Sunday, June 13, 2021

မန္တလေးမြို့တွင် မိစ္ဆာပါတီ NLD အလိုမရှိကြောင်း လှည့်လည်ဆန္ဒပြ

မန္တလေး၊ ဇွန် ၁၃

မန္တလေးမြို့တွင် မိစ္ဆာပါတီNLDအလိုမရှိ၊ CRPH, NUG, PDF, GZ အကြမ်းဖက်အဖွဲ့များအား ဥပဒေနှင့်အညီ အမြန်ဆုံးနှိမ်နင်းပေးရန် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

ဆန္ဒပြတောင်းဆိုသူများက မိစ္ဆာပါတီNLD အလိုမရှိ၊ ပြည်ပသြဇာခံ NUG အလိုမရှိ ကြွေးကြော်သံများဖြင့် ဆိုင်ကယ်များဖြင့် လှည့်လည် ကြွေးကြော်သည်ကို တွေ့မြင်ရသည်။

ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူတစ်ဦးက "အကြမ်းဖက်အဖွဲ့တွေ သတ်လို့ အပစ်မဲ့ ပြည်သူတွေလည်း သေခဲ့ရပြီ၊ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ရဲ၊ တပ်မတော်သားတွေလည်း သေခဲ့ရပြီဗျာ။ အခုလက်တလော ဖြစ်စဉ်တွေမှာဆိုရင် စာသင်ကျောင်းတွေကို မိစ္ဆာပါတီNLD အကြမ်းဖက်သမားတွေက ပစ်မှတ်ထား တိုက်ခိုက်လာတယ်။ ဆရာ၊ ဆရာမတွေ ထိခိုက်ဒဏ်ရာရတာတွေလည်း ကြားသိရတယ်။ ဒါက သည်းခံနိုင်မှု အတိုင်းအတာကို ကျော်လွန်လာပြီ။ မဖြစ်မနေတုန့်ပြန်မှ ရတော့မယ်။ ဒီထက်ပိုဆိုးလာရင်တော့ ဒီအကြမ်းဖက်သမားတွေ သတ်ဖြတ်တာကို ခေါင်းငုံ့ခံနေဖို့ မလိုတော့ဘူး။ ဖြစ်တဲ့နည်းနဲ့ ထိထိရောက်ရောက် တုန့်ပြန်သွားပါမယ်။ အကြမ်းဖက်NLDကို အားပေးခြင်း မရှိတဲ့ ပြည်သူအားလုံး သတိရှိရှိ၊ သတ္တိရှိရှိ တုန့်ပြန်ကြပါ" ဟု ပြောသည်။

မဲမသမာမှုများကြောင့် NLDထိပ်ပိုင်း ခေါင်းဆောင်တချို့ ဖမ်းဆီးခံရပြီးနောက် NLDခေါင်းဆောင်တချို့က အမည်အမျိုးမျိုးဖြင့် အကြမ်းဖက်အဖွဲ့အစည်းများ ဖွဲ့စည်းပြီး လူသတ်၊ အကြမ်းဖက်၊ စာသင်ကျောင်းမီးရှို့၊ ဗုံးခွဲတိုက်ခိုက်ခြင်းများ စဉ်ဆက်မပြတ် လုပ်ဆောင်ခဲ့ကြသည်။

#MyanmarNationalPost
#mnpnews