Saturday, June 12, 2021

အကုသိုလ်ပါတီ 🍁

ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ အကြမ်းဖက်ဟောင်းကြီးတွေ နောင်တရနေတာတွေ့တော့ တကယ်ကို တရားကျမိပါတယ်။ အကြမ်းဖက်ခံရပြီး သေဆုံးသွားခဲ့ကြသူတွေပဲဖြစ်ဖြစ်၊ ဟုတ်လိမ့်နိုးနဲ့ အကြမ်းဖက်မိရာက မိုက်ပြစ်ခံရတဲ့လူ‌တွေပဲဖြစ်ဖြစ် အားလုံးဟာ မြန်မာနိုင်ငံသားတွေချည်းပဲမို့ ကျွန်တော် ၀မ်းမသာပါဘူး။ 

ဒီလိုဆိုလို့ ကျွန်တော်က နစ်နာသူတွေအပေါ် မစာနာတဲ့စိတ်မျိုးရှိတာမဟုတ်ပါဘူး။ ကျွန်တော် စာနာတာပေါ့။ ကြားနေဆိုတာ မရှိရတော့လောက်အောင် ကျီးလန့်စာစားနေရတဲ့ ပြည်သူတွေကိုလည်း စာနာတယ်။ တပ်မတော်ကိုထောက်ခံလို့ ဘယ်‌နေ့ ဘယ်အချိန် အိမ်ရှေ့ကိုလူအုပ်နဲ့လာဝိုင်းပြီး အသတ်ခံရမလဲမသိတဲ့ အဲဒီဘ၀တွေအတွက်လည်း ရင်နာတယ်။ NLD တွေ အသုံးချတာခံရပြီး နောင်တတွေရ၊ မျက်ရည်ကြီးငယ်ကျနေတဲ့လူတွေအတွက်လည်း စိတ်မကောင်းပါဘူး။ အားလုံးက မြန်မာနိုင်ငံသားတွေချည်းပဲပါ။ 

ဒါတွေအားလုံးအတွက် တာ၀န်ခံရမှာက ဒေါ်စုကြည်နဲ့ သူ့ပါတီ/ သူ့လော်ဘီတွေပါ။ တာ၀န်မသိလို့ မော်ကြွားနေရင်တောင် ၀ဋ်ကြွေးကတော့ မနေဘူး။ ငါးပါးသီလကိုနားလည်ပြီး လူသတ်တာကို အကုသိုလ်မှန်းသိတဲ့ မြန်မာတွေဟာ ဘယ်သူ့ကြောင့် 'ဇွပ် ဇွပ်' ဆိုတဲ့ စကားလုံးအပေါ် သာယာတတ်လာကြတာလဲ။ 'ဆရာကာပြန် အာခေါင်လှံစူး' ဆိုပြီး ဆရာ့ကျေးဇူးကိုစော်ကားမိရုံနဲ့တင် မိုက်ပြစ်ခံရမယ်လို့ ယုံကြည်ကြတဲ့ ယဉ်ကျေးတဲ့မြန်မာတွေဟာ ဘယ်သူတွေဖျက်ဆီးလို့ ဆရာကို စော်ကားတဲ့လူတွေဖြစ်ကုန်ကြတာလဲ။ 'သံဃံ သရဏံ ဂစ္ဆာမိ' ဆိုတဲ့ အသိနေရာမှာ ဆရာတော်ကြီးတွေ ပျံလွန်တော်မူတာကို ၀မ်းသာတတ်အောင် ဘယ်မိစ္ဆာမကြီးနဲ့ သူ့နောက်လိုက်တွေက ဖျက်ဆီးခဲ့တာလဲ။ 

ဒီ မိစ္ဆာမကြီးနဲ့ သူ့လူတွေကြောင့် မြန်မာပြည်သူတွေ ဘယ်လောက်ထိ သွေးမြေကျ၊ ၀မ်းနည်းငိုကြွေးခဲ့ရပြီလဲ။ တွေးကြည့်ရင် ရင်နာစရာတောင် ကောင်းတယ်။ 

UN မှာ အောက်တန်းစာရေးသာသာလောက် လုပ်ခဲ့ဖူးတဲ့ ဘောင်မ၀င် တန်းမ၀င် အင်္ဂလိပ်ချွေးမကြီးဟာ ကျွန်တော်တို့ မြန်မာပြည်ကို အနိုင်ကျင့်၊ အကြွေးတောင်းဖို့သက်သက် ပြန်လာခဲ့တာပဲ။ လူကသာ ဘာမှမဟုတ်တာ၊ 'ငါက ဘယ်သူ့သမီး' ဆိုတဲ့ ၀င့်ကြွားမှုက ရှိသေးတယ်။ 'ဖေဖေကလေ...' ဆိုတာကို ပါးစပ်ဖျားကမချဘဲ ငါလုပ်ရင် ဘာမဆို ဖြစ်တယ် ဆိုတဲ့မာန်က ရှိသေးတယ်။ သူ့အဖေ တည်ထောင်ခဲ့တဲ့ စစ်တပ်မို့ စစ်တပ်ကပဲ သူ့အပေါ် ကျွန်ခံ အကြွေးဆပ်ရမယ့်အထာနဲ့ 'ဘာရမလဲ သာ၀ရာ' ဆိုပြီး ကလက်သလို ပျက်သလိုက စိန်ခေါ်သေးတယ်။ သိပ်တော်ရင် အင်္ဂလန်မှာကတည်းက လူရာ၀င်ပြီပေါ့။ ဒီမိုဘိုးအေ ဗြိတိန်မှာ ၀န်ကြီးတစ်နေရာ ရနေပြီပေါ့။ အနုတ်စုတ် ကုတ်စုတ်၊ အထုပ်တစ်ထုပ်နဲ့ ပြန်လာစရာမှ မရှိတာ။ 

ပြန်လည်းလာရော၊ သူသမ္မတဖြစ်ရဖို့ ဥပဒေတွေ ပြင်ခိုင်းတော့တာပဲ။ စာမတတ်၊ ပေမတတ် သူ့လူတွေခြံရံပြီး နိုင်ငံခြားသားအကြံပေးတွေနဲ့ ပြည်ဖျက်တော့တာပဲ။ မဲလိမ်တယ်။ မဲခိုးတယ်။ လာဘ်စားတယ်။ ပြည်ပအထောက်အပံ့တွေ ယူတယ်။ ဗုဒ္ဓဘာသာကို တိုက်ခိုက်တယ်။ ဒါတွေအားလုံးကို အရမ်းကို လိပ်ပြာလုံလုံနဲ့ ဒေါ်စုကြည် လုပ်ခဲ့တယ်။ 
"လူတွေကလေ... တောင်းတော့တောင်းတတ်တယ်။ အခွန်ကျမပေးချင်ကြဘူး" ဆိုပြီး ပြည်သူတွေရဲ့ စား၀တ်နေရေးကို စိတ်ထဲတောင်မရှိတဲ့မျက်နှာကြီးနဲ့ ပြောတတ်တာ ဒေါ်စုကြည်ပဲ။ အာဏာမရခင်က ကျူးတဲတွေထဲထိ၀င် မဲဆွယ်ပြီး အာဏာရတော့ ဘူဒိုဇာနဲ့ ထိုးချတာဟာ ဒေါ်စုကြည်ပဲ။ လှလှပပ ၀တ်စားသုံးဖြုန်းပြီး နိုင်ငံခြားရေးဝန်ကြီးဌာနကနေ ဘတ်ဂျက်တွေ ပုံအောထုတ်ပေမဲ့ ကုလသမဂ္ဂအထွေထွေညီလာခံတက်ပြီး ဟာဆီနာကို ဘာတစ်ခုမှ မချေပရဲတာ ဒေါ်စုကြည်ပဲ။ 

ပြည်သူတွေ ဆင်းရဲနေချိန်မှာ ကားအကောင်းစားကြီး စီးရမှာရှက်တယ် - ဆိုပြီး ဟယ်လီကော်ပတာထိ ၀ယ်ပြသွားတာလည်း ဒေါ်စုကြည်ပဲ။ NCA ကို အလျဉ်စလိုလက်မှတ်မထိုးဖို့ပြောပြီး အာဏာရတော့ ဘာတစ်ခုမှ မလုပ်တတ်တော့တာလည်း ဒေါ်စုကြည်ပဲ။ 

ကျွန်တော်တို့ မြန်မာနိုင်ငံခမျာ သူ့လက်ထက် တိုင်းရင်းသားတွေလည်း အသတ်ခံရသေး၊ ကုလသမဂ္ဂမှာကလည်း နာမည်ပျက်သေး။ မဆန်းတော့ မဆန်းပါဘူး။ သူ့သွေးသားရင်းတွေကိုတောင် စွန့်ပစ်ရက်တဲ့မိန်းမက သွေးမတော် သားမစပ်တဲ့ ငပိန်းတွေလောက်တော့ သူ့နိုင်ငံရေးတက်လမ်းမှာ ချနင်းဖို့ထက်ပို စိတ်၀င်စားမှာမဟုတ်ဘူး။ 

အာဏာလည်းထိန်းပြီးရော၊ သူ့လူတွေက ထကြွတယ်။ တောခိုတယ်။ ဆူပူတယ်။ လူသတ်တယ်။ ကျောင်းမီးရှို့တယ်။ ကျောင်းဗုံးခွဲတယ်။ လုပ်နိုင်သမျှ အကြမ်းဖက်မှုအကုန်လုပ်တယ်။ သေတဲ့လူတွေမှ အများကြီး။ ကြံ့ခိုင်ရေးနဲ့ တခြားပါတီက ကိုယ်စားလှယ်တွေကို သတ်ကြတယ်။ ဒေါ်စုကြည် ဘာပြောသလဲ။ 
'ငြိမ်းချမ်းစွာ အဖြေရှာပါ' လို့ တစ်ခွန်းပြောဖူးသလား။ အရင်တုန်းကလို လက်နက်ကိုင်လမ်းစဉ်ကို စိတ်ကူးမယဉ်ဖို့ သူတားသေးလား။ မတားဘူး။ 
သူ့ပါတီ တည်မြဲရေးနဲ့ သူ့စား၀တ်နေရေးလောက် စိတ်ကို မ၀င်စားတာ။ 

ဒီလိုမိန်းမကြီးကိုမှ အမေခေါ်ပြီး ဒီလိုမိန်းမကြီးအတွက် ပုန်ကန်နေတဲ့လူတွေဆိုတာလည်း ၀ဋ်ကြွေးကြီးတာထက်မပိုဘူး။ ဒီနေ့ကြည့်လိုက်ရတဲ့ ဗီဒီယိုဖိုင်ထဲက စကားကို ကိုးကားပြီးပြောရရင် ဒေါ်စုကြည်ဆိုတဲ့ မိန်းမကြီး ပြည်ဖျက်ခွင့်ရဖို့ နိုင်ငံရေး ကျွန်ခံနေကြရတာထက် မပိုဘူး။ ဥပဒေကြောင်းအရ စီရင်ခံရလို့ ဘ၀ပျက်တယ်ဆိုတာ အကုသိုလ် အကျိုးပေးတာနဲ့ယှဉ်ရင် ဘာမှမဟုတ်ဘူး။ အကုသိုလ် အကျိုးပေးလာတဲ့အခါ သံသရာမှာ နစ်နေအောင်ခံရလိမ့်မယ်။ 

ဒီလို ပြိုင်ဖက်ပါတီက နိုင်ငံရေးသမားတွေကို လုပ်ကြံသတ်ဖြတ်ရုံလောက်နဲ့တော့ ဘာတော်လှန်ရေးမှ လုပ်မရသလို ဘယ်နိုင်ငံကမှလည်း လက်ခံမှာမဟုတ်ဘူး။ လော်ဘီကတော့ လော်မှာပဲ။ သူတို့က လောက်လောက်လားလား ‌ငွေရခဲ့ပြီးပြီ။ ဘဏ်ထဲမှာ သိန်းသောင်းချီ၀င်ခဲ့ပြီးပြီ။ အာဏာရသူတွေနဲ့ပေါင်းစားပြီး မော်ကြွားခဲ့ပြီးပြီ။ အခုလည်း အပြင်မထွက်ဘဲ မြှောက်ပေးရင်း အသေခံခိုင်းပြန်ပြီ။ ၀ဋ်ကြွေးကြီးပြီး နိုင်ငံရေး ကျွန်ခံချင်နေတဲ့လူတွေပဲ ဘ၀တွေ ပျက်ကြပါဦးမယ်။ အသက်တွေ၊ ဘ၀တွေဆုံးရှုံးပြီး နောင်တတွေနဲ့ ပူလောင်ကြဦးမယ်။ ရဲစခန်းကို ၀င်တိုက်ပြီး စစ်ဖြစ်တော့ ကယားမှာ ငတ်ကုန်ပြီ။ ဘယ်ငှက်နာကျက အာရုံစိုက်သလဲ။ 

တကယ်ပါ။ မြန်မာပြည်သူတွေအတွက် စိတ်မကောင်းဖြစ်မိပါတယ်။ 

ဒီတော့ - 

- ဒေါ်စုကြည်ဆိုတဲ့ မိန်းမကြီးဟာ အရည်အချင်းပဲ မရှိတာမဟုတ်ပါဘူး။ တိုင်းပြည်အပေါ် စေတနာကို မရှိတာပါ။ 

- သူတို့လုပ်နေတဲ့ 'ဇွပ် ဇွပ်' ပဲဖြစ်ဖြစ်၊ သံဃာတော်တွေကို ဆဲဆိုတာ၊ သံဃာတော်တွေရဲ့ ခန္ဓာ၀န်ချမှုကို ၀မ်းသာတာပဲဖြစ်ဖြစ် အင်မတန်ကို ယုတ်ညံ့ပြီး အကုသိုလ်ကြီးပါတယ်။ 

- အသိဉာဏ်နည်းပါးလို့ပဲဖြစ်ဖြစ်၊ ရိုးသားလို့ပဲဖြစ်ဖြစ်၊ အသုံးချခံခဲ့ရတဲ့ မြန်မာနိုင်ငံသားတွေအတွက် ကျွန်တော် ၀မ်းနည်းပါတယ်။ အဖြစ်မှန်တွေကို နားလည်ပါ။ လမ်းမှန်ကို ပြန်လျှောက်ကြပါ။ 

ပါတီဖျက်သည်ဖြစ်စေ၊ မဖျက်သည်ဖြစ်စေ၊ အဲဒီပါတီဟာ နိုင်ငံရေးမှာ ဆိုးရွားစွာ သေဆုံးခဲ့ပြီးပါပြီ။ အပြစ်မဲ့ပြည်သူတစ်ယောက်ကို သတ်တိုင်း၊ စေတနာဆိုးနဲ့ ကျောင်းဗုံးခွဲတိုင်း နိုင်ငံရေး သေပါတယ်။ သိက္ခာသုံးပါးနဲ့ပြည့်စုံတဲ့ သက်တော်ကိုးဆယ်ကျော် ဆရာတော်ဘုရားကြီး ပျံလွန်တော်မူတော့ သူတို့ပျော်ကြတယ်။ သိက္ခာတစ်စက်မှမရှိတဲ့ ခုနစ်ဆယ်ကျော် အဲဒီမိန်းမကြီးလည်း အဆုံးသတ်ဦးမှာပါ‌။ ခံနိုင်ရည် ရှိပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ 
သန့်နေစိုး (12. Jun. 2021)
*
*
*
#Notice to Facebook Myanmar Team, my article describes the cunning political scapegoating of a party. Assassinations of politicians and civilians are unacceptable. It asks to stop setting fire schools and bomb blasting. We want peace. We, Myanmar people reject any kind of terror on children and humanity. We want the world to know our true attitude and trouble. 
My article simply denotes what's happening in Myanmar and it doesn't go against any of the community standards of Facebook.

For further information, please check the following link, 

https://amp.dw.com/en/myanmar-un-warns-of-mass-starvation-in-eastern-kayah-state/a-57834051