လယ်တီဆရာတော်ကြီး တရားအားထုတ်နေစဥ်က ညစဥ် ပုဂ္ဂိုလ်ထူးတွေ လာရောက် တရားစကား ဆွေးနွေးနာယူလေ့ ရှိကြပါသတဲ့ ။ တညမှာ ဆရာတော်ကြီးဆီကို ဝိဇ္ဇာတပါး ကြွလာပြီး ပြောသတဲ့.....
"အရှင်ဘုရားတို့ကလည်း သတ္တဝာတွေ ကယ်မယ်ဆိုတဲ့ ရည်ရွယ်ချက် နဲ့ အလုပ် လုပ်နေကြသလို တပည့်တော်တို့ကလည်း သတ္တဝါတွေကို ကယ်မဖို့ လုပ်နေကြသူချင်းမို့ ဆရာတော်ကြီးတို့ နဲ့ တပည့်တော်တို့က ရည်ရွယ်ချက် အတူတူပါပဲ ဘုရား ''
"မင်း မင်းတို့ နဲ့ ငါတို့က တူသလိုလို နဲ့ မတူဘူး ကွ ''
"ဘာတွေ မတူတာပါလဲ ဘုရား''
"သတ္တဝါတွေကို သံသရာတဖက်ကမ်းကို ရောက်နိုင်အောင် ကူညီဖို့ ကျင့်ကြံအားထုတ်ကြရာမှာ မင်းတို့ ဝိဇ္ဇာလမ်းက ပုဂ္ဂိုလ်တွေက သံသရာကြောမှာ မျှောနေတုန်းလေ သူလိုကိုယ်လို မျှောနေကြသူချင်း မင်းတို့က သတ္တဝါတွေကို ဘယ်လို တဖက်ကမ်း ပို့နိုင်မလဲ ကွ သူတပါး ကယ်ချင်ရင် ကိုယ်က အရင် ကမ်းပေါ် ရောက်နေဖို့ လိုတယ် ကွ အဲဒီအချက်မှာ မင်းတို့ နဲ့ ငါတို့ရဲ့ အကျင့်အကြံချင်း ကွာသွားတာပဲ ကွ ''
အဲသလို ယှဥ်ပြောလိုက်တော့မှ ဆရာတော်ကြီးနဲ့ ပခုံးချင်း ယှဥ်ပြောမိတဲ့ ဝိဇ္ဇာဓိုရ်လည်း တောင်းပန်ပြီး ပြန်သွားသတဲ့ ။
အဲဒီအကြောင်း သတိရမိတော့ မှ နေ့စဥ် အသတ်ခံနေရတဲ့ သူလို ကိုယ်သူ သာမန်ပြည်သူတွေ ကို အပြည့်အဝ အကာအကွယ် မပေးနိုင်တဲ့ နစက အပေါ် ထွက်နေတဲ့ ဒေါသတွေ အတော်ပြေသွားတယ် ဗျာ ။
ကျနော်တို့က အားသာကိုးနေရတာ အမှန်က နစကအဆင့်သည် ဝိဇ္ဇာဓိုရ် အဆင့်ပဲဗျ ။ သံသရာကြောမှာ သူကိုယ်တိုင် ယက်ကန်ယက်ကန် မျှောနေသေးတော့ ကျနော်တို့ကို သံသရာ တဖက်ကမ်း ဘယ်ပို့နိုင်သေးပါ့ မလဲ ဗျာ ။
မျိုးဝင်း