Tuesday, June 29, 2021

#ရွှေစွန်ညိုဘာလိုလို့ဝဲတာလဲ?


မြန်မာကို သူတို့ဖြစ်စေချင်တာက
ဒေါ်စုပြန်လာဖို့မဟုတ်ဘူး၊
ဒေါ်စုကိုလဲ သူတို့ကမယုံကြည်တော့ဘူး
သူတို့ဖြစ်စေချင်တာက
မြန်မာကို Collasped State ဆိုတဲ့
အစိပ်စိပ်အမွှာမွှာ ပြိုကွဲပြီး၊ ပြည်တွင်းစစ်
ဖြစ်စေချင်နေတာ၊

တပ်မတော်ရှိနေတော့
ချက်ချင်း Collasped state မဖြစ်နိုင်ဘူး
ကြားမှာ Failed State ဆိုတာရှိသေးတယ်
မပြိုကွဲခင် အစစအရာရာ အားနည်းသွားတဲ့
အခြေအနေမျိုးကိုခေါ်တာ။

သာဓကတွေရှိထားတယ်
ဆိုဗီယက်ယူနီယံကြီး Collapsed ဖြစ်သွားပြီး
ရုရှားပဲထီထီးကျန်ခဲ့တယ်၊
Satellite States တွေတချို့ NATO တောင်
ဝင်သွားလိုက်ခဲ့သေးတယိ၊
ရုရှားကနေ ဘယ်တော့မှ ဆိုဗီယက်ရယ်လို့
ဖြစ်လာအောင် ပြန်လုပ်ယူလို့မရတော့ဘူး။

..................

ဆိုဗီယက်ကို လုပ်ကြံလို့ အောင်မြင်တော့
အာဖဂန်ကနေ အရှေ့အလယ်ပိုင်းကို
တနိုင်ငံခြင်းမွေတော့တာပဲ၊
အောင်မြင်တယ်လို့ ပြောရမယ်
လစ်ဗျား၊ အီရတ်၊ အီဂျစ်ကနေ နောက်ဆုံး
ဆီရီးယားအထိ ပြိုကွဲပြီး၊ ပြည်တွင်းစစ်
ဖြစ်နေတုန်းပဲ၊
နောက်ဆုံးဖြစ်တဲ့ ဆီရီးယားတောင်
စစ်ဖြစ်နေတာ (၁၀) နှစ်ကြာသွားပြီ
စစ်ရပ်နှိုင်ဖို့ နောက် (၁၀) နှစ်မမြင်သေးဘူး။

လောလောဆယ်
မြန်မာကို အလုံးအရင်းနဲ့ မဖျက်နိုင်သေးဘူး
နည်းနည်းနဲကြဲကြဲ ဝိုင်းနေတဲ့ သဘောရှိတယ်
အဓိကက ဆိုးရောစ်နဲ့ CIA၊
အမေရိကန်အစိုးရအနေနဲ့ ထဲထဲဝင်ဝင်
မပါနှိုင်သေးဘူး၊ Biden ကို တရုတ်က
ချုပ်ထားနိုင်တာ မြန်မာ ကံကောင်းတယ်။

ထရမ့်သာပြန်ဖြစ်ရင် 
ဗျူဟာ အပြောင်းနဲ့ တမျိုးပြန်ဖြစ်နိုင်တယ်၊
အမေရိကန်က စီးပွားရေးနာလန်ထအောင်
ပြန်ကုစားနေရတယ်၊ အဲ့ဒါလဲ မြန်မာအတွက်
ကံကောင်းမှုတခုပဲ၊

EU လဲ အသံပဲပေးနှိုင်တော့တယ်
ဒီမိုကရေစီနိုင်ငံတွေဆိုတော့လဲ
အသံလောက်တော့ပေးမှ၊ အသံတောင်မှ
မပေးရင် နှပ်ပစ်ခံရမှာကိုး ။

.................

CDM ရေနစ်သွားပြီ
ထောက်ပံ့ရေးတွေရပ်ကုန်ပြီ
စာအတုလို့ယူဆရတဲ့ တစောင်တွေ့လိုက်တယ်
CDM ကိုထောက်ပံ့တာ US$ (8) billion တဲ့
အဲ့ဒီပမာဏကိုတွေ့တော့ မဖြစ်နိုင်ဘူးလို့
ပြောနိုင်လာတယ်၊
ခန့်မှန်းရတာကတော့ ဒေါ်လာသန်း (၃၀၀) လောက်
အောက်ထစ် သုံးသွားသလားပဲ၊
ဒီတခေါက် ဖေါဖေါသီသီ သုံးသွားတာကတော့
သေခြာတယ်၊

ကျန်တာတွေကတော့
အဆင့်ဆင့် ဘုံးကြမပေါ့။

CRPH  ပေါတောတောဖြစ်သွားပြီ
နစက အနေနဲ့ ဝရမ်းထုတ်သင့်တယ်
CRPH ထဲမှာပါသူတချို့ အကြမ်းဖက်
အားပေးမှုနဲ့ CRPH ကိုပါ အကြမ်းဖက်အဖွဲ့အဖြစ်
ကြေငြာလိုက်ရင်.... Game changing တခု
ဖြစ်လာလိမ့်မယ်၊

...............

ဒေါက်တာ ဆာဆာတို့များ
ဘယ်လောက် ဖြီးသလဲဆိုတာ
မလေ့လာပဲ လက်တန်းဖြီးတော့
အရှက်ကွဲရတော့တာပေါ့၊
နိုင်ငံတကာနဲ့ အင်တာဗျူးမှာ....

            " အာဏာမထိမ်းခင်က ဒေါ်စုနဲ့
               အတူရှိနေပါတယ်၊ အာဏာထိမ်းတော့
               တက္ကစီဒရိုင်ဘာ ဟန်ဆောင်ပြီး
               ထွက်ပြေးခဲ့ရတယ် " .... ဆိုပဲ။

  နေပြည်တော်မှာ တက္ကစီမရှိတာ မသိရှာဘူး
  မိုးမလင်းမီ အားလုံးထိမ်းချုပ်ပြီးနေပြီဆိုတာ
       မသိရှာဘူး၊
  ဆာဆာက ဒေါ်စုနဲ့ အတူရှိနေတယ်ဆိုရင်
       မနက် (၃) နာရီဟာ ရှိစရာအချိန်လား ?
  ဆာဆာမပြောနဲ့ အဲ့ဒီအချိန်မျိုးမှာ
       ကြောင်တကောင်တောင် ထွက်မရတော့ဘူး။
  ဒေါ်စု အိပ်ယာနိုးမှ အာဏာထိမ်းပြီးဆိုတာကို
       သိရတာ ဆိုရင်....
       တပ်မတော်ဟာ... မဖြစ်လို့သာလုပ်ရတယ်
       ဒေါ်စုအိပ်နေတာကိုတောင် အနှောက်အယှက်
       ပေးမသွားဘူးဆိုတာ ဆာဆာသိဖို့ကောင်းတာပေါ့။

ဒါကြောင့် ဗခဇော်မင်းထွန်က
ဆာဆာကို " စိတ်ကူးယဉ်သူပါ " လို့
ပြောသွားတာမလွန်ဘူး
တကယ်တော့ ဆေးမှန်မှန်သောက်နေရသူလို့
ပြောရမှာ။

...................

ဦးသန်းရွှေကြီးက ဒီမိုကရေစီကို
အုပ်မြစ်ချပေးသွားတယ်၊
ဦးသိန်းစိန်က ပျိုးထောင်ပေးတယ်
ဒေါ်စုလက်ထက်မှာ ဒီမိုကရေစီ အတော်ကြီး
ပျက်စီးသွားခဲ့တယ်၊

ဦးမင်းအောင်လှိုင်လက်ထက်မှာ
ဆန္ဒပြခွင့်ပေးတာ ဒီမိုကရေစီပဲ
ပုဒ်မ ၁၄၄ လောက်နဲ့ စခဲ့တာလဲ ဒီမိုကရေစီကို
ပြန်ထိမ်းပေးနေတာ၊
အကြမ်းဖက်တွေများလာတော့မှ မာရှယ်လော
ထုတ်သုံးရတာ။

..................

ညနေက လုပ်ဖေါ်ကိုင်ဖက်
လုပ်ငန်းရှင်ကြီးယောက်ဖုန်းဆက်တယ်၊
လှိုင်သာယာ စက်ရုံတွေအကုန်ပိတ်ရပြီတဲ့
သူ့စက်ရုံလဲ နေ့လား၊ ညလားဆိုပဲ၊
ဘဏ်လုပ်ငန်းကလဲ ကိုဗစ်ကာလ
နှေးသွားလိုက်တာ... အခုတော့
ငုတ်တုတ်မေ့နေရပါပြီ... ဆိုပြီး ငြီးရှာတယ်၊

စက်ရုံပိတ်ရတဲ့အထဲ
ဇိုးတွေမိုက်ကြေးခွဲတာကိုထပ်ခံနေရတဲ့အကြောင်း
စက်ရုံတရုံတရုံကို သိန်း (၅၀-၁၀၀) ပေးရကြောင်း
တခါထဲမပြတ်ပဲ၊ ဘယ်နှစ်ဖွဲ့ကို ဘယ်လောက်
ထပ်ပေးရဦးမလဲဆိုတာ မသိရသေးကြောင်း၊

သွင်းကုန် ထုတ်ကုန်တွေ ရပ်ဆိုင်းသွာကြောင်း
စီးပွားရေးဟာ ကမ်းမမြင်၊ လမ်းမမြင်
ဖြစ်သွားကြောင်း၊ ဒီအတိုင်းဆိုရင်....
ဘယ်လိုရပ်တည်ရမလဲဆိုတာ စဉ်းစားလို့
မရကြောင်း....
အတော်ကြာကြာဆွေးနွေးဖြစ်ကြတယ်၊

...................

ဆန္ဒပြတဲ့ ခလေးတွေကသာမသိတာ
သူတို့လိုချင်တာ အဲ့ဒီအခြေအနေမျိုးပဲ
စီးပွားရေးစီးဆင်းမှုမမှန်ရင် နိုင်ငံတခုဟာ
ကျုယျခံအား ကျဆင်းလာပြီး တဖြည်းဖြည်း
Failed state ဖြစ်လာမယ်၊
အဲ့ဒီကတဆင့် နိုင်ငံတကာဖိအား
ပြည်တွင်း တကြော့ပြန်ဆူပူမှုတွေပေါင်း
လက်နက်ကိုင်တွေနဲ့ပါ အတူစစ်မျက်နှာ
ပြိုင်တူဖွင့်လိုက်ရင်....
မြန်မာဟာ လျင်လျင်မြန်မြန်ပဲ
Failed state ကေန Collapsed state ကို
ကူးသွားပြီး၊ တချိန်က ဆိုဗီယက်ကြီးလို
ဖြစ်သွားနိုင်တယ်၊

ဒီအချက်အလက်နဲ့ အခြေအနေကို
သူတို့က ကောင်းကောင်းသိထားလေတော့
စိတ်ခံစားမှုလွယ်ပြီး၊ နိုင်ငံတကာ
ကစားကွက်တွေကိုလက်လှမ်းမမှီတဲ့
ပြည်သူတွေကို အသုံးချသွားတာ။

စစ်ဦးမှာ
အနုပညာရှင်နဲ့ Social influencers 
ပြီးတော့ ခံစားလွယ်တဲ့ GZ.
သူတို့ရဲ့ လှုံ့ဆော်မှုနဲ့ GY တွေပါလာမယ်
အင်အားများလာရင် ... ယိမ်းတတ်တဲ့
လူ့သဘောကိုသိထားတော့ ဝန်ထမ်းတွေပါ
ပါလာမယ်၊
အစိုးရဝန်ထမ်းတွေပါလာရင် ပုဂ္ဂလိက
ဝန်ထမ်းတွေထပ်ပါလာမယ်၊
လမ်းတွေပိတ်ဆို့ပြီး Social punishment ကို
အလွဲသုံးပြီး၊ အဓမ္မကိုင်ရင်....
ကျန်သူတွေမခံနှိုင်ပဲ အုပ်ချုပ်မှု ယန္တရား
ရပ်မယ်၊
ကုန်ထုတ်လုပ်မှုတွေ ရပ်ဆိုင်းရင်
ငွေစီးဆင်းမှု ရပ်တံ့ပြီး၊ အစိုးရ ပြုတ်ကျစေမဲ့
နည်းလမ်းကို သုံးသွားတာပါ၊

ဒါပေမဲ့ သူတို့မသိသေးတဲ့အချက်ရှိနေပါသေးတယ်၊
နောက်ဆုံးတော့....
CDM ရေတိမ်နစ်ပြီး ဝရမ်းပြေးဖြစ်သလို
CRPH လဲ ပေါခြာခြာနဲ့ နိဂုံးချုပ်သွားပါလိမ့်မယ်၊

..................

မအောင်မြင်နိုင်ပါဘူးလို့
စကထဲက တဖွဖွရေးခဲ့တယ်၊
CDM, CRPH ကို စေတနာရှိလို့တော့မဟုတ်ဘူး
အပြစ်မဲ့တဲ့ ခလေးတွေ
အသုံးချခံဖြစ်ပြီး အနာဂါတ်မပျောက်စေချင်လို့
သားသမီးချင်း ကိုယ်ချင်းစာလို့
နောက်တခုက
ဘာပဲပြောပြော တိုင်းပြည်မှာ မလိုအပ်ပဲ
ဒါဏ်ရပိုရသွားရင် နာတာရှည်မှာစိုးလို့သာ။

..................

ခရီးတဝက်တော့ရောက်ခဲ့ပါပြီ
ဖြစ်ပြီးတာတွေလဲ ဖြစ်ခဲ့ပါပြီ
နိုင်ငံလဲ ဒါဏ်ရာတွေ ရသင့်သလောက် ရခဲ့ပါပြီ
ညနေက စကားပြောဖြစ်ခဲ့တဲ့
လုပ်ငန်းရှင်ပြောခဲ့သလို
မြန်မာ့စီးပွားရေးဟာလဲ အကြောဆွဲသင့်သလောက်လဲ
အကြောဆွဲသွားခဲ့ပြီ၊

အားလုံးတက်ညီ လက်ညီ
ပြန်လည်တည်ဆောက်ရာမှာ
ထပ်ပြီးနောက်မကျတော့ဖို့ပဲ လိုပါတယ်။

နေဇင်လတ် 

#credit 
#သတင်းစဉ် 
#မြန်မာပြည်သတင်းမှန်ပြန်ကြားရေး

****