Wednesday, June 23, 2021

အဖြူထည် လူငယ်များအတွက် ၈၈ & ၂၁ ဂျင်းဆိပ်ဖြေဆေး (30)

         ဒေါ်စုကြည်ဟာ မွတ်ဆလင်ဘာသာဝင် နဲ့ သမီးရီးစားဖြစ်ခဲ့ပြီး ခရစ်ယာန်ဘာသာဝင် နဲ့ လက်ထပ်ခဲ့ပါတယ် ။ သူမအတွက် ဘာသာတရား ရှုပ်ထွေးမှုဟာ မဆန်းသလိုပါပဲ ။ 

        အတူကြီးပြင်းခဲ့ရတဲ့ မိခင်ကိုယ်တိုင် ခရစ်ယာန် နဲ့  မွတ်ဆလင်တို့က ပေါက်ဖွားလာတဲ့ အနေအထားပါပဲ ။ ဒေါ်ခင်ကြည်ရဲ့ အမ အရင်း သခင်သန်းထွန်း မိန်းမကတော့ မွတ်ဆလင်ဘာသာကိုးကွယ်သူပါ ။ 

       ဒေါ်စုကြည်အတူကြီးပြင်းလာရတဲ့ မိခင်ဘာသာက ခရစ်ယာန်ဆိုတော့ မရှိတော့တဲ့ ဖခင်ရဲ့ ဗုဒ္ဓဘာသာ အမွေကို ဆက်ခံဖို့ အတော်ခဲယဥ်းတဲ့ အခြေအနေပါပဲ ။ 

        အိမ်ထောင်ကျပြီးနောက် သားဦးမွေးလာချိန်မှာ ပြဿနာ တက်တယ်လို့ ကြားဖူးပါတယ် ။ မူလက ကောလအနေဖြင့် ကြားသိခဲ့ရပေမယ့် နောက်ပိုင်းသတင်းတွေမှာ အချက်အလက်တွေ ခိုင်မာလာပါတယ် ။ 

        သူမ မြန်မာပြည်ရောက်လာပြီးနောက် သားအကြီးဟာ ဖခင်အရင်း မွတ်ကို ပြန်ရှာပြီး အသိအမှတ်ပြုခံရဖို့  မိခင်ကို မွတ်ဘာသာ ဝင်စေရန် ယက်တောဆိုတဲ့ ရေကူးသမားကို စေလွှတ်တယ်လို့ ဆိုပါတယ် ။ နောက်ကွယ်က CIA တွေ ကူညီတယ် ဆိုတဲ့ သတင်းကလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်နေပါတယ် ။ 

     ပုံပြင်ဆန်တဲ့ အကြောင်းတွေ မှန်မမှန်တော့ မသိရပါဘူး ၊ မှနိတာကတော့ သားအကြီးဖြစ်သူဟာ မွတ်ဆလင်ဘာသာဝင် အဖြစ် ကူးပြောင်းသွားတာကတော့ မီဒီယာတွေမှာ ဖော်ပြတဲ့ အထိ သေချာပါတယ် ။ 

      လူမှုရေး အရှုပ်တော်ပုံတွေ ရေးမကုန်အောင် ရှိနေပါတယ် ။ ကျနော်မရေးချင်ပါဘူး သိချင်သူတွေ ပြည်ထဲရေးဝန်ကြီးဟောင်း ဗိုလ်ချုပ်ကျော်ဆွေ ရဲ့ ဇနီးထံ မေးမြန်းကြည့်ကြပါတော့ ။ ဗိုလ်ချုပ်ကျော်ဆွေကို ဘာကြောင့် တပ်မတော်က ပြန်ချိန်းရသလဲ ဆိုတဲ့ အကြောင်းရင်းကို သိလာကြပါလိမ့်မယ် ။ ဒီလောက်ဆိုရင် လူမူရေးဇကို ခန့်မှန်းနိုင်ကြပါပြီ ။

      အဲဒီလို ကိုးကွယ်ရာ ဘာသာ တွေ ဒွေးရောယှက်တင် ဖြစ်နေတဲ့ ဒေါ်စုကြည်ဟာ မိမိဘယ်ဘာသာကိုးကွယ်ပါတယ်လို့ လူသိထင်ရှား တခါမျှ မပြောပြတာ အလကားမဟုတ်ပါဘူး ။ 87 % သော ဗုဒ္ဓဘာသာဝင် မြန်မာတွေကို လိမ်လည်လှည့်စားဖို့ပဲ ဖြစ်ပါတယ် ။ 

      သေချာတာကတော့ ဒေါ်စုကြည်ဟာ ဗုဒ္ဓဘာသာ မကိုးကွယ်ပါဖူး ။ သက်သေအနေနဲ့ 

၁ ။ သူ့အိမ်မှာ ဘုရားစင် မရှိပါဖူး ။

၂ ။ ပန်း ဆီမီး ရေသပ္ပါယ် အမွှေးတိုင် မီးညှိ ဆိုတဲ့ အခြေခံ ဘာသာရေး အလုပ်တွေကို မလုပ်တတ်ပါဖူး။

၃ ။ သာမဏေငယ်တွေနဲ့ ထမင်းအတူစားပါတယ် ။

၄ ။ ခေါင်းလောင်းမထိုးတတ်ပါဖူး ။

၅ ။ ထိခြင်းငါးပါးနဲ့ အချိုးကျအောင် မကန်တော့တတ်ပါဖူး ။ 

၆ ။ အိန္ဒိယဝန်ကြီးချုပ် ခရီးစဥ်မှာ ရွှေတိဂုံဘုရားကို မီဒီယာတွေ ရှေ့မှာ ကန်တော့မပြရဲပါဖူး ။ 

၇ ။ အိုဘားမား ရွှေတိဂုံဘုရား တက်တော့လည်း သူမ လိုက်မလာပဲ အာဇာနည်ကုန်းမှာ နေခဲ့ပါတယ် ။ 

၈ ။ ဗုဒ္ဓဘာသာ ပွဲလမ်းသဘင်တွေကို မတက်ရောက်ပါဖူး ။ 

       ဒါတွေက သက်သေတွေပါပဲ ။ လူအများဝေဖန်သံတွေ ကြွက်ကြွက်ညံလာတော့ နေပြည်တော်မှာ ငြိမ်းချမ်းရေး စေတီဆိုပြီး မဖြစ်စလောက်တည်ပြပါတယ် ။ 

     မဲရွေးခါနီးတော့မှ သံဃနာယက အစည်းအဝေးကို သွားတက်ပါတယ် ။ 

      ဒါတွေက ဘာသာရေးဝိရောဓိတွေပါပဲ ။ ဒေါ်စုကြည်ဟာ ဘာသာပေါင်းစုံဆိုပြီး သူလိုပဲ ဟိုလိုလို ဒီလိုလို တွေ များလာအောင် စီမံပါတယ် ။ မြန်မာ ဗုဒ္ဓဘာသာတွေ အလွန်ကြည်ညိုတဲ့ သံဃာတွေကို မုတ်ဆိတ်တွေနဲ့ စင်ပေါ်တင်ပြီး ကန်တော့ခိုင်းပါတယ် ။ 

      အဲလိုပွဲစဥ်တွေ တပြည်လုံးအနှံ့ပြုလုပ်နေချိန်မှာ မဘသကို ဖျက်ဆီးဖို့ သဘောတူခဲ့တဲ့ သံဃာနာယက ဆရာတော်ကြီးတွေ ဘာသံမှ ထွက်မလာကြပါဘူး ။ နောက်ဆုံး စဥ့်ကိုင် ဘာသာပေါင်းစုံမှာ သာမဏေတွေကို စင်အောက်ထားပြီး မုတ်ဆိတ်ကို စင်ပေါ်တင် ကန်တော့ခိုင်းတဲ့ အထိ မိုက်ရိုင်းယုတ်မာတဲ့ အလုပ်ကို NLD တွေ ပြုလုပ်လာပါတယ် ။ 

      ယနေ့တွေး ယနေ့ ရင်နာရတဲ့ အဆိုပါမြင်ကွင်းကြောင့် ဗုဒ္ဓဘာသာတွေ ဆူပွက်လာချိန်ကြမှ သံဃနာယက ဆရာတော်ကြီးများက တားမြစ်တဲ့ ညွှနိကြားချက်ထုတ်လာပါတယ် ။ မိုးလွန်မှ ထွန်ချ ၊ သေမှ ဆေးကု​​ပေးနေတဲ့ သံဃနာယက အတွက် နောက်ထပ် ဖျက်မရတဲ့ အမဲစက်ကြီးပါပဲ ။ 

        အဲဒီလိုနဲ့ NLD အားပေး ငရဲသားတွေဟာ ဘာသာတရားကို တွင်တွင်ကြီး ဖျက်ဆီးကြရင်း ပျော်ပါးနေကြသလောက် ဗုဒ္ဓဘာသာ အစစ် NLD မဟုတ်သူများ ရင်ထဲမှာ အမုန်းမီးတောက်များ ကြီးထွားလာရပါတယ် ။ 

        NLD ပါတီဟာ တိုင်းတပါးသား အကြံပေးများရဲ့ ယုတ်မာတဲ့ အကြံတွေကို တောက်လျှောက်အကောင်ထည် ဖော်ပေးခဲ့ပါတယ် ။ ပြည်သူ့ဒုက္ခတွေကို ဥပေက္ခာပြုထားပါတယ် ။

     ပဲစျေးတွေ ကျဆင်းပြီး တောင်သူတွေ ဒုက္ခရောက်တော့ စျေးကွက်ရှာဖွေဖို့ မကြိုးစားပဲ ပဲစားပွဲတော် လုပ်သတဲ့ ။ ကြက်သားတွေ စျေးကျပြီး စားမယ့်သူမရှိတော့ ကြက်သားစားပွဲတော် လုပ်သတဲ့ ။ ကြီးကျယ်လှသော အံ့မခန်း အစီအမံတွေပါပဲ ။

           ကျောင်းသားတွေကို နင်းပြီးတက်လာတဲ့ NLD ပါတီဟာ ကျောင်းသားတွေ သူတို့လက်ထက် ဆန္ဒပြတော့ ဘာလုပ်သလဲ ။ ကျောင်းထုတ်ပစ်ပါတယ် ။ တရားစွဲ ထောင်ချပါတယ် ။ အခမ်းအနားတခုမှာ စာရွက်ထောင် ဆန္ဒပြကြတော့ ဒေါ်စုကြည်က မမြင်ရဖူး တဲ့ ။ အခွင့်အရေးမယူနဲ့တဲ့ တကယ့်ဟာသတွေပါပဲ ။ 

      လွှတ်တော်ထဲမှာ ကျကျနနဖိတ်ခေါ်ပြီး ဝန်ကြီးအဆင့်နဲ့ ဆွေးနွေးပေးခဲ့တဲ့ ဦးသိန်းစိန်ကို ခွေးကိုက်သလို ကိုက်ခဲ့ကြတဲ့ ကျောင်းသားတွေဟာ သူတို့ အထင်ကြီးတဲ့ ဒေါ်စုကြည်လက်ထက်မှာ လမ်းဘေးသူတောင်းစားလောက်တောင် တန်ဖိုးထား အဆက်ဆံမခံကြရပါဘူး ။ 

      ကျောင်းထဲမှာ နိုင်ငံရေးမလုပ်ရဆိုပြီး စာထုတ်ခဲ့တဲ့ တက္ကသိုလ်ပါချုပ်တွေဟာ ထမီခြုံအစစ်တွေဆိုတာ CDM ကိစ္စမှာ ပေါ်လာတာပါပဲ ။ 

        စစ်သားကို တိုက်ဖို့ ကျောင်းသား နဲ့ ဘုရားသားတွေကို နင်းတက်လာတဲ့ ဒေါ်စုကြည်ဟာ အာဏာပန်းတိုင်ရောက်တာ နဲ့ ဘီလူးအစွယ်ထုတ်ပြီး မျက်နှာဖုံးခွာပြတော့တာပါပဲ ။ 

       NLD ပါတီကြီးဟာ နေရာအနှံ့ ခိုးလိုက်ကြတာ လူမြင်မကောင်းအောင် ဖြစ်လာကြပါပြီ ။ ခေါင်ကမလုံတော့ ဘယ်သူ့ကိုမှ အရေးမယူနိုင်ပဲ ဝေသာလီပြည် ဘီလူးကျသလို အားလုံး စားကြတော့ပါပဲ ။ 

            ပုလင်းတူ ဘူးဆို့ မီဒီယာအများစု ဖာထေးနေကြရပြီး  မှန်ကန်သည့် မီဒီယာ အနည်းငယ်က တရားရုံးတွေမှာ ရင်ဆိုင်ခဲ့ကြရပါတယ် ။ 

        သတ္တိရှိသော fb သူရဲကောင်း အများစုလည်း တရားစွဲထောင်ချ ခံကြရပါပြီ ။ ပြည်သူတွေကို အလင်းဖွင့်ပေးနေတဲ့ တခုတည်းသော မီဒီယာပလက်ဖောင်း ဆိုရှယ်မီဒီယာ fb ကို NLD က ယုတ်မာစွာ ချုပ်ကိုင်ပါတယ် ။ ယနေ့တိုင် NLD ရဲ့ သခင်ကြီးတွေက ဆက်လက်ချုပ်ကိုင်နေဆဲပါပဲ ။ 

         NLD ပါတီဟာ ဗွက်ပေါက်နေအောင် ခိုးခြင်း ၊ ဘာသာ သာသနာဖျက်ခြင်း တိုင်းပြည်အပေါ် သစ္စာဖောက်ခြင်းတို့ကြောင့် လူကြိုက်နည်းလာပါတယ် ။ 

     လူကြိုက်နည်းလာတာကို သက်သေပြရမယ်ဆိုရင် ကြားဖြတ်ရွေးကောက်ပွဲ ရလာဒ်တွေက ငြင်းမရတဲ့ သက်သေတွေ ဖြစ်ပါတယ် ။ 

      ၂၀၁၇ နဲ့ ၂၀၁၈ မှာ ကြားဖြတ်ရွေးကောက်ပွဲ နှစ်ကြိမ်လုပ်ပါတယ် ။ NLD ပါတီ ပြိုင်တိုင်း နိုင်နေကြ နေရာတွေ ရှုံးနိမ့်ခဲ့ရပါတယ် ။ ဘယ်လောက်ထိ ရှုံးခဲ့ကြသလဲ ဆိုရင် စုစုပေါင်း 46.66 % ဆုံးရှုံးခဲ့ရပါတယ် ။ 

       ဒီအရှုံး ရာခိုင်နှုံးဟာ သွေးပျက်လောက်တဲ့ ပမာဏဖြစ်ပါတယ် ။ အဲဒါကြောင့် NLD ဟာ နောက်တကြိမ် အာဏာရဖို့ အမျိုးမျိုး ကြံစည်ရပါပြီ ။ အာဏာမရခဲ့ရင် စာရင်းပျောက် ခိုးထားသော ပြည်သူ့ဘဏ္ဍာများကို သူတို့ ရှင်းမရပဲ သေချာပေါက် ထောင်နန်းစံကြရမှာပါ ။ 

        အဲဒီလို ကြားဖြတ်ရွေးကောက်ပွဲ ရလာဒ်က ဖော်ပြနေတဲ့ ငြင်းမရသော အချက်အလက်များ အရ နောက်တကြိမ် အာဏာမရဖို့ ကြိမ်းသေသလောက် ဖြစ်နေတဲ့အတွက် မိုးရွာတုန်း ရေခံကြဖို့ မရှက်မကြောက် စီစဥ်ကြပြန်ပါတယ် ။ 

      ဒေါ်စုကြည်ဟာ အာဏာမရခင်က ကျမမှာ ပိုင်ဆိုင်မှု ဆိုလို့ ဘဏ်စာအုပ်လေးတအုပ်ပဲ ရှိပါတယ် တဲ့ ။ နောက် ကျမ ပြည်သူတွေ ဆင်းရဲချိန်မှာ ကားအကောင်းစားကြီး စီးရမှာ ရှက်တယ်တဲ့ ။ ကျမတို့က ကားပါမစ် မြေပါမစ် ယူမယ့်လူတွေ မဟုတ်ဖူးတဲ့ ။ 

      လက်ခုပ်သံ ချူခဲ့တဲ့ ကတိကဝတ်တွေကို ရူးချင်ယောင်ဆောင်ပြီး ဒေါ်စုကြည် လောဘတကြီးနဲ့ ဘာတွေ စားသွားသလဲ ပြန်ကြည့်ကြပါစို့............

          မျိုးဝင်း