Tuesday, June 22, 2021

နေပျော်တဲ့ အရပ်ဒေသ

          ယနေ့ တပ်ချုပ်ကြီး ရောက်ရှိနေတဲ့ ရုရှားနိုင်ငံကြီးဟာ ကမ္ဘာပေါ်မှာ အကျယ်ဆုံး နိုင်ငံတော်ကြီး ဖြစ်ပါတယ် ။ ကျယ်ဝန်းလှသလို ခမ်းနားတဲ့ တပ်မတော်ကြီး ရဲ့ ကြီးကျယ်တဲ့ ရာဇဝင်တွေလည်း ရှိခဲ့ပါတယ် ။ 

         ဒီကနေ့ ဒုတိယ ကမ္ဘာစစ်နဲ့ ပတ်သက်ပြီး 6-6-1944 တုန်းက နော်မန်ဒီကမ်းတက်တိုက်ပွဲကို အမေရိကန်တွေ နဲ့ ဥရောပသားတွေ အလွန်အမင်း ချဲ့ကားပုံဖော် အောင်ပွဲခံနေကြတာ ရီစရာပါပဲ ။ 

      လူသိနည်းတဲ့ ရုရှားစစ်မြေပြင် ထိုးစစ်နဲ့ ယှဥ်ကြည့်ရင် နော်မန်ဒီ တိုက်ပွဲက ဝါတာလူး စစ်ပွဲ နဲ့ ကြက်ပွဲလောက် ကွာပါတယ် ။ နော်မန်ဒီမှာ ဂျာမန်အင်အား ၅၀၃၅၀ ပဲ ရှိပါတယ် ။ 

     ရုရှားရဲ့ ဘတ်ဂရေးစစ်ဆင်ရေးမှာ ဂျာမန် တပ်သား ၁ သန်းကျော် ၊ တင့် ၈၀၀ ၊ တင်းဖျက်လက်နက် ၅၃၀ ၊ အမြှောက် တစ်သောင်းကျော် ၊ လေယာဥ် ၁၃၀၀ နဲ့ တိုက်ပါတယ် ။ 

       ဒီတိုက်ပွဲမှာ ဂျမန်တပ်မ ၂၅ ခု ဆုံးရှုံးပြီး အင်အား သုံးသိန်း ကျဆုံးခဲ့ပါတယ် ။ နောက်မကြာခင် နောက်ထပ် တစ်သိန်း ကျဆုံးခဲ့ရပါတယ် ။ ဂျာမန် တပ်မမှူး ၄၇ ဦး အနက် ၃၁ ယောက် ဆုံးရှုံးပါတယ် ။ ရုရှားက ကျဆုံးမှု ပိုများပေမယ့် အစားထိုးနိုင်ပြီး ဂျာမန်က အစားထိုးရန် အင်အားမရှိတော့လို့ စစ်ရှုံးခဲ့ရတာပါ ။ 

       ပြောချင်တာက တပ်ချုပ်ကြီး အနေနဲ့ အဲလို ရုရှားတပ်မတော်ရဲ့ စွမ်းဆောင်ရည်ကို အချိန်ယူ လေ့လာခဲ့စေချင်ပါတယ် ။ 

       နောက်တခါ ခေတ်မှီလက်နက်ကဏ္ဍမှာလည်း သူတပါးထက် နှာတဖျားသာလွန်တဲ့ နည်းပညာပိုင်ရှင် ဖြစ်ပါတယ် ။ တပ်ချုပ်ကြီး အချိန်ယူ လေ့လာခဲ့စေချင်ပါတယ် ။ 

       နောက် ကမ်းရိုးတန်းရှည်လျှားတဲ့ နိုင်ငံတော်အတွက် ပင်လယ်ပြင်စိုးမိုးရေးမှာ အရေးပါတဲ့ ရေငုပ်သဘော် ကဏ္ဍအတွက် ကျကျနန အချိန်ယူ လေ့လာစေချင်ပါတယ် ။ 

          နောက် ကွန်မြူနစ်နိုင်ငံကြီးမှာ ဗုဒ္ဓဘာသာ စေတီတော်ကြီး တည်ထားကိုးကွယ် နိုင်သည်အထိ စွမ်းဆောင်နိုင်ခဲ့တဲ့ သီတဂူဆရာတော်ကြီး ရဲ့ စွမ်းရည်ကို လေးစားအသိအမှတ်ပြုပြီး စေတီတော်ကြီးနဲ့တကွ သိမ်တက်ပွဲ ကျင်းပရုံမျှ မက အသံမဆဲ ပဌာန်းပွဲလေး သုံး လေး ရက်မျှ တပ်ချုပ်ကြီး ဦးဆောင် ကျင်းပခဲ့လျှင် ဆရာ ဒကာရဲ့ ညီညွှတ်မှုကို သာဓုခေါ်ကြပါလိမ့်မယ် ။ 

        နောက် အရေးကြီးဆုံးဖြစ်တဲ့ ကာကွယ်ရေး လက်နက်တွေ ထုတ်လုပ်နေတဲ့ ရုရှားကုမ္ပဏီကြီးတွေဆီကို အချိန်ယူပြီး ကုမ္ပဏီ တခုခြင်း အသေးစိတ်လေ့လာစေချင်ပါတယ် ။ 

     နောက် ပါသွားတဲ့ ဝန်ကြီးဌာနတွေ နဲ့ ရေရှည် စီးပွားရေး ပူးပေါင်းပြီး တိုင်းပြည်ဖွံ့ဖြိုးဖို့ လက်တွဲလုပ်ဆောင်နိုက်ရေး အတွက် တပ်ချုပ်ကြီး ကိုယ်တိုင် အချိန်ယူ ကြီးကြပ် ကိုင်တွယ် ညှိနှိုင်းခဲ့စေချင်ပါတယ် ။ 

         ကဏ္ဍပေါင်းစုံ အတွက် အင်မတန်ကျယ်ဝန်းတဲ့ တိုင်းနိုင်ငံတော်ကြီး အတွင်း အေးအေးဆေးဆေး အချိန်ယူ လေ့လာ ညှိနှိုင်း ဆောင်ရွက်ခဲ့စေချင်ပါတယ် ။ သမ္မတကြီး ဦးသိန်းစိန်တောင်မှ ဥပရောပ ခရီးစဥ်တခုမှာ မြန်မာပြည် တဝက်လောက် ရှိတဲ့ နိုင်ငံ ၃ ခုကို ၁၁ ရက်လောက် လည်ပတ်ခဲ့ဖူးပါတယ် ။ 

     ယခုလည်း တပ်ချုပ်ကြီး အနေနဲ့ ၁၅ ရက် လောက် အေးအေးဆေးဆေး လေ့လာ ပြီးမှ ပြန်လာမယ်ဆိုရင် ပြည်ပ အန္တရာယ်သာ မက ပြည်တွင်းလောက်တွေတောင် ကုန်သလောက်ဖြစ်သွားနိုင်ပါတယ် ဗျ ။ 

        အဲဒါကြောင့် အင်မတန် နေပျော်တဲ့ အရပ်ဒေသ ရုရှားနိုင်ငံတော်ကြီးမှာ နောက်ဆံမတင်းပဲ အေးအေးဆေးဆေး နေပြီး လေ့လာစရာတွေကို ပြီးပြည့်စုံအောင် လေ့လာခဲ့ပါ တပ်ချုပ်ကြီး ခင်ဗျား ။

.....ဖြစ်နိုင်ရင် မြန်မာကို ထောက်ခံခဲ့တဲ့ ဘီလာရု နိုင်ငံကိုပါ အလည်အပတ် သွားစေချင်ပါတယ် ဗျာ ။ သူ့အိမ်နားရောက်နေတော့ မိတ်ဆွေကောင်း ပီသကြောင်း ပြသရင်းပေါ့ လေ ။

....စေတနာများစွာဖြင့်
      
  မျိုးဝင်း

Related Posts:

  • ဟလိုရန်ကုန်...ကံကောင်းပါစေ NLD အစိုးရဟောင်းလက်ထက်ကရန်ကုန်တိုင်းရဲတပ်ဖွဲ့အသုံးပြုနေတဲ့ရဲလုံခြုံရေးရေဒီယိုလိုင်းတွေကိုNLDအမာခံလူငယ်တွေနဲ့အတူတူချိတ်ဆက်သုံးစွဲကြတယ်။အထူးသဖြင့်ရန်ကုန်တိုင်းရဲ၊ခရိုင်ရဲနဲ့ယာဥ်ထိန်းရဲတွေသည်ရန်ကုန်လုံခြုံရေးနဲ့သတင်းရရှိရေးခေါင်… Read More
  • ဇာတိမာန် ငွေကြယ်ပွင့် ဒီခေါင်းစဥ်လေးပေးတာက အကြောင်းရင်းရှိလို့ပေါ့။ ပြောမှာက ဦးသန့် အကြောင်း။ ဦးသန့်ဆိုရင် အရမ်းတော်တဲ့ပုဂ္ဂိုလ်ကြီး ကမ္ဘာက အလေးအမြတ်ထားရတဲ့ပုဂ္ဂိုလ်ကြီးလို့ သိရတယ်။ ဦးသန့်ဟာ စာရေးဆရာ ဆိုတာကို သိကြသူ ပြောကြသူ နည်းတယ်။ဦးသန့်မှာ … Read More
  • မည်သူမဆို မိမိ face book Profile ဖြင့် ဝါခေါင်လဆန်း (၈)ရက်နေ့မှစ၍ ကြိုဆိုဂုဏ်ပြုပူဇော်ကြပါစို့... နှစ်(၆၀) ပြည့် နိုင်ငံတော်ဘာသာနေ့ နှိုးဆော်လွှာ🔹🙏🔹✳🔹🙏🔹✳🔹🙏မြန်မာနိုင်ငံအတွင်းရှိ ဗုဒ္ဓဘာသာဝင်အပေါင်းတို့သည် နှစ်စဉ် နှစ်တိုင်း မေတ္တာအခါတော်နေ့ ( ဝါ ) နိုင်ငံတော်ဘာသာနေ့ အခါသမယရောက်တိုင်း အထိမ်းအမှတ် အခမ်းအနားများ ပြုလ… Read More
  • 🍄 ပြောပုံနဲ့ လုပ်ပုံကကြည့်ဦး UN ကိုယ်စားလှယ်ကအစိုးရအနေနဲ့ အောင်မြင်တဲ့ဆွေးနွေးမှုကိုမလုပ်နှိုင်ရင်ပြည်တွင်းစစ်ဖြစ်လိမ့်မယ်လို့သတိပေးပါသတဲ့။သူမစကားကို စိတ်ဖြာရင် (၃) ချက်တွေ့ရမယ် - ခြိမ်းခြောက်မှုပါတယ် - အစီအစဉ်တခုခုကိုသိထားဟန်ရှိတယ် - NUG တဖြည်းဖြည်းအားန… Read More
  • #တိုင်းပြည်ပျက်ရင် #အဲ့လိုပျက်တယ်အာဖဂန်ကနေ အမေရိကန်တပ်တွေရုတ်သိမ်းတယ်တပ်ရုတ်တာနဲ့ ပြည်ပျက်မှာကိုသိလို့ တားကြတယ်Bush လက်ထက်က အာဖဂန်မှာဘင်လာဒင်ခိုပုန်းနေတယ်ဆိုပြီးမွစာကြဲအောင် ဗုံးကြဲစစ်တိုက်ခဲ့တယ်၊အမေရိကန်တပ်တွေ တပ်စွဲခဲ့တယ်၊အခု Biden လက်ထက်မှာတပ်ရုတ်လိုက်တယ်… Read More