Saturday, June 12, 2021

ရင်နှစ်သည်းချာ နိုင်ငံ့ရတနာ အပိုင်း ~ ၃

အပိုင်း ( ၂ ) နဲ့ အချိတ်အဆက်မိမိ ရေးသားထားပါတယ်

လူငယ် ကဏ္ဍ ဖွံ့ဖြိုးဖို့ ဘက်စုံလွှမ်းခြုံသင်ယူစို့ ~

ယနေ့ ၂၁ ~ ရာစုခေတ်ဟာ သတင်းအချက်အလက်စီး ~

ဆင်းမှု သွပ်လက်မြန်ဆန်လာသလို ပညာရေး စီးပွားရေး

လူမှုရေး နှင့် စစ်ရေးဆိုင်ရာ သတင်းများ သတင်းအတု

ဝါဒမှိုင်း ညစ်ညမ်း စသည်ဖြင့် စုံလင်ပေါများလှပေသည်

ထိုကဲ့သို့ လူမှုကွန်ယက်ပေါ်တွင် စက္ကန့် နှင့် မခြား တွေ့မြင်

နေရသော အကြောင်းအရာ ပေါင်းစုံတို့သည် မှားသည် မှန်

သည်ဟု ခွဲခြားစိပ်ဖြာရန် အတော်လေးပင်ခက်ခဲလှပါ၏

ယနေ့ခေတ် လူများအများစုအတွက် ဂိမ်း တစ်တော့ပ် ~

ပျော်စရာရွှင်စရာများနှင့်သာ အချိန်ကုန် လူပမ်း ငွေခမ်းဆို

သလို မိမိအတွက် တနေ့တာကုန်ဆုံးချိန်တွင်လည်း အမှတ်

တရ ဘဝအတွက် ဘာများကျန်ခဲ့ကြပါသနည်း ?

[ အနာဂါတ် မြန်မာနိုင်ငံအတွက် ယနေ့လူငယ်များသည် ]

လွန်စွာမှအရေးပါလှ၏ အနာဂါတ်နိုင်ငံတော်ကို အလှပ

ဆုံး ချယ်သပေးကြရမည့် ခေါင်းဆောင်အသီးသီးတို့သည်

ယနေ့ ခေတ်ကာလ လူငယ်များပင်မဟုတ်ပါလား ?

ဤသို့ဆိုလျှင် လူငယ်များအနေဖြင့် ဘက်စုံလွှမ်းခြုံသော

ပညာရပ်များ စာပေ ကဏ္ဍ စီးပွားရေး ကဏ္ဍနှင့် နိုင်ငံရေး

ဘာသာရေး စစ်ရေး သံတမန်ရေးကအစ အဖက်ဖက်မှာ

တော်နေရမည် တက်နေရမည် သိနေရပေလိမ့်မည် ~

ဤကဲ့သို့ တော်နေ တက်နေသိနေယုံမျှနှင့် မပြည့်စုံနိုင်သေး

[  အမျိုး ဘာသာ သာသနာ နှင့် မျိုးချစ်စိတ်ပြင်းပျသူ ]

မိမိနိုင်ငံ မိမိလူမျိုး မိမိနိုင်ငံသားများအပေါ်တွင် သစ္စာရှိသူ

[ ဇာတိပုည ဂုဏ်မာန နှင့် ဝံသာနု ရက္ခိတတရားရှိရမည် ]

မြန်မာ လူငယ်များ ယဉ်ကျေး လိမ္မာကြဖို့လည်းအလွန်လို

အပ်ပါ၏ ~

အနှစ်ချုပ်ပြောရရင် မြန်မာလူငယ်များ တော်ရမည် တက်

ရမည် သိရမည် လိမ္မာ ယဉ်ကျေး၍ အဆင့်အတန်းမြင့်မား

နေရမည် ~ လိုရင်အနှစ်ချုပ်က ဒါပါပဲ ။

            အားလုံးကိုကျေးဇူးတင်ပါတယ်

12 - 06 - 2021

09 : 52 : 45 [ SAT ]

ခေတ်ဘုန်းခ ~ Khit Bone Kha.

Shan State.