Monday, June 28, 2021

#အချိန်ရရင်ဖတ်ကြစေခြင်ပါသည်

*ဒေါက်တာ နေဇင်လတ်*
သုံးသပ်ပြောကြားချက်တွေသည်
#အားလုံးအမှန်တရား အဖြစ်အပျက်
အမှန်တွေ ဖြစ်ပါတယ်။
ပါတီအစွဲ ပုဂ္ဂိုလ်အစွဲတွေ ဖယ်ပြီး
¶ကိုယ့်နိုင်ငံ ကိုယ့်နိုင်ငံသားတွေ¶၏
#တိုင်းပြည်လုံခြုံရေး
#အမျိုးသားလုံခြုံးရေး 
ရူ့ဒေါင့်မှ ကြည့်တွေ့ကြည့်လျှင်၊
*မြန်မာပြည်ကြီးကို ယုတ်မာကောက်ကျစ်စွာ*
လုပ်ကြံမူ့ကြီးကို ကွက်ကွက်ကွင်းကွင်း
သိမြင်ကြမည် ဖြစ်ပါသည်။
¶စာဖတ် မပျင်းကြပါနှင့်¶သိသင့်သိထိုက်၍
ဖတ်ကြပါ၊ဖတ်ရင်း တွေးကြည့်သော်၊
#နိုင်ငံတော်ကြီးကိုလုပ်ကြံမူ့ မြင်သိကြသော်
ကံသီပေလို့သာဟု•••မြန်မာနိုင်ငံကြီး ဆက်လက်
အသက်ရှင်နေနိုင်မှာဖြစ်ကြောင်း၊ဒင်းတို့နောက်
ထပ်(၅)နှစ်ဆိုက၊မြန်မာနိုင်ငံ ကမ္ဘာ့စာရင်းမှာ
တောင် ကျန်ရှိပါ့မလား တွေးစရာကောင်း။
     ~~~~~~~~~~~~~~~~~~~~~
#အချိန်ရရင်ဖတ်ကြစေခြင်ပါသည်

ဒီနေ့လိုအခြေနေတွေ
ဖန်တီးနိုင်ကြဖို့ NLDတွေအနေနဲ့
ကြိုတင် စီမံအကွက်ချခဲ့တယ်လို့
မြင်မိတယ်

အဲ့ဒီအချက်တွေကို
သူတို့ရဲ့ရွေးကောက်ပွဲမတိုင်ခင်
သွေးသစ္စာသီချင်းပေါ်ထွက်လာခြင်းက
ပိုပြီးပီပြင်‌စေခဲ့တယ်

သွေးသစ္စာသီချင်းက
မဲဆွယ်စည်းရုံးတဲ့သီချင်းမဟုတ်ပဲ
တပ်လှန့်သံဖြစ်နေတာတွေ့ရတယ်

Copy
_--------_--------
ဘာ့ကြောင့် အာဏာထိန်းတာ မှန်သလဲ...

၂၀၁၅-၂၀၂၀ Nld အစိုးရလက်ထက် ပြင်ဆင်
ဖျက်သိမ်းခဲ့သည့် နိုင်ငံတော်လုံခြုံရေးဆိုင်ရာ
ဥပဒေ ( ၇ ) ခုအပေါ်  ဦးစိုးမောင်ရဲ့ သုံးသပ်ချက်
တွေကို ကြည့်လိုက်ရအောင်

နိုင်ငံသားတစ်ယောက်အနေနဲ့ ကိုယ့်နိုင်ငံကို
စိတ်ဝင်စားဖို့လိုတယ်ဆိုတာကိုတော့ ဦးစွာ
ပထမ ပြောလိုပါတယ်။

ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ

တိုင်းပြည်နဲ့လူမျိုးရဲ့ အမျိုးသားလုံခြုံရေး၊

တိုင်းပြည်လုံခြုံရေးအတွက် အန္တရာယ်ရှိတဲ့ 
ဥပဒေတွေကို ဖျက်သိမ်းခဲ့တယ်။

ကိုယ့်နိုင်ငံကို အုပ်ချုပ်တဲ့သူတစ်ယောက်သည်
မည်သည့်အတွက်ကြောင့် မိမိနိုင်ငံ မိမိလူမျိုး
အကျိုးစီးပွားကို မဆောင်ရွက်သလဲ...

နိုင်ငံသူနိုင်ငံသားတွေအတွက် အကျိုးပြုတဲ့
ဥပဒေတွေကို ပြဌာန်းရမယ့်နေရာမှာ

နိုင်ငံသူနိုင်ငံသားအတွက် အန္တရာယ်ရှိလာအောင်
တိုင်းပြည်လုံခြုံရေးအတွက် အန္တရာယ်ရှိတဲ့ ဥပဒေ
တွေကို

ဘာ့ကြောင့် ဖျက်သိမ်းခဲ့သလဲ...

၁- #ဧည့်စာရင်းဥပဒေ

ဒီဥပဒေကို ဖျက်သိမ်းတဲ့အတွက် ရပ်ကွက် ကျေးရွာ
လုံခြုံရေး စပြီးထိခိုက်လာတယ်။ လူစိမ်းသူစိမ်းလာတာ
မသိတော့ဘူး။ အရင်က ဧည့်စာရင်းတိုင်ရတယ်၊ ဘယ်ကလာတာ မှတ်ပုံတင်ပြ ဘယ်နှစ်ရက်နေမှာ
ပြန်သွားရင် ပြန်ကြောင်း ရယက ရုံးမှာ စာရင်း
ပေးရတယ်။

ရပ်ကွက်ကျေးရွာလုံခြုံရေး အထောက်အကူပြုတာကို
ဖျက်သိမ်းလိုက်တယ်။

ဘာ့ကြောင့်ဖျက်တာလဲ...ဘယ်သူတွေအတွက်လဲ

၂- #နယ်ခြားစောင့် စစ်ဆေးရေး ဥပဒေ 

နယ်ခြားစောင့်ဆိုတာ တိုင်းပြည်ထဲကို လူစိမ်းသူစိမ်း
မဝင်သင့်တဲ့သူတွေ မဝင်အောင် နယ်စပ်ကနေထိန်းပြီး
စစ္တာ

ဝင်မယ်ဆိုရင်တောင် အဆင့်ဆင့်တင်ပြ ခွင့်ပြုချက်ရမှ
ဝင်လို့ရမှာ

အဲဒိဥပဒေကို ဖျက်သ်ိမ်းလိုက်တော့ နယ်စပ်ခြံစည်းရိုးက
အပေါက်ကြီးဖြစ်ပီး ဝင်ချင်တိုင်းဝင်ကုန်တာပေါ့...

ကျနော်တို့ သတိထားမိသလားမသိဘူး။

ပြီးခဲ့တဲ့ ၅ နှစ်မှာ ခိုးဝင်ဘင်္ဂလီတွေ အမြောက်အမြား
ခိုးဝင်ကြတယ်။ တနိုင်ငံလုံးအနှံ့ပဲ၊ သတင်းတွေ ပြန်
ကြည့်လိုက်ရင် သိနိုင်ပါတယ်။

နောက်ဆုံး YBS နဲ့ပါမိတဲ့သတင်းတွေ၊

အဲဒိတုန်းက ကျနော်တို့ ထောက်ပြခဲ့တယ်။
လူနာတင်ယဉ်တွေကို စစ်ဆေးဖို့...

တပ်မတော်နဲ့ ရဲတပ်ဖွဲ့သာ သူတို့ထိန်းချုပ်နိုင်ရင်
ဒီနိုင်ငံ ပွဲပြီးသွားပြီ။

ကောင်းပြီ နယ်ခြားစောင့်ဥပဒေဖျက်သိမ်းလို့
နယ်စပ်ကနေဝင်လာပြီ၊ ရပ်ကွက်ကျေးရွာထဲ
ရောက်လာပြီ။

ဧည့်စာရင်းဥပဒေဖျက်သိမ်းထားတော့ ကိုယ့်ရပ်ကွက်
ကျေးရွာထဲ လူစိမ်းဝင်လာတာ မသိတော့ဘူး။

အားလုံးက တခုနဲ့တခု ချိတ်ဆက်နေတာ

ရည်ရွယ်ချက်ရှိရှိ လုပ်သွားတာလေးကို မြင်ဖို့ပဲ
လိုတယ်။

နောက်တခါ

၃- #နောက်ယောင်ခံဥပဒေကို ဖျက်သိမ်းထားတယ်။

လူစိမ်းဝင်လာလို့ မင်္သကာရင် ရယက၊ ဆယ်အိမ်ခေါင်း၊
ဒါမှမဟုတ် ရဲစခန်းသွားတိုင်းလို့ရတယ်။ ရဲက နောက်ယောင်ခံလိုက်ကြည့်

နောက်ယောင်ခံ ဥပဒေကို ဖျက်သိမ်းတော့ 
ရဲကလဲ နောက်ယောင်ခံလိုက်ကြည့်လို့မရဘူး။

ဥပဒေ ဖျက်သိမ်းထားတော့ နောက်ယောင်ခံလိုက်ရင်
သူက တရားပြန်အစွဲခံရမှာ

အဲဒိအချိန်မှာ လူဆိုးလား၊ လူကောင်းလားမသိတော့ဘူး။

လွတ်လပ်သွားပြီ။ 

သာလာယံဇရပ် ဖြစ်သွားပြီ။

သာလာယံဇရပ်ဆိုတာ သိတယ်မလားးး

လေးဘက်လေးတန် အကာအရံမရှိဘူး။

တစ်ရပ်ကွက်ခြင်း  တစ်ရွာခြင်း လုံခြုံရေးကျိုးပေါက်ရင်
ဘာဆက်ဖြစ်မလဲ...

ရှင်းရှင်းလင်းလင်းပြောရရင် ပြီးခဲ့တဲ့ ၅ နှစ်က
တိုင်းပြည်လုံခြုံရေးကျိုးပေါက်ခဲ့တယ်။

၄- #အရေးပေါ်စီမံမှုဥပဒေ

မဖြစ်သေးဘူး။ 

အရေးပေါ်စီမံမှုဥပဒေအရ ဒီကောင့်ကို ထိန်းချုပ်မယ်
လုပ်ခွင့်မရှိဘူး။ ဒီဥပဒေကလဲ ဖျက်လိုက်ပြီ။

ဘာမှအရေးပေါ် ထလုပ်လို့မရတော့ဘူး။

၅-#နိုင်ငံတော်ကို နှောက်ယှက်ဖျက်ဆီးလိုသူများ၏
ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်ရေး ဥပဒေ

နိုင်ငံတော်ကို လူမှုရေးအရဖြစ်စေ၊ စီးပွားရေးအရဖြစ်စေ
လက်နက်အရဖြစ်စေ လုပ်တော့မယ်ဆိုရင် ဒီ ဥပဒေအရ
ကြိုတင်ကာကွယ်လို့ရတယ်။

ဥပမာ- ရခိုင်ပြည်နယ်မှာ တိုက်ပွဲကြီးတွေမစခင် 
တပ်မတော်က လုံခြုံရေးတိုးမြှင့်ဖို့ လွှတ်တော်မှာ
တင်ပြဖူးတယ်။ 

ခွင့်မပြုခဲ့ဘူး။

ကာကွယ်ပေးချင်သည့်တိုင်အောင် ကြိုတင်ကာကွယ်လို့
မရဘူး။ 

မြင်အောင်ကြည့်ဖို့လိုတယ်။

လုံခြုံမှုမရှိဘူး။ 

တရားဥပဒေစိုးမိုးမှုမရှိဘူးဆိုတာ

အခုဖျက်လိုက်တဲ့ ဥပဒေတွေသည် တရားဥပဒေစိုးမိုးရေးကို အထောက်အကူပြုတဲ့ ဥပဒေတွေကို ဖျက်ထား
တယ်လေ...

၆- #မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော
ဆေးဝါးများဆိုင်ရာ ဥပဒေပြင်လိုက်တယ်။

ဘာဖြစ်လို့ ပြင်လိုက်တာလဲ...

ကျနော်တို့နိုင်ငံသည် မူးယစ်ဆေးနဲ့ နာမည်ကြီးလို့
ပြင်းပြင်းထန်ထန် နှိမ်နင်းထားတာ

ရောင်းဝယ်ဖောက်ကား လက်နက်၊ လက်ပစ်ဗုံးတို့
တွေ့ရင် ဆယ်နှစ် အနှစ်နှစ်ဆယ် တသက်တကျွန်း
သေဒဏ်ထိပေးထားခဲ့တယ်။

အဲဒါတွေအကုန်ပြင်ပီး လူမှုရေးပြစ်ဒဏ်ပဲပေးတယ်။

ငါ့တူ ငါ့သား စသဖြင့်ပြောဆိုဆုံးမပြီး

လူမှုရေးပြစ်ဒဏ်လေးလောက်ပေးပြီး သက်သောင့်
သက်သာလေး နားချတယ်။ ပြောရမယ်ဆိုရင် လူတွေက
မကြောက်တော့ဘူး။

အလယ်တန်းအရွယ်ကစပြီး
ကျောင်းသူကျောင်းသား၊ အလွှာပေါင်းစုံ
အကုန်စားနေကြတယ်။

ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ လူငယ်တွေ ဆေးခြောက်
တရားဝင်သုံးစွဲခွင့် လှုပ်ရှားမှုလေးရှိခဲ့တယ်။ အချက်
အလက်ပြန်ရှာကြည့်ရင် တွေ့နိုင်ပါတယ်။

ပြောရမယ်ဆိုရင် မူးယစ်ဆေးက ဒီနိုင်ငံမှာ
တော်တော်ပြန့်သွားပါပြီ။ 

လျှော့ပေးတဲ့ အကျိုးဆက်က

တချိန်မှာ ကျနော်တို့လူမျိုးက ဘိန်းစား သူခိုးတွေ
ဖြစ်တော့မယ်။

ဒီဥပဒေတွေကို ဖျက်သိမ်းလိုက်တဲ့အတွက်
အမျိုးသားလုံခြုံရေး အင်အားချိနဲ့အောင်
လုပ်လိုက်တာပဲ...

တရုတ်ပြည်ကြီးကို ချိနဲ့အောင် ဘိန်းစား သူခိုးတွေ
ဖြစ်အောင်လုပ်ခဲ့တာ...

ဒါ့ကြောင့် တရုတ်ကစိတ်နာပြီး မူးယစ်ဆေးဆို
သေဒဏ်ပဲ...

ဥပမာ-မြန်မာက နော်ခမ်းကို သတ်လိုက်တဲ့သတင်း
တရုတ်မီဒီယာက ထုတ်လွှင့်ပြသခဲ့ဖူးတယ်။

၇-#အမျိုးဇာတ်ပျက်ယွင်းခြင်းမှ ဖယ်ရှားသည့် ဥပဒေ

အဲဒိမှာ အန္တရာယ် ၂ ချက်ရှိတယ်။

ကျနော်တို့နိုင်ငံမှာ အရင်က ကလေးကို ၁၆ နှစ်အောက်
အဲဒိဥပဒေမှာ ကလေးကို ၁၈ နှစ်အောက် သတ်မှတ်လိုက်
တယ်။

ရည်ရွယ်ချက်က ဆက်စပ်တွေးမှ မြင်လာတယ်။

၁၈ နှစ်ပြည့်ပီးရင် လူကြီး
၁၈ နှစ်အောက် တစ်ရက်လျော့ရင် ကလေး
ဒီအထိပြဿနာ မရှိသေးဘူး။

ဘယ်မှာပြဿနာရှိသလဲ ၁၈ နှစ်အောက် ကလေး

နိုင်ငံခြားသားကလေး ၂ ယောက်ကို လူတိုင်းက
မွေးစားခွင့်ပြုထားတယ်။ ကြိုက်တဲ့လူမွေးစား

အဲဒါကို အထောက်အကူပြုတာက
UN Migration Pact 

နိုင်ငံတိုင်းနိုင်ငံတိုင်းက စစ်ဖြစ်လို့ ထွက်ပြေးလာတဲ့၊
ငတ်လို့ဖြစ်ဖြစ် ရွှေ့ပြောင်းလာတဲ့ အုပ်စုလိုက် လူစု
ကြီးကို ကျနော်တို့နိုင်ငံက လက်ခံပါ့မယ်လို့ စာချုပ်မှာ
လက်မှတ်ထိုးခဲ့တာ...

ဒီတော့ ဘယ်သူတွေ ဝင်လာမလဲ...အဖြေက
ရှင်းရှင်းလေး

လူမျိုးရေး ဘာသာရေးပြောတယ် ဖြစ်မှာစိုးလို့

ဝင်လာပြီ...အဖေက ၂ ယောက် အမေက ၂ ယောက်
သားက ၂ ယောက် ချွေးမက ၂ ယောက် 

လက်မှတ်ထိုးပြီး စာချုပ်လုပ်လိုက်ပြီ၊

မှတ်ပုံတင်လုပ်မယ်။

၃ ရက်မှာတင် လူကြီးဖြစ်သွားပြီ၊ ၁၈ နှစ်ပြည့်သွားပြီ။

အဖေအမေက နိုင်ငံသားဖြစ်နေတော့
သူ့ကို နိုင်ငံသားပေးရတော့မယ်။

နိုင်ငံသားကတ်ရသွားပြီ။
ဘယ်လောက်လွယ်သလဲ...

အသက် ၂၅ -၃၀ ရောက်ရင် လွှတ်တော်ကိုယ်စားလှယ်
ဝင်ရွေးလို့ရပြီ...အကျုံးဝင်သွားပြီ။

အဲဒိထဲမှာမှ အကြောင်းအမျိုးမျိုးကြောင့် မဲအများဆုံး
ရပြီး သမ္မတ ဖြစ်ခဲ့ရင် ဆိုတဲ့ လမ်းကြောင်းအထိ မြင်ဖို့
လိုတယ်။

၁၉၈၂ ဥပဒေမှာ မျိုးဆက် ၃ ဆက် မှရမှာ

အဘိုး FRC အဖေ FRC ပဲ မြေးကျတော့မှ
လျှောက်လို့တော့ရတယ်။ 

သားစဉ်မြေးဆက်ကြည့်ပီး ပေးသင့် မပေးသင့်
ကြည့်ပြီးတော့မှ နိုင်ငံသားကဒ်ရမှာ...

ဒါတွေကြောင့်ပဲ သူတို့က ၁၉၈၂ နိုင်ငံသားဥပဒေကို
ပြင်ချင်တာ

တကယ်တော့ UN  Migration Pact 
အဲဒိစာချုပ် လက်မှတ်ထိုးချင်ရင်
ပြည်နယ် တိုင်း မြို့နယ်အသီးသီးက 
လွှတ်တော်ကိုယ်စားလှယ်တွေ သိပြီးပြီဆိုမှ

လွှတ်တော်ကိုတင် ဒီစာချုပ် လက်မှတ်ထိုးဖို့
ကောင်းမကောင်း ခေါင်းခြင်းရိုက်ဆွေးနွေးပြီး
ဒါလက်မှတ်ထိုးရင် ဘာဖြစ်မယ်၊ မထိုးရင် 
ဘာဖြစ်မယ် စသဖြင့် အကျိုးအပြစ်တွေစဉ်းစား
ပြီးမှ ဆုံးဖြတ်ရမှာကို

မိမိသဘောနဲ့မိမိ လက်မှတ်ထိုးခဲ့တယ်။

ပြီးတော့ အုတ်တံတိုင်းကြီးပါပြိုသွားတယ်။

နယ်ခြားစောင့် စစ်ဆေးရေးဂိတ်ကလဲ မရှိတော့ဘူး။
တံခါးတွေဖွင့်ပေးပြီး အုတ်တံတိုင်းကြီးပါ ဖြိုချလိုက်တာ

ဝင်ခဲ့တော့...

ဒီတော့ ကျနော်တို့နိုင်ငံက ဘာဖြစ်သွားမလဲ...

ဗိုလ်ချုပ်ပြောတဲ့ ဖာနိုင်ငံ ဖြစ်သွားမှာပေါ့...

စေ့စေ့တွေးမှ ရေးရေးပေါ်ဆိုသလိုပဲ

ပြီးခဲ့တဲ့ အစိုးရလက်ထက် ဘာ့ကြောင့် ၃ တန်းအောင်
၄ တန်းအောင်တွေ စသဖြင့် ပညာအရည်အချင်း မရှိတဲ့
သူတွေကို လွှတ်တော်ကိုယ်စားလှယ် အဖြစ်ရွေးချယ်ခဲ့
သလဲ...

သူမက မရူးဘူး။ ရည်ရွယ်ချက်ရှိရှိလုပ်သွားတာ

လက်ညှိုးထောင် ခေါင်းငြိမ့်ဖို့ပဲ....သူတို့အတွက်
သိန်း ၃၀ က လုံလောက်နေပြီ။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့
သူမအပေါ် ဘယ်လို မြင်သလဲဆိုပြီး
တရုတ်မီဒီယာက မေးမြန်းတဲ့အပေါ် 

လူကြီး စကားပြောသွားတာက တတ်နိုင်သလောက်
စွမ်းဆောင်ခဲ့တယ်။

လူငယ်စကားပြောရရင်တော့ ရသလောက်
ဖျက်ဆီးခဲ့တယ်ပေါ့ဗျာ...

ဘာ့ကြောင့် တပ်မတော်က အာဏာထိန်းတာ
မှန်ကန်သလဲ...

၂၀၁၅-၂၀၂၀ Nld အစိုးရလက်ထက် ပြင်ဆင်
ဖျက်သိမ်းခဲ့သည့် နိုင်ငံတော်လုံခြုံရေးဆိုင်ရာ
ဥပဒေ ( ၇ ) ခု သည်

ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအကျိုးကို ဆောင်ရွက်ခဲ့တာ
မဟုတ်ပဲ နိုင်ငံကိုစနစ်တကျ ဖျက်ဆီးသွားတယ်ဆိုတာလေး မြင်ရလိမ့်မယ်။

မည်သည့်အတွက်ကြောင့်

ကိုယ့်နိုင်ငံကို အုပ်ချုပ်တဲ့သူတစ်ယောက်သည်
မိမိနိုင်ငံ မိမိလူမျိုးအကျိုးစီးပွားကို မဆောင်ရွက်
သလဲ...

 ကျနော်တို့ပြည်သူတွေ သိဖို့ပဲလိုတယ် ....

 #ဒေါက်တာနေဇင်လတ်