Tuesday, June 15, 2021

အားငယ်စရာလား....?

        လက်ရှိ မိမိနိုင်ရဲ့ အခင်းအကျင်း အနေအထားကိုပဲ ရှုမြင်ပြီး တို့တိုင်းပြည်ကတော့ သွားပါပြီ လို့ ယူဆပြီး စိတ်ဓာတ်ကျနေပါသလား.. ? အားငယ်နေပါသလား....?  ဆုံးအောင်ဖတ်ကြည့်ပါ ။

      ကမ္ဘာပေါ်မှာ အထင်ကြီးရတဲ့ နိုင်ငံတွေ ရှိပါတယ် ။ အဲဒီလို လူရိုသေ ခန့်ညားဖို့ နိုင်ငံဖြစ်စေရန် အဓိက ကျတဲ့ လိုအပ်ချက်တွေ ရှိပါတယ် ။ အချို့ အချက်တွေက ဖြည့်ဆည်းရန် မလွယ်ကူလှတဲ့ အချက်တွေဖြစ်ပါတယ် ။ အဲဒါတွေကတော့

၁ ။ အကျယ်အဝန်း

၂ ။ လူဦးရေ

၃ ။ တပ်မတော်အင်အား ခေတ်မှီတောင့်တင်းခိုင်မာမှု

၄ ။ သယံဇာတများ

၅ ။ စီးပွားရေး တောင့်တင်းမှု

၆ ။ နည်းပညာ အဆင့်မြင့်မှု

၇ ။ မှန်ကန်ခိုင်မာသော နိုင်ငံရေး စနစ် တည်ဆောက်နိုင်ခြင်း

       ဆိုတဲ့ အချက်တွေကို တွေ့ရပါမယ် ။ 

၁ ။ နိုင်ငံတခု ရဲ့ အကျယ်အဝန်း ကို လေ့လာကြပါစို့ 

ရုရှား           17      M km 2
ကနေဒါ         9.9  M km 2
တရုတ်          9.7.  M km 2
USA.             9.3.  M km 2

        ဆိုပြီး အကျယ်ဆုံး နိုင်ငံကြီးတွေ တွေ့ရပါမယ် ။ မြန်မာက ဘယ်လောက်ကျယ်နေသလဲ ဆိုတော့ 0.676 M km 2 ကျယ်ပါတယ် ။ ဟာ အထက်က နိုင်ငံကြီးတွေထက် ယှဥ်ရင် သူတို့ အစွန်းထွက်ပဲ ရှိပါ့လား လို့ တွေးစရာပေါ့ လေ ။ 

         တကယ်တန်း တန်းစီဇယားအရဆိုရင် မြန်မာက အဆင့် ၄၀ ရှိပါတယ် ။ 

..အဲဒါထက် ဂျပန် ၊ ဂျာမဏီ ၊ အီတလီတို့ ထက် ၂ ဆ ကျယ်တာ သိပါသလား ၊ 

.....အဂ်လန် (စကော့တလန် ၊ ဝေလ ၊အိုင်ယာလန်)  ထက် ၂ ဆခွဲကျော် ကျယ်တာ သိပါသလား ။

       ဒီတော့ ကမ္ဘာမှာ ထိပ်တန်းရောက်နေတဲ့ ဂျပန် ၊ ဂျာမဏီ ၊ ​အီတလီ ၊ အဂ်လန် တို့ထက် ၂ ဆမက ကျယ်ဝန်းနဲ့ ပိုင်နက်နယ်မြေရှိနေလို့ ကျနော်တို့ ဘိုးဘွားတွေရဲ့ အမွေဟာ မနိမ့်ကျလှပါဖူး ။ 

၂ ။ လူဦးရေ ကတော့ လက်ရှိ ၅၄ သန်း ဆိုတာ အလွန်မနည်းလှတဲ့ လူဦးရေပါပဲ တန်းစီဇယားမှာ နံပါတ် ၂၅ လောက် ချိတ်ပါလိမ့်မယ် ။ ဒုတိယ ကမ္ဘာစစ်တုန်းက အမေရိကန် ၊ ရုရှား ၊ တရုတ် ၊ ဥရောပ တိုက်အားလုံး နဲ့ တယောက်ထဲ တိုက်ပြသွားတဲ့ ဂျာမဏီဟာ လူဦးရေ ၅၇ သန်းထက် မပိုပါဘူး ။ ကျနော်တို့ လူဦးရေဟာ အင်အားမသေးငယ်လှပါဖူး ။

၃ ။ တပ်မတော်အင်အားကတော့ ပြောရခက်တယ်လို့ ဆိုရမှာဖြစ်ပေမယ့် သူတပါးရဲ့ ကျူးကျော်မှုကိုတော့ ခုခံကာကွယ်နိုင်တဲ့ အဆင့်တခုထိ ရောက်နေမှာ သေချာပါတယ် ။ ကိုယ်ကလည်း ဘယ်သူ့မှ ကျူးကျော်ဖို့ စိတ်ကူးမရှိတော့ တောင်းတင်းခိုင်မာပြီး ဖြစ်နေပါပြီ ။ 

၄ ။ သယံဇာတများ ကတော့ အလွန်အကျွံ များပြားစွာ မထွက်ပေမယ့် (အာရပ်ကမ္ဘာက ရေနံလို ၊ အာဖရိက​ဒေသ ရဲ့ စိန်လို) သူ့ဟာနဲ့သူ ထွက်ရှိနေလို့ အဆင်နေပါသေးတယ် ။ အထူးသဖြင့် သဘာဝဓာတ်ငွေ့ နဲ့ နောင်တချိန်မှာ ရှားပါးလာမယ့် ရေချို အရင်းအမြစ်တွေဟာ တန်ဖိုးဖြတ်မရပါဖူး ။ 

        အဲဒါတွေကတော့ ရုတ်ချည်း ပြန်လည် ဖြည့်ဆီးရန် လုံးဝ မရနိုင်တဲ့ အချက်လေးချက် ဖြစ်ပါတယ် ။ ဒါတွေအားလုံး ကံကောင်းထောက်မစွာ အခိုင်အမာ ရှိနေသေးတာ တိုင်းပြည်ရဲ့ ကံပါပဲ ။ နောက် ကျန်တဲ့ ၃ ခု အနက်

၅ ။ စီးပွားရေး  ၆ ။ နည်းပညာ

       တို့ဟာ ဆက်စပ်နေပါတယ် ။ စပါးကို ဒီအတိုင်းရောင်းမယ့်အစား ထမင်းချက်ရောင်းတာ အမြတ်ပိုရပါတယ် ။ ဒီသဘောပါပဲ နည်းပညာမြင့်လာရင် တန်ဖိုးကြီး ကုန်ချောတွေ ထုတ်လုက်ရောင်းချနိုင်ပြီး စီးပွားတိုးလာပါ့မယ် ။ 

၇ ။ မှန်ကန်ခိုင်မာသော နိုင်ငံရေးစနစ် ဆိုတာက အလွန်မခက်လှပေမယ့် ကျနော်တို့ မျိုးဆက်ဟောင်းတွေရဲ့ ပညာရည်နည်းပါးမှု ၊ အာဃာတကြီးမားမှု ၊ အသင်းအဖွဲ့ ခေါင်းဆောင်ရူး အာဏာရူးရောဂါ များပြားနေမှု ကနေတဆင့် ကူးဆက်သွားရတဲ့ မျိုးဆက်သစ်တွေရဲ့ ပညာဥာဏ် နုံ့နဲမှု ၊ ဗဟုသုတနည်းပါးမှု ၊ မျိုးချစ်စိတ် ကုန်ခမ်းမှု ၊ မူးယစ်ဆေးသားကောင်ဘဝ ပျော်ပါးနေမှု များကြောင့် မလွယ်ကူပါဘူး ။ ဒါတွေ ပြုပြင်တိုက်ဖျက်နိုင်ရင် အဆင်ပြေပါလိမ့်မယ် ။ 

       တကယ်တော့ နည်းပညာ နဲ့ စီးပွားရေး အဆင့်မြင့်လာဖို့ တာဝန်ယူကြရတာ နိုင်ငံရေးစနစ်ပါပဲ ။ နိုင်ငံရေးစနစ် ခိုင်မာကောင်းမွန်လာရင် အရာရာ ပြည့်စုံသွားပါမယ် ။ 

      ဒါကြောင့် တိုင်းပြည်တခုလုံး လူမလေး ခွေးမခန့် မဖြစ်စေရန် နိုင်ငံရေးသမားကောင်းများသာ လိုအပ်နေပါတယ် ။ နိုင်ငံရေးသမားကောင်းများ နေရာရပြီဆိုရင် လူရာဝင်တဲ့ နိုင်ငံတော် ဖြစ်ဖို့ နေ့ည မဆိုင်း အလားအလာ အလွန်ကောင်းပါတယ် ။ စိတ်အားငယ်စရာ မလိုပါဘူး ။ 

         မျိုးဝင်း

Related Posts:

  • ရဲရဲပြန်ကြည့် စမ်းပါ         မနက်က ကိုစိုးလာတော့ သူ့တူပါ ပါလာတယ် ။ လက်ဖက်ရည်သောက်ပြီတော့ ရေနွေးကြမ်းသောက်တာ ကြည့်ပြီးတာ နဲ့ ဒီကောက်လေး ဆေးသမားမှန်း ကျနော်သိလိုက်ပါပြီ ။      မသိသေးတဲ့ မိဘတွေအတွက် ဗဟုသ… Read More
  • လေကြောင်း စိုးမိုးရေး      1954 မှာ တရုတ်ဖြူတွေက အမေရိကန်အားကိုးနဲ့ မြန်မာပြည်ကို ကျူးကျော်လာကြတယ် ။ သူတို့ရဲ့ မြေအောက် ကတုတ်ကျင်း ဘန်ကာတွေကို ဖြိုချဖို့ ဒုံးကျည်တပ်ဆင်နိုင်တဲ့ လေယာဥ်တွေ လိုအပ်နေပြီ ။       &nbs… Read More
  • 🐈ကြောင်သူတော် 🐀ကြွက်သူခိုး 👪လူ့ခွင်ဒေသ ဤလောကဝယ်ပြင်ပသဏ္ဌာန် သူတော်ဟန်ဖြင့်အကြံညစ်စုတ် စိတ်ထားပုပ်သည့်လူယုတ်လူပွေ ပေါလှချေ၏။🐈ဆိုထွေစကား သကာပျားသို့တရားစပ်ဖွယ် နာပျော်ဖွယ်ဖြင့်ရှေ့ဝယ်သူမြတ် ကျင့်ဆောင်တတ်၍လွန်လတ်သောခါ မျက်ကွယ်ရာတွင်ယုတ်မာသမှု ကျင့်ကြံပြ… Read More
  • သို့ / ဦးသန်းဌေး          အနီတွေက တိုက်ကွက်ပြောင်းနေပြီ ခင်ဗျားတို့ကို အမှည့်ချွေ ချွေနေပြီ ။       သူတို့ဖက်က တပ်ကိုလည်း မတိုက်နိုင်ဖူး ၊ ကျောင်းသူ ကျောင်းသား ကလေးတွေကိုလည်း ခြောက်လှန့်ရုံပဲ လုပ်… Read More
  • အဖြူထည် လူငယ်များအတွက် ၈၈ & ၂၁ ဂျင်းဆိပ်ဖြေဆေး (22) .......ဒီပြဿနာကလည်း ဦးသိန်းစိန် ပြုတ်ကျရေးအတွက် အရေးပါတဲ့ အဓိကရုဏ်းဖြစ်လို့ ကျနော် မှတ်မိသလောက် အသေးစိတ် ရေးပြချင်ပါတယ် ။        ကျောင်းသားသမဂ္ဂကနေ ဦးသိန်းစိန် အစိုးရဆီကို ရာဇသံပို့တယ် ဗျ ။ သူတို့ … Read More