အတွက် ပူးပေါင်းဆောင်ရွက်ကြပါစို့ ဗျာ ။ 

         မျိုးဝင်း

(မန္တလေး အခြေခံ ပြည်သူ့စစ်သင်တန်း သင်ကြားနေကြပုံ တဲ့ဗျာ မကြာခင် နိုင်ငံအနှံ့အပြား မြင်လာပါမယ်)