Wednesday, June 16, 2021

တောခိုမယ်ဆိုတဲ့ လူတွေ ဖတ်ဖို့

၁။ ကိုယ့်လီးကိုယ် အရင်တော်လှန်ကြပါ

လွတ်မြောက်နယ်မြေတွေမှာ ပထမဆုံးတက်တဲ့ ပြဿနာက ဖုန်းကိစ္စပဲ...အများစုက လူငယ်တွေ ဖြစ်တော့ ချစ်ရေး ကြိုက်ရေး ရှိကြတယ် .. အတော်များများက အဆင်ပြေတယ် ချစ်ရေ သဲရေ နဲ့ပြီးကြပေမဲ့ တချို့က ဖုန်းကို နာရီပေါက်အောင် ပြော ... စခန်းတွေထဲမှာ ဖြစ်ပျက်နေသမျှ အခြေအနေတွေ အကုန် သံတော်ဦး ပြန်တင်နေတာကြ အဆင်မပြေဘူး .. လျှပ်စစ်ကလည်း ရှားပါး ... အဆိုးဆုံးက တောထဲ ရောက်ပြီး သင်တန်း စခါမှ စော်က ပြန်ခေါ်လို့ ပြန်ချင်တယ် ဆိုတာမျိုးပါ .. ယောက်ျားတွေတန်မဲ့ စော်သတိရရင် တငိုငို တရယ်ရယ် ဖြစ်တက်တဲ့ ကောင်တွေကို အကြံပေးချင်တာက ကိုယ့်လီးကိုယ် အရင်တော်လှန်ကြပါ.... 

၂။ တော်လှန်ရေး အလုပ်လုပ်နိုင်မှလာပါ

အများစုက စစ်သင်တန်းကို ခရီးသွား ကုမ္ပဏီနဲ့ ချိတ်ပြီးဘုရားဖူး ထွက်သလို လိုချင်ကြတယ်.. ရောက်တာနဲ့ စားစရာ နေစရာ အသင့် ဒီနေ့ရောက် နက်ဖြန် လက်ထဲ သေနတ်အသင့်ထည့်ပေး၊ သင်တန်းပေး ဆိုတာမျိုး လိုချင်ကြတယ် .. ကျန်တဲ့ အလုပ် ငါတို့နဲ့ မဆိုင်ဆိုတာမျိုး သဘောထားချင်ကြတယ်... တောထဲမယ် နေရာဒေသပေါ် မူတည်လို့ အစာရေစာ အပြင် တဲ အိမ်သာ စတာတွေ ဆောက်ဖို့ ဓနိ သက်ကယ် ဝါး စတာတွေ ထမ်းတင်ရနိုင်ပါတယ် ... အခြေအနေ ပေါ်မူတည်ပြီး ထင်းရှာ ရေထမ်း ပေါင်းရှင်း အကုန်လုပ်ရပါတယ် ... 

၃။ သိပ်လူရာ မဝင်ချင်ပါနဲ့ 

အများစုက နိုင်ငံရေး သိပ္ပံကို လေနဲ့ဝမ်းသာ မကွဲတာ.. ပွင့်လင်း မြင်သာမှု ခေါင်းစဉ်အောက်ကနေ ရှိသမျှ သတင်းအချက်အလက် အကုန်သိချင်ကြတယ်... မပြောပြရင် စခန်းတာဝန်ခံတွေကို ပဒီးပဒါးတွေ မကြားတကြား ပြောတာမျိုး လုပ်ချင်ကြတယ်..  ကျုပ်တို့ကတော့ သင်တန်းပြီးမယ့်ရက်နဲ့ ပြန်ရမယ့်ရက်ကို ကျေနပ်နပ် မကျေနပ်နပ် ပြောလေ့မရှိဘူး ... ပြောရင် ဆရာသမား အများစုက နောက်က စော်တွေ မိသားစုတွေကို ပြန်ပြောကြတယ် .. နောက်ဆက်တွဲက ဒလန်လုပ်တာ မဟုတ်ဘဲ သတင်းပေါက်ရင် နယ်မြေ အခြေအနေတွေ ရှုပ်ထွေးလာရော .. တကယ် ရှုပ်ထွေးလာလို့ စစ်ကြောင်း ချီလာပြီဆို ညကြီး မိုးထဲ ရေထဲ စစ်ကြောင်းကို မိုင်းနဲ့သွားဆင်းစောင့်ရတာက သေနတ်လေး ပစ်တက်ရုံ သာမန် ဗုံးလေး လုပ်တက်ရုံနဲ့ သွားလို့ရတာမဟုတ်ဘူး .. ဒီတော့ အာချောင်မှုကြောင့် နောက်က EAO တွေနဲ့ စခန်း တာဝန်ခံတွေဟာ အခန့်မသင့် အသက်နဲ့ ရင်းပြီးစောက်လုပ်ရှုပ်ရတယ် ... ရက်အတိအကျနဲ့ လုပ်ချင်ရင် တောထဲမလာဘဲ တရား စခန်း သွားတာ .. ပန်းထိုးနည်းသင်တန်း တက်တာတွေက ပိုအဆင်ပြေမယ်..

၄။ သောက်ဆံကို အသွား အပြန်စရိတ်တော့ လောက်အောင် ယူခဲ့ကြပါ..

ကုန်းတတန် ရေတတန် အဆင့်ဆင့် ဖြတ်ပြီးမှ ရောက်တဲ့နေရာတွေဆီကို အိမ်က ဘာလချောင်ကြော်လေးနဲ့ ပိုက်ဆံ နှစ်သောင်းလောက်ပို့ပေးချင်လို့ သွားယူပေးစမ်းပါ ဆိုတာမျိုး မချိုးပါနဲ့ .. အကုန်ရှိတာနဲ့စားရပါတယ် ... တောထဲရောက်လို့ နှစ်ရက်မှ မပြည့်ခင် ဒဏ်မခံနိုင်လို့ ပြန်ချင်တာ ငမ်းငမ်းတက် .. မေးတော့ အပြန်လမ်းစရိတ်တောင် တဝက်ပြည့်အောင်မရှိဘူး ဆိုတော့ ကျန်တဲ့ လူတွေကို သပ်သပ် လာဒုက္ခ ပေးနေသလိုပဲ ...

၅။ တကယ် အကြမ်းခံနိုင်မှလာပါ

သင်တန်းဆိုရာမှာက ရက်တို  သေနတ်ပစ် သင်တန်းလောက်ကနေစပြီး သင်တန်းသားချင်း နှစ်ဖွဲ့ခွဲတိုက် မိရင် ဆယ်ငါး မိနစ်လောက် ပါးရိုက် ရေနှစ် ကုန်ကုန် ပြောရရင် ဘောမွေးပါ မီးရှို့နှိပ်စက်ပြီး မင်းအဖေ နာမည် ဘယ်သူလဲ အမေနာမည် ဘယ်သူလဲထိ အစမ်း စစ်မေးတဲ့ သင်တန်းတွေ အထိရှိပါတယ် ... 

အမှန်ဖြေမိရင် ကိုယ့်အဖွဲ့ထဲ ပြန်ရောက်တဲ့ အခါ ပိုနာပါတယ် ..အဲ့မှာ တကယ် မလုပ်နိုင်ဘဲ ကျုပ်တို့က ဟိုသင်တန်းမှ တက်ချင်တာတို့ ဒီသင်တန်း ထဲထည့်ပေးပါတို့ အာမချောင်ပါနဲ့ .. ကျုပ်တို့က လေပေါတွေ တွေ့ဖူးလို့ ရိုးနေပါပြီ ...

Credit