Wednesday, June 16, 2021

အဖြူထည်လူငယ်များအတွက် ၈၈ & ၂၁ ဂျင်းဆိပ်ဖြေဆေး (26)

           ရခိုင်အရေးအတွက် တမင် ဆင်ထားတဲ့ ပြည်ဖျက် စီမံကိန်းတွေကို ပထမဆုံး လေ့လာပြီးမှာ ဆက်ချိတ်ကြည့်ရင် ပိုရှင်းသွားပါမယ် ။ NLD ဟာ အာဏာရလာတာ နဲ့ လွှတ်တော်အတွင်း မဲအသာစီး နဲ့ တိုင်းပြည်ရဲ့ ခြံစည်းရိုး ဥပဒေတွေ ကို ချိုးဖျက်ထားပါတယ် ။ 

          အဲဒါတွေကတော့ အများသိပြီးသား ဖြစ်တဲ့ ဥပဒေတွေပါပဲ ။ လူငယ်များ အတွက် အနည်းငယ် ရှင်းလင်း ပါရစေ ။

၁ ။ ဧည့်စာရင်း ဥပဒေ 
      -–----------------

           ဒေသအသီးသီးမှာ လူစိမ်း အဝင်အထွက် မှတ်တမ်းကျန်နေအောင် ပြဌာန်းထားတဲ့ ဥပဒေပါပဲ ။ ကမ္ဘာ့လူဦးရေ တဝက်လောက် ရှိတဲ့ နိုင်ငံကြီး ၂ ခုကြား က နိုင်ငံလေး ၊ ဘေးနားမှာ လူဦးရေ ပေါက်ကွဲပြီး ကျားချောင်း ချောင်းနေတဲ့ ​မြေငတ်နိုင်ငံ ၊ ဒါ့အပြင် သောင်းကျန်းတွေ မွစိတက်နေတဲ့ တိုင်းပြည် ဒီတော့ လုံခြုံရေးအတွက် ဒီဥပဒေဟာ အလွန်အရေးကြီးတယ် ။ 

       အဲဒီ ဥပဒေကို NLD တက်လာတော့ ဒီဥပဒေကို အရင်ဆုံး ဖြိုဖျက်လိုက်တယ် ။ 

၂ ။ နယ်ခြားစောင့် စစ်ဆေးရေး ဥပဒေ 
-----------------------------

      အထက်က ပြောထားတဲ့ အန္တရာယ်တွေကြောင့် နာ်စပ်တွေကနေ စနစ်တကျ စောင့်ကြည့်စစ်ဆေးနေတဲ့ ဂိတ်တွေကို ပယ်ဖျက်ပြီး အင်မတန် အရေးကြီးတဲ့ ဥပဒေကို ရုတ်သိမ်းပစ်တယ်နော် ၊ အထက်က ဧည့်စာရင်း ဥပဒေနဲ့ ချိတ်ပြီး စဥ်းစားပါ ကြက်သီးထဖွယ် တွေ့ရပါမယ် ။ 

၃ ။ နောက်ယောင်ခံ ဥပဒေ
     -----------------------

         မသက်ာတဲ့ လူကို နောက်ယောင်ခံ လိုက်လံစုံစမ်းခွင့် ကို တာဝန်ကျ ဝန်ထမ်းတွေကို ပေးအပ်ထားတဲ့ ဥပဒေပါ ။ အဲဒါကိုပါ ထပ်မံ ပယ်ဖျက်လိုက်ပါတယ် ။ ကဲ ခိုးဝင်လာပြီ ဟိုသွား ဒီသွား သွားလာနေလို့ မသက်ာဖြစ်ပြီး နောက်ယောင်ခံ မလိုက်တော့နဲ့ ။ တိုင်းပြည်ကို ကာကွယ်ဖို့ နောက်ယောင်ခံလိုက်မိရင် လိုက်တဲ့သူက အလုပ်ပြုတ် ထောင်ကျပေတော့ အပေါက်ပဲ ဗျာ ။ အကွက်စေ့နေတဲ့ ပြည်ဖျက်လုပ်ငန်းတွေ နော် ။ နောက်က အ​ကြံပေးနေတာ NLD ရဲ့ ဥပဒေဆရာသခင်ကြီး ကိုနီပဲ ။ 

၄ ။ အရေးပေါ် စီမံမှု ဥပဒေ
     -----------------------

          အဲဒီ ဥပဒေ နဲ့ တိုင်းပြည်ကို ဖျက်ဆီးမယ်လို့ ယူဆရတဲ့ ပြည်ဖျက်တွေကို ဖမ်းထိမ်းထားခွင့် ရှိပါတယ် ။ ဒါကိုလည်း NLD က ပယ်ဖျက်ပြီး ပြည်ဖျက်တို့အတွက် တံခါးပေါက် ချဲ့ပေးခဲ့ပြန်ပါတယ် ။ 

၅ ။ နိုင်ငံတော်ကို နှောက်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ 
------------------------------

       နိုင်ငံတော်အတွက် စီးပွားရေး လူမူရေး နိုင်ငံရေး တွေအပေါ် နှောက်ယှက်ဖျက်ဆီးမယ့် သူတွေကို ကြိုတင်ကာကွယ် ဖမ်းဆီးနိုင်ရန် ပြဌာန်ထားတဲ့ ဥပဒေပါပဲ ။ 

     NLD က အဲဒီဥပဒေကိုလည်း ဖျက်ဆီးလိုက်ပြီး နိုင်ငံတော်ကို လမ်းဘေးဇရပ် အဆင့်ဖြစ်အောင် ခြံစည်းရိုးအားလုံးကို ရိုက်ချိုးပစ်ခဲ့တယ် ။ 

......ရခိုင်ကိစ္စ ဖြစ်ခါစမှာ လုံခြုံရေး တိုးမြှင့်ဖို့ တပ်မတော်အင်အားတိုးမြှင့်သုံးစွဲဖို့ အဆိုပြုရာမှာ လူယုတ်မာ NLD အမတ်တွေက ဒီဥပဒေဖျက်သိမ်းပြီး ကန့်ကွက်ခဲ့လို့ ရခိုင်ပြဿနာကြီး ဖြစ်ခဲ့ရခြင်း ဆိုတာ သိသင့်ပါတယ် ။

 ၆ ။ မူးရစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေ 
------------------------------

         မူးယစ်ပုဒ်မတွေဟာ မြန်မာပြည်မှာ ယခင်က အလွန်ပြင်းထန်ပါတယ် ။ ရောင်းဝယ်ရင် သေဒဏ် နဲ့ သုံးစွဲရင် ထောင်နှစ်ရှည် ချမှတ်ပါတယ် ။ အဲဒါကို ရောင်းဝယ် ၁၂ နှစ် နဲ့ သုံးစွဲကို လူမှုရေးပြစ်ဒဏ်ပဲ ပေးရမယ်ဆိုပြီး ပြင်ဆင်လိုက်ပါတယ် ။ 

     မြန်မာလူငယ်တွေ ဆေးသမားအဖြစ်နဲ့ လူညွှန့်တုံးပြီး မျိုးဆက်သစ်တွေ နုံချာညံ့ဖျင်းသွားပြီး လူမြိုခံရအောင် စနစ်တကျ ယုတ်မာခဲ့တဲ့ လုပ်ဆောင်မှုပါပဲ ။ ယနေ့ ဒေသအနှံ့မူယစ်ဆေးစွဲနေတဲ့ လူငယ်တွေဟာ အဲဒီ ဥပဒေပြင်လိုက်တဲ့ အတွက် ဖြစ်လာတဲ့ အကျိုးတွေပါပဲ ။

၇ ။ အမျိုးဇာတ်ပျက်ယွင်းခြင်းမှ ဖယ်ရှားသည့် ဥပဒေ
------------------------------

       ဒီဥပဒေက လွယ်လွယ်ပြောရရင် ဘာသာခြား လူမျိုးခြား နဲ့ ညားသွားတဲ့ သမီးရှင်တွေဟာ သမီးတွေကို အမွေပြတ်စွန့်လွှတ်လို့ မရအောင် ပြင်လိုက်ကြတာပါပဲ ။ ဘယ်လူမျိုးတွေ အကျိုးအတွက် ပြင်ဆင်ပေးခဲ့သလဲ တွေးကြည့်နိုင်ပါပြီ ။ 

၈ ။ နိုင်ငံခြားသား ကလေး နှစ်ယောက် မွေးစားခွင့် ဥပဒေ
-----------------------------

        မူလတုန်းက ကလေးဆိုတာ အသက် ၁၆ နှစ်အောက်လို့ သတ်မှတ်ထားတာကို ပယ်ဖျက်ပြီး ၁၈ နှစ်အောက်အဖြစ် သတ်မှတ်လိုက်ပါတယ် ။ 

    နောက် တဆင့် နိုင်ငံခြားသား ကလေးမွေးစားခွင့် ကို လူတယောက်လျှင် ကလေး ၂ ဦး မွေးစားခွင့် ပြုလိုက်တဲ့ ဥပဒေ ပြဌာန်းလိုက်တယ် ။ ဒီတော့ ၁၈ နှစ် တရက်လျော့ ကလေးတွေကို မွေးစားကြမယ် ။ နောက်ကာလအနည်းငယ်အတွင်း အဲဒီ ကလေးတွေက ၁၈ နှစ်ပြည့်ပြီး လင်ယူသားမွေးလုပ်ရင်း သူတို့က တဖန်မွေးစားကလေးတွေ ခေါ်မယ် ။

     ငွေလေးသောင်း နဲ့ တိုင်းပြည်ရောင်းစားနေတဲ့ NLD လူမွဲတွေက ငွေလက်ခံပြီး သူတို့ မွေးစာရင်းထဲမှာ ကလေးတယောက် ဘယ်လောက်ဆိုပြီး မွေးစားပါတယ် လုပ်ကြမယ် ။ 

     NLD ရဲ့ ပြည်ဖျက် စီမံကိန်းအရ နောက် ဆယ်နှစ်မကြာခင် မြန်မာတပြည်လုံး မဲမှောင်သွားလိမ့်မယ် ။ 

၉ ။ နိုင်ငံတကာ ရွှေ့ပြောင်းအခြေချနေထိုင်သူများအား လက်ခံကမည့် စာချုပ်မှာ ဒေါ်စုကြည် လက်မှတ်ထိုးလိုက်တာကတော့ ကျနော်တို့ တိုင်းပြည်ကို အစွန်းကုန် လူမျိုးသုန်းအောင် ဆောင်ရွက်လိုက်တာပါပဲ ။ 

      တိုင်းပြည်တည်ဆောက်ဖို့သာ ဘာတခုမှ မလုပ်တတ်တာပါ ဒေါ်စုကြည်ဟာ တိုင်းပြည်ဖျက်ဖို့ဆိုရင် ဖြစ်လာတဲ့ အနေအထားကို မူတည်ပြီး ရတဲ့ အပေါက်က ဖျက်ဆီးတတ်ပါတယ် ။ 

      ရခိုင်ဒေသ ပြဿနာကို ပြန်သွားကြပါမယ် ။ ပြဿနာ ဖြစ်လာတော့ လွှတ်တော်ကနေ နှိမ်နင်းဖို့ ကိစ္စကို ဖျက်နေကြပါတယ် ။ နောက်ဆုံး မွေးစားသားတွေ သောင်းကျန်းလွန်းမှ နှိမ်နင်းရပါတယ် ။ 

       မီဒီယာ လူယုတ်မာ လောက်ကောင်တွေ နဲ့ NLD လူယုတ်မာတို့ ပေါင်းပြီး တပ်မတော်ကို နောက်ကျော ဒါးနဲ့ ထိုးပါတယ် ။ တာဝန်ကျ တပ်မတော်အရာရှိကြီးတွေဟာ ပျော့ညံ့တဲ့ တပ်ချုပ်ကြီးကြောင့် အရေးယူခံလိုက်ရပါတယ် ။ တပ်မတော်ရဲ့ လုပ်ရဲ ကိုင်ရဲတဲ့ ရဲဝင့်သော စိတ်ဓာတ်ကို တပ်ချုပ်ကြီး ကိုယ်တိုင် ရိုက်ချိုးခဲ့တာပါ ။ 

         အံ့သြစရာကောင်းတာက ဒေါ်စုကြည်ဟာ ပြည်တွင်းရေး ပြဿနာ ကို ကိုယ့်လက်ထဲ ကိုယ့်ကစားကွင်းမှာ ပိုင်ပိုင်နိုင်နိုင် ကစားလို့ ရနေပါလျှက် ပြည်ပကျွန် ပီသစွာ ဆောင်ရွက်ခဲ့ပါတယ် ။ 

        ရခိုင်အရေး စုံစမ်းစသ်ဆေးခွင့်ကို ကိုဖီအာနန်ဆီကို ပေးလိုက်တာ အံ့သြစရာ ကိစ္စပါပဲ ။ 

    ပိုပြီး အံ့သြစရာ ကောင်းတာပတော့ ကိုယ့်မြေ ကိုယ်ရေ မှာ ခိုကပ်နေပြီး ကိုယ့်ရဲစခန်းတွေ တိုက်ခိုက် ကိုယ့်ဌာနေ တိုင်းရင်းသားတွေကို ရွာလုံးကျွတ် နယ်လုံကျွတ် သတ်ဖြတ်ခဲ့တဲ့ လူယုတ်မာတွေရဲ့ လုပ်ရပ်တွေကို လုံးဝ မစစ်ဆေးပဲ တပ်မတော် ရဲ့ နှိမ်နင်းမှုကိုပဲ စစ်ဆေးမယ်တဲ့ ဗျာ ။ 

         အချုပ်အခြာအာဏာမဲ့နေသူလို စော်ကားလှတဲ့ တောင်းဆိုချက်ကို NLD ကျွန်အစိုးရက ဝမ်းသားအားရ လက်ခံပြီး ပိုဆိုးတာက တပ်မတော်ကပါ လက်ခံပေးလိုက်တာပါပဲ ။ လွှတ်တော်အတွင်းမှာ အနည်းငယ် ကန့်ကွက်ရုံမှ အပ တပ်မတော်ဟာ ခေါင်းငုံ့ခံနေပါတော့တယ် ။ ကျနော်ကတော် အဲဒီ ပြဿနာ အတွက် ယနေ့ထိ တပ်ချုပ်ကြီးကို ရာနှုံးပြည့် လေးစားလို့ မရတော့တာ အမှန်ပါပဲ ။ 

        ကိုဖီအာနန်ရဲ့ တောင်းဆိုချက်တွေကို NLD အစိုးရက လမ်းပြမြေပုံအဖြစ် လက်ခံသတဲ့ ဗျာ ။ အံ့သြစရာကောင်းတာက အစီရင်ခံစာ နာရီပိုင်းအတွင်း လက်ခံခိုက်တာနော် ။  မအောင့်နိုင် မစောင့်နိုင် ကျွန်ပီသကြောင်း ပြလိုက်တာပါ ပဲ ။

       အဲဒီအချိန်မှာ ပြည်သူတွေ ဆူပွက်လာတော့ NLD အမတ်မ တယောက်က ထပြောပါတယ် ။ သူပြောတဲ့ စကားကြောင့် ကျနော်တို့ အံ့သြပြီး အလွန်လန့်သွားရပါတော့တယ် ။ 

      အမတ်မ ပြောလိုက်တာက........?

          မျိုးဝင်း