Saturday, June 26, 2021

SSF (Special Security Force)မည်သည့်နေရာတွင်မဆို အထူးတာဝန်တပ်ဖွဲ့များရှာဖွေစစ်‌ေဆးရန် ဝင်ရောက်စီးနင်းခြင်းခံရပါက -


Do (လုပ်ဆောင်ရန်)

၁။ သူတို့ အမိန့်သံကို နားထောင်ပါ။
၂။ ခိုင်းသည့်အတိုင်း တသွေမတိမ်း လိုက်လုပ်ပါ။
၃။ ရှာဖွေ စစ်ဆေးခြင်းကို အသာတကြည်ခံယူလိုက်ပါ။
၄။ မေးသမျှကို တည်ငြိမ်စွာ ဖြေဆိုလိုက်ပါ။
သင် ဥပဒေဘောင်အတွင်းနေထိုင်သူတစ်ဦးဆိုလျှင်
သင် အန္တရာယ် ကင်းပါသည်၊ အထူးတပ်ဖွဲ့သည် သူတို့စစ်ဆင်ရေးနှင့် သင်နှင့် မသက်ဆိုင်လျှင် သင့်ကို အလုပ်ရှုပ်ခံပြီး ဆက်လက်နှောင့်ယှက်လိမ့်မည်မဟုတ်ပါ။

Don’t (ရှောင်ကြဉ်ရန်)

၁။ ကလန်ကဆန် မလုပ်ပါနှင့်။
၂။ ဖင်မယားပါနှင့်၊ အာမချောင်ပါနှင့်၊ မင်းဘာကောင်လဲ ငါဘာကောင်လဲ သွားမလုပ်ပါနှင့်၊ ပါးစပ်ငြိမ်ငြိမ်ထားပါ၊ မမေးရင် အသံတောင်မထွက်ပါနှင့်။
၃။ ဓာတ်ပုံ/ဗီဒီယိုရိုက်ရန် မကြိုးစားပါနှင့်။
၄။ ဖုန်းဆက်ရန် ဖုန်းကိုင်ရန် လုံးဝ မကြိုးစားပါနှင့်။
၅။ စစ်ဆင်ရေးအတွင် အထူးတာဝန်တပ်ဖွဲ့သည် ဘယ်သူ့ကိုမျှ ညှာနေလိမ့်မည်မဟုတ်ကြောင်း သိထားပါ။

အထူးစစ်ဆင်ရေးဧရိယာအတွင်း
သင်ကျရောက်နေချိန် အထူးတာဝန်တပ်ဖွဲ့ရဲ့
အများပြည်သူလုံခြုံရေးအတွက် စစ်ဆေးခြင်းကို လိုက်လျောပေးခြင်းဖြင့် နိုင်ငံကြီးသားပီသစွာ သည်းခံ ကူညီပေးလိုက်ပါ။အရှက်ရသည် အိ‌ေန္ဒြပျက်သည်ဟု မယူဆပါနှင့်။

#တပ်နဲ့ပြည်သူမြဲကြည်ဖြူ
crd