Wednesday, June 23, 2021

စစ်အုပ်ချုပ်ရေး (သို့) မာရှယ်လော တရားစီရင်မှု

၁။ ရွှေပေါက်ကံမြို့နယ်၊အမှတ်(၁၁)နေ ဦးစိန်မိုးအပါအဝင် မိသားစု (၃)ဦးကို လုံခြုံရေး အဖွဲ့များထံ သတင်းပေးဟုဆိုကာ လူသတ်မှုကျူးလွန်ခဲ့ကြသည့် တရားခံ (၁၄)ဦးအား ပုဒ်မ ၃၀၂(၁)(ခ)/၃၄/၄၃၆ အရ  သေဒဏ်ပြစ်ဒဏ်ချမှတ်။

၂။ အဆိုပါလူသတ်မှု ကျူးလွန်ပြီးနောက် ရုပ်အလောင်းဖျောက်ဖျက်ရန် ကြိုးစားခဲ့ သည့် တရားခံ စန်းဦးအား ရာဇသတ်ကြီးပုဒ်မ ၂၀၁/၁၀၉ အရ ထောင်ဒဏ် (၇)နှစ် ပြစ်ဒဏ် ချမှတ်။

၃။ လှိုင်သာယာ အရှေ့ပိုင်း၊ အမှတ်(၂၀)၊ ဝေပုလ္လ(၇)လမ်းနေ ကိုကိုဇော်(ခ)ဟာလန်း မိသားစုအား သတင်းပေးဟု ဆိုကာ ဖမ်းဆီးရိုက်နှက်ခဲ့ကြသည့် တရားခံ(၄)ဦးအား ထောင်ဒဏ် (၂၀)နှစ် ပြစ်ဒဏ်ချမှတ်ခဲ့။

၄။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များတွင်  စစ်သင်တန်းတက်ရောက်ခဲ့သည့် တရားခံ အောင်သက်ပိုင်အား ရာဇသတ်ကြီးပုဒ်မ ၁၂၄-ခ(က)အရ အလုပ်နှင့်ထောင်ဒဏ် (၁၀)နှစ် ပြစ်ဒဏ်ချမှတ်ခဲ့။ 

၅။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ တဆင့် နိုင်ငံအတွင်းသို့ လက်နက်တင်သွင်း ရန် အကြိမ်ကြိမ်ကြိုးပမ်းခဲ့သည့် တရားခံ နေမျိုး(ခ)ချာလီအား ရာဇသတ်ကြီးပုဒ်မ ၁၂၄-ခ(ဃ)အရ အလုပ်နှင့်ထောင်ဒဏ်(၁၀)နှစ် ပြစ်ဒဏ်ချမှတ်ခဲ့။ 

၆။ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းအား ဖျက်ဆီးခဲ့သည့် တရားခံများဖြစ်သော ဝင်းထွန်း၊ လာဘ(ခ)တင်အောင်၊ ဌေးလွင်နှင့် အောင်မျိုးသူတို့အား ပြည်သူပိုင်ပစ္စည်းကာကွယ်စောင့်ရှောက်ရေးအက်ဥပဒေ ပုဒ်မ ၆(၁) အရ အလုပ်နှင့်ထောင်ဒဏ်(၇)နှစ် ပြစ်ဒဏ်ချမှတ်ခဲ့။  

ပြန်ချုပ်ကြည့်ရင် လူသတ်မှုကျူးလွန်ရင် သေစားသေစေ ပြစ်ဒဏ် ပေးပါတယ်။  အများပြည်သူကို နှောင့်ယှက်ရင် ထောင်ဒဏ် နှစ်(၂၀) ဖြစ်ပါတယ်။ တောတွင်းလက်နက်ကိုင်တွေဆီမှာ စစ်သင်တန်း တက်ရောက်ရင် ထောင်ဒဏ်(၁၀)နှစ် ဖြစ်ပါတယ်။ ပေါက်ကွဲစေတဲ့ လက်နက်/ခဲယမ်းတွေ တင်သွင်းတာမိရင် ထောင်ဒဏ် (၁၀)နှစ်ဖြစ်ပြီးတော့ အများပြည်သူပိုင် စာသင်ကျောင်းတွေကို ဖျက်စီးရင် ထောင်ဒဏ် (၇)နှစ်ဖြစ်ပါတယ်။ 

ရှေ့နေငှားခွင့်မရှိ။ ထုချေလွှာ တောင်းဆိုခွင့်မရှိ။ အသနားခံစာတင်သွင်းခွင့် မရှိဖြစ်လို့ တန်၏ မတန်၏ဆိုတာ လုပ်ဆောင်သူတွေရဲ့ ဆုံးဖြတ်ချက်အတိုင်း သာဖြစ်ပါတယ်။ 

#ဖိုးစီ

Related Posts:

  • ရုရှားဘာကြောင့် အမေရိကန်ကို အခဲမကြေတာလဲ။ တချိန်က ကမ္ဘာ့မြေပုံရဲ့ ခုနစ်ပုံတစ်ပုံကို ပိုင်ဆိုင်ထားတဲ့ဆိုဗီယက်ရုရှား ပြည်ထောင်စုကြီးဟာ ကမ္ဘာ့အကြီးဆုံးကွန်မြူနစ်နိုင်ငံကြီးဖြစ်ခဲ့ပါတယ်။ဆိုဗီယက်ရုရှားပြည်ထောင်စုကြီးပြိုကွဲခြင်းနဲ့ မြန်မာပြည်ရဲ့လက်ရှိလားရာလမ်းကြောင်းဟာတူည… Read More
  • ကြေးစားမဟုတ်ဘူး စေတနာ့ ဝန်ထမ်းတွေက ကြေးစားမဟုတ်ဘူး ၊ သူတို့တွေက တန်ဖိုးဖြတ်မရတဲ့ မွန်မြတ်တဲ့အလုပ်တွေ လုပ်နေကျသူတွေလည်းဖြစ်သလို အဲ့အလုပ်တွေကိုလည်း ငွေနဲ့ပေးဝယ်လို့မရဘူး။Volunteers don’t get paid, not because they’re worthless, but because the… Read More
  • ငြင်းမရတဲ့ အမှန်တရားတစ်ခုတပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည်နိုင်ငံချစ်စိတ်ရှိပြီး ကိုးကွယ်သည့် ဘာသာတရားကို လေးစားတန်ဖိုးထားသလိုထိန်းသိမ်းကာကွယ်စောင့်ရှောက်တယ်။ထို့အတူ မိမိကိုယ်ကိုယ် ချစ်မြတ်နိုးသူသည်တပါးသူကိုလဲ လေးစားတန်ဖိုးထားဖို့လိုတယ်။ဒီလိုပဲ အခြားနို… Read More
  • ကာကွယ်ဆေး ထိုးပေးမည့်NUG ရုံးကို နာဆာအဖွဲ့ကအာကာသထဲမှာ ရှာဖွေတွေ့ရှိခဲ့တယ်လို့ ကမ႓ာကျော်အာကာသဆိုင်ရာ သိပ္ပံ မဂ္ဂဇင်း တစ်ခုက ကြေညာသွားကြောင်း သတင်းတွေအရ သိရှိရပါတယ်။ကာကွယ်ဆေး ထိုးပေးမည့်NUG ရုံးကို နာဆာအဖွဲ့ကအာကာသထဲမှာ ရှာဖွေတွေ့ရှိခဲ့တယ်လို့ ကမ္ဘာ… Read More
  • သတင်းမှန် မှ စီမံမှုမှန်ပါမယ်          ယနေ့ တနိုင်ငံလုံးရဲ့ အောက်ခြေမှာ ဖြစ်ပျက်နေသမျှ အခက်အခဲအားလုံးကို နစက ဥက္ကဋ္ဌကြီး အကုန်သိမယ်လို့ ယူဆထားကြပါသလား ။       လုံးဝ မသိပါဘူး ဘာကြောင့်လဲ ဆိုရင် နယ်မြေတာဝန်ခံ စရဖ ၊ SB တွေက သတင်းတင်ပြရင် ဦးစွာ မြို့နယ်မှူးက… Read More