Saturday, June 12, 2021

ငွေကို ငွေနဲ့ တိုက်

         အကြမ်းဖက်တဲ့ လူယုတ်မာတွေ အတော်လေး ဖမ်းမိနေပြီ ။ လွတ်မြောက်နေသူတွေလည်း အများအပြား ရှိနေအုံးမှာ သေချာပါတယ် ။ ဒီနေရာမှာ အောက်ခြေက အဓိကကျတဲ့ ရဲ ၊ SB နဲ့ စရဖ တွေ ရဲ့ အနေအထားကို ပြန်ကြည့်ကြပါစို့ ။


     သူတို့အားလုံး အခုချိန်မှာ လစာက လွဲလို့ ကပေါက်ရလမ်း 90 % ပျောက်နေပြီ ။ ဒီတော့ ဦးသိန်းစိန် လုပ်ခဲ့တဲ့ mobile team နည်းစနစ်ကို ပြန်အသက်သွင်းရမယ် ။

       ဦးနုခေတ် ၊ မဆလ ခေတ် ၊ နဝတ / နအဖ ခေတ် အဆက်ဆက် ကုန်သွယ်ရေး လမ်းကြောင်းက မှောင်ခိုစနစ်ပဲ အားထားကြရတယ် ။ လမ်းတလျှောက်ရှိ အကခ ၊ စရဖ ၊ လဝက ၊ ရှိသမျှ အဖွဲ့တွေအားလုံး လာဘ်စားထားကြလို့ အမျှင်မပြတ်တာပဲ ။ 

    အဖွဲ့လိုက်ပြုတ်တယ် နောက်ရောက်တဲ့လူလည်း စားကြတာပဲ ။ ဒီတော့ ဦးသိန်းစိန်က မှောင်ခို ပစ္စည်း ဖမ်းမိရင် 30 % ဖမ်းတဲ့ အဖွဲ့ကို ဆုချီးမြှင့်တယ် ။ အဲဒီမှာ ဖမ်းလိုက်တာ သောက်သောက်လဲ ။ ဒီတော့မှ ကုန်သွယ်ရေးဟာ အခွန်ဆောင်တဲ့ လမ်းပေါ် ပြန်ရောက်လာတာ တွေ့ရတယ် ။

    ယခု ရပ်ရွာထဲက အကြမ်းဖက်တွေကို စရဖ ၊ SB ၊ ရဲ တို့က မဖြစ်မှ ဖမ်းနေတဲ့ အနေအထား တွေ့ရတယ် ။ ဘာလို့လဲ ဆိုတာ အကြောင်းရှာကြည့်တော့...

၁ ။ ဖမ်းပြီးရင် ထိမ်းသိမ်းရ စစ်ဆေးရ တရားရုံးပို့ရ သက်သေလိုက်ရ နဲ့ အလွန် အလုပ်ရှုပ်တဲ့ စနစ်ဖြစ်နေတယ် ။ 

၂ ။ ဖမ်းဆီးရာကနေ တရားရုံး ရောက်တဲ့အထိ ငွေကုန်ကြေးကျများတာကို ထိရောက်တဲ့ ထောက်ပံ့မှု မရှိဘူး ။ 

၃ ။ တရားရုံးရောက်ပြီး ပြန်လွှတ်နေတဲ့ အထက်အမိန့်တွေက လုပ်ရကိုင်ရသူတွေကို စိတ်ပျက်စေတယ် ။ 

၄ ။ ၅ နှစ်တာ ပေါင်းစားလာရတဲ့ သူတွေမို့ မဖြစ်မှသာ ဖမ်းဆီးချင်တဲ့ နယ်မြေတခုမှ တခုသို့ မပြောင်းပေးထားတဲ့ ပြဿနာ

       အဲလိုတွေ တွေ့နေရပါတယ် ။ ကဲ နစက အနေနဲ့ ဖမ်းချင်အောင် ဘယ်လိုလုပ်ကြမလဲ... ?

      ငွေလိုနေတဲ့ ဝန်ထမ်းတွေ အတွက် ထောက်ပံ့ကြေး ပိုပေးပါ ။ ယခုဆိုရင် ပညာရေးဝန်ထမ်း တသိန်းနှစ်သောင်းကျော် ဖြုတ်ထားပါပြီ ၊ ဒီတော့ သူတို့ကို ပေးရမယ့် လစာဟာ ပျမ်းမျှ နှစ်သိန်း နှုံး နဲ့ တွက်ရင် တလကို သိန်းပေါင်း နှစ်သိန်းလေးသောင်း ဘက်ဂျက်ထွက်လာပါပြီ ။ 

    အဲဒီ ပညာရေးက ပိုထွက်လာတဲ့ ဘက်ဂျက် ပြည်ထဲရေးကို ထောက်ပံ့ပေးလိုက်ပါ ။ နစက စိုက်ထုတ်စရာ မလိုပါဘူး ။ 

     နောက်ပြီး သတင်းပေးဆုငွေ ၊ ဖမ်းဆီးရမိ ဆုငွေတွေ ထုတ်ပေးလိုက်ပါ ။ အကြမ်းဖက်တွေ ဘယ်သွားပုန်းကြမလဲ ။ ပြည်သူတွေ ငွေလိုနေတာ သတင်းပေးရုံနဲ့ သိန်းချီရကြရင် ခင်ဗျားတို့ TV ကနေ အော်နေစရာ မလိုဖူး ၊ လက်မလည်အောင် သတင်းပေးကြလိမ့်မယ် ။ 

    ဟကောင် ငွေက ဘယ်ကနေ ရမှာလည်း မမေးပါနဲ့ လုပ်တတ်ရင် လွယ်လွယ်လေးပါ ။ 

    ၅၀၅ ထုတ်ထားတဲ့ ဝရမ်းပြေးတွေ သူတို့ပိုင်ဆိုင်မှု သိမ်းလိုက် ၊ အိမ်ပိုင်မဟုတ်တဲ့ မိသားစုဝင် ၅၀၅ ဆိုရင် တန်ဖိုးတဝက် သိမ်းပစ် (သူ့မိသားစုက သူတို့ကိုယ်တိုင် ဖမ်းပို့လိမ့်မယ် ခင်ဗျားတို့ ဘာမှ လုပ်စရာ မလိုဖူး) ။

     အကြမ်းဖက်သမားမိရင် ပိုင်ဆိုင်မှု အကုန်သိမ်းရမယ် ပြီးရင် သတင်းပေးသူ ဆုကြေးနှုတ်ပြီး ဖမ်းဆီတဲ့ အပိုင်ရဲစခန်းကို ကျန်တာ အကုန်ပေးလိုက် ၊ ခင်ဗျားရဲတွေ ဖမ်းလိုက်သမှ ဖအေရင်းတောင် ချန်မှာ မဟုတ်ဖူး ။ 

       ခင်ဗျားတို့ မော်တော်ပီကယ်ကို နမူနာကြည့်ထား ။ ဘယ်မော်တော်ပီကယ်ကိုမှ မင်းတို့ စည်းကမ်းပျက်ယာဥ် ဖမ်းကြကွာလို့ မှာစရာ မလိုဖူး ။ နေပူမိုးရွာ တာဝန်အလွန်စွာ ဖမ်းတယ် ။ မမိရင် မိအောင် မြွေမကြောက် ကင်းမကြောက် ခြုံထဲတိုးပြီး ပုန်းဖမ်းတယ် ။ 

     ဖမ်းမှာပေါ့ ငွေရတာကိုး ဆယ်စီးဖမ်းရင် အဆင်မပြေတဲ့ ငါးစီး ချလန်ဖြတ် ကျန်တာ ဘတ်ရ နေလို့ တာဝန်ကျေတာ ဗျ ။ 

      ဒီတော့ အကြမ်းဖက်တွေ မီးရှို့လို့ ကျောင်းတကျောင်း သိန်းထောင်ချီ အကုန်ခံမယ့်အစား သတင်းပေးကို တသိန်း နှစ်သိန်း ဆုမြှင့်ပြီး ကာကွယ်သင့်မလား တွေးကြပါ ဗျာ ။ 

     အခုဆို ရပ်ကျေးတွေမှာ အကြမ်းဖက် သင်တန်းဆင်းတွေ ပြန့်နေပြီ ။ အိမ်နီးခြင်းတွေ သိတာပေါ့ ။ တရားဝင် ထုတ်ပြန်ချက်သာ ထုတ်လိုက်စမ်းပါ ။ 

.....၅၀၅ တွေ အဖမ်းမခံရင် ပိုင်ဆိုင်မှု သိမ်းမယ် ၊ မိသားစုဝင်ရှိရင် တဝက်သိမ်းမယ် ၊ သတင်းပို့သူ ဆုငွေဘယ်လောက် ၊ ဖမ်းဆီးတဲ့ အပိုင်ရဲစခန်း ဘယ်လောက် ပေးမယ် ။
    
....အကြမ်းဖက်မိမိအိမ်မှာ ရှိနေရင် သတင်းပို့ပါ ပိုင်ဆိုင်မှု မသိမ်းဖူး အကြမ်းဖက် တယောက်ပဲ အရေးယူမယ် ။ အခြားသူ သတင်းပေးရင် မိသားစုပိုင် အားလုံး သိမ်းမယ် ။

     မိမိဝန်းကျင်က အကြမ်းဖက် သင်တန်းပြန်လာသူ အကြောင်း သတင်းပေးရင် ဆုကြေးဘယ်လောက် ၊ ဖမ်းမိတဲ့ အပိုင်ရဲ သိမ်းဆည်းပစ္စည်း အချိုးကျခွဲယူစေမယ် ။ 

      ဒီလို သူ့အရိုးနဲ့ သူပြန်ထိုးစမ်းပါ ဝရမ်းပြေး ၅၀၅ တွေ နဲ့ အကြမ်းဖက်တွေ အတွက် ရဲဘက်စခန်း အသစ်တွေတောင် ကမန်းကတန်း ဆောက်ယူရအုံးမယ် ။ 

        မျိုးဝင်