Thursday, June 24, 2021

“ မန္တလေးကိုချစ်လျင် ”

( မန်းလေးသား တစ်ယောက်ရေးတဲ့စာ )

ခုအချိန် မန်းလေးကို
တပ်ကကွက်ပြည့်နင်းထားပါတယ်
သတင်းအားလုံးရထားပြီးသားပါ
လက်ရှိမှာ မလှုပ်သေးပါဘူး အကျွံစောင့်မှာပါ

ပွိုင့်/Drone/လခရ/အသွင်ယူ 
စတာတွေနဲ့ စောင့်ကြည့်နေတာပါ
လှုပ်ဖို့မကြိုးစားပါနဲ့ ဒုက္ခရောက်ပါမယ်

မဖြစ်စေချင်လို့ ထပ်ပြောပါမယ်
အထူးသဖြင့် ပြည်သူများ ခင်ဗျားတို့
ဖာသာ နီနီ၊စိမ်းစိမ်း၊ပြာပြာ၊ဝါဝါ
Line ပေါ်က မြောက်ပေးတဲ့စကားတွေကို
feel ပြီး ဝင်မယောင်ပါနဲ့

သူတို့က အဝေးကနေပြောနေတာပါ
ခံရမှာ ခင်ဗျားတို့ကိုယ်တိုင်ပါ
ချဟ၊ ခုတ်ဟ၊ ထစ်ဟ၊ ပစ်ဟ ဆိုတာ
လိုင်းပေါ်မှာ လေနဲ့ပဲပြောလို့ အရသာရှိတဲ့ စကားပါ

တပ်က သူ့ကိစ္စသူ လုပ်တတ်ပါတယ်
မနက်ဖြန်မှာ မြို့တည်ငြိမ်အေးဆေးချင်ရင် 
အေးဆေးနေပါ မဟုတ်ရင် ကိုယ့်မြို့နာပါမယ်
မန်းလေးကိုချစ်ပါ ( မန်းလေးကိုချစ်ပါ )

ချင်းပြည်ကို ကြည့်ပါ 
ကယားပြည်ကို ကြည့်ပါ 
စစ်ကိုခေါ်ရင် စစ်က 
စနစ်တကျ တည်တည်ငြိမ်ငြိမ်နဲ့
ရောက္မလာတတ်ပါဘူး

ဘီလူးဆိုင်းတီးပြီးလာမှာပါ
အဆောက်အဦတွေမှာ မီးလောင်
မီးခိုးတွေ နေရာအနှံ့  လူကြီးမိဘ၊
ကလေးသူငယ်တွေ ဒုက္ခရောက်ကြ၊ 
ထွက်ပြေးရ၊ စစ်ရှောင်ရ 

မြင်ကြည့်ပါ ပျော်စရာဘာပါ ပါသလဲ?
မြင်ကြည့်ပါ ကျေနပ်စရာ ဘာပါ ပါသလဲ?
ဒီလိုလုပ်လို့ မနက်ဖြန်မနက်မှာ
တပ်မတော်ကြီးပြိုကွဲသွားရောလား?

အရင်ဆုံး ပျက်စီးဆုံးရှုံးမှာက 
ခင်ဗျားတို့ပိုင်ဆိုင်နေတဲ့ 
ရုပ်ဝတ္ထုပစ္စည်းတွေပါနော်

နောက်ပြီးရင် 
ကျီးလန့်စာစား နေ့နဲ့ညတွေပါ 
ခံစားရပါလိမ့်မယ်

ကိုယ်သယ်နိုင်သမျှပစ္စည်းလေး
ကျစ်ကျစ်ဆုပ်ပြီး ပိုင်ဆိုင်သမျှ
ထားခဲ့ရမယ့် အခြေအနေပါ 😢

စေတနာနဲ့ သတိပေးခြင်းပါ
တပ်က ကွက်ပြည့်နင်းပြီးပါပြီ
သူ့အလုပ်သူ လုပ်ပါစေ

စစ်ကိုမခေါ်ပါနဲ့
စစ်မှာသွေးတွေ၊ ယမ်းငွေ့တွေနဲ့
အနိဌာရုံပဲရှိတယ်

မန်းလေးမြို့ကိုချစ်သူတယောက် *AB

........

သဘာဝကျ၍ ပြန်လည်ကူးယူ ဖော်ပြပါသည်

#Crd - ပေးပါတယ်
                                          #CityHunter