Saturday, June 26, 2021

မှန်းဆသည်ထက် ပိုမိုကောင်းမွန်သော


          တပ်ချုပ်ကြီး ရုရှားကို သွားတဲ့ ခရီးစဥ်အတွက် ကြိုတင် တွက်ဆထားမိတဲ့ ကာကွယ်ရေး လက်နက်တွေ အကြောင်း စိတ်ကူးယဥ်ဖူးပါတယ် ။ 

      ရေငုပ်သဘော်အသစ် ၊ SU 30 ထက်မြင့်သော တိုက်လေယာဥ် SU 57 အထိ ၊ လေကာစနစ်သစ်များ ၊ အစရှိသည်တို့ကို တွေးဆပြီး ရေးသားခဲ့ဖူးပါတယ် ။

      အံ့သြစရာ ကောင်းတာက တပ်ချုပ်ကြီး ပထမဆုံး ကြည့်နေတဲ့ လက်နက်ပါပဲ ။ ဘာလဲဆိုတော့ စနိုက်ပါ ကို ဦးဆုံးလေ့လာနေပါတယ် ။ အမှန်အတိုင်း ပြောရလျှင် အဲသလောက်သေးသေးမွှားမွှား ကို စိတ်ဝင်စားမယ်လို့ မထင်မိပါဘူး ။ ကိုယ်တိုင်လည်း ထုတ်နေတာကိုး ။ 

        ဒါပေမယ့် တပ်ချုပ်ကြီး ကြည့်နေတဲ့ စနိုက်ပါရဲ့ ပါဝါကို ကြည့်ပြီးမှ သဘောပေါက်သွားပါတယ် ။ သူက တမိုင်အကွာအထိ ပစ်လို့ရပါတယ် ။ ထူးခြားချက်က တမိုင်အကွာရှိ  ၅ လက္မအထူ ကွန်ဂရစ်ကို ဖောက်ထွင်းထိမှန်နိုင်တဲ့ အစွမ်းသတ္တိပါပဲ ။ 

         နံရံကို ထွင်းဖောက် ထိမှန်အောင် ပြင်းထန်တိကျတဲ့ စနိုက်ပါကို ဝယ်ယူမယ့် စာရင်းထဲ ဦးစွာ ထုတ်ပြန်ခဲ့တာ မြို့ပြတိုက်ပွဲစိတ်ကူးယဥ် ​နေတဲ့ GZ တွေ အတွက် တွေးကြည့်ရင် သွေးပျက်စရာပါပဲ ။ စနိုက်ပါဆိုတာ လေယာဥ်လို ၊ သဘော်လို အမှာစာရမို့ ထုတ်လုပ်တာ မလုပ်ပါဖူး ။ လိုချင်ရင် စျေးထဲက သီးမွှေးငှက်ပျောသီး ဝယ်သလို ''ရော့ - အင့် '' ရပါတယ် ။ 

           နောက်ထပ်ကြည့်နေတာက AI နည်းပညာပါတဲ့ စက်ရုပ်တပိုင်း အကြမ်းဖက် နှိမ်နင်းရေး ယာဥ်ဖြစ်ပါတယ် ။ Uran 9 ဆိုတဲ့ လူမဲ့ယာဥ်ဟာ AI (ဥာဏ်ရည်တု) နည်းပညာကြောင့် သူ့ဘာသာ ပစ်မှတ်ရှာ သူ့ဘာသာ ဆုံးဖြတ်ပြီး ပစ်ခတ်နှိမ်နင်းနိုင်စွမ်း ရှိပါတယ် ။ 

        အထက်က နံရံဖောက် စနိုက်ပါရယ် လူမဲ့ Uran 9 ရယ် ပေါင်းလိုက်ရင် တပ်ချုပ်ကြီးရဲ့ အစီအစဥ်အရ မြို့တွင်းအကြမ်းဖက်ဖို့ တွေးနေတဲ့ GZ တွေ အတွက် ဘယ်နေရာက ဘယ်ရန်သူ နဲ့ တိုက်နေရမှန် မသိပဲ အူကြောင်ကြောင် နဲ့ ဘဝပြောင်းရမယ့် အနေအထားပါပဲ ။ 

         လေတပ်အတွက်ကတော့ မထင်မှတ်တဲ့ SU 25 အသံ ထွက်နေတယ် ။ ကျနော်တို့ မျှော်လင့်နေတာ SU 30 SME အထက်လေ ဘယ်နှယ့် SU 25 လဲပေါ့ ။ ဒါနဲ့ SU 25 ကို ပြန်လေ့လာမိတယ် ။ 

     ကဲ ဒီသတင်း မှားပါစေသာ ဆုတောင်းကြပေတော့ ၊ ဘယ်သူတွေ ဆုတောင်းရမှာလည်း ဆိုရင် EAOs တွေ ဆုတောင်းရမှာပါ ။ သူက မြေပြင်ထိုးစစ်အတွက် သီးသန့်ထုတ်ထားတာပါ ။ အရမ်းခေတ်နောက်ကျပြီ မတွက်နဲ့ SU 24 နဲ့ ခေတ်အမှီဆုံး ​အဂ်လန်ရေတပ် စစ်သဘော်ကို မောင်းထုတ်ခဲ့တာ ရက်ပိုင်းပဲ ရှိပါသေးတယ် ။ 

          လေကာစနစ်အတွက်လည်း လေ့လာနေတာ တွေ့ရပါတယ် ။ ဒါပေမယ့် အရမ်းစျေးများတဲ့ S 400 အတွက်တော့ အနာဂါတ်အတွက်ပဲ ချန်ထားမယ်ထင်ပါတယ် ၊ ရုရှား S 400 ကို အတုခိုးထားတဲ့ တရုတ် S 400 တွေ ဝယ်ထားတာ ဦးသိန်းစိန်လက်ထက်က ရှိနေသေးတာကိုး ။ 

          ရေတပ်အတွက်ကတော့ မှန်းဆထားသလိုပဲ မင်းရဲသိခ်သူထက် မြင့်တဲ့ ညီတော်တွေ ပါလာနိုင်ပါတယ် ။ တကယ်တန်းကျတော့ အခုပြောနေတာတွေက အပရိက အဆင့်တွေပါပဲ ။ တကယ့်အနှစ်က နှစ်နိုင်ငံ အကြီးစား စစ်သဘော်တွေ နားခိုနိုင်မယ့် ဆိပ်ခံကြီး တည်ဆောက်ဖို့ သဘောတူ စာချုပ်ပဲ ဖြစ်ပါတယ် ။

       စာချုပ်က အနာဂါတ် ကာကွယ်ရေး အတွက် အလွန်အရေးလှပါတယ် ။ အခြေစိုက် စခန်း မဟုတ်ပဲ ရိက္ခာဖြည့် ၊ ဆီဖြည့် ၊ ခဲယမ်းဖြည့် ဆိုတဲ့ လုပ်ငန်းစဥ်တွေကို မြန်မာ့ကမ်းရိုးတန်းမှာ ရုရှားစစ်သဘော်တွေ လာလုပ်ကြပါလိမ့်မယ် ။ 

       အဲလို လုပ်ပြီဆိုတာနဲ့ ဒီ ရုရှား စစ်သဘော်တွေ ရဲ့ လုံခြုံရေးကိစ္စတွေကို သူတို့ဘာသာ ဆောင်ရွက်ကြပါလိမ့်မယ် ။ ဆိပ်ကမ်းလုံခြုံရေး အတွက် ကာကွယ်ရေး လက်နက်တွေက ဘာတွေ ပါလာမလဲ တွေးကြည့်ပါ ။ 

        အဆင့်မြင့်ဆုံး လေကာစနစ်တွေ ပါလာရပါမယ် ၊ ဝေဟင် မြေပြင် ​ရေ​ပြင် ကာကွယ်ရေးသာမက ရေအောက် ကာကွယ်ရေး စနစ်တွေပါ ပါလာမှာ သေချာပါတယ် ။ 

       နတ်မျက်စိလို့ ခေါ်ရမယ့် ဂြိုလ်တုကနေ အချိန်ပြည့် စောင့်ကြည့်နေပါလိမ့်မယ် ။ အဲဒီလို အဆင့်ရောက်ဖို့ မြန်မာတပ်မတော် ပုံမှန်ကြိုးစားနေရင် နောက် အနှစ် ၂၀ တောင် မသေချာပါဖူး ။ အခုစာချုပ်အရ အမြဲဆန်းသစ် နေတဲ့ ရုရှားရဲ့ ခေါတ်အမှီဆုံး ကာကွယ်ရေး စနစ်တွေ နဲ့ ငွေမကုန်ပဲ ရနေနိုင်တဲ့ အစီအမံပါပဲ ။ 

      တရုတ်ကို အားကိုးနေရတာ ဝိတ်လျော့သွားသလို အနောက်အုပ်စုရဲ့ ယုတ်မာစွာ အခြေချနေထိုင်ရေး မဟာစီမံချက် မျော်လင့်ချက် အိပ်မက်ကြီး ပျက်ပြယ်သွားတာ ဧရာမ အကျိုးကျေးဇူးရပါမယ် ။ 

       ယနေ့ မြန်မာပြည်ကို ဒုက္ခပေးနေတဲ့ အမေရိကန်ရဲ့ ရည်ရွယ်ချက်က တရုတ် နဲ့ အိန္ဒိယကို ခွထိုင်ပြီး အနီးကပ် စောင့်ကြည့် ဒါးနဲ့ထောက်ထားနိုင်မယ့် မြန်မာ့မြေမှာ အခြေစိုက်စခန်း ထားနိုင်ရေး ဖြစ်ပါတယ် ။ 

     ယခုလို အမေရိကန် နဲ့ နျူလက်နက် ပါဝါတူ ရုရှားကို မဟာမိတ်အဆင့် လက်ခံလိုက်တော့ သူတိုးလို့ မရတာ သိသွားပါမယ် ။ မြန်မာအပေါ် ထားနေတဲ့ မျှော်လင့်ချက် လက်လျှော့သွားတာနဲ့ ပြည်တွင်းသစ္စာဖောက်တွေ အပေါ် အာရုံမကျတော့ပဲ လစ်လျူရှူသွားမယ် ဆိုရင် ပွဲပြီးပါပြီ ။

       တရုတ်အနေနဲ့လည်း နယ်စပ်ရှိ EAOs တွေ နဲ့ ကစားနေတဲ့ နိုင်ငံရေး ကစားကွက်ကို ပြန်လည်သုံးသပ်ပါလိမ့်မယ် ။ ဒီဆိပ်ကမ်း စာချုပ်ဟာ မြန်မာအတွက် ပင်လယ်ဖက်က လာနိုင်မယ့် အန္တရာယ်တွေ အတွက် အင်မတန် ခိုင်ခန့်တဲ့ တံတိုင်းကြီး ဖြစ်ပါတယ် ။ 

    ကုန်ကုန်ပြောရရင် ခိုးဝင်စက်လှေအစ ခိုးဝင်းငါးဖမ်းလှေ သစ်မှောင်ခိုစက်လှေ အဆုံး အဝင်အထွက်လုပ်လို့ မရနိုင်တော့ပါဘူး ။ အဲဒါကြောင့် ဆိပ်ကမ်းစာချုပ် ချုပ်ဆိုနိုင်ခြင်းသည်ကား တပ်ချုပ်ကြီးရဲ့ မဟာအောင်ပွဲ ၊ တနည်း မြန်မာပြည်အတွက် မဟာအောင်ပွဲ အဖြစ် ရှုမြင်မိကြောင်းပါ ခင်ဗျာ ။

(အဖျက်သဘော နဲ့ ရုရှားစစ်သဘော်တွေ ရှိနေရင် နျူလက်နက်တွေ နဲ့ အချိန်ခံရမယ် ပြောမနေပါနဲ့ နျူလက်နက်ဆိုတာ မိနစ်ပိုင်း အတွင်း လိုရာ ချိန်တွယ်ပစ်ခတ်လို့ ရနေတဲ့ စနစ်ဖြစ်နေပါ ပြီ)

          မျိုးဝင်း