Friday, June 25, 2021

ထားတဲ့စေတနာ

သူတို့မောင်နှမကိုသိကြမှာပါ
အစ်ကိုဖြစ်သူ ဘီလီယံနာကြီး
သက်ဆင်ရှင်နာဝတ်ထရာ အာဏာ
အသိမ်းခံရတယ်၊
တိုင်းပြည်ကို ဖျက်မသွားခဲ့ဘူး၊

ညီမဖြစ်သူ ယင်လတ်ဝန်ကြီးချုပ်ဘဝမှာ
တခါအာဏာအသိမ်းခံရတယ်၊
တိုင်းပြည်ကိုဖျက်မသွားခဲ့ပြန်ဘူး၊

မြန်မာပြည်မှာ
မဲမသမာမှုရယ်၊ နိုင်ငံတော်အပေါ်
သစ္စာဖေါက်မှုရယ်ကြောင့်
အာဏာ "ထိမ်း" တာ၊

သက်ဆင်ရော၊ ယင်လတ်ရောက
ပြန်လည်ညှိနှိုင်းဖို့ အခွင့်အရေးရခဲ့တာမဟုတ်ဘူး
ဒေါ်စုက မဲပြန်ရေပေးဖို့ အခွင့်အရေး
ရခဲ့ပါသေးတယ်၊

အစ်ကိုရော၊ ညီမရော
အာဏာအသိမ်းခံရတဲ့ နိုင်ငံမှာ
နိုင်ငံ အဖျက်မခံလိုက်ရပေမဲ့
နိုင်ငံတော်သစ္စာဖေါက်ခံရတဲ့မြန်မာမှာ
နိုင်ငံအဖျက်ခံနေရတာ
အတော် ဝမ်းနည်းစရာပဲ၊

အင်း.....
စေတနာ အရင်းခံ ဘိက္ခဝေ ပေါ့လေ။

#BaMaung