Saturday, June 12, 2021

ညီတော် နောင်တော်များအမှတ်ရနေစေဖို့....🙏🙏🙏

၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့
တူရကီ နိုင်ငံခြားရေးဝန်ကြီးနဲ့အဖွဲ့
မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့၏။
တူရကီနိုင်ငံခြားရေး ဝန်ကြီးဟာ
အိုအိုင်စီရဲ့ အတွင်းရေးမှူးဖြစ်ပြီး
ရခိုင်ပြည်နယ်၌ ဘဂ်ါလီဒုက္ခသည်
တွေကို ကူညီနိုင်ရန် မြန်မာနိုင်၌
အိုအိုင်စီရုံးခွဲဖွင့်နိုင်ရေး နိုင်ငံတော်
ကို တင်ပြခဲ့တယ်။

မကွေးကျောင်းဆရာတော် 
ဦးပါမောက္ခဦးဆောင်တဲ့ အမျိုး
သားရေးသမားများက အိုအိုင်စီ
ရုံးခွဲ ဖွင့်လှစ်ခြင်းကို ဆန္ဒပြ ကန့်
ကွက်ကြပါတယ်။

ထို့နောက် ခိုးဝင်ဘဂ်ါလီများကြား 
ထိခိုက်နစ်နာနေ ကြသည့် မိမိတို့၏
တိုင်းရင်းသူများအား ကယ်ဆယ်ခြင်း ပဋိပက္ခများအား ငြိမ်းအေးစေရန်
ကြားဝင်ဖြေရှင်ပေးခြင်းများ၊
ထိခိုက်နစ်နာသူ တိုင်းရင်းသား
များအား လူမှုပရဟိတများဖြင့် 
ထောက်ပံ့ခြင်းများ အစရှိသဖြင့် 
ဆောင်ရွက်ရန်အတွက်
မော်လမြိုင်မြို့က စာချနာယက
ဆရာတော်များဟာ အစည်းအဝေး
များစွာ ကျင်းပပြီး မော်လမြိုင်
ဂဏဝါစကသံဃာ့ကွန်ရက် ဖွဲ့စည်း
နိုင်ရေး သွေးစည်းညီညွတ်ခဲ့ကြပါ
တယ်။

၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၂၄
ရက်နေ့မှာ ကျင်းပတဲ့ အစည်းအ
ဝေးက အဖွဲ့အစည်းအမည်စသည်
များကို အတည်ပြုနိုင်ခဲ့ပြီး၊ ၃၀ရက်
နေ့ ရက်စွဲနဲ့ မော်လမြိုင် ဂဏဝါစက
သံဃာ့ကွန်ရက် ဖွဲ့စည်းကြောင်း
ကြေညာချက်ကို ထုတ်ပြန်ကြေညာ
နိုင်ခဲ့ပါတယ်။

ဗုဒ္ဓဘာသာဝင်တွေအားလုံး ညီညွ
တ်ရေး အပြန်အလှန် ကူညီရေး၊
ပဋိပက္ခအတွင်း ထိခိုက်နစ်နာကြ
သည့် တိုင်းရင်းသားတို့အား
ကူညီထောက်ပံ့ ကယ်ဆယ်၍
အထောက်အကူပြု အမှတ်အသား
အဖြစ် ၉၆၉စတစ်ကာဒီဇိုင်း ထုတ်
လုပ်ပြီး ၉၆၉လှုပ်ရှားမှုအဖြစ်
တစ်နိုင်ငံလုံး ပြန့်နှံ့ထင်ရှားလာခဲ့
ပါတယ်။

မော်လမြိုင် ဂဏဝါစကသံဃာ့ကွန်
ရက်(ခ)မော်လမြိုင် ဂဏဝါစက
သံဃာ့အဖွဲ့ကြီးကို ဦးဆောင်ညွှန်
ကြား ထိန်းကျောင်းပေးတဲ့ 
ဆရာတော်က မြစေတီဆရာတော်
ကြီးဖြစ်ပါတယ်။ အစပိုင်းမှာ စိန်မ
မ ပါဠိတက္ကသိုလ်မှ အရှင်တေဇိန္ဒ
ကဥက္ကဋ္ဌဖြစ်ပြီး နောက်ပိုင်းမှာ
တော့ #မြစေတီစာသင်တိုက်မှ
အရှင်ဥာဏုတ္တရ ဖြစ်ပါတယ်။

ဒုတိယဥက္ကဋ္ဌက 
#မဟာမြိုင်စာသင်တိုက်ကြီးမှ
အရှင်ဝိမလ(ဟိတဓရ)ဖြစ်ပြီး

အထွေထွေအတွင်းရေးမှူးက
#မြစေတီနန်းဦးစာသင်တိုက်ကြီးမှ
အရှင်သဒ္ဒမ္မ(မြနန်း) ဖြစ်ပါတယ်။

 ၉၆၉လှုပ်ရှားမှု
များကို ထိထိရောက်ရောက် ပါဝင်
လှုပ်ရှားတဲ့ ဆရာတော်များကတော့
#ကမ္ဘာကျော်ဆရာတော်နဲ့
#ဓမ္မဒူတအရှင်ပညာဝရ
(ဘဝလမ်းခွဲဆရာတော်)
နှစ်ပါးဖြစ်ပါတယ်။

မြန်မာပြည်အနှံ့ ဟောပြောပွဲများ
ကျင်းပခဲ့ရာ အိပ်ပျော်နေသော
မြန်မာတို့၏ အမျိုးသားရေးစိတ်ကို
နှိုးထပေးနိုင်ခဲ့သည်။ 

သို့သော်လည်း မီဒီယာများက
၉၆၉အဖွဲ့လို့ နာမည်တပ်ပြီး 
ကမ္ဘာကျော်ဆရာတော်နှင့်
 တွဲဖက်၍ အကြမ်းဖက်အဖွဲ့
အသွင် ရောက်စေရန် ဝါဒဖြန့်ခဲ့
သည်။ 

အရှင်ပညာဝရ ဟောကြေားသော
"ဘဝလမ်းခွဲ"တရားတော်က 
အဘက်ဘက်က တိုက်ခိုက်ခံနေရ
သော သာသနာ့ပါလက ဂဏဝါစက
သံဃာ့အဖွဲ့ကြီးအား များစွာအား
ကိုးရာ ဖြစ်စေခဲ့သည်။ ဆရာတော်
လို ဝိပဿနာတရားဟောဓမ္မကထိ
ကတစ်ပါးက အမျိုးသားရေးများ
ကို ထည့်ဟောလာသဖြင့် များစွာ
အင်အားဖြစ်လာရသည်။

ကမ္ဘာကျော်ဆရာတော်နှင့် အရှင်သဒ္ဒမ္မတို့က #သီတဂူဆရာတော်ကြီးထံသွားရောက်လျှောက်ထားရာမှ
သီတဂူဆရာတော်ကြီးမှ 
 #အင်းစိန်ရွာမဆရာတော်ကြီး
အား ဥက္ကဋ္ဌအဖြစ် ဆောက်ရွက်ပေး
ပါရန် အကြံပြု၍ အမျိုးဘာသာ
သာသနာစောင့်ရှောက်ရေးအဖွဲ့ကြီး
ဖြစ်ပေါ်လာစေရေး လမ်းစပေါ်လာ
ခဲ့ပါတယ်။

#သီတဂူဆရာတော်ကြီးရဲ့ 
အကြောင်းပြုမှုအရ ၂၀၁၃ ခုနှစ်၊
ဇွန်လ ၁၃-၁၄ရက်နေ့တို့မှာ ၉၆၉
အမှတ်တံဆိပ်ကို မြင့်မြတ်ရာမှာ
သာ အသုံးပြုရန် အတည်ပြု
အစည်းအဝေး ပြုလုပ်ခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့
နယ်၊ ဆေကိန္ဒာရာမကျောင်းတိုက်
မှာ နိုင်ငံတစ်ဝှမ်းလုံးရှိ ဆရာတော်
များအားလုံး စုဝေး ကျင်းပခဲ့တဲ့
သံဃာ့အစည်းအဝေးကြီးမှ
#အင်းစိန်ဆရာတော်ကြီးကို ဥက္ကဋ္ဌ
#သီတဂူဆရာတော်ကြီးကို ဒုဥက္ကဋ္ဌ
#မြစေတီဆရာတော်ကြီးကို အထွေ
ထွေအတွင်းရေးမှူး စသည်ဖြင့်
၂၀၁၃ ခုနှစ်၊ ဇွန်လ ၂၆ -၂၇ရက်နေ့
တို့မှာ အမျိုးဘာသာသာသနာ
စောင့်ရှောက်ရေးဗဟိုကို
စတင် ဖွဲ့စည်းနိုင်ခဲ့တာ ဖြစ်ပါတယ်

၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၂
ရက်နေ့မှာ ကျင်းပတဲ့ (၃)လပတ်၊
ပထမအစည်းအဝေးကြီးမှာ ၉၆၉
အဖွဲ့အားလုံး အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့အဖြစ် ပူးပေါင်းလိုက်ပါတယ်။

ထို့အပြင်
အင်းစိန်ရွာမဆရာတော်ကြီးက
စာသင်တိုက်မှ ဆရာတော်များကို
စည်းရုံးပေးသလို တိပိဋကဓရ
ဆရာတော်ကြီးများကလည်း
ရန်ကုန်မြို့ထဲက ထင်ရှားကျော်
ကြားသော ဆရာတော်များကိုစည်း
ရုံးပေးကြသည်။ 
ကမ္ဘာကျော်ဆရာတော်ကလည်း မြန်မာနိုင်ငံအထက်
ပိုင်းရှိ ဆရာတော်များကို စည်းရုံး
သည်။

Nld အစိုးရအနေဖြင့်
ထိုကဲ့သို့သော် ဂဏဝါစကသံဃာ့ကွန်ရက်ကြီးအား မတရားအသင်းအဖြစ်ကြေညာကာ ဖျက်သိမ်းခဲ့ခြင်း

နိုင်ငံတစ်ဝှမ်းရှိ အဖွဲ့စည်းတံဆိပ်
ဆိုင်းဘုတ်များအား ဖြုတ်ချခဲ့၍
အဖွဲ့စည်းအမည်နဲ့ သီချင်းများ
သတင်းမှတ်တမ်း videoများပါ
ပိတ်ပင် ဖယ်ရှားခဲ့ခြင်း

အဖွဲ့ဝင်များအား ပုဒ်မမျိုးစုံတပ်က
ဖမ်းဆီး၍ ဆရာတော်ကြီးများအား
လုပ်ကြံသတင်းများဖြင့်
မဟုတ်မမှန် သိက္ခာကျစေမည့်
ဝါဒမှိုင်းများအား ဖြန့်ဝေခဲ့ခြင်း
ဆရာ/ဒကါ သွေးခွဲခြင်း

အမျိုးစောင့်ဥပဒေအား
ဖျက်သိမ်းရန် ကြိုးပမ်း၍
နိုင်ငံတော်ဘာသာပြဋ္ဌာန်းမှုကို
ပယ်ဖျက်၍ သာသနာရေးမှ
ဘာသာပေါင်းစုံအဖွဲ့စည်းအဖြစ်
တည်ထောင်ရန်ကြိုးပမ်းခြင်း

အစရှိသော လုပ်ရပ် များစွာအား
သံဃာတော်များအနေဖြင့်
ပြန်လည်ဆင်ခြင်ကြ၍
အမှတ်ရနေရန်လိုအပ်ကြောင်း

#သာသနာသည်သာအသက်သွေး

https://m.facebook.com/story.php?story_fbid=116969327252252&id=100068175555998